ဝမ်းနည်းပါတယ်၊ သင်၏ပရိုဖိုင်သည် 60% နှင့်အထက် ရှိရမည်ဖြစ်ပြီး (1) အလုပ်အတွေ့အကြုံ (2) သင်လုပ်ကိုင်နိုင်သည့် အလုပ်ရာထူးများ (3) သင့်ပညာရေး အသေးစိတ်တို့ ပါဝင်ရမည်။

စီမံကြီးကြပ်ရေးမှူး / လက်ထောက် (MDY/YGN)

စီမံရေးရာ၊ အလုပ်သမား နှင့် စာရင်းအင်း ၀န်ထမ်း | Admin, HR, Finance Staff
Shwe Tatar Gold & Jewelry Group

စီမံကြီးကြပ်ရေးမှူး / လက်ထောက် (MDY/YGN)

စီမံရေးရာ၊ အလုပ်သမား နှင့် စာရင်းအင်း ၀န်ထမ်း | Admin, HR, Finance Staff
3 ဦး
Shwe Tatar Gold & Jewelry Group
3 ဦး
အတည်ပြုပြီး
ချမ်းမြသာစည် | မန္တလေးတိုင်း
အချိန်ပြည့်
လွန်ခဲ့သော 7 နာရီက အလုပ်ခန့်အပ်သူ active ဖြစ်နေခဲ့သည် ဤကုမ္ပဏီမှ အလုပ်ခန့်အပ်သူ လျှောက်လွှာများကို နောက်ဆုံးကြည့်ရှုခဲ့သည့် အချိန်။

လုပ်သက်အဆင့်

အတွေ့အကြုံရှိ

အလုပ်အမျိုးအစား

စီမံ ရေးရာ
လုပ်ဆောင်ရမည့်တာဝန်များတင်သောနေ့: 04 Apr 2024

-    လုံခြုံရေး၊ သန့်ရှင်းရေးဝန်ထမ်းများအား နေ့စဉ်စစ်ဆေးရန်များကို စစ်ဆေး၍ မှတ်တမ်းတင် ပြန်လည်တင်ပြခြင်း။
-    ရုံးတွင်းစက်ကိရိယာပစ္စည်းများ၊ ရုံးအဆောက်အဦ၊ စက်တပ်ယာဉ်နှင့် လုပ်ငန်းသုံး အခြားစက်ကိရိယာများကို ထိန်းသိမ်းခြင်း၊ စစ်ဆေးမှတ်တမ်းတင် ပြန်လည်တင်ပြခြင်း။

-    ရုံးချုပ်နှင့် ရုံးခွဲများရှိ ပုံသေပိုင်ပစ္စည်းများအား မှတ်တမ်းပြုလုပ်ခြင်း၊ ရေးသွင်းခြင်းနှင့် ပုံမှန်စစ်ဆေးပြင်ဆင်ခြင်း။ 
-    ရုံးသုံးပစ္စည်းများ (ယူနီဖောင်း၊ ဝန်ထမ်းကဒ် စသည်)၊ အရောင်းမြှင့်တင်ရေးကိရိယာများ စသည်တို့ကို သက်ဆိုင်ရာဌာနများနှင့်ချိတ်ဆက်၍ မှာယူ၊ ထိန်းသိမ်း၊ ထုတ်ပေးခြင်း။

-    အရောင်းမြှင့်တင်ရေးပွဲစသည့် အခြားအရောင်းလှုပ်ရှားမှုများ ပြုလုပ်ရာတွင် ဝန်ထမ်းများနှင့် ပစ္စည်းကိရိယာများအား ထောက်ကူပံ့ပိုးခြင်း၊ သယ်ယူပို့ဆောင်ခြင်း။

-    ဌာနဆိုင်ရာရုံးများသို့ အခွန်၊ ဘေလ်စသည့် အထွေထွေကိစ္စရပ်များအတွက် သွားရောက်ဆောင်ရွက်ခြင်း။
-    အထက်ကြီးကြပ်သူမှ ပေးအပ်သော တာဝန်၀တ္တရားများအား ကျေပွန်စွာ ဆောင်ရွက်ခြင်း။

အခွင့်အရေးရှိသူ :

ကျား/မ

လိုအပ်သောအရည်အချင်း

•    တက္ကသိုလ်ဝင်တန်းပညာအရည်အချင်း အနည်းဆုံးရှိသူ။
•    စီမံရေးရာပိုင်းတွင် အတွေ့အကြုံ ရှိသူ။
•    စိန်ခေါ်မှုပြဿနာဖြေရှင်းနိုင်စွမ်း၊ ခေါင်းဆောင်နိုင်စွမ်း၊ ဆက်သွယ်ပြောဆိုချိတ်ဆက်နိုင်စွမ်းနှင့် ဝန်ဆောင်မှုအသားပေးစိတ်ဓာတ်ရှိသူ။

•    Microsoft Package ကောင်းစွာ အသုံးပြုနိုင်သူ။
•    အသေးစိတ်အချက်အလက်များကို သိမြင်နိုင်ရမည်ဖြစ်ပြီး လုပ်ငန်းပြီးမြောက်အောင်မြင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ချင်စိတ်၊ တိကျသေချာစွာ ဦးဆောင်ဆောင်ရွက်လိုစိတ်ရှိသူ ဖြစ်ရမည်။

What We Can Offer

အကျိုးအမြတ်

တစ်ပတ်လျှင် ပိတ်ရက်အနည်းဆုံးတစ်ရက်
အခြေခံလစာ + (ရုံးတက်စရိတ် + စားစရိတ် + ပျက်ရက်မဲ့ဆု + OT + incentive) + အများပြည်သူအားလပ်ရက် + လုပ်သက်ခွင့်

ထူးခြားချက်များ

ဆိုင်ကယ်လိုင်စင်ရှိရမည်။ (ကားလိုင်စင်/ကားမောင်းတတ်သူ ဦးစားပေးမည်။)

အခွင့်အလမ်းများ

သင်ယူလိုစိတ်ရှိလျှင် လက်တွဲခေါ်ယူရန် အသင့်ရှိပါသည်။ အရည်အချင်းသာ အဓိကဖြစ်၍ အထက်အဆင့်ဆင့်သို့ တက်နိုင်ပါမည်။

ကျွန်ုပ်တို့ကုမ္ပဏီအကြောင်း

“ရွှေတံတား”ကို ယခုတည်ရှိရာနေရာတွင် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ အပေါင်လုပ်ငန်းလိုင်စင်ရယူပြီး ၁၉၉၅ခုနှစ်၌ စတင်ဖွင့်လှစ်ခဲ့ပါသည်။ အာမခံပစ္စည်းအဖြစ် စိန်၊ ရွှေ၊ပလက်တီနမ် အစရှိသည်တို့ကို လက်ခံ၍ ချေးငွေဝန်ဆောင်မှုများ ပေးအပ်ပါသည်။ ၂၀၁၈ခုနှစ်တွင် စိန်ရွှေရတနာဆိုင်ကို တိုးချဲ့ဖွင့်လှစ်သည်။ မီးလင်းအပိုင်းဖြတ်စများမှသည် ဒီဇိုင်းစုံ စက်ထည်လက်ထည်များ၊ ကျောက်မျက်ရတနာများ၊ 18Kအထည်များကို တာဝန်ယူမှု၊ အာမခံမှုအပြည့်ဖြင့် ရောင်းချပေးလျက်ရှိပါသည်။ ထို့အပြင် ဖောက်သည်များ စိတ်တိုင်းကျ အော်ဒါဒီဇိုင်းအမျိုးမျိုး ပြုလုပ်ပေးခြင်း၊ အထည်ပြုပြင်အရောင်တင်ခြင်း၊ အခမဲ့ ဂျေးချွတ်သန့်စင်ပေးခြင်း စသည်များကို လုပ်ဆောင်ပေးလျှက် ရှိပါသည်။ ၂၀၁၉ ခုနှစ်တွင် ရွှေပန်းထိမ်လုပ်ငန်းကို တိုးချဲ့ဖွဲ့စည်းခဲ့ပါသည်။ မျိုးဆက်နှစ်ဆက်ရှိလာပြီဖြစ်တဲ့ ရွှေတံတားကို လူထုအကျိုးပြုနိုင်တဲ့ လုပ်ငန်းစုအဖြစ် ရပ်တည်နိုင်ဖို့ ကြိုးစားမှာဖြစ်သလို လုပ်ငန်းနဲ့ ဆက်စပ်လုပ်ကိုင်နေသူ အားလုံးအတွက် အကျိုးပြုနိုင်တဲ့ နေရာတစ်ခု ဖြစ်လာအောင်လည်း ကြိုးပမ်းသွားပါမည်။
အကောင့်မရှိသေးဘူးလား?
မှတ်ပုံတင်မယ်

လုပ်သက်အဆင့်

အတွေ့အကြုံရှိ

အလုပ်အမျိုးအစား

စီမံ ရေးရာ

သူငယ်ချင်းနဲ့မျှဝေလိုက်ပါ

Verify your Mobile number
to get More Job Offers
မြန်မာမိုဘိုင်းနံပါတ်ကမမှန်ကန်ပါ၊ ထပ်မံကြိုးစားပါ။
SMS Code ပို့ပါ
x
SMS Message Display
Alote MM
ဒီတောင်းဆိုချက်ကို သင်မလုပ်ခဲ့လျှင် Facebook မှတဆင့် ကျွန်ုပ်တို့ဆီ စာပို့ပေးပါ။
OK
x
စီစစ်ရန် ကုဒ်နံပါတ်ကို
ဤဖုန်းနံပါတ်သို့ SMS ပို့ထားပါသည်
SMS ကုဒ် မှားနေပါတယ်
အတည်ပြုမည်
x
ကျေးဇူးတင်ပါတယ်
သင့်ဖုန်းမှန်ကန်ကြောင်း အောင်မြင်စွာ အတည်ပြုပြီးပါပြီ
OK
X
သင့်လျှို့ဝှက်နံပါတ် အရိပ်အမြွက်:
OK
X
x