မြန်မာ
Get more Job Offers...
Download the App now!
2 Results
Sort by:
Get a Job at Mr Mobile MDY with Alote Myanmar. Apply Today!
Filter By:
Job Function
Location
Industry
EXP: LEVEL
AWARDS
Minimum Salary
Repat / Expat
You will notified when more similar jobs are posted.
Please update your Job Alert dashboard and try again.
Mr Mobile MDY
Mahar Aung Myay | Mandalay Mandalay
22 Oct 2026
ဖုန်း၊ ဖုန်း Accessories နှင့် အခြားဆက်စပ်ပစ္စည်းများကို လက်ခံခြင်း၊ စစ်ဆေးခြင်းနှင့် စနစ်တကျ သိမ်းဆည်းခြင်း။ ပစ္စည်းအဝင်၊ အထွက်စာရင်းများကို မှန်ကန်စွာ မှတ်တမ်းတင်ပြီး Stock စာရင်းနှင့် လက်ကျန်ပစ္စည်းများ ကိုက်ညီမှုရှိစေရန် ကူညီဆောင်ရွက်ခြင်း။ ဆိုင်အရောင်းဝန်ထမ်းများ၏ လိုအပ်ချက်အရ ဖုန်းနှင့် Accessories များကို အချိန်မီ ထုတ်ပေးခြင်း။ ပစ္စည်းများကို အမျိုးအစား၊ Brand၊ Model နှင့် သတ်မှတ်ထားသော နေရာအလိုက် စနစ်တကျ စီစဉ်ထားရှိခြင်း။ ဖုန်းများ၏ Model၊ အရောင်၊ IMEI/Serial Number နှင့် အရေအတွက်တို့ကို စာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း။ ပစ္စည်းလက်ခံရာတွင် ပျက်စီးမှု၊ အရေအတွက်ကွာဟမှုနှင့် အခြားမမှန်ကန်မှုများကို စစ်ဆေးပြီး သက်ဆိုင်ရာတာဝန်ရှိသူထံ တင်ပြခြင်း။ Stock စာရင်းစစ်ဆေးခြင်း၊ ပစ္စည်းရေတွက်ခြင်းနှင့် လစဉ်/သတ်မှတ်ကာလအလိုက် Stock Taking ပြုလုပ်ရာတွင် ပါဝင်ကူညီခြင်း။ ပစ္စည်းများကို ပျောက်ဆုံးခြင်း၊ ပျက်စီးခြင်းနှင့် ရောနှောမှားယွင်းခြင်းများ မဖြစ်စေရန် ဂရုတစိုက် ထိန်းသိမ်းခြင်း။ ဆိုင်နှင့် စတိုးခန်း သန့်ရှင်းသပ်ရပ်မှုရှိစေရန် ဆောင်ရွက်ခြင်း။ Excel နှင့် သက်ဆိုင်ရာ Software များတွင် ပစ္စည်းစာရင်းသွင်းခြင်း၊ စာရင်းစစ်ဆေးခြင်းတို့ကို ကူညီဆောင်ရွက်ခြင်း။ လိုအပ်ပါက ဆိုင်ခွဲများအကြား ပစ္စည်းလွှဲပြောင်းပို့ဆောင်ခြင်းနှင့် သက်ဆိုင်ရာလုပ်ငန်းများကို ကူညီဆောင်ရွက်ခြင်း။ အထက်လူကြီးမှ ပေးအပ်သော သက်ဆိုင်ရာလုပ်ငန်းတာဝန်များကို တာဝန်ယူမှုရှိစွာ ဆောင်ရွက်ခြင်း။
Benefits: လစာ: အတွေ့အကြုံနှင့် အရည်အချင်းပေါ်မူတည်၍ ညှိနှိုင်းပေးမည်။ ခံစားခွင့်များ: ဆိုင်၏ စည်းမျဉ်းစည်းကမ်းနှင့်အညီ သတ်မှတ်ပေးမည်။
Posted: 22 Oct 2026
နေ့စဉ် ဖုန်း၊ ဖုန်း Accessories နှင့် အခြားပစ္စည်းများ၏ အရောင်းစာရင်းများကို မှန်ကန်စွာ စာရင်းသွင်းထိန်းသိမ်းရန်။ နေ့စဉ် ငွေဝင်၊ ငွေထွက်စာရင်းများကို စနစ်တကျ မှတ်တမ်းတင်ပြီး ငွေသားလက်ကျန်နှင့် စာရင်းကိုက်ညီမှုရှိစေရန် စစ်ဆေးရန်။ Cash, KPay, WavePay, Bank Transfer စသည့် ငွေပေးချေမှုများကို စာရင်းသွင်းပြီး အထောက်အထားများနှင့် တိုက်ဆိုင်စစ်ဆေးရန်။ ဖုန်းအရောင်းစာရင်း၊ IMEI/Serial Number စာရင်းနှင့် ပစ္စည်းလက်ကျန်စာရင်းများကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်းစစ်ဆေးရန်။ ပစ္စည်းအဝင်၊ အထွက်၊ အပြန်အလှန်လွှဲပြောင်းမှုနှင့် အရောင်းပြန်အပ်မှုများကို စာရင်းသွင်းထိန်းသိမ်းရန်။ Supplier များထံမှ ဝယ်ယူထားသည့် ပစ္စည်းစာရင်း၊ ပေးရန်ရှိသည့်ငွေစာရင်းနှင့် Customer များထံမှ ရရန်ရှိသည့်ငွေစာရင်းများကို စနစ်တကျ ထိန်းသိမ်းရန်။ နေ့စဉ်အရောင်းစာရင်း၊ အသုံးစရိတ်စာရင်းနှင့် နေ့ချုပ်စာရင်းများကို ပြုစုတင်ပြရန်။ Excel နှင့် Accounting Software များကို အသုံးပြု၍ စာရင်းများကို စနစ်တကျ ထိန်းသိမ်းရန်။ စာရင်းအထောက်အထားများ၊ Voucher များ၊ Invoice များနှင့် ဘောင်ချာများကို စနစ်တကျ သိမ်းဆည်းရန်။ စာရင်းကွာဟမှုများ၊ ငွေစာရင်းမကိုက်ညီမှုများနှင့် ပစ္စည်းလက်ကျန်ကွာဟမှုများကို တွေ့ရှိပါက သက်ဆိုင်ရာအထက်လူကြီးထံ အချိန်မီတင်ပြရန်။ မိမိတာဝန်ယူထားသည့် စာရင်းများ မှန်ကန်မှု၊ လုံခြုံမှုနှင့် လျှို့ဝှက်ချက်များကို ထိန်းသိမ်းရန်။