မြန်မာ
Get more Job Offers...
Download the App now!
1 Results
Sort by:
Get a Job at Timeless Asia Gems & Jewelry Exhibition with Alote Myanmar. Apply Today!
Filter By:
Job Function
Location
Industry
EXP: LEVEL
AWARDS
Minimum Salary
Repat / Expat
You will notified when more similar jobs are posted.
Please update your Job Alert dashboard and try again.
Timeless Asia Gems & Jewelry Exhibition
Pabedan | Yangon Yangon
19 Nov 2026
ရာထူးအကြောင်းအကျဉ်း(Position Overview) Timeless Asia ၏ တိုးတက်လာနေသော အဖွဲ့အစည်းတွင်ပါဝင်လုပ်ကိုင်ရန် စိတ်အားထက်သန်ပြီး တာဝန်ယူမှုရှိကာလူမှုဆက်ဆံရေးကောင်းမွန်သူတစ်ဦးကို ရှာဖွေနေပါသည်။ ဤရာထူးသည် လူအများနှင့် ဆက်သွယ်ပြောဆိုရခြင်း၊ ပရော်ဖက်ရှင်နယ်ဆက်ဆံရေးများတည်ဆောက်ရခြင်း၊ပြဿနာများကို ဖြေရှင်းရခြင်း၊ ပြပွဲအခမ်းအနား၊ ရတနာဆိုင် စီမံခန့်ခွဲမှုလုပ်ငန်းများတွင် လက်တွေ့အတွေ့အကြုံ ရယူလိုသောဘွဲ့ရအသစ်များအတွက် အထူးသင့်လျော်ပါသည်။ Key Responsibilities ပြပွဲတွင် ပါဝင်ပြသသူများ၊ ရတနာ၀ယ်ယူသူများ၊စီးပွားရေးမိတ်ဖက်များနှင့် ကောင်းမွန်သော ဆက်ဆံရေးများတည်ဆောက်ထိန်းသိမ်းရန်။ Customer များနှင့် ပရော်ဖက်ရှင်နယ်ဆန်စွာ ဆက်သွယ်ပြောဆိုပြီး ၎င်းတို့၏မေးမြန်းမှုများကို ပြန်လည်ဖြေကြားရန်။ Customerများ စာရင်းသွင်းခြင်း၊ ပြခန်းနေရာချထားခြင်းနှင့်ပွဲနှင့်သက်ဆိုင်သောလိုအပ်ချက်များကို ညှိနှိုင်းဆောင်ရွက်ရန်။ Customer များ၏ တောင်းဆိုချက်များကိုအချိန်မီ ပြန်လည်ဆက်သွယ်ဖြေရှင်းပေးရန်။ ဖောက်သည်များ၏ အခက်အခဲနှင့် တိုင်ကြားမှုများကို ပရော်ဖက်ရှင်နယ်ဆန်စွာ ကိုင်တွယ်ဖြေရှင်းပြီး လက်တွေ့ကျသော အဖြေများရရှိစေရန် ညှိနှိုင်းဆောင်ရွက်ရန်။ လုပ်ငန်းအစီအစဉ်ရေးဆွဲခြင်း၊ ကြိုတင်ပြင်ဆင်ခြင်းနှင့်ပြပွဲကျင်းပနေစဉ် လုပ်ငန်းဆောင်ရွက်မှုများတွင် ကူညီပံ့ပိုးရန်။ ပစ္စည်းပေးသွင်းသူများ၊ ဝန်ဆောင်မှုပေးသူများနှင့် အဖွဲ့အတွင်းရှိ ဝန်ထမ်းများအကြား ညှိနှိုင်းဆောင်ရွက်ရန်။ Customer များ၏ အချက်အလက်များ၊လုပ်ငန်းမှတ်တမ်းများနှင့် စစ်ဆေးရန်စာရင်းများကို စနစ်တကျ ထိန်းသိမ်းရန်။ မိမိတာဝန်ယူထားသော လုပ်ငန်းတာဝန်များ၊သတ်မှတ်အချိန်ဇယားများနှင့် နောက်ဆက်တွဲဆောင်ရွက်ရမည့်အလုပ်များကို စောင့်ကြည့်ရန်။ ဖြစ်လာနိုင်သည့် ပြဿနာများကို ကြိုတင်သိရှိနိုင်ရန်နှင့် ထိရောက်သော ဖြေရှင်းမှုများ ပြုလုပ်နိုင်ရန် ကူညီပံ့ပိုးရန်။ လုပ်ငန်းဆောင်ရွက်မှုအခြေအနေနှင့်နောက်ဆုံးရသတင်းအချက်အလက်များကို Operations Lead ထံ အသိပေးတင်ပြရန်။ မိမိတာဝန်ယူထားသော လုပ်ငန်းများကို သတ်မှတ်ထားသည့်အချိန်အတွင်းပြီးစီးအောင် ဆောင်ရွက်ရန်။ Customer များနှင့် လုပ်ငန်းလည်ပတ်မှုအဖွဲ့အကြား ဆက်သွယ်ရေး အဆင်ပြေချောမွေ့စေရန် ပံ့ပိုးကူညီရန်။
Benefits: .
Posted: 19 Nov 2026