About Our Company
အဓိက လက်လီလုပ်ငန်း (၃) ခုကို ရန်ကုန်မြို့အနှံ့တွင် လည်ပတ်လျက်ရှိပါသည် -
• Easy Marts: နေ့စဉ်သုံးကုန်ပစ္စည်းများကို ၂၄ နာရီနီးပါး အချိန်မရွေး လွယ်လွယ်ကူကူ ဝယ်ယူနိုင်ရန် Convenience Store ပုံစံဖြင့် ဝန်ဆောင်မှုပေးခြင်း။
• Easy Supermarket: လတ်ဆတ်သော သားငါး၊ ဟင်းသီးဟင်းရွက်နှင့် အရည်အသွေးမြင့် လူသုံးကုန်ပစ္စည်းများကို သန့်ရှင်းသပ်ရပ်သော ပတ်ဝန်းကျင်တွင် စုံစုံလင်လင် ရောင်းချပေးခြင်း။
• Maxi Wholesale: စားသောက်ဆိုင်၊ ဟိုတယ်နှင့် လက်လီဆိုင်ငယ်များအတွက် ကုန်ပစ္စည်းများကို အစုလိုက်အပြုံလိုက် ချိုသာသော ဈေးနှုန်းများဖြင့် ဝယ်ယူနိုင်ရန် ဖန်တီးပေးခြင်း။
၂။ Supply Chain & Distribution (ဖြန့်ဖြူးရေး ကဏ္ဍ)
ကမ္ဘာ့အဆင့်မီ ထုတ်ကုန်များနှင့် ဒေသတွင်း ထုတ်ကုန်များကို သိုလှောင်ရုံ (Warehouse) များမှတစ်ဆင့် စနစ်တကျ ထိန်းသိမ်းပြီး မိမိတို့၏ ဆိုင်ခွဲများသို့ အချိန်မီ ဖြန့်ဖြူးပေးပို့ခြင်း။
၃။ Quality Assurance (အရည်အသွေး ထိန်းသိမ်းခြင်း)
စားသုံးသူများ ဘေးကင်းစိတ်ချရစေရန်အတွက် ကုန်ပစ္စည်းများ၏ သက်တမ်းနှင့် အရည်အသွေးကို စနစ်တကျ စစ်ဆေးရွေးချယ်ပြီးမှသာ ရောင်းချပေးခြင်း။
၄။ Career & Talent Development (လူသားအရင်းအမြစ် ဖွံ့ဖြိုးရေး)
မြန်မာနိုင်ငံသားများအတွက် အလုပ်အကိုင်အခွင့်အလမ်းပေါင်းများစွာ ဖန်တီးပေးပြီး၊ လက်လီလောကတွင် ကျွမ်းကျင်ပညာရှင်များ ဖြစ်လာစေရန် စနစ်ကျသော လေ့ကျင့်သင်ကြားမှုများ (Training & Development) ပြုလုပ်ပေးခြင်း။