Sorry, your CV Profile MUST be over 60% and include (1) Working History (2) What You Can Work - Job Titles (3) Education Details, to get more Job Offers

Operation Supervisor (ကြီးကြပ်ရေးမှူး)

ကြီးကြပ်ရေးမှူး | Line Supervisor
Good Brothers Co.,Ltd

Operation Supervisor (ကြီးကြပ်ရေးမှူး)

ကြီးကြပ်ရေးမှူး | Line Supervisor
2 Posts
Good Brothers Co.,Ltd
2 Posts
Verified
Thanlyin | Yangon
Full Time
Recruiter active 11 hours ago The recruiter at this company was last active reviewing applications.

Experience level

Experienced

Job Function

Manufacturing, Factory
Job DescriptionPosted: Today

လုပ်ငန်းအကြောင်း

Good Brothers' Group of Companies သည် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးနှင့် စက်မှုကဏ္ဍတွင် နှစ်ပေါင်း ၃၄ နှစ်ကြာ ဦးဆောင်ရပ်တည်နေသော စိုက်ပျိုးရေးလုပ်ငန်းစုကြီးတစ်ခု ဖြစ်သည်။ G.B.S Agricultural Services Public Co., Ltd. သည် GBS လုပ်ငန်းစု၏ အဓိက စိုက်ပျိုးရေး ထုတ်ကုန်လုပ်ငန်းခွဲတစ်ခုဖြစ်ပြီး ဒေသထွက် ပဲမျိုးစုံနှင့် နှမ်း အစရှိသည်များအား အဆင့်မြင့် နည်းပညာသုံး စက်ယန္တရားများဖြင့် သန့်စင်၊ အဆင့်ခွဲ၊ ပြုပြင်ထုတ်လုပ်ကာ ပြည်တွင်း/ပြည်ပ ဈေးကွက်များသို့ အဓိက တင်ပို့ရောင်းချလျက် ရှိပါသည်။

ရာထူးအကြောင်း

Operation Supervisor သည် သီလဝါစက်မှုဇုန်ရှိ ပဲမျိုးစုံနှင့် နှမ်း ပြုပြင်ထုတ်လုပ်ရေးစက်ရုံ၏ ထုတ်လုပ်မှုလိုင်းတစ်ခုလုံး ချောမွေ့စွာ လည်ပတ်နိုင်ရေးအတွက် ဦးဆောင်ကြီးကြပ်ကွပ်ကဲရန် ဖြစ်ပါသည်။

လုပ်ငန်းတာဝန်များ

  • ပဲမျိုးစုံနှင့် နှမ်း သန့်စင်ခြင်း၊ ကျောက်ထုတ်ခြင်း၊ အဆင့်ခွဲခြင်း၊ အခွံချွတ်ခြင်း၊ အရောင်တင်ခြင်းနှင့် အရောင်ရွေးခြင်း (Cleaning, Destoning, Grading, Hulling, Polishing & Color Sorting) ထုတ်လုပ်မှုလိုင်းတစ်ခုလုံးအား အစအဆုံး ကြီးကြပ်ကွပ်ကဲရန်။
  • စက်ရုံမှ သတ်မှတ်ထားသော နေ့စဉ် ထုတ်လုပ်မှုများ (Target Output) ပြည့်မီစေရန်အတွက် စက်လည်ပတ်မှုအချိန်၊ ကုန်ကြမ်းနှင့် ဝန်ထမ်းအင်အားကို စနစ်တကျ စီမံခန့်ခွဲရန်။
  • ကုန်ကြမ်းအမျိုးအစား၊ အစိုဓာတ်နှင့် အရည်အသွေးအပေါ် မူတည်၍ Color Sorter၊ Destoner၊ Gravity Separator နှင့် အခြား သန့်စင်စက်ကြီးများ၏ Setting နှင့် Calibration များကို တိကျမှန်ကန်စွာ ချိန်ညှိနိုင်ရေးအတွက် စစ်ဆေးလမ်းညွှန်ရန်။
  • ထုတ်လုပ်မှု အဆင့်တိုင်းတွင် ထွက်ရှိလာသော ကုန်ချောများ၏ သန့်စင်မှု (Purity) နှင့် အရည်အသွေး စံချိန်စံညွှန်းများ ပြည့်မီစေရေးနှင့် ကုန်ကြမ်းအလေအလွင့် (Wastage/Loss) အနည်းဆုံးဖြစ်စေရေး အနီးကပ် ကြီးကြပ်စစ်ဆေးရန်။
  • စက်လိုင်းရပ်တန့်မှုနှင့် ကြန့်ကြာမှုများ မဖြစ်ပေါ်စေရန်အတွက် နေ့စဉ်နှင့် အပတ်စဉ် ကြိုတင်စက်စစ်ဆေးခြင်း (Preventive Maintenance) နှင့် စက်ပစ္စည်းသန့်ရှင်းရေး လုပ်ငန်းစဉ်များကို ဦးဆောင်ဆောင်ရွက်ရန်။
  • ထုတ်လုပ်မှုလိုင်းအတွင်း ဖြစ်ပေါ်လာသော နည်းပညာဆိုင်ရာ အခက်အခဲများ၊ စက်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှုများနှင့် အရေးပေါ်ပြဿနာများကို မြေပြင်တွင် ကိုယ်တိုင် ချက်ချင်း ဖြေရှင်းဆောင်ရွက်ရန်။
  • Senior Operator များနှင့် စက်ရုံလုပ်သားများအား စက်လည်ပတ်မှု နည်းစနစ်များ၊ အရည်အသွေး ခွဲခြားမှုနှင့် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး စည်းမျဉ်းများကို လက်တွေ့ လမ်းညွှန်သင်ကြားပေးရန်။
  • နေ့စဉ် ကုန်ကြမ်းအဝင်၊ ကုန်ချောထွက်ရှိမှု၊ စက်လည်ပတ်ချိန်နှင့် ထုတ်လုပ်မှုစွမ်းဆောင်ရည် အစီရင်ခံစာများကို စနစ်တကျ ပြုစုတင်ပြရန်။ 

Open To :

Male/Female

Job Requirements

လိုအပ်သည့်အရည်ချင်းများ 

  • ပညာအရည်အချင်း ကန့်သတ်မထားပါ (ပဲမျိုးစုံနှင့်နှမ်း စက်ရုံလုပ်ငန်းခွင် အတွေ့အကြုံနှင့် စက်မောင်းနှင်/ချိန်ညှိနိုင်စွမ်း ကျွမ်းကျင်မှုကိုသာ အဓိက ဦးစားပေးပါမည်)။
  • ပဲမျိုးစုံ သို့မဟုတ် နှမ်း သန့်စင်ပြုပြင်ထုတ်လုပ်ရေး စက်ရုံများ (Pulse, Bean & Sesame Processing Mills/Plants) တွင် စက်လည်ပတ်ကြီးကြပ်မှု အတွေ့အကြုံ အနည်းဆုံး (၃) နှစ်မှ (၅) နှစ်အထက် ရှိသူ ဖြစ်ရမည်။
  • အရောင်ရွေးစက် (Color Sorter)၊ ဖုန်စစ်/ကျောက်ထုတ်စက် (Destoner)၊ အဆင့်ခွဲစက် (Gravity Separator/Grader)၊ အရောင်တင်စက် (Polisher) နှင့် နှမ်းအခွံချွတ်စက် အစရှိသည့် ပဲ/နှမ်း ပြုပြင်ထုတ်လုပ်ရေး စက်ကြီးများ၏ အလုပ်လုပ်ပုံနှင့် Setting ချိန်ညှိမှုများကို အထူးကျွမ်းကျင်စွာ ကိုင်တွယ်နိုင်သူ ဖြစ်ရမည်။
  • သတ်မှတ်ထားသည့် စက်ရုံထုတ်လုပ်မှုများ ပြည့်မီအောင် အဖွဲ့သားများအား ဦးဆောင်နိုင်သူ၊ လုပ်ငန်းခွင် ပြဿနာများကို မြေပြင်တွင် ချက်ချင်း ကိုင်တွယ်ဖြေရှင်းနိုင်သူနှင့် တာဝန်ယူစိတ် အပြည့်ရှိသူ ဖြစ်ရမည်။

What We Can Offer

Benefits

➢ နေ့လည်စာ စီစဉ်ပေးသည်
➢ ဝန်ထမ်းအဆောင် စီစဉ်ပေးသည်

Highlights

➢ လုပ်ငန်းခွင်ကျွမ်းကျင်စွာ စီမံကြီးကြပ်နိုင်သူ

Career Opportunities

➢ GBS လုပ်ငန်းစုကြီးတွင် လုပ်ငန်းစဉ်များကို စနစ်တကျလေ့လာပြီး ရာထူးတိုးတက်မှု အခွင့်အလမ်းများ ရရှိနိုင်ခြင်း

About Our Company

Our History
➢ Good Brothers’ Co., Ltd. was founded in 1991 by five brothers from Mandalay, partnering to incorporate what had previously been an informal family business of agriculture machinery. Five Brothers from grassroots origin in Shan State began through “horseback trading” to establish the corporation what has now came to be known as GBS Group.

CORE VALUES
✓ Quality
✓ Integrity
✓ Customer relationship

Quality
➢ Whether it’s a service or a product, we aspire to deliver quality to all our customers.

Integrity
➢ We consistently conduct our businesses in an ethical and transparent way.

Customer Relationship
➢ We put customers first. We deliver branded service for their needs.
Verify your Mobile number
to get More Job Offers
Myanmar mobile number not valid, try again!
Send Me SMS Code
x
SMS Message Display
Alote MM
If you did not make this request, please message us on Facebook.
OK
x
Please enter the SMS
code sent to your phone
Sorry, SMS code not Valid
Verify Me Now
x
Thank You
Your Phone number has been successfully verified
OK
X
Your Password Help is:
OK
X
x