မြန်မာ
Get more Job Offers...
Download the App now!
Filter By:
Job Function
Location
Industry
EXP: LEVEL
AWARDS
Minimum Salary
Repat / Expat
856 Found & More Posts
856Found & More Posts
Sort by
Sort by:
You will notified when more similar jobs are posted.
Please update your Job Alert dashboard and try again.
1 Stop Printing Service
Thaketa | Yangon Yangon
02 Nov 2026
1 Stop Printing Service တွင် Digital Printing စက်ပစ္စည်းနှင့် လျှပ်စစ်ပိုင်းကို ထိန်းသိမ်းပြုပြင်နိုင်ပြီး ထုတ်လုပ်ရေးလုပ်ငန်းစဉ်ကို ချောမွေ့စွာ ဆောင်ရွက်နိုင်သော အတွေ့အကြုံရှိ ဝန်ထမ်းအား ရှာဖွေနေပါသည်။ သာကေတမြို့နယ်၊ ရန်ကုန်တွင် Factory လုပ်ငန်းပိုင်းတွင် ပါဝင်လုပ်ကိုင်ရမည်။ Key Responsibilities Digital Printing စက်များ၏ Mechanical နှင့် Electrical ပိုင်းကို စစ်ဆေးထိန်းသိမ်းပြီး ချို့ယွင်းမှုများကို အချိန်မီ ပြုပြင်ရန် စက်လည်ပတ်မှု အဆင်ပြေစေရန် preventive maintenance စီမံချက်များကို အကောင်အထည်ဖော်ရန် ထုတ်လုပ်ရေးလိုအပ်ချက်အရ စက်ချိန်ညှိမှု၊ calibration နှင့် troubleshooting များ ပြုလုပ်ရန် Company အတွင်း လုပ်ငန်းစဉ်များ၊ အရည်အသွေးနှင့် safety စံနှုန်းများကို လိုက်နာစေရန် ထုတ်လုပ်မှုအဖွဲ့နှင့် ပူးပေါင်း၍ အချိန်မီပြီးစီးမှုနှင့် စက်ရပ်နားချိန် လျော့နည်းစေရန်
Benefits: ●Attendance Bonus/Overtime Fee/ Performance Bonus/ Service Year Bonus ●တနင်္ဂနွေနေ့တိုင်း ပိတ်သည်။
Posted: 02 Nov 2026
iTURN Co.,Ltd
25 Sep 2026
ဗိသုကာနှင့် အဆောက်အအုံ ဒီဇိုင်းပုံဆွဲကားချပ်များမှ ပစ္စည်းပမာဏ တွက်ချက်မှုများ (Quantity Take-Offs - QTO) ပြင်ဆင်ရန်။ ကုန်ကျစရိတ် စာရင်းဇယားများ (BOQ)၊ စေျးနှုန်း ခန့်မှန်းတွက်ချက်မှုများနှင့် တင်ဒါဈေးနှုန်းများ ပြင်ဆင်ရန်။ တင်ဒါစာရွက်စာတမ်းများ၊ သတ်မှတ်ချက်များ (Specifications) နှင့် စာချုပ်ပါ လိုအပ်ချက်များကို ပြန်လည်သုံးသပ်ရန်။ ပစ္စည်းပေးသွင်းသူများနှင့် ကန်ထရိုက်တာခွဲများ၏ ဈေးနှုန်းเสนอလွှာများကို စိစစ်တွက်ချက်ရန်။ ကြားကာလ ငွေတောင်းခံလွှာများ (IPC)၊ လုပ်ငန်းတိုးတက်မှုအလိုက် ငွေတောင်းခံလွှာများနှင့် အပြောင်းအလဲအမိန့် (Variation Orders) များကို ပြင်ဆင်ရန်။ ပရောဂျက် ဘတ်ဂျက်များ၊ ပစ္စည်းစရိတ်များနှင့် ပရောဂျက်၏ အမြတ်အစွန်းရရှိမှုကို စောင့်ကြည့်စစ်ဆေးရန်။ စီမံခန့်ခွဲသူများအတွက် ပရောဂျက် ကုန်ကျစရိတ် အစီရင်ခံစာများနှင့် စီးပွားရေးဆိုင်ရာ ဆန်းစစ်ချက်များကို ပြင်ဆင်ရန်။ ပရောဂျက်မန်နေဂျာများ၊ ဆိုဒ်အင်ဂျင်နီယာများ၊ အဝယ်တော်ဌာန (Procurement) နှင့် ဘဏ္ဍာရေးအဖွဲ့တို့နှင့် ပူးပေါင်းညှိနှိုင်းရန်။ ကုန်ကျစရိတ် ထိန်းချုပ်ရေး လုပ်ထုံးလုပ်နည်းများ ထူထောင်ရာတွင်လည်းကောင်း၊ ဌာနတွင်း တိုးတက်ကောင်းမွန်ရေး လုပ်ဆောင်ရာတွင်လည်းကောင်း QS မန်နေဂျာအား ကူညီဆောင်ရွက်ရန်။ အငယ်တန်း စာရင်းကိုင်အင်ဂျင်နီယာများ (Junior QS) အား သင်ကြားပြသပေးရန်နှင့် ကြီးကြပ်ရန်။
Benefits: Competitive Salary (Based on Experience) Project Performance Bonus Annual Performance Bonus Annual Salary Review
Posted: 25 Sep 2026
စိုက်ခင်း/လုပ်ငန်းခွင်အတွင်း နေ့စဉ် ဆောက်လုပ်ရေးလုပ်ငန်းစဉ်များကို ကြီးကြပ်ကွပ်ကဲရန်။ လုပ်ငန်းခွင်အတွင်း လုပ်ဆောင်ချက်များအားလုံးကို အတည်ပြုထားသော ပုံဆွဲကားချပ်များ၊ သတ်မှတ်ချက်များ (Specifications) နှင့် ကုမ္ပဏီစံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ကြောင်း သေချာစေရန်။ မြေပြင်ဆိုဒ်တိုင်းတာချက်များကို အတည်ပြုထားသော ပုံဆွဲကားချပ်များနှင့် တိုက်ဆိုင်စစ်ဆေးရန်၊ လွဲမှားချက်များကို ရှာဖွေဖော်ထုတ်ရန်နှင့် ဆိုဒ်စစ်ဆေးရေး/ဆောက်လုပ်ရေး အစီရင်ခံစာများ ပြင်ဆင်ရန်။ စီမံကိန်းတိုးတက်မှုကို စောင့်ကြည့်စစ်ဆေးရန်နှင့် လုပ်ငန်းများကို အတည်ပြုထားသော အချိန်ဇယားအတိုင်း ပြီးစီးစေရန်။ ပရောဂျက်မန်နေဂျာများ၊ စာရင်းကိုင်အင်ဂျင်နီယာများ (QS)၊ ဗိသုကာပညာရှင်များ၊ အကြံပေးပညာရှင်များ၊ ကန်ထရိုက်တာခွဲများ၊ ပစ္စည်းပေးသွင်းသူများနှင့် ဆိုဒ်အလုပ်သမားများနှင့် ပူးပေါင်းညှိနှိုင်းရန်။ ဆောက်လုပ်ရေး အရည်အသွေးကို စစ်ဆေးရန်နှင့် QA/QC လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ကြောင်း သေချာစေရန်။ ဆောက်လုပ်ရေးပစ္စည်းများ အသုံးပြုမှုကို စောင့်ကြည့်ရန်နှင့် လိုအပ်ချက်များ သို့မဟုတ် လေလွင့်ပြုန်းတီးမှုများကို အစီရင်ခံရန်။ နေ့စဉ်၊ အပတ်စဉ် နှင့် လစဉ် ဆိုဒ်လုပ်ငန်းတိုးတက်မှု အစီရင်ခံစာများ ပြင်ဆင်ရန်။ လုပ်ငန်းခွင်အတွင်း ပြဿနာများကို ရှာဖွေဖော်ထုတ်ပြီး လက်တွေ့ကျသော ဖြေရှင်းနည်းများကို အကောင်အထည်ဖော်ရန်။ အလုပ်အပ်နှံသူ (Client) ၏ ဆိုဒ်စစ်ဆေးမှုများတွင် ပါဝင်ရန်၊ မှတ်ချက်များ၊ ညွှန်ကြားချက်များ၊ စိုးရိမ်ပူပန်မှုများနှင့် မပြီးပြတ်သေးသော လုပ်ငန်းစာရင်း (Punch list) များကို မှတ်တမ်းတင်ရန်နှင့် လိုအပ်သော အရေးယူဆောင်ရွက်မှုများအတွက် ပရောဂျက်မန်နေဂျာနှင့် စီမံခန့်ခွဲသူများထံ ချက်ချင်းအစီရင်ခံရန်။ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး စည်းမျဉ်းများနှင့် ကုမ္ပဏီ၏ HSE (ကျန်းမာရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး) မူဝါဒများကို လိုက်နာမှုရှိစေရန်။ စီမံကိန်း လွှဲပြောင်းပေးအပ်ခြင်းနှင့် ချို့ယွင်းချက် ပြင်ဆင်ခြင်းဆိုင်ရာ လုပ်ငန်းများတွင် ကူညီဆောင်ရွက်ရန်။
Peace Myanmar Holding Co.,Ltd
17 Sep 2026
Aircon တပ်ဆင်ခြင်း၊ ပြုပြင်ခြင်းနှင့် Servicing ပြုလုပ်ခြင်းလုပ်ငန်းများ။
Benefits: လစာ + အချိန်ပိုကြေး (စနေ၊တနင်္ဂနွေ) နှင့်အများပြည်သူရုံးပိတ်ရက်များ ဖယ်ရီထားရှိခြင်း အလုပ်ချိန် - မနက် ၈ခွဲမှ ညနေ ၅နာ
Posted: 17 Sep 2026
Hotel Yankin
Yankin | Yangon Yangon
11 Nov 2026
ရေ၊ မီး လိုင်းများ ပြုပြင်ထိန်းသိမ်းခြင်း၊ မီးစက်၊ ရေစုပ်စက်၊ ရေတင်စက်၊ လေအေးပေးစက်၊ ဓာတ်လှေကား၊ ရုံးသုံးစက်ပစ္စည်းများ အစရှိသည်တို့ကို ပုံမှန်လည်ပတ်နိုင်စေရန်် စောင့်ကြည့်စစ်ဆေးခြင်း၊ အခြားပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများများကို တာဝန်ပေးအပ်ထားသည့်အတိုင်း ဆောင်ရွက်ခြင်း၊
Benefits: - လစာ + အချိန်ပိုကြေး + Service Money - Duty meal - ဝန်ထမ်းအဆောင် - တစ်ပတ်တစ်ရက်နားခွင့် + သုံးလပြည့်ပြီးပါက ခွင့်စတင်ခံစားခွင့်
Posted: 11 Nov 2026
Lucky Bag & Swallow Plastic Trading Co., Ltd.
Dagon Myothit (Seikkan) | Yangon Yangon
20 Oct 2026
စက်မှုနှင့် လျှပ်စစ်အင်ဂျင်နီယာများ (သို့မဟုတ်) ကျွမ်းကျင်ပညာရှင်များ ညွှန်ကြားသည့်အတိုင်း ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို ကူညီဆောင်ရွက်ရန်။ ပလတ်စတစ်ပုံသွင်းစက်များ (Injection machines, Extruders စသည်တို့) ၏ နေ့စဉ်လည်ပတ်မှုကို စစ်ဆေးရာတွင် အကူအညီပေးရန်။ စက်ပစ္စည်းများ ပြုပြင်ရာတွင် လိုအပ်သော တန်ဆာပလာ (Tools) များနှင့် အပိုပစ္စည်း (Spare parts) များကို ကြိုတင်ပြင်ဆင်ပေးခြင်း၊ ပြန်လည်သိမ်းဆည်းခြင်းနှင့် သန့်ရှင်းရေးလုပ်ခြင်း။ အခြေခံ လျှပ်စစ်ဝိုင်ယာကြိုးသွယ်တန်းခြင်း၊ မီးချောင်း/မီးသီးများ လဲလှယ်ခြင်းနှင့် ရိုးရှင်းသော လျှပ်စစ်ပိုင်းဆိုင်ရာ ပြဿနာများကို ကူညီဖြေရှင်းပေးရန်။ စက်ယန္တရားများကို ပုံမှန် စက်ဆီ/ချောဆီ ထည့်ခြင်း၊ ရေပိုက်နှင့် လေပိုက်လိုင်းများ စစ်ဆေးခြင်းတို့ကို လုပ်ဆောင်ရန်။ စက်ရုံ၏ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး စည်းမျဉ်းစည်းကမ်း (Safety Rules) များကို တိကျစွာ လိုက်နာရန်နှင့် အရေးပေါ်အခြေအနေများတွင် တာဝန်ရှိသူများထံ ချက်ချင်းသတင်းပို့ရန်။
Benefits: ဖယ်ရီရှိပါသည်။ အဆောင်နေထိုင်လိုပါက အဆောင်စီစဥ◌်ပေးပါသည်။
Posted: 20 Oct 2026
Shwe Taik Wholesales & Retail Center
Mingalartaungnyunt | Yangon . Yangon .
14 Nov 2026
လုပ်ငန်းတာဝန်များ (Job Descriptions) အလုပ်ခွဲဝေပေးခြင်း: အလုပ်ရုံထိန်းချုပ်ရေးမှူး (Workshop Controller) နှင့် ပူးပေါင်း၍ နေ့စဉ်ဝင်ရောက်လာသော ကားများအတွက် စက်ပြင်ဆရာများကို စနစ်တကျ အလုပ်ခွဲဝေပေးရမည်။ အရည်အသွေး စစ်ဆေးခြင်း: စက်ချို့ယွင်းချက် ရှာဖွေမှု အရည်အသွေး (Diagnostic quality)၊ ပြုပြင်မှုစံနှုန်းနှင့် လမ်းပေါ်တွင် စမ်းသပ်မောင်းနှင်မှု (Road test) စည်းမျဉ်းများကို တိကျစွာ စစ်ဆေးရမည်။ စက်ကိရိယာ ထိန်းသိမ်းခြင်းနှင့် အရင်းအမြစ်ရှာဖွေခြင်း: ပြင်ဆင်ပြီး ပြန်လည်ရောက်ရှိလာသည့် ကားများ (Comebacks) နည်းပါးစေရန် အရင်းအမြစ်ရှာဖွေ ဖြေရှင်းခြင်းနှင့် ဝပ်ရှော့သုံး စက်ကိရိယာများကို ထိန်းသိမ်းစောင့်ရှောက်ခြင်း ပြုလုပ်ရမည်။ ဖောက်သည်ဝန်ဆောင်မှု: ဖောက်သည်များ (Customers)၊ ကိုယ်စားလှယ်များ (Dealers) နှင့် ဆက်သွယ်ညှိနှိုင်းပြီး ဖောက်သည်စိတ်ကျေနပ်မှု စံနှုန်းများ (Customer Satisfaction - CSI) မြင့်မားစေရန် ဆောင်ရွက်ရမည်။
Benefits: ပိတ်ရက် -၁ပတ် ၁ရက် အလုပ်ချိန်-8:30am to 5:30pm
Posted: 14 Nov 2026
Venus Water Myanmar Company Limited
Mayangone | Yangon Yangon
12 Nov 2026
• ရေသန့်စက်များ၊ စက်ရုံ/အိမ်သုံး ရေသန့်စင်စနစ်များ၏ ပိုက်လိုင်းများကို စနစ်တကျ တပ်ဆင်ခြင်း။ • ရေဖြန့်ဝေရေး ပိုက်လိုင်းများအား သတ်မှတ် Drawing/ဒီဇိုင်းအတိုင်း သွယ်တန်းတပ်ဆင်ခြင်း။ • Site ပေါ်တွင် Piping Assistant (ပိုက်အကူ) များကို စနစ်တကျ လမ်းညွှန်ကြီးကြပ်ပြီး လုပ်ငန်းဆောင်ရွက်ခြင်း။ • Site ထဲတွင် Senior Technician များအား ကူညီဆောင်ရွက်ပေးခြင်း။ • ပိုက်လိုင်းယိုစိမ့်မှု စစ်ဆေးခြင်း (Testing) နှင့် လိုအပ်သော ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ခြင်း။ • နေ့စဉ် လုပ်ငန်းပြီးစီးမှု အခြေအနေများကို တာဝန်ခံ/အထက်လူကြီးထံ သတင်းပို့ တင်ပြခြင်း။
Benefits: .
Posted: 12 Nov 2026
• Site ပေါ်တွင် Piping Technician များ၏ ပိုက်လိုင်းတပ်ဆင်မှု လုပ်ငန်းစဉ်များတွင် အနီးကပ် ဝိုင်းဝန်းကူညီပေးခြင်း။ • ရေသန့်စက်ပစ္စည်းများ၊ ပိုက်များနှင့် ဆက်စပ်ကိရိယာများကို သယ်ယူပို့ဆောင် ပြင်ဆင်ပေးခြင်း။ • ပိုက်လိုင်းဖြတ်တောက်ခြင်း၊ နံရံဖောက်ခြင်းနှင့် အခြေခံတပ်ဆင်ရေး လုပ်ငန်းများတွင် ကူညီပေးခြင်း။ • လုပ်ငန်းခွင်သုံး ပစ္စည်းကိရိယာများနှင့် Site ဧရိယာ သန့်ရှင်းသပ်ရပ်မှုရှိစေရန် ထိန်းသိမ်းခြင်း။
Prestige Myanmar Co.,Ltd
South Okkalapa | Yangon Yangon
Building Project များအတွက် M&E System များကိုဒီဇိုင်းရေးဆွဲခြင်း။ Site Supervision & Subcontractor များကိုကြီးကြပ်ဆောင်ရွှက်ခြင်း။ Progress Report များတင်ပြခြင်း။ Cost Estimation တွက်ချက်ခြင်း
Benefits: နှစ်ကုန်ဘော့နပ် ဖုန်းဘေလ်
တောင်ဥက္ကလာ၊ Yangonတွင်ရှိသော Full Time Architect ရာထူး 1 နေရာစာအတွက် အထူးအခွင့်အရေး၊ လုပ်သက် - Experienced Non-Manager နှင့် Monthly လစာကောင်းကောင်းပေးမည်။
Benefits: Attendance Bonus Performance Bonus Annual Bonus ရက်မှန်/လုပ်သက်အလိုက် ခွင့်ခံစားခွင့် Public Holidays ခံစားခွင့်
Born For Future Company Limited
Hlaing | Yangon Yangon
10 Nov 2026
Technician Team ကို ဦးဆောင်ပြီး ကြီးကြပ်ရန်။ Solar, Battery နှင့် Inverter တပ်ဆင်ခြင်းနှင့် Service လုပ်ငန်းများကို ကြီးကြပ်ရန်။ လုပ်ငန်းအရည်အသွေး၊ လုံခြုံရေးနှင့် သတ်မှတ်ချိန်အတွင်း ပြီးစီးမှုကို သေချာစေရန်။ လုပ်ငန်းမစမီ Equipment၊ Tools နှင့် Materials များကို စစ်ဆေးရန်။ Technical ပြဿနာများကို ရှာဖွေဖြေရှင်းပြီး လိုအပ်ပါက ကူညီဆောင်ရွက်ရန်။ Technical Manager နှင့် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရန်။ Technician များအား Technical လမ်းညွှန်မှုနှင့် လုပ်ငန်းခွင်အတွင်း သင်ကြားပေးရန်။ Technician များ၏ လုပ်ငန်းစွမ်းဆောင်ရည်နှင့် စည်းကမ်းလိုက်နာမှုကို စောင့်ကြည့်ရန်။ Service Record နှင့် Technical Report များကို မှတ်တမ်းတင်ထိန်းသိမ်းရန်။ Tools နှင့် Equipment များကို စနစ်တကျ အသုံးပြုထိန်းသိမ်းရန်။ Technical ပြဿနာများနှင့် လုပ်ငန်းအခြေအနေများကို Technical Manager ထံ တင်ပြရန်။ Management မှ တာဝန်ပေးအပ်သည့် အခြားတာဝန်များကို ဆောင်ရွက်ရန်။
Benefits: Salary + အဆောင် + Incentive
Posted: 10 Nov 2026
United Vision Eye Care Center
Pabedan | Yangon . Yangon .
မှန်သွေးစက်ခန်း အလုပ်အတွက် ကျား (3)ဦး အတွေ့ကြုံမရှိသူများလဲ လျှောက်ထားနိုင်ပါတယ် မှန်သွေးတာနဲ့ ပတ်သက်ပြီး မသိနားမလည်တာများကို အကုန်သင်ပေးပါတယ်။ သင်ယူလိုစိတ် အပြည့်ရှိပြီး ရိုးသားကြိုးစားသော သူဖြစ်ရမည်။ အလုပ်ချိန် မနက် 9 နာရီမှ ည 7 နာရီ တနင်္ဂနွေနေ့ဆို ညနေ 6 နာရီထိ
Benefits: တပတ် တရက်နားရက်ရမည် မနားပဲ အလုပ်ဆင်းပါက overtime ကြေးရှိမည်
Win Brothers Group of Companies Limited
Shwepyithar | Yangon Yangon
05 Nov 2026
စက်ရုံ/အလုပ်ရုံအတွင်း အန္တရာယ်မ ဖြစ်အောင် နေ့စဉ် စစ်ဆေးရန်။ ဘေးအန္တရာယ်ကင်းရှင်းရေးသင်တန်းများ ၊အသိပညာပေး သင်တန်းများ ဆောင်ရွက်ရာတွင် ကူညီပေးရန် အရေးပေါ် ကြိုတင်လေ့ကျင်မှု သင်တန်းများ ပြုလူပ်ရာတွင် ပံ့ပိုးကူညီ ဆောင်၇ွက်ရန် အန္တရာယ်ကင်းရှင်းရေး မှတ်တမ်းများ ၊ စစ်ဆေးမှုများ နှင့် လုံခြုံရေးဆိုင်ရာ စာရွက်စာတမ်းများကို ထိမ်းသိမ်းရန် ထုတ်လုပ်မှု လုပ်ငန်းခွင်အတွင်း လုပ်ငန်းခွင်နှင့် ဝန်ထမ်းများ နေ့ စဉ် ဘေးအန္တရယ် ကင်းရှင်းရေး အတွက် စစ်ဆေးရန်။ စက်ရုံ ဗရိယာအတွင်း သန့်ရှင်း မှု ရှိ/မရှိ စောင့်ကြည့်စစ်ဆေးရန်
Benefits: Uniform Bonus Ferry(Shwepyithar, Insein)
Posted: 05 Nov 2026
Mega Nation Construction Co.,Ltd
04 Nov 2026
ကျန်းမာသန်စွမ်း၍ အကျင့်စာရိတ္တကောင်းမွန်ရမည်။ လုပ်ငန်းအပေါ်တွင်စိတ်ဝင်စား၍ တက်ကြွစွာ လုပ်နိုင်ရမည်။ လုပ်ငန်းသုံးပစ္စည်းများကိုအလေအလွင့်မဖြစ်အောင်ထိန်းသိမ်းရမည်။ Labour များကိုကြီးကြပ်ရမည်။ မိမိ၏ အလုပ်တာဝန်အပေါ် ကျေပွန်စွာထမ်းဆောင်၍ စည်းကမ်းလိုက်နာနိူင်သူဖြစ်ရမည်။ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရမည်။ နေ့စဉ်လုပ်ငန်းတိုးတက်မှုအစီရင်ခံစာနှင့် Site Record များကို စနစ်တကျ ပြုစုထိန်းသိမ်းနိုင်ရမည်။ Site စည်းကမ်းများနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး စည်းမျဉ်းများကို တိကျစွာ လိုက်နာနိုင်ရမည်။ သတ်မှတ်ထားသည့်အတိုင်း လုပ်ငန်းများကို အချိန်မီ ပြီးစီးအောင် ဆောင်ရွက်နိုင်ရမည်။
Benefits: -Attendance Bonus -Site Allowance -Phone Bill Allowance
Posted: 04 Nov 2026
MGL Express by Magnate Group Logistics
Hlaingtharya | Yangon Yangon
လှိုင်သာယာ (တိုးချဲ့မှတ်တိုင်အနီးဂိုဒေါင်)၊ ရွှေပြည်သာ (ဓညင်းကုန်းဈေးအနီးဂိုဒေါင်)၊ မရမ်းကုန်း (လေဆိပ်အနီးဂိုဒေါင်) တို့တွင် တာဝန်ထမ်းဆောင်ရန်။ ပစ္စည်းများ အတင်အချ လုပ်ဆောင်ရန်။ ပစ္စည်းများထုပ်ပိုးခြင်းနှင့် အထွေထွေ အလုပ်များကူညီရန်။ ဂိုဒေါင်မှ ချမှတ်ထားသည့် စည်းကမ်းများအား လိုက်နာရန်။
Benefits: ဘောနပ်စ် အချိန်မှန်ကြေး + ရက်မှန်ကြေး Incentive
Star Light Group
Dagon Myothit (North) | Yangon Yangon
30 Oct 2026
ဆောက်လုပ်ရေး Site တွင်ပစ္စည်း အဝင် / အထွက်များကို စစ်ဆေးမှတ်တမ်းတင်ခြင်း ပစ္စည်းလက်ကျန်များကို စစ်ဆေးပြီး လိုအပ်ချက်များ တင်ပြခြင်း Store ကို သန့်ရှင်းသပ်ရပ်စွာ ထိန်းသိမ်းခြင်း Supervisor ၏ ညွှန်ကြားချက်များအတိုင်း ဆောင်ရွက်ခြင်း လိုအပ်သော ပစ္စည်းများ ထုတ်ပေးခြင်းနှင့် လက်ခံခြင်း
Benefits: အလုပ်ပိတ်ရက်- တနဂ်နွေ၊ အများပြည်သူရုံးပိတ်ရက် နှစ်စဉ်လစာတိုးရှိသည်။
Posted: 30 Oct 2026
Super Hotel Management
28 Oct 2026
• ကွန်ဒိုအခန်းတွင်းနှင့် အဆောက်အအုံအတွင်းရှိ လျှပ်စစ် (Electrical) နှင့် ရေပိုက်လိုင်း (Plumbing) ချို့ယွင်းချက်များကို စစ်ဆေးပြုပြင်ပေးရန်။ • Air Conditioner (အဲကွန်း) နှင့် အခြား လျှပ်စစ်အသုံးအဆောင်ပစ္စည်းများကို ပုံမှန်စစ်ဆေးခြင်းနှင့် အခြေခံ ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ရန်။ • အခန်းများအတွင်း ဧည့်သည်များထံမှ တင်ပြလာသော Maintenance ဆိုင်ရာ ပြဿနာများကို အချိန်မီ သွားရောက်ဖြေရှင်းပေးရန်။ • နေ့စဉ် M&E လုပ်ငန်းဆောင်ရွက်မှုမှတ်တမ်းများနှင့် စစ်ဆေးတွေ့ရှိချက်များကို Management ထံ အစီရင်ခံတင်ပြရန်။
Benefits: အခြေခံလစာ + နေစရာအဆောင် (Accommodations) + ဖယ်ရီ (Ferry) + အလုပ်ချိန်ထမင်းကျွေး (Duty Meal) နယ်မှလာရောက်လုပ်ကိုင်လိုသူများအတွက် အဆောင်စီစဉ်ပေးထားပါသည
Posted: 28 Oct 2026
Wong Fong Myanmar Company Limited
Dagon Myothit (South) | Yangon Yangon
Supervisor မှ ပေးအပ်သော နေ့စဉ်လုပ်ငန်းတာဝန်များကို ဆောင်ရွက်ခြင်း။ လုပ်ငန်းခွင် Safety Rules နှင့် Company Policies များကို လိုက်နာခြင်း။ Tools နှင့် Equipment များကို စနစ်တကျ အသုံးပြုထိန်းသိမ်းခြင်း။ လိုအပ်ပါက Site အဘက်သို့ သွားရောက်၍ အထွေထွေကူညီလုပ်ကိုင်ခြင်း။ Team Member များနှင့် ပူးပေါင်းပြီး လုပ်ငန်းများကို အချိန်မီပြီးစီးအောင် ဆောင်ရွက်ခြင်း။ Senior Engineer / Supervisor / Technical ၏ လမ်းညွှန်ချက်များအတိုင်း အရည်အသွေးနှင့် Safety Standards များကို လိုက်နာပြီး လုပ်ကိုင်ခြင်း။ Hydraulic Hose နှင့် စက်ယန္တရားပစ္စည်းများ တပ်ဆင်ခြင်း၊ ပြုပြင်ခြင်းနှင့် စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ခြင်း။
Phee Int’l Shipping (Myanmar) Ltd.
Botahtaung | Yangon Yangon
ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် ရေပိုက်လိုင်းစနစ်များ ၊ လျှပ်စစ်မီးလိုင်းများ ၊ အဲယားကွန်းများ ၊ CCTV များတပ်ဆင်ခြင်း နှင့် စမ်းသပ်စစ်ဆေးခြင်း လုပ်ငန်းစဉ်များလုပ်ကိုင်ရန်
Benefits: * လစာ * အချိန်ပိုကြေး
i engineering Myanmar Ltd.
26 Oct 2026
စက်မှုအင်ဂျင်နီယာပိုင်းနဲ့ နည်းပညာပိုင်းကို စိတ်ဝင်စားတဲ့ လူငယ်တွေအတွက် အသစ်ကနေ သေချာသင်ပေးမယ့် အလုပ်အကိုင်တစ်ခု ဖြစ်ပါသည်။ လက်တွေ့လုပ်ငန်းအတွေ့အကြုံများမှတစ်ဆင့် သင်၏လုပ်ငန်းခွင်ဆိုင်ရာ ကျွမ်းကျင်မှုများကို မြှင့်တင်ပြီး အသက်မွေးဝမ်းကြောင်းအလုပ်အကိုင်တွင် တိုးတက်အောင်မြင်နိုင်ပါသည်။ ကျွန်ုပ်တို့သည် အတွေ့အကြုံတစ်ခုတည်းကိုသာ မကြည့်ဘဲ သင်၏အရည်အချင်းနှင့် တိုးတက်နိုင်စွမ်းကိုပါ အလေးထားပါသည်။ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီးတို့တွင် တာဝန်ထမ်းဆောင်နိုင်ရပါမည်။
Benefits: Attractive salary package
Posted: 26 Oct 2026
Leading Engineering Company
25 Oct 2026
အလုပ်တည်နေရာ - ပဲခူး၊ မွန်၊ တနင်္သာရီ၊ နေပြည်တော်၊ ဧရာဝတီ။ ဒီဇယ်မီးစက် ပြုပြင်ထိန်းသိမ်းခြင်းနှင့် အပြည့်အစုံပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများအတွက် အသိပညာနှင့် လုပ်ငန်းအတွေ့အကြုံရှိရမည်။ ဒီဇယ်မီးစက်၏ စက်ပိုင်းဆိုင်ရာနှင့် လျှပ်စစ်ပိုင်းဆိုင်ရာ အပြည့်အဝ နားလည်သဘောပေါက်ပြီး ကျွမ်းကျင်မှုရှိရမည်။ ဒီဇယ်မီးစက် ပြုပြင်ခြင်းနှင့် အဓိကပြုပြင်ပြောင်းလဲမှုလုပ်ငန်းများကို ကိုယ်တိုင်ဆောင်ရွက်ဖူးသည့် အတွေ့အကြုံရှိရမည်။ လုပ်ငန်းလိုအပ်ချက်အရ မြန်မာနိုင်ငံအနှံ့ တာဝါတိုင် ရှိရာ မြို့များတွင် တာဝန်ထမ်းဆောင်နိုင်ရမည် လုပ်ငန်းနှင့် ပတ်သက်သည့် reporting များ ကောင်းစွာတင်ပြနိုင်ရမည်။
Benefits: Enjoyable work environment
Posted: 25 Oct 2026
MACRO DRAGON INTERNATIONAL COMPANY LIMITED
23 Oct 2026
တည်ဆောက်ရေး Project များကို Site တွင် ကြီးကြပ်ဆောင်ရွက်ခြင်း။ Actual Estimate နှင့် Quantity Take-off များကို တိကျစွာ တွက်ချက်ပြင်ဆင်ခြင်း။ ဆောက်လုပ်ရေးလုပ်ငန်းများကို Drawing နှင့် Specification များအတိုင်း အရည်အသွေးပြည့်မီစွာ အကောင်အထည်ဖော်နိုင်ရန် ကြီးကြပ်ခြင်း။ Contractor များ၊ လုပ်သားများနှင့် ပူးပေါင်းညှိနှိုင်း၍ လုပ်ငန်းများ အချိန်မီပြီးစီးစေရန် စီမံဆောင်ရွက်ခြင်း။ Site Progress Report များကို အချိန်နှင့်တစ်ပြေးညီ တင်ပြခြင်း။ နယ်ဒေသများသို့ ခရီးသွား၍ Project Site များတွင် တာဝန်ထမ်းဆောင်နိုင်ရမည်။
Benefits: အချိန်မှန် - ရက်မှန်ကြေး
Posted: 23 Oct 2026
Leading Manufacturing Company
Kyeemyindaing | Yangon . Yangon .
22 Oct 2026
သတ်မှတ်ထားသော Construction Site များတွင် နေ့စဉ်ဆောက်လုပ်ရေးလုပ်ငန်းများကို ကြီးကြပ်စစ်ဆေးခြင်း။ Approved Drawings၊ Specifications နှင့် လုပ်ငန်းစံနှုန်းများအတိုင်း ဆောက်လုပ်နေမှု ရှိ/မရှိ စစ်ဆေးခြင်း။ လုပ်သားများ၊ Subcontractors များနှင့် လုပ်ငန်းခွင်တာဝန်ရှိသူများ၏ လုပ်ငန်းဆောင်ရွက်မှုကို ညှိနှိုင်းကြီးကြပ်ခြင်း။ လုပ်ငန်းတိုးတက်မှု၊ အသုံးပြုသောပစ္စည်းများနှင့် လုပ်ငန်းခွင်အခြေအနေများကို နေ့စဉ်မှတ်တမ်းတင်ခြင်း။ လုပ်ငန်းအရည်အသွေးကို စစ်ဆေးပြီး ချို့ယွင်းချက်များတွေ့ရှိပါက သက်ဆိုင်ရာအရာရှိထံ တင်ပြခြင်းနှင့် ပြုပြင်ဆောင်ရွက်စေခြင်း။ ဆောက်လုပ်ရေးလုပ်ငန်းခွင် ဘေးကင်းလုံခြုံရေးစည်းမျဉ်းများကို လိုက်နာစေရန် ကြီးကြပ်ခြင်း။ လိုအပ်သော Construction Materials များကို စစ်ဆေးခြင်းနှင့် ပစ္စည်းအသုံးပြုမှုကို စောင့်ကြည့်ခြင်း။ လုပ်ငန်းအချိန်ဇယားအတိုင်း ပြီးစီးနိုင်ရန် နေ့စဉ်လုပ်ငန်းများကို စီစဉ်ဆောင်ရွက်ခြင်း။
Benefits: Bonus
Posted: 22 Oct 2026
GNE Co.,Ltd
15 Oct 2026
After-sales service နှင့်ပါတ်သက် သော customer လိုအပ်ချက်များကို ကူညီဆောင်ရွက် ပေးရမည်။ Customer မှ Service လာရောက်အပ်နှံသော Device ကို Error ကိုစစ်ဆေး ပီး သက်ဆိုင်ရာ Service ဌာန ကို Report တင်ပေးရမည်။ ဝန်ဆောင်မှုပေးထားသည့် Customer မှတ်တမ်းများ၊ အချက်အလက်များ နှင့် ပြုပြင်ထိန်းသိမ်းမှု မှတ်တမ်းများကို သက်ဆိုင်ရာ Manager ကို report တင်ရမည်။
Posted: 15 Oct 2026
Bright Corner
Tamwe | Yangon Yangon
တာမွေ၊ ရန်ကုန်တိုင်းတွင်ရှိသော အချိန်ပြည့် Machine Operator (သို့မဟုတ် စက်ပိုင်းဆိုင်ရာထိန်းချုပ်သူ) ရာထူး 2 နေရာစာအတွက် အထူးအခွင့်အရေး၊ လုပ်သက် - အတွေ့အကြုံမရှိ နှင့် လစဉ် လစာကောင်းကောင်းပေးမည်။
Benefits: အခြေခံလစာ + ရက်မှန်ကြေး+ OT
Best Guiding Star Co Ltd
14 Oct 2026
Site တွင် အသုံးပြုသည့် ဆောက်လုပ်ရေး ပစ္စည်းများအဝင်/အထွက် စစ်ဆေးမှတ်တမ်းတင်ရန်။ ပစ္စည်းများကို အမျိုးအစားအလိုက် စနစ်တကျ သိမ်းဆည်းရန်။ ပစ္စည်းလက်ကျန်နှင့် ပျောက်ဆုံး,ပျက်စီးမှုများ စစ်ဆေးရန်။ Site Engineer/QS/Construction Engineer တို့နှင့် ပူးပေါင်းဆောင်ရွက်ရန်။ Store နှင့် ပတ်သက်သော Daily Report များပြုစုတင်ပြရန်။
Benefits: လစာ+ အချိန်ပိုကြေး အလုပ်ချိန် - မနက် ၈း၃၀ မှ ညနေ ၅း၃၀ ပိတ်ရက် - တနင်္ဂနွေ နှင့် အစိုးရရုံးပိတ်ရက်များ
Posted: 14 Oct 2026
Shwe Pyi Nyunt Co., Ltd.
Kamaryut | Yangon Yangon
ခွဲထွင်း နှင့် PVC PPR ပိုက်များ သွယ်တန်းတတ်ရမည်. PVC PPR ပိုက်များ သွယ်တန်းတတ်ရမည်.
Plumping System Installation လုပ်ငန်းများ လုပ်ဆောင်ရမည် Sanitary System Installation လုပ်ငန်းများ တတ်မြောက်ရမည်.
Single Line လုပ်ငန်းအား နားလည်ရမည် DB Installaton လုပ်နိုင်ရမည် Trunking များ တတ်ဆင်နိုင်ရမည် Switch Socket များ တပ်ဆင်နိုင်ရမည်