၁။ အခြေခံပညာအဆင့် သို့မဟုတ် အထက်တန်းပညာအဆင့်ရှိသူ ဖြစ်ပါက ပိုမိုဦးစားပေးမည်။
၂။ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း ဖြစ်ရမည်။
၃။ Delivery၊ Warehouse လုပ်ငန်း သို့မဟုတ် အထွေထွေအလုပ်သမားအဖြစ် လုပ်ကိုင်ဖူးသူများကို ဦးစားပေးမည်။ အတွေ့အကြုံမရှိသူများလည်း လျှောက်ထားနိုင်သည်။
၄။ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ပြီး ပစ္စည်းများကို မ၊ သယ်၊ တင်၊ ချ လုပ်ငန်းများ ဆောင်ရွက်နိုင်သူ ဖြစ်ရမည်။
၅။ ရိုးသားဖြောင့်မတ်မှုရှိသူ၊ တာဝန်ယူမှုတာဝန်ခံမှုရှိသူ၊ ကြိုးစားအားထုတ်သူနှင့် အချိန်မှန်သူ ဖြစ်ရမည်။
၆။ အထက်အရာရှိများ၏ ညွှန်ကြားချက်များကို လိုက်နာနိုင်သူဖြစ်ပြီး အသင်းအဖွဲ့နှင့် ပူးပေါင်းလုပ်ကိုင်နိုင်သူ ဖြစ်ရမည်။
၇။ အခြေခံဆက်သွယ်ပြောဆိုနိုင်မှုရှိပြီး ဖောက်သည်များ၊ ဆေးရုံဝန်ထမ်းများနှင့် ယဉ်ကျေးစွာ ဆက်ဆံပြောဆိုနိုင်သူ ဖြစ်ရမည်။
၈။ ဆေးဘက်ဆိုင်ရာပစ္စည်းများနှင့် ကုမ္ပဏီ၏ အခြားကုန်ပစ္စည်းများကို ဂရုတစိုက် ကိုင်တွယ်နိုင်သူ ဖြစ်ရမည်။
၉။ ကုမ္ပဏီ၏ လုပ်ငန်းလိုအပ်ချက်အရ အချိန်ပိုလုပ်ကိုင်ခြင်း၊ စနေ၊ တနင်္ဂနွေနေ့များနှင့် အများပြည်သူရုံးပိတ်ရက်များတွင် လိုအပ်ပါက အလုပ်ဆင်းနိုင်သူ ဖြစ်ရမည်။
၁၀။ နေ့စဉ် ပစ္စည်း အထွက်စာရင်းအား မှတ်တမ်းပြုစု လုပ်ကိုင်နိုင်ရမည်။
အလုပ်ရက် – တနင်္လာနေ့မှ သောကြာနေ့အထိ (တစ်ပတ် ၅ ရက်)
အလုပ်ချိန် – နံနက် ၉:၀၀ နာရီမှ ညနေ ၅:၀၀ နာရီအထိ (Full-time)
အစမ်းခန့်ကာလ – အစမ်းခန့်ကာလ ၃ လ ပြည့်မြောက်ပြီးနောက် လုပ်ဆောင်နိုင်မှုနှင့် အရည်အချင်းကို အကဲဖြတ်၍ လစာအား ပြန်လည်သုံးသပ်သတ်မှတ်ပေးမည်။
ပိတ်ရက် – စနေနေ့၊ တနင်္ဂနွေနေ့နှင့် အများပြည်သူရုံးပိတ်ရက်များ