မြန်မာ
Get more Job Offers...
Download the App now!
Filter By:
Job Function
Location
Industry
EXP: LEVEL
AWARDS
Minimum Salary
Repat / Expat
986 Found & More Posts
986Found & More Posts
Sort by
Sort by:
You will notified when more similar jobs are posted.
Please update your Job Alert dashboard and try again.
Kings Yangon
Bahan | Yangon Yangon
23 Oct 2025
ကျောင်းလုံခြုံရေးတဦး၏ လုပ်ငန်းတာဝန် သည် ကျောင်းသား၊ ဝန်ထမ်းများနှင့် ဧည့်သည်များအတွက် ဘေးကင်းလုံခြုံသော ပတ်ဝန်းကျင်ကို ထိန်းသိမ်းရာတွင် စဥ်ဆက်မပြတ် ကင်းလှည့်ခြင်း၊ စောင့်ကြပ်ကြည့်ရှုခြင်းစနစ်များ၊ ကျောင်းဝန်းနှင့် ပတ်ဝန်းကျင်တွင် ဝင်ရောက်ခွင့်ကို ထိန်းချုပ်ခြင်း၊ အရေးပေါ်အခြေအနေ တုံ့ပြန်ခြင်းနှင့် လုံခြုံရေးစည်းကမ်း ကြပ်မတ်ခြင်း တို့ အပါအဝင်ဖြစ်သည်။ အဓိကတာဝန်များ ကင်းလှည့်ခြင်းနှင့် စောင့်ကြည့်ခြင်း - စည်းကမ်းချိုးဖောက်မှုများနှင့် ပြစ်မှုမကင်းသည့် ဆောင်ရွက်မှုများ၊ လှုပ်ရှားမှုများကို ရှာဖွေရန်နှင့် ဟန့်တားရန်အတွက် ကျောင်းပတ်ဝန်းကျင်၊ အဆောက်အအုံများနှင့် ယာဉ်ရပ်နားရာနေရာများသို့ ပုံမှန်ကင်းလှည့်ခြင်းများ ဆောင်ရွက်ရပါမည်။ လုံခြုံရေးကင်မရာများနှင့် အချက်ပေးစနစ်များကို စောင့်ကြည့်ရပါမည်။ ကျောင်းဝန်းအတွင်း အဝင်၊အထွက် ထိန်းချုပ်ရေး - ID များကိုစစ်ဆေးခြင်း၊ ဧည့်သည်မှတ်ပုံတင်ခြင်းကို စီမံခန့်ခွဲခြင်းနှင့် ခွင့်ပြုချက်မရှိသောဧည့်သည်များကို စောင့်ကြပ်ခြင်းဖြင့် ကျောင်းဝန်းအတွင်းသို့ဝင်ရောက်မှုကို ထိန်းချုပ်ရပါမည်။ အရေးပေါ်တုံ့ပြန်မှု - အရေးပေါ်အခြေအနေများအတွင်း ပထမဆုံးတုံ့ပြန်မှုအကူအညီကို လုံခြုံရေးအတွက် ချမှတ်ထားသည့် မူဝါဒ နည်းလမ်းများအတိုင်း စတင် ဆောင်ရွက်ပေးခြင်း၊ အရေးပေါ်ဝန်ဆောင်မှုများကို ကျောင်းတာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ အကောင်အထည်ဖော်ရာတွင် ကူညီပေးခြင်းတို့ပါဝင်ပါသည်။ အဖြစ်အပျက်များကို အစီရင်ခံခြင်း - မှတ်တမ်းဖြစ်ရပ်များ၊ အသေးစိတ်အစီရင်ခံချက်များကို ပြင်ဆင်ပြီး ချိုးဖောက်မှု၊ ဖျက်ဆီးမှု သို့မဟုတ် အခြားသံသယဖြစ်ဖွယ် လုပ်ဆောင်ချက်များကို တိကျသော လုံခြုံရေးမှတ်တမ်းများပြုစုပြီး ထိန်းသိမ်းရပါမည်။ စည်ကမ်း မူဝါဒများကို အမြဲစောင့်ကြပ်ခြင်း - လုံခြုံရေးနှင့် ပတ်သက်သော ကျောင်းမူဝါဒများကို ဝန်ထမ်းများ၊ ကျောင်းသား/သူ၊ ကျောင်းသားမိဘ၊ ဧည့်သည်များ လိုက်နာမှုရှိစေရန် စောင့်ကြပ်ပြီး၊ လိုအပ်ပါက လိုက်နာနိုင်စေရန် ကူညီဆောင်ရွက်ပေးရပါမည်။ နေ့စဥ်လုပ်ငန်းဆောင်တာများအတွက် ပံ့ပိုးမှု - ဧည့်သည်များကို အကူအညီနှင့် လမ်းညွှန်မှုပေးခြင်း၊ လိုအပ်သော သတင်းအချက်အလက်များကို မြင်သာသောနေရာတွင် ဖော်ပြထားပြီး၊ မေးမြန်းစုံစမ်းလာပါက ဖြေကြားပေးရန် (သို့မဟုတ်) သက်ဆိုင်ရာ ဌာနများနှင့် ချိတ်ဆက် ပေးရပါမည်။ - နေ့စဥ် ကျောင်းပို့/ကြို ကားများ အသွားအလာချောမွေ့စေရေး၊ နေ့လည်စာပို့ချိန် ကားများ၊ နေ့လည်စာဘူးများ လက်ခံပေးခြင်း နှင့် ဝန်ထမ်းကြို/ပို့ကားများ ရောက်ရှိချိန်၊ အလုပ်ဆင်းချိန်များကို ကြီးကြပ်ကူညီပေးရပါမည်။
Benefits: အချိန်ပိုခံစားခွင့် ခွင့်ခံစားခွင့် နေ့လည်စာ/ညစာ (ရွေးချယ်နိုင်သော) တနင်္လာ-သောကြာ/အချိန်ပိုင်းအဆိုင်း (ရွေးချယ်နိုင်သော)
Posted: 23 Oct 2025
MPA International School
06 Nov 2025
ဗဟန်းမြို့နယ်၊ ရန်ကုန်တိုင်းတွင် အချိန်ပြည့် တာဝန်ထမ်းဆောင်ရန် သန့်ရှင်းရေးရာထူးအတွက် အခွင့်အရေး။ နေ့စဉ် သန့်ရှင်းရေးတာဝန်များ (sweeping, mopping, dusting, and vacuuming) ဆောင်ရွက်ရမည်။ စာသင်ခန်းများ၊ အစည်းအဝေးခန်းများ၊ ရုံးခန်းများ၊ Restroom များနှင့် Lobby area ကို သန့်ရှင်းသပ်ရပ်စွာ ထိန်းသိမ်းရမည်။ ကျောင်းပရဝဏ်အတွင်းပိုင်း၊ အပြင်ပိုင်းများကို သန့်ရှင်းရေးပြုလုပ်ပေးရမည်။ ကြမ်းပြင်များ၊ အိမ်သာများ မြင့်မားသောအဆင့်များ၊နံရံများ၊ မျက်နှာကျက်များ၊ ပြတင်းပေါက်များ၊ အဖုံးအအုပ် (အကာ) များ၊ သံမဏိ၊ ကူရှင်များနှင့် လိုအပ်ပါက သီးသန့်တောင်းဆိုမှုများကိုလည်းသန့်ရှင်းပေးရမည်။ အဆောက်အဦးဝန်းကျင်ဧရိယာများနှင့် ပြင်ပနံရံများအပါအဝင် ကျောင်းဆိုင်းဘုတ်များကို သန့်ရှင်းပေးရမည်။ လိုအပ်သလို Deep Cleaning လုပ်ပေးရပါမည်။ စွန့်ပစ်ပစ္စည်းများ/အမှိုက်များကို နေ့စဉ် စနစ်တကျသတ်မှတ်ထားသော စွန့်ပစ်နေရာတွင်သာ စွန့်ပစ်ရမည်။ နေ့စဥ်အသုံးပြုနေသော သန့်ရှင်းရေးသုံးပစ္စည်းများနှင့် စက်ကို သန့်ရှင်းရေးပြုလုပ်ရပါမည်။ သန့်ရှင်းရေးသုံး ပစ္စည်းများကို စနစ်တကျ ထိန်းသိန်းထားသိုရပါမည်။ သန့်ရှင်းရေး ပစ္စည်းများကို မှန်မှန်ကန်ကန် အသုံးပြုပြီး စနစ်တကျ သိုလှောင်တတ်ရမည်။ သန့်ရှင်းရေး ပစ္စည်းများ လိုအပ်ပါက သက်ဆိုင်ရာတာဝန်ခံထံ အကြောင်းကြားရမည်။ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့် လုံခြုံရေးစည်းမျဉ်းများကို လိုက်နာဆောင်ရွက်နိုင်ရမည်။ လုပ်ငန်းလိုအပ်ချက်အရ တာဝန်ဝတ္တရားများကို ပြောင်းလဲလုပ်နိုင်ရမည်။ လုပ်ငန်းလိုအပ်ချက်အရ အထက်လူကြီး၏ တာဝန်ပေးညွှန်ကြားမှုများအပေါ် တာဝန်ယူ ဆောင်ရွက်နိုင်ရမည်။
Benefits: နေ့လည်စာ ကော်ဖီ ခရီးစရိတ် အချိန်ပိုကြေး ဘောနပ်စ်
Posted: 06 Nov 2025
Kone Baung Security Services Company
30 Sep 2025
ဗဟန်း၊ ရန်ကုန်တိုင်းတွင်ရှိသော အချိန်ပြည့် Security (သို့မဟုတ် လုံခြုံရေးဝန်ဆောင်မှု) ရာထူး 1 နေရာစာအတွက် အထူးအခွင့်အရေး၊ လုပ်သက် - အတွေ့အကြုံရှိ နှင့် လစဉ် လစာကောင်းကောင်းပေးမည်။
Benefits: Enjoyable work environment
Posted: 30 Sep 2025
CHANNEL-5
Kamaryut | Yangon . Yangon .
03 Nov 2025
နေ့စဥ် လူအဝင်အထွက် ၊ယာဥ်အဝင်အထွက် စာရင်းများမှတ်ရမည်။ တစ်နေ့တာလုပ်ဆောင်ချက်အား မြန်မာလို ကောင်းမွန် စွာရေး၍တင်ပြနိုင်ရမည် ပတ်ဝန်းကျင်သန့်ရှင်းရေး၊ ရုံးဌာနများပစ္စည်းများအား ပျက်စီးရှုံးဆုံးမှု မဖြစ်ပွားစေရန် ဂရုတစိုက် စစ်ဆေးလှည့်လည်ဆောင်ရွက်နိုင်သူ ဖြစ်ရမည်။ လုံခြုံရေးတာဝန်မရှိပါက သန့်ရှင်းရေးလုပ်ရမည်။ လက်ကိုင်ဖုန်းကျွမ်းကျင်စွာ အသုံးပြုနိုင်ရမည်။ အလုပ်ချိန်တွင်းချမှတ်ထားသည့်စည်းကမ်းလိုက်နာနိုင်ရမည်။ သတ်မှတ်ထားသောမြို့နယ်တွင် တာဝန်ထမ်းဆောင်နိုင်ရမည်။
Benefits: - အချိန်မှန်ကြေး နှင့် ရက်မှန်ကြေးရှိမည် - Uniform and accessories support
Posted: 03 Nov 2025
Super Seven Stars International Trading Co.,Ltd
Mingalartaungnyunt | Yangon Yangon
21 Oct 2025
ကုမ္ပဏီပရဝုဏ်၊ ဆိုင်၊ အဆောက်အအုံများ၊ ဝင်ပေါက်/ထွက်ပေါက်များနှင့် သတ်မှတ်နေရာများကို အချိန်ဇယားအတိုင်း ပုံမှန်ကင်းလှည့်ခြင်း နှင့် စစ်ဆေးခြင်းများ ပြုလုပ်ရမည်။ မီးသတ်ကိရိယာများ၊ အရေးပေါ်ထွက်ပေါက်များနှင့် လုံခြုံရေးဆိုင်ရာ ကိရိယာအားလုံး အဆင်သင့်ရှိစေရန် နေ့စဉ်စစ်ဆေးရမည်။ ရုံးပတ်ဝန်းကျင်အား စဉ်ဆက်မပြတ် စောင့်ကြည့်၍ မသင်္ကာဖွယ်ရာ သို့မဟုတ် ပုံမှန်မဟုတ်သော လှုပ်ရှားမှုများကို အမြန်ဆုံး သတင်းပို့ရမည်။ ဝန်ထမ်းများ၊ ဧည့်သည်များ၊ ကန်ထရိုက်တာများနှင့် ရုံးမှ မော်တော်ယာဉ်များ၏ ဝင်ထွက်မှုများကို သတ်မှတ်လုပ်ထုံးလုပ်နည်းအတိုင်း မှတ်တမ်းယူ၍ စစ်ဆေးရမည် လုံခြုံရေးဧရိယာအတွင်းသို့ ဝင်ရောက်လာသူများအား သက်သေခံကတ်ပြား (ID Badge) ပြသရန် တောင်းဆိုစစ်ဆေးခြင်းနှင့် ဧည့်သည်များအတွက် လိုအပ်သော မှတ်ပုံတင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးခြင်း။ နေ့စဉ်လုံခြုံရေးအခြေအနေ၊ မတော်တဆမှုများ၊ ပျက်စီးမှုများ သို့မဟုတ် မသင်္ကာဖွယ်ရာ ဖြစ်စဉ်များကို တိကျသေချာသော အစီရင်ခံစာ များ ရေးသားပြီး သက်ဆိုင်ရာ အထက်အရာရှိထံ အချိန်မီ တင်ပြရမည်။ လက်ခံရရှိသော ပစ္စည်းများ၊ ပါဆယ်များနှင့် ယာဉ်များ ဝင်/ထွက် မှတ်တမ်းများကို စနစ်တကျ ထိန်းသိမ်းထားရှိရမည်။ မီးဘေး၊ ခိုးမှု၊ ဆေးဘက်ဆိုင်ရာ အရေးပေါ်အခြေအနေနှင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်ပါက သတ်မှတ်ထားသော အရေးပေါ်လုပ်ထုံးလုပ်နည်းများအတိုင်း (SOPs) လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်ရမည်။
Benefits: ယူနီဖောင်းပေးသည် အစမ်းခန့်ကာလပြီးလျှင် တစ်ကြိမ် တစ်နှစ်ပြည့်လျှင်တစ်ကြိမ် လစာတိုးမည် လမ်းစားရိတ်၊ ရက်မှန်ကြေးပေးသည်
Posted: 21 Oct 2025
PUMA POWER INTERNATIONAL COMPANY LIMITED
South Okkalapa | Yangon Yangon
20 Sep 2025
အောင်မင်္ဂလာကားဂိတ်၊ ၃၉ မိုင်၊ ၁၁၅ မိုင်၊ ၂၈၄ မိုင်ရှိ (EV Station) များနှင့် မွန်ပြည်နယ် မုဒုံမြို့တို့တွင် တာဝန်ထမ်းဆောင်ရမည်။ ရိုးသားကြိုးစား၍ ကိုယ့်တာဝန် ကိုယ်ကျေပြွန်နိုင်သောသူဖြစ်ရမည်
Benefits: နေစရာ စီစဉ်ပေးသည်။ လစာ - 300000 ရက်မှန်ကြေး - 30000
Posted: 20 Sep 2025
Royal Empire Co.,Ltd.
Botahtaung | Yangon Yangon
Today
📌 Company သတ်မှတ်ထားသော General Tasks များ (Loading/Unloading/Arranging) ဆောင်ရွက်နိုင်သူ 📌 Warehouse သန့်ရှင်းရေး၊ Stock Arrangement များကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်သူ 📌 Supervisor သတ်မှတ်ထားသည့် အလုပ်များကို တိတိကျကျ Follow Up လုပ်နိုင်သူ 📌 Teamwork နှင့် Physical Strength လိုအပ်သော အလုပ်များကို Handling လုပ်နိုင်သူ
Benefits: .
Posted: Today
My Hill
Dagon | Yangon Yangon
ဒဂုံ၊ ရန်ကုန်တိုင်းတွင်ရှိသော အချိန်ပြည့် General Worker (သို့မဟုတ် အထွေထွေအကူ) ရာထူး 2 နေရာစာအတွက် အထူးအခွင့်အရေး၊ လုပ်သက် - အတွေ့အကြုံမရှိ နှင့် လစဉ် လစာကောင်းကောင်းပေးမည်။
Benefits: လစာ -200,000/- , + + နေ့လည်စာကျွေးသည် ကားခ + ရက်မှန်ကြေး ပေးသည်။ နားရက် - တစ်ပတ် (၁) ရက်
ဒဂုံ၊ ရန်ကုန်တိုင်းတွင်ရှိသော အချိန်ပြည့် Cleaner (သို့မဟုတ် သန့်ရှင်းရေး) ရာထူး 2 နေရာစာအတွက် အထူးအခွင့်အရေး၊ လုပ်သက် - အတွေ့အကြုံရှိ နှင့် လစဉ် လစာကောင်းကောင်းပေးမည်။
ဒဂုံ၊ ရန်ကုန်တိုင်းတွင်ရှိသော အချိန်ပြည့် Security (သို့မဟုတ် လုံခြုံရေးဝန်ဆောင်မှု) ရာထူး 5 နေရာစာအတွက် အထူးအခွင့်အရေး၊ လုပ်သက် - အတွေ့အကြုံရှိ နှင့် လစဉ် လစာကောင်းကောင်းပေးမည်။
Benefits: လစ -250,000/-,++ နေ့လည်စာကျွေးသည် ကားခ + ရက်မှန်ကြေး ပေးသည်။ နားရက် - တစ်ပတ် (၁) ရက်
KBZ Bank
Thingangkuun | Yangon Yangon
ဘဏ်ခွဲများ၊ ATM များ၊ ရုံးခန်းများ ၏ အတွင်းပိုင်းနှင့် အပြင်ပိုင်းများကို သန့်ရှင်းရေးလုပ်ရန်။ မြင့်မားသောအဆင့်များ၊နံရံများ၊ မျက်နှာကျက်များ၊ ပြတင်းပေါက်များ၊ အဖုံးအအုပ် (အကာ) များ၊ သံမဏိ၊ ကူရှင်များနှင့် လိုအပ်ပါက သီးသန့်တောင်းဆိုမှုများကိုလည်းသန့်ရှင်းပေးရန်။ အဆောက်အဦးဝန်းကျင်ဧရိယာများနှင့် ပြင်ပနံရံများအပါအဝင် ဘဏ်ခွဲများ၏ဆိုင်းဘုတ်များကို သန့်ရှင်းပေးရန်။ ဘဏ်ခွဲများတွင် လိုအပ်သလို Deep Cleaning လုပ်ပေးရန် လုပ်သက် - အတွေ့အကြုံမရှိလဲလျှောက်ထားနိုင်ပါသည်။
Benefits: ဘောနပ် ထောက်ပံ့ကြေး ကျန်းမာရေးအာမခံရရှိခြင်း မြန်မာနိုင်ငံ၏ အကြီးဆုံးဘဏ်တွင်လုပ်ကိုင်ခွင့်ရရှိခြင်: စနေ၊တနင်္ဂနွေနှင့် အစိုးရရုံးပိတ်ရက် ပိတ်သည်
United Vision Eye Care Center
Pabedan | Yangon Yangon
ပန်းပဲတန်း၊ ရန်ကုန်တိုင်းတွင်ရှိသော ညစောင့် လုံခြုံရေး ရာထူး 1 နေရာစာအတွက် အထူးအခွင့်အရေး၊ လုပ်သက် - အတွေ့အကြုံမရှိ နှင့် လစဉ် လစာကောင်းကောင်းပေးမည်။ ညဆိုင်း ကားစောင့်ရမည်။ အလုပ်ချိန် ည ၇ နာရီမှ မနက် ၇ နာရီ
Benefits: ယူနီဖောင်းပေးမည်။ လစာ 350,000
Omni Focus General Service Public Co.,Ltd
Hlaingtharya | Yangon Yangon
-ကားဝင်းအတွင်း ဝင်ထွက်သော ယာဉ်များနှင့် လူများကိုစစ်ဆေးခြင်း။ -ကားပစ္စည်းများမပျောက်ပျက်အောင်စနစ်တကျထိန်းသိမ်းစောင့်ရှောက်ခြင်း။ -နေ့ဘက် နှင့် ညဘက်အချိန်အတွင်း သေချာစွာလုံခြုံရေး ဆောင်ရွက်ခြင်း။ -အရေးပေါ်ဖြစ်စဉ်များကို ကုမ္ပဏီမှတာဝန်ရှိသူအားချက်ချင်းတင်ပြခြင်း။ -အလုပ်နေရာအတွင်း စည်းကမ်းသိရှိပြီး တာဝန်ယူမှုရှိခြင်း။
Benefits: - ခရီးစရိတ် - ရက်မှန်ကြေး - မိမိ၏လုပ်ငန်းစွမ်းဆောင်ရည်အပေါ်မူတည်ပြီးဘောနပ်စ်ပေးခြင်း
Shwe Zin Yaw Hein Cold Storage Co.,Ltd
Hlaing | Yangon Yangon
ရေခဲစက်မှထွက်လာသော ရေခဲများအား ရေခဲလျှောက်လမ်းပေါ်သို့ ဆွဲခြင်း၊ တွန်းခြင်း။ ရေခဲတုံးများအား စတိုထဲသို့ သိမ်းဆည်းခြင်း။ - အခြေခံလစာ + ရေခဲကြေး + Meal Allowance (စုစုပေါင်း ၄ သိန်းဝန်းကျင်)
Benefits: - ပိတ်ရက်များ - (အစမ်းခန့် ၃ လပြည့်လျှင် လစာတိုးပေးမည်။)
Kamaryut | Yangon Yangon
15 Nov 2025
ကမာရွတ်မြို့နယ်ရှိ ရုံး နှင့် စားသောက်ဆိုင် အဆောက်အဦ ပရဝုဏ် လုံခြုံရေး အဖွဲ့ ကို ကြီးကြပ်ရန် ၊ စားသောက်ဆိုင်နှင့် ရုံး လုံခြုံရေးကို တာဝန်ယူဆောင်ရွက်ရန်၊ အဆောက်အဦဝန်းအတွင်း ယာဉ် အဝင်အထွက် နှင့် ယာဉ်ရပ်နားရန်ကိစ္စများ ကို ကြီးကြပ် လမ်းညွှန်ရန်၊ ရုံးအတွင်းပိုင်း သန့်ရှင်းရေးနှင့် ခြံဝန်းအတွင်း သန့်ရှင်းရေး ကိစ္စရပ်များကို ကြီးကြပ် လုပ်ရန်၊ အခြေအနေအရ အခြား လိုအပ်သည့် ကိစ္စများကိုလည်း ဆောင်ရွက်ရမည်။
Benefits: -နေစရာလိုအပ်ပါက စီစဉ်ပေးပါမည်။
Posted: 15 Nov 2025
Myanmar Oriental Bank (MOB Bank)
Kyauktada | Yangon Yangon
13 Nov 2025
လုံခြုံရေးနှင့် ပတ်သက်သည့် အသိပညာများအား သိရှိနားလည်သူဖြစ်ရမည်။ လိုအပ်ချက်အရ ပေးအပ်သည့်တာဝန် ထမ်းဆောင်ရန်။ နေ့ / ည တာဝန်ထမ်းဆောင်ရန်။ ဘဏ်အဆောက်အဦ ၊ ပစ္စည်းများ လုံခြုံရေး ဆောင်ရွက်ရန်။
Benefits: ဘောနပ်စ်
Posted: 13 Nov 2025
Peace Myanmar Electric Holding Co.,Ltd
Peace Myanmar Electric Holding Company (Mitsubishi AirCon Distribution and AirCon Service) ၏ လှိုင်သာယာ (မြစိမ်းရောင်) မှာ Warehouse ပိုင်း၊ အထွေထွေလုပ်သားပိုင်း တွေအတွက် လုပ်ကိုင်ရန် အထွေထွေ (ကျား) ဝန်ထမ်း ၂၀ ဦးလိုအပ်နေပါသည်။ အတွေ့အကြုံမရှိသည့်သူများ၊ လစာကောင်းကောင်း လိုချင်သူများ လျှောက်ထားနိုင်ပါသည်။
Benefits: အကျိုးအမြတ် - အတည်ပြု ဝန်ထမ်းဖြစ်ပြီးပါက လစာ + OT + Incentive (စနေ၊ တနင်္ဂနွေနားရက် + အစိုးရရုံးပိတ်ရက်)
Myanmar Citizens Bank (MCB)
12 Nov 2025
အခြေခံပညာအလယ်တန်းအဆင့်ရှိသူဖြစ်ရမည်။ Assign Shift (နေ့/ည) များနှင့် အလုပ်ဆင်းနိုင်သူဖြစ်ရမည်။ ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။ အသက် (၂၀-၅၀) နှစ်အတွင်း ရှိသူဖြစ်ရမည်။ အကျင့်စာရိတ္တကောင်းမွန်ပြီး မူးယစ်ဆေးဝါး၊ အရက်၊ ကွမ်း၊ ဆေးလိပ် နှင့် လောင်းကစားများ ကင်းရှင်းသူဖြစ်ရမည်။ လုပ်ငန်းလိုအပ်ချက်အရ ပေးအပ်သည့်တာဝန်များအား ထမ်းဆောင်နိုင်ရမည်။
Posted: 12 Nov 2025
RGK+Z&A Group (Zeya & Associates)
ရုံးခန်းအတွင်းအပြင် သန့်ရှင်းရေးလုပ်ရမည်။ သန့်ရှင်းရေးနှင့် ပတ်သပ်သော လုပ်ငန်းအတွေ့အကြုံ နှင့် အခြေခံဗဟုသုတ ရှိသူဖြစ်ရမည်။ လုပ်ငန်းခွင်သုံးသန့်ရှင်းရေးပစ္စည်းများကို သေချာစစ်ဆေး၍ Stock များကိုလည်း သေချာစိစစ် ထားရှိနိုင်ရမည်။ တစ်ကိုယ်ရည် သန့်ရှင်းရေးနှင့် ရုံးမှသတ်မှတ်ထားသော သန့်ရှင်းရေးစံနှုန်းများနှင့် ကိုက်ညီစွာ ပြင်ဆင်နေထိုင်နိုင်ရန် တာဝန်ယူရမည်။ စည်းကမ်းလိုက်နာပြီး အချိန်မှန်အလုပ်ဆင်းနိုင်ရမည်။ အခြားလိုအပ်သော သန့်ရှင်းရေးတာဝန် များကိုလည်း လိုအပ်ပါက ထမ်းဆောင်ရမည်။
Benefits: အချိန်ပိုကြေး
AYA SOMPO Insurance
11 Nov 2025
ဗိုလ်တထောင်၊ ရန်ကုန်တိုင်းတွင်ရှိသော သန့်ရှင်းရေးရာထူး ၃ နေရာစာအတွက် အထူးအခွင့်အရေး ပတ်ဝန်းကျင်သန့်ရှင်းမှု ထိန်းသိမ်းရန် အလုပ်ပတ်ဝန်းကျင်နှင့် စာသင်ခန်းများကို မျက်နှာကျက်၊ မျက်နှာကျက်ခင်း၊ ကြမ်းခင်းများကို ပုံမှန်သန့်ရှင်းရေး လုပ်ဆောင်ရမည်။ အလုပ်ပတ်ဝန်းကျင်ရှိ အမှိုက်များကို ရှင်းလင်းရန် အိမ်သာ၊ ရေချိုးခန်းနှင့် လက်သန့်ဆေးခန်းများကို ပုံမှန်သန့်ရှင်းရေး ဆောင်ရွက်ပြီး သန့်ရှင်းရေးပစ္စည်းများနှင့်အတူ လိုအပ်သောသန့်ရှင်းမှုကို ထိန်းသိမ်းရန် သန့်ရှင်းရေးလုပ်ငန်းများတွင် လိုအပ်သော သန့်ရှင်းရေးပစ္စည်းများကို မှန်ကန်စွာ အသုံးပြုနိုင်ရမည်။ အချိန်နှင့်တစ်ပြေးညီလုပ်ငန်းဆောင်တာများကို သေချာပြုလုပ်ပြီး အချိန်မှီပြီးဆုံးရန်လိုအပ်သည်။ လိုအပ်ပါက အခြားသော သန့်ရှင်းရေး လုပ်ငန်းများတွင်ပါဝင်ကူညီရန် လိုအပ်သည်။
Benefits: လစာ + သွားလာမှုစရိတ် လုံလောက်သော နားရက်ရရှိခြင်း Uniform ပေးခြင်း ဘောနပ်
Posted: 11 Nov 2025
Myanmar Imperial College - MIC
ဒဂုံမြို့နယ် (သို့မဟုတ်) မရမ်းကုန်းမြို့နယ်၊ ရန်ကုန်တိုင်းတွင် တာဝန်ထမ်းဆောင်ရန် လုံခြုံရေးရာထူးလျှောက်ထားရန် အခွင့်အရေး။ မိမိတာဝန်ကျရာနေရာ၏ လုံခြုံရေးနှင့်ပတ်သက်သည့် ကိစ္စအဝဝကို တာဝန်ယူဆောင်ရွက်နိုင်သူဖြစ်ရမည်။ လုံခြုံရေးနှင့်ပတ်သက်သည့် ဖြစ်စဥ်များအား သက်ဆိုင်ရာ Supervisor သို့ Report တင်ရမည်။ သက်ဆိုင်ရာ Supervisor ၏ ညွှန်ကြားမှုများအား စနစ်တကျလုပ်ဆောင်နိုင်ရမည်။ လုပ်ငန်းခွင်လုံခြုံရေးအပြင် မိမိတာဝန်ကျရာနေရာ၏ သန့်ရှင်းမှုကိုလည်း တာဝန်ယူဆောင်ရွက်နိုင်ရမည်။ မနက်ဆိုင်း/ ညဆိုင်း အလှည့်ကျတာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမည်။ လုပ်ငန်းလိုအပ်ချက်အရ အထက်လူကြီး၏ တာဝန်ပေးညွှန်ကြားမှုများအပေါ် နေ့ဆိုင်း/ ညဆိုင်းမရွေး တာဝန်ထမ်းဆောင်နိုင်ရမည်။
Benefits: ဘောနပ်စ်ခံစားခွင့် (တစ်နှစ်ပြည့်လျင်) uniform ခံစားခွင့် ခရီးသွားစရိတ်/စားစရိတ် ခံစားခွင့်
Lucky Friend Export Outlet
📌 Store အတွင်း သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်နိုင်သူ 📌ပစ္စည်းများ လှည့်ပြောင်းတင်သွင်းခြင်း၊ ထုတ်ခြင်းတွင်အကူအညီပေးနိုင်သူ 📌Stockroom / Warehouse ပစ္စည်းများ စနစ်တကျ ထိန်းသိမ်းနိုင်သူ 📌Store Operation တွင် လိုအပ်သော Support လုပ်ပေးနိုင်သူ 📌လုပ်ငန်းစည်းမျဉ်းများနှင့် စည်းကမ်းများ လိုက်နာနိုင်သူ
Health Glory
Lanmadaw | Yangon Yangon
10 Nov 2025
- ဘုရားပန်းဝယ်ယူပေးခြင်း။ - ဘုရားပန်း ကပ်လှူပေးခြင်း - ရုံးခန်း အတွင်းအပြင် သန့်ရှင်းခြင်း။ - အမိူက်ပစ်ခြင်း။
Benefits: - ကော်ဖီ၊ လက်ဖက်ရည် - ဝန်ထမ်းကြို/ပို့ - အများပြည်သူ ရုံးပိတ်ရက်/ တနင်္ဂနွေ ရုံးပိတ်ရက် - စနေ တပတ်ခြားရုံးပိတ် - မနက် ၈း၃၀ မှ ညနေ ၅း၀၀ နာရီအထိ
Posted: 10 Nov 2025
Bowen Chinese School
ကမာရွတ် မြို့နယ် Times city ရှိ private school တွင် တာဝန်ထမ်းဆောင်ရန် ဖော်ပြပါ အရည်အချင်းနှင့်ကိုက်ညီသူ အမျိုးသား လုံခြုံရေးများ အလိုရှိသည်။ ထမင်းသုံးနပ်ကျွေးပါသည် တနင်္လာ မှ သောကြာ (မနက် ၈း၀၀ နာရီ မှ ညနေ ၆း၃၀ နာရီ) စနေ မှ တနင်္ဂနွေ (မနက် ၇း၃၀ နာရီ မှ ညနေ ၅း၀၀ နာရီ)
Benefits: ထမင်းသုံးနပ်ကျွေးပါသည် ယူနီဖောင်းပေးပါသည် မှတ်ပုံတင်မသိမ်း၊ယူနီဖောင်းကြေးမဖြတ်ပါ သုံးလပြည့်ပြီးအတည်ပြုဝန်ထမ်းဖြစ်လျှင်လစာတိုးခံစားခွင့်ရှိသည်
Myanmar Metro Bank
Sanchaung | Yangon Yangon
စမ်းချောင်း၊ ရန်ကုန်တိုင်းတွင်ရှိသော အချိန်ပြည့် ဘဏ်လုံခြုံရေးဝန်ထမ်း (သို့မဟုတ် လုံခြုံရေးဝန်ဆောင်မှု) ရာထူး 10 နေရာစာအတွက် အထူးအခွင့်အရေး၊ လုပ်သက် - အတွေ့အကြုံရှိ နှင့် လစဉ် လစာကောင်းကောင်းပေးမည်။ နေ့ / ည တာဝန်ထမ်းဆောင်ရန်။ ဘဏ်အဆောက်အဦး ၊ ပစ္စည်းများ နှင့် ဝန်ထမ်းများ၏ လုံခြုံရေးကို ဆောင်ရွက်ရန်။ ဘဏ်ပတ်ဝန်းကျင်တွင် ကားအဝင်/အထွက် ကြည့်ရှုပေးရန်နှင့် နေရာချထားပေးရန်။ Customer များအား ကြိုဆိုပေးရန်။ ရုံးပတ်ဝန်းကျင်အနေအထားအား အမြဲမပြတ်လေ့လာပြီး ထူးခြားချက်ရှိပါက ဌာနတာဝန်ခံအား ချက်ခြင်း သတင်းပို့ပေးရန်။ လိုအပ်ချက်အရ ပေးအပ်သည့်တာဝန် ထမ်းဆောင်ရန်။
Benefits: -အချိန်ပိုကြေး -လုပ်ငန်းစွမ်းဆောင်ရည်အတွက်ဆုလာဘ်များ
AYA Bank
ကျောက်တံတား၊ ရန်ကုန်တိုင်းတွင်ရှိသော အချိန်ပြည့် ပြုပြင်ထိန်းသိမ်းရေး အကူ/အင်ဂျင်နီယာ ရာထူး 1 နေရာစာအတွက် အထူးအခွင့်အရေး။ ရေ၊မီး တပ်ဆင် ထိန်းသိမ်းမှုကျွမ်းကျင်ရမည်။ ခရီးသွားနိုင်ရမည်။ သင်ယူလိုစိတ်ရှိရမည်။ အသင်းအဖွဲ့နှင့်လုပ်ကိုင်နိုင်ရမည်။
Leading Manufacturing Company
Yankin | Yangon Yangon
08 Nov 2025
ကျောင်းလုံခြုံရေးတာဝန်များကို တာဝန်ပေးသည့် နေရာများတွင် အလှည့်ကျ တာဝန်ထမ်းဆောင်ရပါမည်။
Benefits: ခရီးစရိတ် - အလုပ်ဆင်းရက်လျင် ၂၀၀၀ကျပ်နှုန်း
Posted: 08 Nov 2025
ရုံးတွင်းသန့်ရှင်းရေးနှင့် အကူလုပ်ငန်းများကို အချိန်မီ စနစ်တကျပြီးစီးအောင်ဆောင်ရွက်ရန်။ Office Room, Meeting Room ,Toilet နှင့် Dining Room များအား သန့်ရှင်းရေးလုပ်ရန်။ လျှောက်လမ်းများအား နေ့စဉ်သန့်ရှင်းရေးလုပ်ရန်။ စီမံရေးရာဌာန၏ ညွှန်ကြားချက်ဖြင့် လုပ်ငန်းလိုအပ်ချက်အရ လိုအပ်သောလုပ်ငန်းဆောင်တာများအား တက်ကြွစွာ ပါဝင်ဆောင်ရွက်ရန်။ လမ်းညွှန်မှုကိုလိုက်နာပြီး သန့်ရှင်းရေးအလုပ်ကို သေသပ်ကောင်းမွန်စွာ လုပ်ဆောင်နိုင်ရမည်။
Benefits: - အချိန်ပိုကြေး ရှိသည် - ဖယ်ရီရှိသည်
လုံခြုံရေးဝန်ထမ်းအဖြစ်လျှောက်ထားလိုသူများသည်- အခြေခံပညာ အလယ်တန်းအဆင့် အနည်းဆုံးရှိသူ ဖြစ်ရမည်။ အသက်(၁၈)နှစ်မှ (၅၀)နှစ်အတွင်းရှိရမည်။ လုံခြုံရေးတာဝန်များကို နေ့/ည တာဝန်ထမ်းဆောင်နိုင်သူ အဖွဲ့အစည်းနှင့်ပူးပေါင်းဆောင်ရွက်လိုသူ၊ ရိုးသားကြိုးစား၍ဝန်ဆောင်မှု စိတ်ဓာတ်ရှိကာ ကျန်းမာရေး ကောင်းမွန်ပြီး လုပ်ငန်းတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက် လုပ်ကိုင်နိုင်သူ ဖြစ်ရမည်။ အသောက်အစားကင်းသူ၊ ဘဏ်မှချမှတ်ထားသည့် စည်းကမ်းများအားလိုက်နာနိုင်သူ ဖြစ်ရမည်။
Win Family KTW Co.,Ltd
Tamwe | Yangon Yangon
07 Nov 2025
ပစ္စည်းကားရောက်လျှင် ပစ္စည်းများကားပေါ်မှ ချရမည်။ ပစ္စည်းပို့ရန် အော်ဒါထုတ်ရမည်။ အော်ဒါများ ကားပေါ်သို့တင်ရမည်။ Customer များလာသောအခါ စေ◌ျးရောင်းပေးရမည်
Benefits: ရက်မှန်ကြေး အချိန်ပိုကြေး Interview အောင်လျှင် အလုပ်ချက်ချင်းဆင်းရမည်
Posted: 07 Nov 2025