မြန်မာ
Get more Job Offers...
Download the App now!
5 Results
Sort by:
Get a Job at Excellent Fortune Development Group with Alote Myanmar. Apply Today!
Filter By:
Job Function
Location
Industry
EXP: LEVEL
AWARDS
Minimum Salary
Repat / Expat
You will notified when more similar jobs are posted.
Please update your Job Alert dashboard and try again.
Excellent Fortune Development Group
Hlaing | Yangon Yangon
19 Jun 2026
သတ်မှတ် မော်တော်ယာဉ်များကို ကျွမ်းကျင်စွာ စနစ်တကျ မောင်းနှင်နိုင်သူ ဖြစ်ရပါမည်။ ရန်ကုန်မြို့တွင်းနှင့် နယ်ဝေးများကို ကျွမ်းကျင်စွာ မောင်းနှင်နိုင်သူ ဖြစ်ရပါမည်။ မော်တော်ယာဉ် ကြံ့ခိုင်ရေးနှင့် ပတ်သက်၍ အခြေခံ သဘောတရားများကို နားလည်ရမည်။ မော်တော်ယာဉ် သန့်ရှင်းရေးကိုလည်း နေ့စဉ် ဆောင်ရွက်ရမည် ဖြစ်ပါသည်။ လုပ်ငန်းလိုအပ်ချက်အလိုက် သွားရောက်မောင်းနှင်နိုင်သူ ဖြစ်ရမည် ဖြစ်ပါသည်။ အခြားပေးအပ်သည့် တာဝန်များကိုလည်း ထမ်းဆောင်နိုင်ရမည် ဖြစ်ပါသည်။ ကုမ္ပဏီမှ သတ်မှတ်ထားသည့် မော်တော်ယာဉ် စည်းကမ်းများကိုလည်း လိုက်နာရမည် ဖြစ်ပါသည်။ ဌာနမှသတ်မှတ်ထားသော မှတ်တမ်းစာအုပ်များ report ကိုစည်းကမ်းချက်အတိုင်းလိုက်နာဆောင်ရွက်ရမည်။
Benefits: - အချိန်ပိုကြေး - နေ့လည်စာ - စနေ၊တနင်္ဂနွေနှင့် အစိုးရအားလပ်ရက် ပိတ်ရက်
Posted: 19 Jun 2026
14 May 2026
စားဖိုဆောင်/ စားရိပ်သာနှင့် ပတ်သက်သည့် ကိစ္စအဝဝကို ကူညီဆောင်ရွက်ရမည် ဖြစ်သည်။ အသားငါး/ အသီးအရွက်/ ကုန်ခြောက် ပစ္စည်းများ/ သန့်ရှင်းရေး ပစ္စည်းများ/ စားရိပ်သာနှင့် ပတ်သက်သော ပစ္စည်းများကို သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အသုံးပြု၍ သိမ်းဆည်းနိုင်ရမည်။ ဝန်ထမ်းများ နေ့လည်စာ စားသောက်ရာတွင်လည်း လိုအပ်သည်များ ပါဝင်ကူညီ ဆောင်ရွက်ရမည် ဖြစ်သည်။ စားဖိုဆောင်ချက်ပြုတ်ရေးနှင့် စားရိပ်သာ သန့်ရှင်းရေးကိုလည်း ပါဝင်ကူညီရမည် ဖြစ်သည်။ လုပ်ငန်းလိုအပ်ချက်အရ စီမံခန့်ခွဲသူတို့ပေးအပ်သော တာဝန်များကို လိုက်နာဆောင်ရွက်နိုင်ရမည်။ စားဖိုဆောင်နှင့်စားရိပ်သာ တို့အတွက် ပတ်သက်သောပစ္စည်းများ ဝယ်ယူရေးတွင်လည်း ပါဝင်ကူညီ ဆောင်ရွက် ရမည်။
Benefits: အလုပ်ချိန်- နံနက် ၈း၃၀ မှ ညနေ ၅း၃၀ ထိ ရုံးပိတ်ရက်- စနေ၊ တနင်္ဂနွေနှင့် အစိုးရရုံးပိတ်ရက် အကျိုးခံစားခွင့်များ- နေစရာ၊ထမင်းကျွေး၊
Posted: 14 May 2026
13 May 2026
အဓိကတာဝန်များ လုံခြုံရေးဝန်ထမ်းများ၏ နေ့စဉ်လုပ်ငန်းစဉ်နှင့် တာဝန်ကျစာရင်း များအား စီမံကြီးကြပ်ရန်။ ကုမ္ပဏီအတွင်း ဝင်/ထွက်မှုများနှင့် လုံခြုံရေးစနစ်များ (CCTV, Access Control) ကို စနစ်တကျ စစ်ဆေးရန်။ မီးဘေးနှင့် အရေးပေါ်အခြေအနေများအား ချက်ချင်းတုံ့ပြန်ဆောင်ရွက်ရန်။ နေ့စဉ်/လစဉ် အစီရင်ခံစာ (ဖြစ်ရပ်အစီရင်ခံစာ) များ ရေးသားတင်ပြရန်။ ဝန်ထမ်းများအား စည်းကမ်းပိုင်းဆိုင်ရာနှင့် လုံခြုံရေးသင်တန်းများ လမ်းညွှန်ပေးရန်။
Benefits: စွမ်းဆောင်ရည်အတွက်ဆုလာဘ်များ အလှည့်ကျ တာဝန် ကျန်းမာရေးအာမခံ Meal Provided
Posted: 13 May 2026
12 May 2026
အဓိကတာဝန်များ တာဝန်ချိန်အတိုင်း လုံခြုံရေးတာဝန်များကို စနစ်တကျ ထမ်းဆောင်ရမည်။ မော်တော်ယာဉ်၊ ဝန်ထမ်း၊ ဧည့်သည်နှင့် ပစ္စည်း အဝင်အထွက်များကို မှတ်တမ်းတင် စစ်ဆေးရမည်။ ထူးခြားဖြစ်စဉ်များအား သက်ဆိုင်ရာ တာဝန်ရှိသူထံ အချိန်မီ သတင်းပို့ရမည်။ ဧည့်သည်များအား သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်၍ လိုအပ်သလို ကူညီပို့ဆောင်ရမည်။ ရုံးပတ်ဝန်းကျင် သန့်ရှင်းရေးနှင့် လုံခြုံရေးအသိကို အမြဲဂရုပြု ဆောင်ရွက်ရမည်။ ကုမ္ပဏီ၏ စည်းမျဉ်းများ၊ Report နှင့် ISO Standard များကို မှန်ကန်စွာ လိုက်နာရမည်။
Posted: 12 May 2026
ရုံးအတွင်းရှိ အဆောက်အဦ၊ ရေလိုင်း၊ မီးလိုင်းများ ပြုပြင်ခြင်း၊ အသစ် တည်ဆောက်ခြင်း၊ တပ်ဆင်ခြင်းဆိုင်ရာ ကိစ္စရပ်များ အားလုံးကို ညွှန်ကြားချက်နှင့်အညီ အန္တရာယ်ကင်းစွာ ကူညီဆောင်ရွက်ရမည်။ အဆောက်အဦ၊ ရေပိုက်လိုင်းများ၊ လျှပ်စစ်မီးလိုင်းများနှင့် လေအေးပေးစက်များကို ပုံမှန်စစ်ဆေး၍ ထိန်းသိမ်းခြင်း၊ လိုအပ်လျှင်ပြင်ဆင်ခြင်းများကို ISO Standard နှင့်အညီ ဆောင်ရွက်နိုင်ခြင်း။ အရေးပေါ်အခြေအနေတွင် ဆောင်ရွက်ရသော လုပ်ငန်းများနှင့် ပုံမှန်လုပ်ဆောင်နေသည့် လုပ်ငန်းများကိုအချိန်နှင့် တပြေးညီနေ့စဉ် အစီရင်ခံ တင်ပြနိုင်ခြင်း။ ဌာနတာဝန်ရှိသူမှ ပေးအပ်လာသည့် တာဝန်ဝတ္တရားများကို လိုအပ်သလို ကူညီဆောင်ရွက်ခြင်း။ လုပ်ငန်းလိုအပ်ချက်အလိုက် မည်သည့် ဒေသကိုမဆို သွားရောက်တာဝန်ထမ်းဆောင်နိုင်ရမည်။