• Amigos International Co.,Ltd

  • အလုပ်ရှင်တိုက်ရိုက်

  • လုပ်ငန်းအမျိုးအစား :အီလက်ထရောနစ်နှင့်လျှပ်စစ်ပစ္စည်း, အင်ဂျင်နီယာ/စက်မှုပိုင်းဆိုင်ရာ, ကုန်ပစ္စည်းဖြန့်ချ...

  • ဝန်ထမ်းအရေအတွက် :51-100

  • လိပ်စာ :

    SH-B5(4), MaLiKha Housing, Yadanar Road, 14-Bawamyint Ward, Thingangyun Tsp, Yangon,ရန်ကုန်တိုင်း, Myanmar

သင့်နှင့် သင့်တော်ရာအလုပ် မတွေ့ခဲ့လျှင် နောင်တွင် ကုမ္ပဏီမှ သင့်၏ CV ကို သိမ်းထား၍ သင့်တော်ရာ အလုပ်များရှိပါက ခေါ်နိုင်ရန် လျှောက်ထားလိုက်ပါ

Amigos International Co.,Ltd အလုပ်များ

ရန်ကုန်တိုင်း
လွန်ခဲ့သော ၆ရက်
2 ဦး
လွန်ခဲ့သော ၆ရက်
ရန်ကုန်တိုင်း
24 Apr 2024
2 ဦး
24 Apr 2024
ရန်ကုန်တိုင်း
23 Apr 2024
4 ဦး
23 Apr 2024
ရန်ကုန်တိုင်း
25 Mar 2024
2 ဦး
25 Mar 2024
ရန်ကုန်တိုင်း
25 Mar 2024
4 ဦး
25 Mar 2024
 

Mr. Aung Kyaw Soe

Sr Services & Technical Support, Mandalay Branch

"I have worked at Amigos International Co., Ltd in a technical support position for over five years. This company sells technical equipment. My position involves learning how to use technical equipment and solve errors. Therefore, I learn new technologies, which is very convenient for me. Thank you to the company for more than five years of working here. May Amigos International company stand for many years".

Ms. Nyein Chan Myae Moe

Sales Coordinator, Naypyitaw Branch

"I have been a sales coordinator at the Naypyitaw branch office for three years. The company has a team-based working style. You always feel welcome with a warm heart and helpful hands. It is a place to improve your personality, learn knowledge, and handle challenges".

ကုမ္ပဏီ၏မျှော်မှန်းချက်နှင့်တာဝန်

ကုမ္ပဏီ အကျဉ်းချုပ်
Amigos International Co., Ltd ကို ၂၀၁၀ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး သိပ္ပံ၊ အင်ဂျင်နီယာနှင့် ဓာတ်ခွဲခန်းသုံး စမ်းသပ်စစ်ဆေးရေးပစ္စည်းများကို တင်သွင်းဖြန့်ဖြူး၍ ဝန်ဆောင်မှုပေးခြင်းကို တက်ကြွစွာဆောင်ရွက်လျှက်ရှိသည့် ကုမ္ပဏီတစ်ခုဖြစ် ပါသည်။ ကုမ္ပဏီ၏ အဓိကလုပ်ငန်းမှာ သိပ္ပံ၊ အင်ဂျင်နီယာနှင့် နည်းပညာဆိုင်ရာပစ္စည်းများဖြစ်သည့်အတွက်ရောင်ချပြီးဝန်ဆောင်မှုစနစ်သည် အရေးကြီးပါသည်။ သို့ဖြစ်၍ရောင်းချပြီးဝန်ဆောင်မှုများ ဖြစ်သောစက်ကိုင်တွယ်မှုသင်တန်းများပေးခြင်း၊ စက်ကိရိယာများ ပြန်လည်ချိန်ညှိခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း အစရှိသည့်လုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ တောင်ကြီး တို့တွင် အရောင်းနှင့် ဆားဗစ်ဝန်ဆောင်မှုရုံးများ ဖွင့်လှစ်ထားရှိပါသည်။

အဓိကရောင်းချလျက်ရှိသော ပစ္စည်းကိရိယာများနှင့် ဝန်ဆောင်မှုများမှာ-
၁. မြေတိုင်းတာရေးလုပ်ငန်းသုံးပစ္စည်း
၂. မြေသား၊ ကွန်ကရစ်နှင့် ကတ္တရာစမ်းသပ်ရေးပစ္စည်း
၃. ပတ်ဝန်းကျင်အရည်အသွေး စစ်ဆေးရေးပစ္စည်း
၄.မိုးလေဝသ၊ စိုက်ပျိုးရေးဆိုင်ရာ သုတေသနနှင့် တိုင်းထွာရေးပစ္စည်း
၅.ရေကြောင်းတိုင်းတာရေး လုပ်ငန်းသုံးပစ္စည်း
၆.ဘူမိဗေဒလေ့လာရှာဖွေရေးလုပ်ငန်းသုံးပစ္စည်း
၇. မြေတိုင်းတာမှုနှင့် ဒစ်ဂျစ်တယ် မြေပုံရေးဆွဲရေး ဝန်ဆောင်မှုလုပ်ငန်း
၈.ရေနှင့်သတ္တုအရည်အသွေး ဓာတ်ခွဲခန်းဝန်ဆောင်မှု
၉.စက်ပြန်လည်ချိန်ညှိခြင်း ဝန်ဆောင်မှု့လုပ်ငန်း

ကုမ္ပဏီ၏မျှော်မှန်းချက်
ဝန်ထမ်းများအတွက်ပိုမိုကောင်းမွန်သော ဘဝတစ်ခုဖန်တီးရန် "Joy@Work"

ကုမ္ပဏီ၏ရည်မှန်းချက်
၁.အလုပ်၊ဘဝနှင့် ဖွံ့ဖြိုးတိုးတက်မှု ဟန်ချက်ညီစေရန်
၂. ပျော်ရွှင်ဖွယ်ကောင်းသော လုပ်ငန်းခွင်တည်ဆောက်ရန်
၃.ဝန်ထမ်းများ၏ အရည်အချင်းနှင့် ဘဝများကို မြှင့်တင်ရန်
၄.မိမိတို့၏ဝန်ဆောင်မှုနှင့် ခံယူချက်များဖြင့် ဖောက်သည်များ၏ လုပ်ငန်းများပိုမို တိုးတက်အောင်ဆောင်ရွက်ရန်

ဘာကြောင့် ကျွန်ုပ်တို့နဲ့ ပူးပေါင်းသင့်တာလဲ
ကုမ္ပဏီတွင် အလုပ်-ဘဝ-အသိဉာဏ်ဖွံ့ဖြိုးတိုးတက်ရေး ဟန်ချက်ညီမျှမည်မှာ သေချာပါသည်။ တစ်ပတ်လျှင် အလုပ်ချိန် ၄၂ နာရီခန့်သာရှိပြီး စနေနှင့် တနင်္ဂနွေ နှစ်ရက်စလုံး ပိတ်သောကြောင့် အလွန်အဆင်ပြေပါသည်။ ကွန်ပျူတာ၊ ကော်ပီစက်၊ စကဲန်နာစက်၊ မော်တော်ယာဉ်နှင့် လေအေးပေးစက်ကဲ့သို့သော ရုံးအခြေခံစက်ပစ္စည်းများနှင့်အတူ အမြဲအေးဆေးမွှေးကြိုင်ပြီး သပ်ရပ်သော လုပ်ငန်းခွင်ရှိပါသည်။ အမြဲတမ်း ဝန်ထမ်းအဖြစ်ခန့်အပ်ခံရပါက ကျန်းမာရေးအာမခံပေါ်လစီများကို ခံစားနိုင်ပါသည်။ ငယ်ရွယ်တက်ကြွ ပျော်ရွင်ပြီး ကူညီပေး တတ်သော ဝန်ထမ်းများနှင့် အတူတကွလက်တွဲလုပ်ဆောင်ရမည် ဖြစ်ပါသည်။ လုပ်ငန်းခွင်ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများကို မြန်မာနိုင်ငံအတွင်းသာမက နိုင်ငံခြားသို့စေလွှတ်၍ သင်ယူစေခြင်းကြောင့် သင်၏ကျွမ်းကျင်မှုနှင့် အသိပညာကို နောက်တစ်ဆင့်မြှင့်တင်ရန် အကောင်းဆုံး နေရာဖြစ်ပါသည်။ မိမိတို့ Amigos Team မှ "Joy@Work" ဆိုတဲ့ဆောင်ပုဒ်နဲ့ သင့်ကို ကြိုဆိုလျက်ရှိပါသည်။


ကျွန်ုပ်တို့ရဲ့ ခံယူချက်
မည်မျှပင်အခက်အခဲနှင့်ရင်ဆိုင်ရပါစေ ဖောက်သည်များအားမိမိတို့ရောင်းချသည့်ပစ္စည်းများနှင့် ဝန်ဆောင်မှုများအကြောင်းကို “အမှန်အတိုင်း” ပြောဆိုရန်မှာ ကျွန်ုပ်တို့၏ခိုင်မာသောသမာဓိ ဖြစ်ပါသည်။ ဝန်ထမ်းတိုင်းသည် "အမှန်ပြောဆိုခြင်း" ဆိုသည့်စရိုက်လက္ခဏာများကိုထာဝစဉ်ထိန်းသိမ်းမွေးမြူရမည်ဖြစ်ပါသည်။ အဆိုပါဗီဇသည် ကုမ္ပဏီတွင်ရှိသောထိပ်တန်းဒါရိုက်တာများမှအောက်ခြေဝန်ထမ်းများအထိနက်ရှိုင်းစွာတည်ရှိရမည်ဖြစ်ပါသည်။ ဤအချက်နှင့်အတူ အကောင်းမြင်စိတ်မွေးမြူ၍ အလုပ်ကြိုးစားခြင်းဟူသောယဉ်ကျေးမှုရပ်ဝန်းတစ်ခုအဖြစ်ခိုင်မာစွာတည်ဆောက်ထားပါသည်။

သင့်နှင့် သင့်တော်ရာအလုပ် မတွေ့ခဲ့လျှင် နောင်တွင် ကုမ္ပဏီမှ သင့်၏ CV ကို သိမ်းထား၍ သင့်တော်ရာ အလုပ်များရှိပါက ခေါ်နိုင်ရန် လျှောက်ထားလိုက်ပါ

x