မြန်မာ
Get more Job Offers...
Download the App now!
5 Results
Sort by:
Get a Job at MPA International School with Alote Myanmar. Apply Today!
Filter By:
Job Function
Location
Industry
EXP: LEVEL
AWARDS
Minimum Salary
Repat / Expat
You will notified when more similar jobs are posted.
Please update your Job Alert dashboard and try again.
MPA International School
Bahan | Yangon Yangon
08 Oct 2026
ဗဟန်းမြို့နယ်၊ ရန်ကုန်တိုင်းတွင် အချိန်ပြည့် တာဝန်ထမ်းဆောင်ရန် သန့်ရှင်းရေးရာထူးအတွက် အခွင့်အရေး။ နေ့စဉ် သန့်ရှင်းရေးတာဝန်များ (sweeping, mopping, dusting, and vacuuming) ဆောင်ရွက်ရမည်။ စာသင်ခန်းများ၊ အစည်းအဝေးခန်းများ၊ ရုံးခန်းများ၊ Restroom များနှင့် Lobby area ကို သန့်ရှင်းသပ်ရပ်စွာ ထိန်းသိမ်းရမည်။ ကျောင်းပရဝဏ်အတွင်းပိုင်း၊ အပြင်ပိုင်းများကို သန့်ရှင်းရေးပြုလုပ်ပေးရမည်။ ကြမ်းပြင်များ၊ အိမ်သာများ မြင့်မားသောအဆင့်များ၊နံရံများ၊ မျက်နှာကျက်များ၊ ပြတင်းပေါက်များ၊ အဖုံးအအုပ် (အကာ) များ၊ သံမဏိ၊ ကူရှင်များနှင့် လိုအပ်ပါက သီးသန့်တောင်းဆိုမှုများကိုလည်းသန့်ရှင်းပေးရမည်။ အဆောက်အဦးဝန်းကျင်ဧရိယာများနှင့် ပြင်ပနံရံများအပါအဝင် ကျောင်းဆိုင်းဘုတ်များကို သန့်ရှင်းပေးရမည်။ လိုအပ်သလို Deep Cleaning လုပ်ပေးရပါမည်။ စွန့်ပစ်ပစ္စည်းများ/အမှိုက်များကို နေ့စဉ် စနစ်တကျသတ်မှတ်ထားသော စွန့်ပစ်နေရာတွင်သာ စွန့်ပစ်ရမည်။ နေ့စဥ်အသုံးပြုနေသော သန့်ရှင်းရေးသုံးပစ္စည်းများနှင့် စက်ကို သန့်ရှင်းရေးပြုလုပ်ရပါမည်။ သန့်ရှင်းရေးသုံး ပစ္စည်းများကို စနစ်တကျ ထိန်းသိန်းထားသိုရပါမည်။ သန့်ရှင်းရေး ပစ္စည်းများကို မှန်မှန်ကန်ကန် အသုံးပြုပြီး စနစ်တကျ သိုလှောင်တတ်ရမည်။ သန့်ရှင်းရေး ပစ္စည်းများ လိုအပ်ပါက သက်ဆိုင်ရာတာဝန်ခံထံ အကြောင်းကြားရမည်။ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့် လုံခြုံရေးစည်းမျဉ်းများကို လိုက်နာဆောင်ရွက်နိုင်ရမည်။ လုပ်ငန်းလိုအပ်ချက်အရ တာဝန်ဝတ္တရားများကို ပြောင်းလဲလုပ်နိုင်ရမည်။ လုပ်ငန်းလိုအပ်ချက်အရ အထက်လူကြီး၏ တာဝန်ပေးညွှန်ကြားမှုများအပေါ် တာဝန်ယူ ဆောင်ရွက်နိုင်ရမည်။
Benefits: နေ့လည်စာ ကော်ဖီ ခရီးစရိတ် အချိန်ပိုကြေး ဘောနပ်စ်
Posted: 08 Oct 2026
07 Oct 2026
MPA International School တွင် ကျောင်းဝင်းအတွင်းရှိ ကျောင်းသား/သူများ၊ ဆရာ/ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းပိုင်ပစ္စည်းများ၏ လုံခြုံရေးနှင့် ဘေးကင်းလုံခြုံမှုကို ထိရောက်စွာ စီမံကြီးကြပ်နိုင်ရန်အတွက် Head of Security Department (လုံခြုံရေးဌာနမှူး) ရာထူးအတွက် အရည်အချင်းပြည့်မီသူများကို ခေါ်ယူလျက်ရှိပါသည်။ • ကျောင်း၏ လုံခြုံရေးဌာနတစ်ခုလုံးကို ဦးဆောင်စီမံခန့်ခွဲပြီး နှစ်စဉ်လုပ်ငန်းအစီအစဉ်၊ ဌာနဆိုင်ရာ ရည်မှန်းချက်များနှင့် လုံခြုံရေးစံနှုန်းများကို ရေးဆွဲအကောင်အထည်ဖော်ခြင်း။ • လုံခြုံရေးဝန်ထမ်းအင်အား၊ ဌာနဖွဲ့စည်းပုံ၊ Duty Roster၊ Shift Schedule နှင့် တာဝန်ခွဲဝေမှုများကို စီမံကြီးကြပ်ပြီး လိုအပ်သော ဝန်ထမ်းခန့်အပ်မှုများကို Management ထံ အကြံပြုတင်ပြခြင်း။ • Security Rules & Regulations၊ SOPs နှင့် Emergency Response Procedures များကို ရေးဆွဲပြန်လည်သုံးသပ်ခြင်း၊ Management ၏ အတည်ပြုချက်ဖြင့် အကောင်အထည်ဖော်ခြင်းနှင့် လိုက်နာမှုရှိ/မရှိ စစ်ဆေးကြီးကြပ်ခြင်း။ • ကျောင်းဝင်းအတွင်းနှင့် ပတ်ဝန်းကျင်ရှိ လုံခြုံရေးအန္တရာယ်များကို သုံးသပ်အကဲဖြတ်၍ ကာကွယ်တားဆီးရေးနှင့် အန္တရာယ်လျှော့ချရေးအစီအစဉ်များ ချမှတ်ဆောင်ရွက်ခြင်း။ • ကျောင်းဝင်/ထွက်ပေါက်များ၊ ကျောင်းသား၊ ဝန်ထမ်း၊ မိဘ၊ ဧည့်သည်၊ Contractor နှင့် ယာဉ်များ၏ ဝင်ထွက်မှုကို စနစ်တကျ ထိန်းချုပ်ကြီးကြပ်ခြင်း။ • CCTV၊ Security Alarm၊ Access Control နှင့် အခြားလုံခြုံရေးစနစ်များ၏ ထိရောက်မှုကို စစ်ဆေးကြီးကြပ်ပြီး လိုအပ်သော ပြုပြင်တိုးတက်မှုများကို စီမံဆောင်ရွက်ခြင်း။ • ခိုးမှု၊ ပျောက်ဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှုနှင့် အခြားလုံခြုံရေးဖြစ်စဉ်များကို ကိုင်တွယ်ဖြေရှင်းခြင်း၊ လိုအပ်ပါက စုံစမ်းစစ်ဆေးခြင်းနှင့် Incident Reports များကို Management ထံ အချိန်မီ တင်ပြခြင်း။ • Fire Safety၊ Emergency Evacuation၊ Lockdown နှင့် အခြားအရေးပေါ်တုံ့ပြန်ရေးအစီအစဉ်များကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းစီမံဆောင်ရွက်ခြင်း။ • Security Team ၏ လုပ်ဆောင်ရည်၊ စည်းကမ်း၊ Professional Conduct နှင့် လုပ်ငန်းဆောင်ရွက်မှုစံနှုန်းများကို အကဲဖြတ်ကြီးကြပ်ပြီး လိုအပ်သော Training၊ Briefing နှင့် Performance Improvement များကို စီစဉ်ဆောင်ရွက်ခြင်း။ • ကျောင်းပွဲများ၊ Parent-Teacher Meetings၊ Examinations၊ Graduation၊ ကျောင်းဘတ်စ်ကားနှင့် Ferry Area၊ Parking Area တို့အတွက် လုံခြုံရေးအစီအစဉ်များကို ကြိုတင်ရေးဆွဲ၍ ကြီးကြပ်ဆောင်ရွက်ခြင်း။ • HR၊ Administration၊ Health & Safety၊ Operations နှင့် အခြားသက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ဖြေရှင်းဆောင်ရွက်ခြင်း။ • လုံခြုံရေးဌာန၏ လုပ်ဆောင်ရည်၊ ဝန်ထမ်းအင်အား၊ ဖြစ်စဉ်များ၊ အန္တရာယ်များ၊ လေ့ကျင့်သင်ကြားမှုနှင့် ဘတ်ဂျက်/အရင်းအမြစ်လိုအပ်ချက်များကို ပုံမှန်သုံးသပ်၍ Management ထံ အစီရင်ခံတင်ပြခြင်း။ • ပေးအပ်ထားသော လုပ်ပိုင်ခွင့်အတွင်း လုပ်ငန်းဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်ဆောင်ရွက်ခြင်း၊ လုပ်ပိုင်ခွင့်ကျော်လွန်သော ကိစ္စရပ်များအတွက် Management ၏ အတည်ပြုချက်ရယူခြင်းနှင့် အခြားသက်ဆိုင်ရာ တာဝန်များကို ထမ်းဆောင်ခြင်း။
Posted: 07 Oct 2026
30 Sep 2026
ရုံးကားများ မောင်းနှင်ရပါမည်။ ယာဉ်အား အမြဲသန့်ရှင်းသပ်ရပ်စေရမည်။ ဝန်ထမ်းများကို သတ်မှတ်ထားသည့်နေရာများသို့ အန္တာရယ်ကင်းရှင်းစွာ သယ်ယူပို့ဆောင်ရမည်။ မော်တော်ယာဉ်၏ နေ့စဉ် စစ်ဆေးမှုများ (ဆီ၊ ရေ၊ ဘီးဖိအား စသဖြင့်) ပြုလုပ်ရမည်။ ဘယ်မောင်း/ညာမောင်း နှစ်မျိုးစလုံးကျွမ်းကျင်စွာမောင်းနှင်နိုင်ရမည်။ Auto/Manual ကျွမ်းကျင်စွာမောင်းနှင်နိုင်ရမည်။
Benefits: နေ့လည်စာ ကော်ဖီ ခရီးစရိတ် အချိန်ပိုကြေး
Posted: 30 Sep 2026
16 Sep 2026
ရုံးအတွင်း/ အပြင် လုံခြုံမှုရှိစေရန် ဆောင်ရွက်ခြင်း။ ကား အဝင်/ အထွက် ကူညီဆောင်ရွက်ခြင်း။ ဝန်ထမ်းများ လုံခြုံရေးအတွက် ဆောင်ရွက်ပေးခြင်း။ အဆောက်အအုံအတွင်း အဝင်/ အထွက်မှတ်တမ်းများ ရယူခြင်း။ လုံခြုံရေးဆိုင်ရာ တင်ပြချက်များ လုပ်ဆောင်ခြင်း။ ပတ်ဝန်းကျင်သန့်ရှင်းရေးကိုလည်း ပိတ်ရက်တွင် လိုအပ်သလိုဆောင်ရွက်ရမည်။ အလုပ်ချိန်တွင်းချမှတ်ထားသည့်စည်းကမ်းလိုက်နာနိုင်ရမည်။ ကျားဝန်ထမ်းများအနေဖြင့် ညအချိန် patrol (လှည့်စစ်) လုပ်ခြင်း မလုံခြုံမှုဖြစ်နိုင်သော အခြေအနေများကို ကြိုတင်သတိပေးခြင်း ဖြစ်ပွားလာသည့် အရေးပေါ်အခြေအနေများအတွက် အကြောင်းကြားခြင်း၊ အကူအညီပေးခြင်း ရုံးဌာနများပစ္စည်းများအား ပျက်စီးရှုံးဆုံးမှု မဖြစ်ပွားစေရန် ဂရုတစိုက် စစ်ဆေးလှည့်လည်ဆောင်ရွက်နိုင်သူ ဖြစ်ရမည်။
Posted: 16 Sep 2026
09 Sep 2026
ဗဟန်း၊ ရန်ကုန်တိုင်းတွင်ရှိသော အချိန်ပြည့် စာစီ၊စာရိုက် နှင့် ရုံးဝန်ထမ်း ရာထူး (၁) နေရာစာအတွက် အထူးအခွင့်အရေး၊ လုပ်သက် - အတွေ့အကြုံရှိ နှင့် လစဉ် လစာကောင်းကောင်းပေးမည်။ ကျောင်းနှင့်သက်ဆိုင်သောလုပ်ငန်းများ၏ စာစီစာရိုက်ကိစ္စရပ်များ၊ စာအုပ်ချုပ်ခြင်း၊ စာရွက်ထုတ်ခြင်းတို့နှင့်ပတ်သက်၍ တာဝန်ယူဆောင်ရွက်ရမည်။ ကျောင်းတွင်းလှုပ်ရှားမှုများတွင် ဌာနအလိုက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်ရမည်။
Benefits: နေ့လည်စာ ကော်ဖီ နှင့် မုန့် အဆာပြေစာ ခရီးစရိတ်
Posted: 09 Sep 2026