မြန်မာ
Get more Job Offers...
Download the App now!
2 Results
Sort by:
Get a Job at Super Seven Stars International Trading Co.,Ltd with Alote Myanmar. Apply Today!
Filter By:
Job Function
Location
Industry
EXP: LEVEL
AWARDS
Minimum Salary
Repat / Expat
You will notified when more similar jobs are posted.
Please update your Job Alert dashboard and try again.
Super Seven Stars International Trading Co.,Ltd
Thingangkuun | Yangon Yangon
17 Oct 2025
ဆိုင်အတွင်း ဝင်ရောက်လာသော customer တိုင်းကို ဖော်ရွေပျူငှာစွာ နှုတ်ဆက်ပြီး လိုအပ်သော အကူအညီများ ပေးရမည်။ ငွေရှင်းကောင်တာ (POS) ကို စနစ်တကျ ကိုင်တွယ်၍ ငွေသားနှင့် အခြား ငွေပေးချေမှုများကို မှန်ကန်တိကျစွာ ဆောင်ရွက်ရမည်။ နေ့စဉ် ငွေစာရင်းသွင်း/ထုတ်ခြင်းများကို စစ်ဆေး၍ လုပ်ငန်းခွင်ပိတ်ချိန်တွင် ငွေစာရင်းမှန်ကန်မှုရှိစေရန် အဖွဲ့လိုက်တာဝန်ယူရမည်။ လက်ရှိအရောင်းမြှင့်တင်ရေး အစီအစဉ်များ၊ လျှော့စျေးများနှင့် ကုန်ပစ္စည်းအသစ်များအကြောင်းကို Customer များအား ရှင်းပြရမည်။ ဆိုင်ရှိ စင်များ၊ ရေခဲသေတ္တာများရှိ ကုန်ပစ္စည်းများကို ပုံမှန် စစ်ဆေး၍ လိုအပ်သလို ဖြည့်တင်းပေးရမည်။ ကုန်ပစ္စည်းများကို ဆွဲဆောင်မှုရှိစေရန်၊ စျေးနှုန်းတံဆိပ်များ မှန်ကန်စေရန်နှင့် ကုမ္ပဏီမှ သတ်မှတ်ထားသော စီစဉ်ပြသမှု စံနှုန်းများအတိုင်း ဆောင်ရွက်ရမည်။ ကုန်ပစ္စည်းအသစ်များ ရောက်ရှိလာပါက အရေအတွက်နှင့် အရည်အသွေး မှန်ကန်မှုရှိမရှိ စစ်ဆေးပြီး ဂိုဒေါင် သို့မဟုတ် သတ်မှတ်နေရာတွင် စနစ်တကျ ထိန်းသိမ်းထားရှိရမည်။ ကုန်ပစ္စည်းများ၏ သက်တမ်းကုန်ဆုံးရက်များကို စဉ်ဆက်မပြတ် စစ်ဆေး၍ သက်တမ်းလွန် ကုန်ပစ္စည်းများ (Expired Items)ကို ချက်ချင်း ဖယ်ရှားရမည်။ ဆိုင်အတွင်း၊ အပြင်၊ ကောင်တာ၊ အိမ်သာနှင့် ဝန်ထမ်းဧရိယာများ အပါအဝင် ဆိုင်ပတ်ဝန်းကျင်တစ်ခုလုံးကို အမြဲတမ်း သန့်ရှင်းသပ်ရပ်နေစေရန် ထိန်းသိမ်းရမည်။ လုပ်ငန်းခွင် ဘေးကင်းလုံခြုံရေး စည်းကမ်းများကို လိုက်နာ၍ ခိုးယူမှုများနှင့် အခြားမလိုလားအပ်သော ဖြစ်ရပ်များအား သတိထား စောင့်ကြပ်ကြည့်ရှုပြီး အထက်အရာရှိထံ အစီရင်ခံရမည်။ Viber မှလည်း အလုပ်လျှောက်ထားနိုင်သည် +959949224009
Benefits: . လစဉ်ကော်မရှင်ကြေးအပြင် Quarterly Bonus . အချိန်ပိုကြေး . ရှားပါးစားရိတ် . လမ်းစားရိတ် . ရက်မှန်ကြေး . ည/မနက် အဆိုင်းဆင်းကြေး
Posted: 17 Oct 2025
Mingalartaungnyunt | Yangon Yangon
ကုမ္ပဏီပရဝုဏ်၊ ဆိုင်၊ အဆောက်အအုံများ၊ ဝင်ပေါက်/ထွက်ပေါက်များနှင့် သတ်မှတ်နေရာများကို အချိန်ဇယားအတိုင်း ပုံမှန်ကင်းလှည့်ခြင်း နှင့် စစ်ဆေးခြင်းများ ပြုလုပ်ရမည်။ မီးသတ်ကိရိယာများ၊ အရေးပေါ်ထွက်ပေါက်များနှင့် လုံခြုံရေးဆိုင်ရာ ကိရိယာအားလုံး အဆင်သင့်ရှိစေရန် နေ့စဉ်စစ်ဆေးရမည်။ ရုံးပတ်ဝန်းကျင်အား စဉ်ဆက်မပြတ် စောင့်ကြည့်၍ မသင်္ကာဖွယ်ရာ သို့မဟုတ် ပုံမှန်မဟုတ်သော လှုပ်ရှားမှုများကို အမြန်ဆုံး သတင်းပို့ရမည်။ ဝန်ထမ်းများ၊ ဧည့်သည်များ၊ ကန်ထရိုက်တာများနှင့် ရုံးမှ မော်တော်ယာဉ်များ၏ ဝင်ထွက်မှုများကို သတ်မှတ်လုပ်ထုံးလုပ်နည်းအတိုင်း မှတ်တမ်းယူ၍ စစ်ဆေးရမည် လုံခြုံရေးဧရိယာအတွင်းသို့ ဝင်ရောက်လာသူများအား သက်သေခံကတ်ပြား (ID Badge) ပြသရန် တောင်းဆိုစစ်ဆေးခြင်းနှင့် ဧည့်သည်များအတွက် လိုအပ်သော မှတ်ပုံတင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးခြင်း။ နေ့စဉ်လုံခြုံရေးအခြေအနေ၊ မတော်တဆမှုများ၊ ပျက်စီးမှုများ သို့မဟုတ် မသင်္ကာဖွယ်ရာ ဖြစ်စဉ်များကို တိကျသေချာသော အစီရင်ခံစာ များ ရေးသားပြီး သက်ဆိုင်ရာ အထက်အရာရှိထံ အချိန်မီ တင်ပြရမည်။ လက်ခံရရှိသော ပစ္စည်းများ၊ ပါဆယ်များနှင့် ယာဉ်များ ဝင်/ထွက် မှတ်တမ်းများကို စနစ်တကျ ထိန်းသိမ်းထားရှိရမည်။ မီးဘေး၊ ခိုးမှု၊ ဆေးဘက်ဆိုင်ရာ အရေးပေါ်အခြေအနေနှင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်ပါက သတ်မှတ်ထားသော အရေးပေါ်လုပ်ထုံးလုပ်နည်းများအတိုင်း (SOPs) လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်ရမည်။
Benefits: ယူနီဖောင်းပေးသည် အစမ်းခန့်ကာလပြီးလျှင် တစ်ကြိမ် တစ်နှစ်ပြည့်လျှင်တစ်ကြိမ် လစာတိုးမည် လမ်းစားရိတ်၊ ရက်မှန်ကြေးပေးသည်