ဝမ်းနည်းပါတယ်၊ သင်၏ပရိုဖိုင်သည် 60% နှင့်အထက် ရှိရမည်ဖြစ်ပြီး (1) အလုပ်အတွေ့အကြုံ (2) သင်လုပ်ကိုင်နိုင်သည့် အလုပ်ရာထူးများ (3) သင့်ပညာရေး အသေးစိတ်တို့ ပါဝင်ရမည်။

Admin & HR Assistant

စာရေး | Admin Clerk
Prime Metal Co.,Ltd.

Admin & HR Assistant

စာရေး | Admin Clerk
2 ဦး
Prime Metal Co.,Ltd.
2 ဦး
အတည်ပြုပြီး
မင်္ဂလာဒုံ | ရန်ကုန်တိုင်း
အချိန်ပြည့်
လွန်ခဲ့သော 1 ရက်က အလုပ်ခန့်အပ်သူ active ဖြစ်နေခဲ့သည် ဤကုမ္ပဏီမှ အလုပ်ခန့်အပ်သူ လျှောက်လွှာများကို နောက်ဆုံးကြည့်ရှုခဲ့သည့် အချိန်။

လုပ်သက်အဆင့်

အတွေ့အကြုံမရှိ

အလုပ်အမျိုးအစား

စီမံ ရေးရာ
လုပ်ဆောင်ရမည့်တာဝန်များတင်သောနေ့: 08 Apr 2024

မင်္ဂလာဒုံ၊ ရန်ကုန်တိုင်းတွင်ရှိသော အချိန်ပြည့် Admin (သို့မဟုတ် စာရေး) ရာထူး 1 နေရာစာအတွက် အထူးအခွင့်အရေး၊ လုပ်သက် - အတွေ့အကြုံမရှိ နှင့် လစဉ် လစာကောင်းကောင်းပေးမည်။

  • စီမံရေးနှင့် ဝန်ထမ်း‌ရေးရာကိစ္စရပ်များအတွက် လိုအပ်သော စာရွက်စာတမ်း ဖိုင်တွဲခြင်း ၊ မိတ္တူကူးခြင်း ၊ ကွန်ပျူတာစာရင်းသွင်းခြင်းများ ဆောင်ရွက်ရမည်
  • စီမံအသုံးစရိတ်များ ဝန်ထမ်းအသုံးစရိတ်များအတွက် လိုအပ်သော Soft Ware များအသုံးပြု၍ နေ့စဉ် အပါတ်စဉ် လစဉ် စာရင်းသွင်းဆောင်ရွက်ရမည်
  • နိုင်ငံခြားခရီးသွားလာခြင်း နိုင်ငံခြားသားလာရောက်ခြင်း ကိစ္စရပ်များအတွက် လေယာဉ်လက်မှတ် ဗီဇာ စသော ဌာနဆိုင်ရာဆက်သွယ်မှုကိစ္စရပ်များ ဆောင်ရွက်ရမည်
  • အလုပ်တက်ဆင်းမှတ်တမ်းသွင်းခြင်း ခွင့်စာရင်းသွင်းခြင်းနှင့် စွမ်းဆောင်ရည်အကဲဖြတ်မှတ်တမ်းစာရင်းသွင်းခြင်းများအား လစဉ် ဒေတာဖိုင်တွင် အချိန်နှင့်တပြေးညီစာရင်းသွင်းဆောင်ရွက်ရမည်
  • လိုအပ်သော စီမံ ရေးရာကိစ္စရပ်များ ဝန်ထမ်းရေးရာ ကိစ္စရပ်များအား ဌာနတာဝန်ခံ၏ လမ်းညွှန်မှုဖြင့် ပြီးစီးအောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရမည်

အခွင့်အရေးရှိသူ :

ကျား/မ

လိုအပ်သောအရည်အချင်း

  • ဘွဲ့ရ (သို့မဟုတ်) နောက်ဆုံးနှစ်
  • ကျား/မ အသက် နှစ်ဆယ့်ငါးမှ သုံးဆယ့်ငါးနှစ်အတွင်း
  • စီမံရေးရာ ဝန်ထမ်းရေးရာ သင်တန်း ဒီပလိုမာ တက်ရောက်အောင်မြင်ပြီးသူ (သို့) လုပ်ငန်းအတွေ့အကြံုရှိပါက ပို၍ အဆင်ပြေနိုင်ပါသည်
  • ကွန်ပျူတာ Microsoft Office ရရှိအသုံးပြုနိုင်သူ အင်တာနက် အီးမေးလ် အသုံးပြုနိုင်သူ ဖြစ်ရပါမည်
  • မင်္ဂလာဒုံ မြို့နယ် အမှတ်သုံးဇေကမ္ဘာဝင်းအနီး Terminal ဆီဆိုင်အနီးရှိ စက်ရုံတွင် လုပ်ကိုင်ရမည်ဖြစ်ပါသဖြင့် မင်္ဂလာဒုံ မြောက်ဥက္ကလာ ရွှေပြည်သာ စသောမြို့နယ်များတွင်နေထိုင်သူဖြစ်ပါက ပို၍ အဆင်ပြေပါမည်
  • ရိုးသားကြိုးစား၍ အမိန့်နာခံမှုကောင်းမွန်သူ အလုပ်အပေါ် အလေးအနက်ထားသူ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်သူ ဖြစ်ရပါမည်
  • ရုပ်ရည်သင့်တင့်၍ သွက်လက်ထက်မြက်သူ စည်းကမ်းသေဝပ်ကောင်းမွန်သူဖြစ်ရပါမည်
  • ဖိုတိုရှော့ Illustrator အသုံးပြုနိုင်ပါက ပို၍ အဆင်ပြေပါမည်

What We Can Offer

အကျိုးအမြတ်

အခြေခံလစာ + ရက်မှန်ကြေး + ထမင်းစရိတ် + အချိန်ပို + ဖယ်ရီ + နှစ်စဉ်ဆုကြေး

ထူးခြားချက်များ

စီမံရေးရာ ၊ ဝန်ထမ်းရေးရာ ဒီပလိုမာ

အခွင့်အလမ်းများ

လုပ်ငန်းခွင် သင်တန်းများ

ကျွန်ုပ်တို့ကုမ္ပဏီအကြောင်း

Prime Metal Company Limited သည် ရန်ကုန်တိုင်း ၊ မင်္ဂလာဒုံမြို့နယ်တွင် တည်ရှိပြီး အရှေ့တောင်အာရှရှိ ပထမဆုံး Welded H-Beam စက်ရုံဖြစ်ပါသည်။ ကျွန်ုပ်တို့သည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) မှ 2013 ခုနှစ် မေလတွင်၎င်း ၊ ကိုရီးယားအစိုးရမှ 2013 ခုနှစ် ဒီဇင်ဘာလတွင်၎င်း မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် အတည်ပြု ခွင့်ပြုချက် ရရှိထားသော မြန်မာနှင့် ကိုရီးယား နှစ်နိုင်ငံ ဖက်စပ်ကုမ္ပဏီတစ်ခု ဖြစ်ပါသည်။
Prime Metal Company Limited သည် မင်္ဂလာဒုံစက်မှုဇုန်တွင် စက်ယန္တရား အကြီးစားများ၊ အဆောက်အဦများ နှင့် အခြားစက်ပစ္စည်းများအတွက် နိုင်ငံခြားသုံးငွေ USD 20 သန်း ရင်းနှီးမြှုပ်နှံထားပါသည်။ စက်ယန္တရားကြီးများကို Welded H-Beam ထုတ်လုပ်မှုတွင် အတွေ့အကြုံ နှစ် ၃၀ ကျော်ရှိသော Dongbu EMC၊ Korea မှ ပံ့ပိုးပေးပါသည်။ နှစ်စဥ် Welded H-Beam 50,000 MT နှင့် Steel Pipe 50,000 MT စုစုပေါင်း ထုတ်လုပ်မှုစွမ်းရည် 100,000 MT အတွက် ကုန်ကြမ်းပစ္စည်း ၀ယ်ယူရန် နိုင်ငံခြားသုံးငွေ USD 10 သန်း မှ USD 15 သန်းကို သုံးစွဲမည်ဖြစ်ပါသည်။

2015 ခုနှစ်အကုန်တွင် စတင်တာဝန်ယူပြီးနောက်၊ 2016 မှ 2023 ခုနှစ်အထိ ဆက်တိုက်အမြတ်အစွန်းများရရှိခဲ့ပါသည်။ စျေးကွက်လိုအပ်ချက် မြင့်မားလာသောကြောင့် 2018 တွင် 2" Pipe Line နှင့် 2021 တွင် 3" Pipe Line တို့အား ထပ်မံရင်းနှီးမြုပ်နှံခဲ့ပါသည်။ 2024သို့မဟုတ် 2025 အစောပိုင်းတွင် Slitter Line တစ်ခုအား ထပ်မံရင်းနှီးမြှုပ်နှံရန် အစီအစဉ်ရှိပါသည်။

ကျွန်တော်များ Prime Metal Company Limited သည် မြန်မာနိုင်ငံနှင့်အိမ်နီးချင်းနိုင်ငံများတွင် ဆောက်လုပ်ရေးနှင့် စက်မှုကဏ္ဍများ၏ လိုအပ်ချက်များကို ပံ့ပိုးကူညီရန် ရည်ရွယ်ပါသည်။ ကျွန်ုပ်တို့သည် သင်၏ စိတ်အားထက်သန်သော ပံ့ပိုးကူညီမှုကို လေးလေးနက်နက် ကျေးဇူးတင်ရှိပြီး ၊ ကျွန်ုပ်တို့၏ “အရည်အသွေးမှီထုတ်ကုန်များ”၊ “ပွင့်လင်းမြင်သာသောစီမံခန့်ခွဲမှု” နှင့် “မြန်မာနိုင်ငံ၏ အနာဂတ်စက်မှုလုပ်ငန်းများအတွက် အလားအလာရှိသော အင်ဂျင်နီယာများကို လေ့ကျင့်သင်ကြားပေးရန်” ဟူသော မျှော်မှန်းချက်ဖြင့် အပြန်အလှန် ကျေးဇူးတုံ့ပြန်ရန် ကတိပြုပါသည်။
အကောင့်မရှိသေးဘူးလား?
မှတ်ပုံတင်မယ်

လုပ်သက်အဆင့်

အတွေ့အကြုံမရှိ

အလုပ်အမျိုးအစား

စီမံ ရေးရာ

နောက်ထပ်အလားတူအလုပ်များ

Admin & Office Staff

Royal Transport Service Co.,Ltd မင်္ဂလာဒုံ | ရန်ကုန်တိုင်း

Admin Staff

Thiri Cosmetic Company Limited (Mistine) မင်္ဂလာဒုံ | ရန်ကုန်တိုင်း

Admin Assistant

Myanmar Distribution Group Co., Ltd.(MDG) မင်္ဂလာဒုံ | ရန်ကုန်တိုင်း

Office Staff

Sayar Myint Set Kyar Minn မင်္ဂလာဒုံ | ရန်ကုန်တိုင်း

Admin & HR Staff

COSMIC POWER COMPANY LIMITED ဒဂုံမြို့သစ်အရှေ့ပိုင်း | ရန်ကုန်တိုင်း

Admin & HR Staff

GUFA Co.,Ltd လှိုင်သာယာ | ရန်ကုန်တိုင်း

HR & Admin Assistant

Kate & Michael Enterprise ဗဟန်း | ရန်ကုန်တိုင်း

HR Assistant

Lucky Joint (M) Telecommunications Ltd တာမွေ | ရန်ကုန်တိုင်း

Junior HR & Admin Officer

Gandamar Shwe Pyi ဗိုလ်တထောင် | ရန်ကုန်တိုင်း

HR & Admin Assistant

Asia Star Technology (AST) Company Limited အလုံ | ရန်ကုန်တိုင်း

HR Assistant

Samsung Pharm-Kor Co.,Ltd မရမ်းကုန်း | ရန်ကုန်တိုင်း

Admin & HR Executive

Leomise Technology Company Limited ကျောက်တံတား | ရန်ကုန်တိုင်း

သူငယ်ချင်းနဲ့မျှဝေလိုက်ပါ

Verify your Mobile number
to get More Job Offers
မြန်မာမိုဘိုင်းနံပါတ်ကမမှန်ကန်ပါ၊ ထပ်မံကြိုးစားပါ။
SMS Code ပို့ပါ
x
SMS Message Display
Alote MM
ဒီတောင်းဆိုချက်ကို သင်မလုပ်ခဲ့လျှင် Facebook မှတဆင့် ကျွန်ုပ်တို့ဆီ စာပို့ပေးပါ။
OK
x
စီစစ်ရန် ကုဒ်နံပါတ်ကို
ဤဖုန်းနံပါတ်သို့ SMS ပို့ထားပါသည်
SMS ကုဒ် မှားနေပါတယ်
အတည်ပြုမည်
x
ကျေးဇူးတင်ပါတယ်
သင့်ဖုန်းမှန်ကန်ကြောင်း အောင်မြင်စွာ အတည်ပြုပြီးပါပြီ
OK
X
သင့်လျှို့ဝှက်နံပါတ် အရိပ်အမြွက်:
OK
X
x