မြန်မာ
Get more Job Offers...
Download the App now!
Filter By:
Job Function
Location
Industry
EXP: LEVEL
AWARDS
Minimum Salary
Repat / Expat
1,011 Found & More Posts
1,011Found & More Posts
Sort by
Sort by:
You will notified when more similar jobs are posted.
Please update your Job Alert dashboard and try again.
Bumble Bee Professionals Co., Ltd
Mayangone | Yangon Yangon
06 Jul 2026
Job Summary Bumble Bee Professionals Co., Ltd အတွက် Mayangone, Yangon တွင် သန့်ရှင်းသပ်ရပ်မှုကို တာဝန်ယူထိန်းသိမ်းမည့် သန့်ရှင်းရေးဝန်ထမ်းအား ခေါ်ယူလျက်ရှိပါသည်။ စည်းကမ်းရှိစွာ လုပ်ကိုင်နိုင်ပြီး အဖွဲ့လိုက် ပူးပေါင်းလုပ်ဆောင်နိုင်သူများ လျှောက်ထားနိုင်ပါသည် ● လိုအပ်သည့်အခါ ပစ္စည်းရွှေ့ပြောင်းခြင်းနှင့် ရိုးရှင်းသော အထောက်အကူလုပ်ငန်းများတွင် ကူညီရန် ● လုပ်ငန်းခွင် ဘေးကင်းရေးစည်းကမ်းများနှင့် ကုမ္ပဏီညွှန်ကြားချက်များကို လိုက်နာရန် Key Responsibilities ● ရုံးခန်း၊ အများသုံးနေရာများနှင့် လုပ်ငန်းခွင်များကို နေ့စဉ် သန့်ရှင်းသပ်ရပ်အောင် ထိန်းသိမ်းရန် ● အမှိုက်စွန့်ပစ်မှု၊ သန့်ရှင်းရေးပစ္စည်းများ စနစ်တကျ အသုံးပြုထိန်းသိမ်းရန် ● အိမ်သာ၊ ရေချိုးခန်းနှင့် အသုံးများသောနေရာများကို သန့်ရှင်းမှု စံနှုန်းအတိုင်း စစ်ဆေးပြုပြင်ရန်
Benefits: - ရက်မှန်ကြေး-၅၀,၀၀၀ - ခရီးစရိတ်-၃၀,၀၀၀ - Uniform - OT - Performance Bonus/Living Allowance - အဆောင်စီစဉ်ပေးပါမည်။ - နားရက် - တစ်ပတ် (၁)ရက်။
Posted: 06 Jul 2026
Danayarzar Group of Companies
11 Jun 2026
- သန့်ရှင်းရေး အလုပ်အတွေ့အကြုံရှိရပါမည်။ - သွပ်သွပ်လပ်လပ် နှင့် အလုပ်ကို စေ့စပ်သေချာစွာ လုပ်ကိုင်နိုင်ရပါမည်။ - ရုံးခန်းများနှင့် ရုံးပတ်ဝန်းကျင်ကိုပါ သန့်ရှင်းအောင် လုပ်ကိုင်ပေးရပါမည်။
Benefits: အလုပ်ချိန် - မနက် 8:45 AM to 5:00 PM အလုပ်ဆင်းရက် - တနင်္လာနေ့ မှ စနေနေ့( နေ့တစ်ဝက်) အလုပ်ပိတ်ရက် - စနေနေ့တစ်ဝက်၊ တနင်္ဂနွေနေ့ နှင့် အစိုးရရုံးပိတ်
Posted: 11 Jun 2026
CHANNEL-5
Kamaryut | Yangon Yangon
07 Jul 2026
၁။ လုံခြုံရေးတာဝန်မရှိပါက သန့်ရှင်းရေးလုပ်ရမည်။ ၂။ နေ့စဥ် လူအဝင်အထွက်၊ယာဥ်အဝင်အထွက် စာရင်းများမှတ်ရမည်။ တစ်နေ့တာလုပ်ဆောင်ချက်အား မြန်မာလို ကောင်းမွန် စွာရေး၍တင်ပြနိုင်ရမည်။ ၃။ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ ရုံးဌာနများပစ္စည်းများအား ပျက်စီးရှုံးဆုံးမှု မဖြစ်ပွားစေရန် ဂရုတစိုက် စစ်ဆေးလှည့်လည်ဆောင်ရွက်နိုင်သူ ဖြစ်ရမည်။ ၄။ လက်ကိုင်ဖုန်းကျွမ်းကျင်စွာ အသုံးပြုနိုင်ရမည်။ ၅။ အလုပ်ချိန်တွင်းချမှတ်ထားသည့်စည်းကမ်းလိုက်နာနိုင်ရမည်။ ၆။ သတ်မှတ်ထားသောမြို့နယ်တွင် တာဝန်ထမ်းဆောင်နိုင်ရမည်။
Benefits: ခံစားခွင့်များ အစမ်းခန့်လစာ - ၄၀၀,၀၀၀ ကျပ် အတည်ခန့်လစာ - ၅၀၀,၀၀၀ ကျပ် - Uniform and accessories support
Posted: 07 Jul 2026
U Hton Gold & Jewelry
Lanmadaw | Yangon Yangon
- ဆိုင်နှင့်လုပ်ငန်း အတွင်းအပြင် နေရာအားလုံးကို လုံခြုံရေး စောင့်ကြည့် ထိန်းသိမ်းနိုင်ခြင်း - ဖောက်သည်နှင့် ဆိုင်မှဝန်ထမ်းများကို ဖော်ရွေစွာ ဆက်ဆံနိုင်ခြင်း - အရေးပေါ် အခြေနေများတွင် လိုအပ်သလို တုံ့ပြန်ဆောင်ရွက်နိုင်ခြင်း - ဆိုင်အတွင်းရှိ ပစ္စည်းများ ခိုးယူခြင်း၊ လုယုခြင်း၊ အပိုင်စီးခြင်းတို့မှ စောင့်ရှောက်ကာကွယ်ခြင်း - လုံခြုံရေးမှတ်တမ်းများကို ပြုစုထိန်းသိမ်းခြင်း
Benefits: - လုပ်ရည်ကိုင်ရည်အပေါ် မူတည်ပြီး ဘောနပ်စ်များ ပေးသည် - ကျန်းမာရေး အကျိုးခံစားခွင့်များ ရှိသည် - တနင်္ဂနွေနေ့တိုင်း ဆိုင်ပိတ်သည်
Prime International School
South Okkalapa | Yangon Yangon
30 Jun 2026
ကျောင်းဝင်းအတွင်းနှင့် ကျောင်းသားများ၏ လုံခြုံရေးကို အပြည့်အဝ တာဝန်ယူစောင့်ကြပ်ရန်။ ကျောင်းသို့လာရောက်သော မိဘများနှင့် ဧည့်သည်များကို စနစ်တကျ စစ်ဆေးပြီး ယဉ်ကျေးစွာ ကြိုဆိုရန်။ ဧည့်သည်များ၏ မှတ်ပုံတင်နှင့် အဝင်အထွက်စာရင်းကို စနစ်တကျ မှတ်တမ်းတင်ရန်။ ကျောင်းပတ်ဝန်းကျင် ယာဉ်လမ်းကြောင်းများ ပိတ်ဆို့မှုမရှိစေရန် ရှင်းလင်းပေးခြင်းနှင့် ယာဉ်ရပ်နားရန် (Parking) စနစ်တကျ နေရာချထားပေးရန်။ ကျောင်းဆင်းချိန်တွင် ကျောင်းဝင်းအတွင်း လူကျန်ရှိမှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် ဂိတ်တံခါးများ လုံခြုံစွာ သော့ခတ်ခြင်းကို တာဝန်ယူရန်။ ကျောင်းဝင်းအတွင်း ပစ္စည်းများ ပျက်စီး၊ပျောက်ဆုံးမှု မဖြစ်စေရေး တာဝန်ယူစောင့်ကြည့်ရန်။ ကျောင်းဝင်းအတွင်း မည်သည့်အန္တာရယ်မှ မဖြစ်ပေါ်စေရေး စောင့်ကြပ်ကြည့်ရှုရန်။
Benefits: လုံလောက်သော နားရက်ရရှိခြင်း Uniform ပေးခြင်း ထောက်ပံ့ကြေး နှစ်စဉ် ဘောနပ် အကျိုးခံစားခွင့်များ
Posted: 30 Jun 2026
Garmanit Car Sales Center
Yankin | Yangon Yangon
အလုပ်အကျဉ်းချုပ် ကျွန်ုပ်တို့၏ Showroom နှင့် ပိုင်ဆိုင်မှုများ၏ လုံခြုံရေးကို ထိန်းသိမ်းပေးနိုင်မည့် လုံခြုံရေးဝန်ထမ်း (Security Guard) (3) ဦးကို ခန့်အပ်လိုပါသည် လျှောက်ထားသူသည် Showroom အတွင်းနှင့် အပြင်ရှိ လုံခြုံရေးကို စောင့်ကြည့်ထိန်းသိမ်းခြင်း၊ ဝင်ထွက်သွားလာသူများကို စစ်ဆေးခြင်း၊ ပိုင်ဆိုင်မှုများကို ကာကွယ်ခြင်းနှင့် လုံခြုံရေးဆိုင်ရာ စည်းမျဉ်းများကို လိုက်နာဆောင်ရွက်ရမည်ဖြစ်သည်။ အဓိကတာဝန်များ Showroom နှင့် ပိုင်ဆိုင်မှုများ၏ လုံခြုံရေးကို စောင့်ကြည့်ထိန်းသိမ်းရန်။ ဝင်ထွက်သွားလာသူများနှင့် ယာဉ်များကို လိုအပ်သလို စစ်ဆေးမှတ်တမ်းတင်ရန်။ သံသယဖြစ်ဖွယ် အခြေအနေများ၊ မတော်တဆမှုများ သို့မဟုတ် လုံခြုံရေးဆိုင်ရာ ဖြစ်စဉ်များကို တာဝန်ရှိသူထံ ချက်ချင်းအကြောင်းကြားရန်။ သတ်မှတ်ထားသော နေရာများကို ပုံမှန်လှည့်လည်စစ်ဆေး (Patrol) ပြုလုပ်ရန်။ Showroom ဖွင့်ချိန်နှင့် ပိတ်ချိန်တွင် တံခါးများ၊ ဂိတ်များနှင့် အဆောက်အဦကို စစ်ဆေးရန်။ Customer များနှင့် ဧည့်သည်များကို ယဉ်ကျေးပျူငှာစွာ လမ်းညွှန်ကူညီပေးရန်။ အရေးပေါ်အခြေအနေများတွင် ကုမ္ပဏီ၏ လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်ရန်။ မန်နေဂျာမှ ပေးအပ်သော လုံခြုံရေးဆိုင်ရာ အခြားတာဝန်များကို ဆောင်ရွက်ရန်။
Benefits: .
Lucky Diamond
Pabedan | Yangon Yangon
22 Jun 2026
အခြေခံပညာ အလယ်တန်းအဆင့်ရှိသူ (သို့မဟုတ်)စာရေးတတ်ဖတ်တတ်သူဖြစ်ရမည်။ အသက် (၃၅) နှစ်မှ (၅၀) နှစ် အတွင်းရှိသူ ဖြစ်ရမည်။ ကျန်းမာသန်စွမ်းသူ ဖြစ်ရမည်။ ရိုးသား၍ အကျင့်စာရိတ္တ ကောင်းမွန်သူ ဖြစ်ရမည်။ လုပ်ငန်းချိန် အတွင်း မူးယစ်ဆေးဝါး၊ အရက်၊ ကွမ်းယာ၊ ဆေးလိပ် ကင်းရှင်းသူ ဖြစ်ရမည်။ ချမှတ်ထားသော စည်းကမ်းများအား လိုက်နာနိုင်သူ ဖြစ်ရမည်။ အသင်းအဖွဲနှင့် လုပ်ကိုင်နိုင်သူ ဖြစ်ရမည်။ နေ့စဉ်လုပ်ငန်းဆောင်တာ များကို daily report ပေးနိုင်ရမည်။ နေ့ဆိုင်း/ညဆိုင်းတာဝန်အလှည့်ကျ ဆင်းနိုင်ရမည်။
Benefits: Yearly Bonus Yearly Increasement Uniform
Posted: 22 Jun 2026
MPA International School
Bahan | Yangon Yangon
14 May 2026
ရုံးအတွင်း/ အပြင် လုံခြုံမှုရှိစေရန် ဆောင်ရွက်ခြင်း။ ကား အဝင်/ အထွက် ကူညီဆောင်ရွက်ခြင်း။ ဝန်ထမ်းများ လုံခြုံရေးအတွက် ဆောင်ရွက်ပေးခြင်း။ အဆောက်အအုံအတွင်း အဝင်/ အထွက်မှတ်တမ်းများ ရယူခြင်း။ လုံခြုံရေးဆိုင်ရာ တင်ပြချက်များ လုပ်ဆောင်ခြင်း။ ပတ်ဝန်းကျင်သန့်ရှင်းရေးကိုလည်း ပိတ်ရက်တွင် လိုအပ်သလိုဆောင်ရွက်ရမည်။ အလုပ်ချိန်တွင်းချမှတ်ထားသည့်စည်းကမ်းလိုက်နာနိုင်ရမည်။ ကျားဝန်ထမ်းများအနေဖြင့် ညအချိန် patrol (လှည့်စစ်) လုပ်ခြင်း မလုံခြုံမှုဖြစ်နိုင်သော အခြေအနေများကို ကြိုတင်သတိပေးခြင်း ဖြစ်ပွားလာသည့် အရေးပေါ်အခြေအနေများအတွက် အကြောင်းကြားခြင်း၊ အကူအညီပေးခြင်း ရုံးဌာနများပစ္စည်းများအား ပျက်စီးရှုံးဆုံးမှု မဖြစ်ပွားစေရန် ဂရုတစိုက် စစ်ဆေးလှည့်လည်ဆောင်ရွက်နိုင်သူ ဖြစ်ရမည်။
Benefits: နေ့လည်စာ ကော်ဖီ ခရီးစရိတ် အချိန်ပိုကြေး ဘောနပ်စ်
Posted: 14 May 2026
IME Group
Hlaingtharya | Yangon Yangon
08 Jul 2026
ဥယျာဉ်နှင့် ရှုခင်းအလှပြင်လုပ်ငန်းများကို ရေးဆွဲစီစဉ်ခြင်း၊ အပင်စိုက်ပျိုးမှုအစီအစဉ်များ ချမှတ်ဆောင်ရွက်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို စီမံခန့်ခွဲခြင်း။ ဥယျာဉ်၊ မြက်ခင်း၊ သစ်ပင်နှင့် ပန်းပင်များကို သန့်ရှင်းလှပပြီး ကျန်းမာစွာ ကြီးထွားနိုင်ရန် ပုံမှန်ပြုပြင်ထိန်းသိမ်းခြင်း။ ရှုခင်းအလှပြင်ဝန်ထမ်းများ၏ နေ့စဉ်လုပ်ငန်းအစီအစဉ်များကို ရေးဆွဲ၍ တာဝန်များကို သင့်လျော်စွာ ခွဲဝေစီမံခြင်း။ ရေသွင်းစနစ်၊ မြေဩဇာနှင့် ပိုးသတ်ဆေး အသုံးပြုမှုများကို သတ်မှတ်စံနှုန်းများနှင့်အညီ စနစ်တကျ ကြီးကြပ်ထိန်းသိမ်းခြင်း။ အပင်များ၏ ကျန်းမာရေးအခြေအနေ၊ မြေဆီလွှာအရည်အသွေး၊ ပိုးမွှားကာကွယ်နှိမ်နင်းရေးလုပ်ငန်းများနှင့် လုပ်ငန်းသုံးစက်ကိရိယာများကို ပုံမှန်စစ်ဆေး၍ ပြုပြင်ထိန်းသိမ်းခြင်း။
Benefits: - ထမင်းစားရိတ် - ဘတ်ကားခ - ဖုန်းဘေလ် - အချိန်ပိုကြေး - နှစ်စဉ် Bonus
Posted: 08 Jul 2026
Camel Int'l Co.,Ltd
ဂိုဒေါင်အတွင်း ကုန်ပစ္စည်းများကို ချခြင်း ၊တင်ခြင်းနှင့် ရွေ့ပြောင်းခြင်းတို့ကိုဆောင်ရွက်ရန်။ ကုန်ပစ္စည်းများကိုသတ်မှတ်ထားသောနေရာများတွင်စနစ်တကျစီစဉ်သိုလှောင်ရန်။ ဂိုဒေါင်အတွင်းသန့်ရှင်းရေး ၊လုံခြုံရေးနှင့်စနစ်တကျထားရှိရေးကိုထိန်းသိမ်းရန်။ ကုန်စျေးတန်း ဆိုင်ခွဲ တွင် တာ၀န်ထမ်းဆောင်ရမည်
Thuriya Win Int'l Co.,Ltd (Nagar Pyan Tea)
စားသောက်ကုန်ပစ္စည်းများအား ကားပေါ်သို့ တင်/ချရန် စနစ်တကျ စီစဉ်ထားရှိရန် ကားဖြင့် ပစ္စည်းများအား လိုက်ပါ ပို့ဆောင်ပေးရန် လိုအပ်သော ရုံးကိစ္စများအား ဝိုင်းဝန်းဆောင်ရွက်ရန်
Benefits: အဆင့်တိုး လစာတိုး - ကားခ - အချိန်ပိုကြေး
Baho Pipe Shop
- ဆိုင်သို့ရောက်ရှိလာသော ပိုက်မျိုးစုံ နှင့် ဆက်စပ်ပစ္စည်းများကို ကားပေါ်မှ ချခြင်း၊ တင်ခြင်းနှင့်သတ်မှတ်နေရာများသို့ ရွှေ့ပြောင်းခြင်း။ - ဝယ်ယူသူများ အလိုရှိသော အရှည်အတိုင်း ပိုက်များကို လိုအပ်သလိုတိုင်းတာဖြတ်တောက်ပေးရမည်။ - လုပ်ငန်းခွင်အတွင်း သန့်ရှင်းသပ်ရပ်စေရန်နှင့် အန္တရာယ်ကင်းစေရန်အတွက် နေ့စဉ်သန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ရမည်။ - ဆိုင်မှ ပစ္စည်းပို့ဆောင်ရာတွင် လိုက်ပါကူညီခြင်းနှင့် အထက်လူကြီးမှ ခိုင်းစေသောအခြားအထွေထွေလုပ်ငန်းများကို လုပ်ဆောင်ရမည်။ - ဆိုင်နှင့် ဂိုဒေါင်အတွင်းရှိ ပစ္စည်းများကို အမျိုးအစားအလိုက်၊ ဆိုဒ်အလိုက် သပ်သပ်ရပ်ရပ်ရှိစေရန် အမြဲမပြတ် စီရမည်။
Prime Looks Apparel
Mingaladon | Yangon Yangon
03 Jul 2026
•ရရှိလာသော ပစ္စည်းများကို သတ်မှတ်ထားသော နေရာများတွင် စနစ်တကျ သိုလှောင်စီစဉ်ခြင်း။ •ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ခြင်း၊ အတင်/အချ ပြုလုပ်ခြင်းတို့ကို တက်ကြွစွာ လုပ်ဆောင်ခြင်း။ •လစဉ် Stock Count ပြုလုပ်ခြင်းနှင့် Inventory စစ်ဆေးခြင်းလုပ်ငန်းများတွင် ပါဝင်ကူညီခြင်း။ •Warehouse အတွင်း သန့်ရှင်းသပ်ရပ်မှုရှိစေရန်နှင့် သတ်မှတ်ထားသော စည်းကမ်းများကို လိုက်နာထိန်းသိမ်းခြင်း။
Benefits: Uniform Additional Allowance
Posted: 03 Jul 2026
KBZ Bank
North Okkalapa | Yangon Yangon
02 Jul 2026
ကမ္ဘောဇဘဏ်လီမိတက်၊ ရန်ကုန်၊မန္တလေး နှင့် နေပြည်တော် အတွက် လုံခြုံရေး ရာထူးနေရာများ ခန့်ထားနိုင်ရန် အောက်ပါအရည်အချင်းနှင့်ပြည့်စုံသူများ လျှောက်ထားနိုင်ပါသည်။ လုံခြုံရေးဝန်ထမ်းအဖြစ်လျှောက်ထားလိုသူများသည်- ကျန်းမာသန်စွမ်း၍ အမြင်အာရုံကောင်းသူ လုံခြုံရေးတာဝန်များကို နေ့/ည တာဝန်ထမ်းဆောင်နိုင်သူ ဘဏ်မှသင်ကြားပေးမည့် လုံခြုံရေးသင်တန်းများကို တက်ရောက်နိုင်သူ
Benefits: - လစာ - အမြဲတမ်းဝန်ထမ်းအခွင့်အရေးရှိခြင်း
Posted: 02 Jul 2026
ArYu International Healthcare Co.,Ltd
Tamwe | Yangon Yangon
01 Jul 2026
စောင့်ကြည့်စစ်ဆေးခြင်းနှင့် ကင်းလှည့်ခြင်း (Patrolling & Monitoring) ဆေးရုံအဆောက်အအုံအတွင်း၊ အပြင်၊ လူနာဆောင်များ၊ အရေးပေါ်ဌာန (ER) နှင့် ကားပါကင် နေရာများကို သတ်မှတ်ထားသော အချိန်အလိုက် ပုံမှန်ပတ်ချာလည် ကင်းလှည့်စစ်ဆေးရမည်။ CCTV ကင်မရာများကို စောင့်ကြည့်ပြီး မသင်္ကာဖွယ်ရာ လှုပ်ရှားမှုများ၊ အန္တရာယ်ရှိနိုင်သော အခြေအနေများကို အချိန်နှင့်တပြေးညီ သိရှိအောင် ဆောင်ရွက်ရမည်။ ဝင်/ထွက် ကြီးကြပ်ခြင်း (Access Control) ဆေးရုံအတွင်း ဝင်ထွက်သွားလာနေသော လူနာရှင်များ၊ လာရောက်မေးမြန်းသူများနှင့် ပြင်ပကန်ထရိုက်တာများကို စနစ်တကျ စစ်ဆေးခြင်း၊ လာရောက်သူ မှတ်တမ်းစာအုပ် (Visitor Log) တွင် မှတ်တမ်းတင်ခြင်းများ ပြုလုပ်ရမည်။ လူနာကြည့်ရှုခွင့် အချိန် (Visiting Hours) များကို စနစ်တကျ ထိန်းသိမ်းရမည်ဖြစ်ပြီး၊ သတ်မှတ်ထားသော လူနာစောင့်အရေအတွက်ထက် ပိုမိုဝင်ရောက်ခြင်းမရှိစေရန် ကြီးကြပ်ရမည်။ ယာဉ်ကြောနှင့် ကားပါကင် စီမံခန့်ခွဲခြင်း (Traffic & Parking Management) ဆေးရုံ အရေးပေါ်ကားလမ်း (Ambulance Lane) တွင် အခြားမော်တော်ယာဉ်များ ပိတ်ဆို့မှုမရှိစေရန်နှင့် အရေးပေါ်လူနာတင်ယာဉ်များ အချိန်မရွေး လွယ်ကူစွာ ဝင်/ထွက်နိုင်ရန် လမ်းကြောင်းရှင်းလင်းပေးရမည်။ ဆရာဝန်များ၊ ဝန်ထမ်းများနှင့် လူနာရှင်များ၏ ကား/ဆိုင်ကယ်များကို သတ်မှတ်ထားသော ပါကင်နေရာများတွင် စနစ်တကျ ရပ်နားနိုင်အောင် ကူညီနေရာချပေးရမည်။ အရေးပေါ်အခြေအနေ တုံ့ပြန်ခြင်း (Emergency Response) ဆေးရုံအတွင်း ခိုးယူမှု၊ ရန်ဖြစ်ခိုက်ရန်ဖြစ်ပွားမှု သို့မဟုတ် မကျေနပ်သော လူနာရှင်များ၏ ရုန်းရင်းဆန်ခတ်ဖြစ်မှုများကို ဥပဒေနှင့်အညီ ငြိမ်းချမ်းစွာ ကြားဝင်ထိန်းသိမ်းပေးရမည်။ မီးလောင်မှု သို့မဟုတ် အခြားသဘာဝဘေးအန္တရာယ်များ ဖြစ်ပွားပါက လူနာများနှင့် ဝန်ထမ်းများကို ဘေးကင်းရာသို့ လမ်းညွှန်ရွှေ့ပြောင်းပေးခြင်း (Evacuation) နှင့် မီးသတ်စနစ်များကို အသုံးပြု၍ ဦးစွာပထမ ငြိမ်းသတ်ခြင်းများ ပြုလုပ်ရမည်။ မှတ်တမ်းတင်ခြင်းနှင့် အစီရင်ခံခြင်း (Reporting) မိမိတာဝန်ကျချိန်အတွင်း ထူးခြားဖြစ်စဉ်များ၊ ပျက်စီးဆုံးရှုံးမှုများနှင့် မသင်္ကာဖွယ်ရာ ကိစ္စရပ်များကို လုံခြုံရေးမှတ်တမ်းစာအုပ်တွင် သေချာစွာရေးမှတ်ပြီး အထက်လူကြီးထံ အစီရင်ခံရမည်။
Benefits: ထမင်းစရိတ် ရက်မှန်ကြေး အချိန်ပိုကြေး ဖယ်ရီကြို/ပို့ နှစ်စဉ် ဘောနပ် အကျိုးခံစားခွင့်များ ဆေးကုသမှု အကျိုးခံစားခွင့် (ကုမ္ပဏီစည်းမျဥ်းအတိုင်း)
Posted: 01 Jul 2026
သန့်ရှင်းရေးနှင့် ပိုးသတ်ခြင်း (Cleaning & Sanitation) ဆေးရုံအတွင်းရှိ လူနာဆောင်များ၊ လူနာခန်းများ၊ စင်္ကြံများ၊ အိမ်သာများနှင့် အများပြည်သူသုံးနေရာများကို သတ်မှတ်ထားသော ပိုးသတ်ဆေးများ သုံးစွဲ၍ သန့်ရှင်းရေး ပြုလုပ်ရမည်။ ဆေးရုံသုံး ပရိဘောဂများ၊ ကုတင်များ၊ ပြတင်းပေါက်များနှင့် တံခါးလက်ကိုင်များကို ပုံမှန် ပိုးသတ်သန့်စင်ရမည်။ စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲခြင်း (Waste Management) ဆေးရုံထွက် အမှိုက်များကို သတ်မှတ်ထားသော စည်ပင်အမှိုက် နှင့် ဆေးရုံသုံး ဆေးဘက်ဆိုင်ရာအမှိုက် (Clinical Waste) ဟု သေချာစွာ ခွဲခြားစွန့်ပစ်ရမည်။ အမှိုက်ပုံးများ ပြည့်ပါက အချိန်မှန်လဲလှယ်ပေးရမည်။ လူနာနှင့် ဝန်ထမ်းများကို ကူညီခြင်း (Patient & Staff Support) လိုအပ်ပါက လူနာများကို ဝှီးချဲ (Wheelchair) သို့မဟုတ် လူနာတွန်းကုတင် (Stretcher) များဖြင့် အတင်/အချ ပြုလုပ်ရာတွင် ကူညီပေးရမည်။ ဆေးရုံဓာတ်ခွဲခန်း သို့မဟုတ် ဆေးခန်းများအကြား ဓာတ်မှန်ဖလင်၊ သွေးနမူနာ သို့မဟုတ် လူနာမှတ်တမ်းတွဲများကို လုံခြုံစွာ သွားရောက်ပို့ဆောင်ပေးရမည်။ ပစ္စည်းများ သယ်ယူပို့ဆောင်ခြင်း (Logistics Support) ဆေးရုံသုံး ပိတ်စများ (အိပ်ရာခင်း၊ စောင်၊ ခေါင်းအုံးစွပ်) ကို အဝတ်လျှော်ဌာနသို့ ပို့ဆောင်ခြင်း၊ ပြန်လည်သိမ်းဆည်းခြင်းနှင့် လူနာကုတင်များတွင် အသစ်လဲလှယ်ပေးခြင်းတို့ကို ပြုလုပ်ရမည်။ ဆေးရုံ သိုလှောင်ရုံ (Store) မှ ဆေးဝါးနှင့် ဆေးရုံသုံးပစ္စည်းများကို သတ်မှတ်ထားသော ဌာနအသီးသီးသို့ ရွှေ့ပြောင်းသယ်ယူပေးရမည်။ အထွေထွေလုပ်ငန်းများ (General Tasks) ဆေးရုံ အဆောက်အအုံအတွင်း တစ်ခုခု ပျက်စီးယိုယွင်းနေသည်ကို တွေ့ရှိပါက (ဥပမာ - ရေပိုက်လိုင်းယိုစိမ့်ခြင်း၊ မီးသီးပျက်ခြင်း) သက်ဆိုင်ရာ စီမံရေးရာဌာနသို့ ချက်ချင်း အကြောင်းကြားရမည်။ အထက်လူကြီးမှ ပေးအပ်သော အခြားအထွေထွေ အကူအညီပေးရမည့် တာဝန်များကို ထမ်းဆောင်ရမည်။
(၁) ဝန်ထမ်းများစီမံအုပ်ချုပ်သည့်အပိုင်း။ (၂) လုပ်ငန်းခွင့်ကြီးကြပ်ရသည့်အပိုင်း (၃) ဌာနသုံး ပစ္စည်းများ ထိန်းသိမ်းရသည့်အပိုင်း (၄) လစဉ်လတိုင်း HR Manager မှပြုလုပ်သောအစည်းအဝေးအားတက်ရောက်၍ လုံခြုံရေးဝန်ထမ်းများ၏ ကိစ္စရပ်များနှင့် လုံခြုံရေးဌာနအတွက် လိုအပ်သည်များအားတင်ပြရပါသည်။ (၅) ပြင်ပဧည့်သည် Complain ဖြေရှင်းခြင်း (၆) ကင်းလှည့်စစ်ဆေးခြင်း (၇) နေ့စဉ် နေ့တိုင်း လုံခြုံရေး လူဦးရေး၊ တစ်နေ့တာလုံခြုံရေးများ၏ လုပ်ငန်းဆောင်တာများနှင့် နေ့စဉ် လိုအပ်ချက်များ၊ ထူးခြားဖြစ်စဉ်များအား General Support Manager နှင့် Deputy Medical Superintendent တို့အား နှုတ်ဖြင့်သော်လည်းကောင်း၊ စာဖြင့်သော်လည်းကောင်း၊ Line App ဖြင့်သော်လည်းကောင်း တင်ပြရပါသည်။
စာသင်ခန်းများ၊ ရုံးခန်းများနှင့် ကျောင်းဝင်းအတွင်း နေ့စဉ် ပုံမှန် တံမြက်စည်းလှည်းခြင်း၊ ကြမ်းတိုက်ခြင်းနှင့် အမှိုက်ကောက်ခြင်းများကို သန့်ရှင်းသပ်ရပ်စွာ လုပ်ဆောင်ရန်။ သန့်စင်ခန်းများ (Restrooms) ကို အနံ့အသက်ကင်းစင်ပြီး အမြဲသန့်ရှင်းနေစေရန် အချိန်မှန် ဆေးကြောသန့်စင်ရန်။ ကျောင်းသုံးပရိဘောဂများ၊ မှန်များ၊ စားပွဲများနှင့် အခြားအသုံးအဆောင်များကို ဖုန်သုတ်သန့်စင်ရန်။ အမှိုက်များကို စနစ်တကျ စွန့်ပစ်ရန်နှင့် သန့်ရှင်းရေးသုံးပစ္စည်းများ (ဆပ်ပြာ၊ တစ်ရှူး) ကုန်ခါနီးပါက ရုံးခန်းသို့ ကြိုတင်အကြောင်းကြားရန်။
Benefits: ထောက်ပံ့ကြေး နှစ်စဉ် ဘောနပ် အကျိုးခံစားခွင့်များ တနင်္ဂနွေ နှင့် အစိုးရရုံးပိတ်ရက်ပိတ်ရက်များပိတ်ပါသည်။
Century Beverage Company Limited
လှိုင်သာယာမြို့နယ်ရှိ Century Beverage Company တွင် Full Time လုံခြုံရေး ရာထူး (၅) နေရာစာအတွက် အထူးအခွင့်အရေး၊ လုပ်သက် - Entry Level နှင့် လစာကောင်းကောင်းပေးမည်။ ဝန်ထမ်းများ၊ ဧည့်သည်များနှင့် ယာဉ်များ၏ ဝင်/ထွက်မှုကို ထိန်းချုပ်ပြီး ခွင့်ပြုချက်ရှိသော စာရွက်စာတမ်းများနှင့် ကိုက်ညီစွာ ကုန်ပစ္စည်းဝင်ထွက်မှုများကို မှတ်တမ်းတင်စစ်ဆေးခြင်း။ ဘေးအန္တရာယ်နှင့် လုံခြုံရေးဆိုင်ရာ အန္တရာယ်များကို စောင့်ကြည့်ပြီး ချက်ချင်းအစီရင်ခံခြင်း။ တာဝန်ချိန် အပြောင်းတွင် တာဝန်များကို စနစ်တကျနှင့် ပြည့်စုံစွာ လွှဲပြောင်းပေးခြင်း။ အထက်အရာရှိမှ တာဝန်ပေးအပ်သော အခြားလုပ်ငန်းတာဝန်များကို ဆောင်ရွက်ခြင်း။
Benefits: လစာ အချိန်ပိုကြေး
ကျောင်းဝင်းတစ်ခုလုံးနှင့် အတန်းများ အမြဲသန့်ရှင်းသပ်ရပ်နေစေရန် နေ့စဉ် တာဝန်ယူရမည်။ ကျောင်းတွင်းရှိ ရေ၊ မီး နှင့် အခြား အခြေခံ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို လုပ်ဆောင်ရန် (ဥပမာ - မီးသီးလဲခြင်း၊ လေးလံသော ပရိဘောဂများ ရွှေ့ပြောင်းခြင်း၊ လှေကားအသုံးပြု၍ အမြင့်တွင် ပြုပြင်ခြင်း) ။ ကျောင်းသား/သူများ ကျောင်းလာပို့ချိန်နှင့် လာကြိုချိန်များတွင် မိဘများအား ယဉ်ကျေးပျူငှာစွာ ကူညီဆောင်ရွက်ပေးရန် (ကားတံခါးဖွင့်ပေးခြင်း၊ ထီးမိုးပေးခြင်း)။ ကျောင်းဆင်းချိန်တွင် မီးများ၊ Aircons များ ပိတ်ခြင်းနှင့် လုံခြုံရေးအရ စစ်ဆေးခြင်းများ ပြုလုပ်ရန်။ ဖော်ပြပါ တာဝန်များအပြင် ကျောင်း၏ လိုအပ်ချက်အရ အခြားသော ဝန်ဆောင်မှုလုပ်ငန်းများကိုလည်း ပူးပေါင်းလုပ်ဆောင်ရမည်။
Benefits: ထောက်ပံ့ကြေး နှစ်စဉ် ဘောနပ် အကျိုးခံစားခွင့်များ
Alpha International Company Limited
Thaketa | Yangon Yangon
အိမ်သုံးလျှပ်စစ်ပစ္စည်းများနှင့် အီလက်ထရွန်နစ်ပစ္စည်းအတင်အချ၊ ပိုဆောင်ရေးနှင့် ပြင်ဆင်ရေးလုပ်ငန်းများတွင် တက်ကြွစွာ ကူညီလုပ်ကိုင်ပေးရမည်။ Technician များနှင့်အတူ Way လိုက်ပါပြီး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးရမည်။ ပစ္စည်းများ သယ်ယူခြင်းနှင့် ပါကင်ထုတ်ပေးခြင်းများ ပြုလုပ်ရမည်။ အောက်ပါအိမ်သုံးလျှပ်စစ်ပစ္စည်းများ အတင်အချ၊ ပိုဆောင်ရေးနှင့် တပ်ဆင်/ပြင်ဆင်ရေးတို့တွင် အဓိကကူညီပေးရမည်။ - Aircon အကူ - အဝတ်လျှော်စက် အကူ - ရေသန့်စက် အကူ - TV အကူ
Benefits: အခြေခံလစာ ရက်မှန်ကြေး အချိန်ပိုကြေး အရည်အချင်းပေါ်မူတည်ပြီး ရာထူးတိုး၊ လစာတိုးများစီစဉ်ပေးခြင်း ပိတ်ရက်-တနင်္ဂနွေ နှင့် အစိုးရရုံးပိတ်ရက်များ
AA Medical Product Ltd
Mingalartaungnyunt | Yangon Yangon
အပင်များ၊ မြက်ခင်းပြင် နှင့် ဥယျာဉ်တစ်ခုလုံးအား ပျက်စီးဆုံးရှုံးမှုမရှိစေဘဲ သေချာပြုစုပျိုးထောင် ထိန်းသိမ်းရမည်။ မြက်ပင်များ နှင့် ချုံနွယ်များကို သတ်မှတ်ထားသည့် အချိန်ဇယားအတိုင်း (သို့မဟုတ်) လိုအပ်လျှင် လိုအပ်သလို ပုံမှန်ခုတ်ထွင်ရှင်းလင်းရမည်။ အပင်များ၊ မြက်ခင်းပြင်နှင့် ဥယျာဉ်ထဲရှိ အပင်များကို ပုံမှန်ရေလောင်းပေးရမည်။ Warehouse ဝင်းတစ်ခုလုံးအား အမြဲတမ်း သန့်ရှင်းသပ်ရပ်နေအောင် ရှင်းလင်းရေးလုပ်ရမည်။ အထက်လူကြီး မှ ပေးအပ်သည့် အခြားလုပ်ငန်းခွင်တာဝန်များကို လုပ်ဆောင်ရမည်။
Benefits: အချိန်ပိုခံစားခွင့်ရှိ စနေ၊ တနဂ်နွေ နှင့် အစိုးရရုံးပိတ်ရက်များ
ONE87 AUTO MYANMAR COMPANY
Thingangkuun | Yangon Yangon
-ဆိုင်သို့ရောက်ရှိလာသော ကားဘက်ထရီအသစ်များကို သယ်ယူပို့ဆောင်ခြင်းနှင့် စနစ်တကျ နေရာချထားခြင်း။ -Customer များ၏ ကားများတွင် ဘက်ထရီ အဟောင်း/အသစ် လဲလှယ်တပ်ဆင်ပေးခြင်း (လုပ်ငန်းခွင်အတွင်း သင်ကြားပေးမည်)။ -ဘက်ထရီများ၏ အားသွင်းမှုအခြေအနေနှင့် ကျန်းမာရေးအခြေအနေကို စစ်ဆေးပေးရန် ကူညီခြင်း။ -ဆိုင်အတွင်း/အပြင် သန့်ရှင်းရေးနှင့် ပစ္စည်းများ သပ်ရပ်မှုရှိအောင် ဆောင်ရွက်ရန်။
Benefits: Rewards for over performance
မော်တော်ယာဉ်များ (အတွင်း/အပြင်) ကို ပြခန်းအဆင့်မီအောင် ဆေးကြောခြင်း၊ ရေဆေးချခြင်းနှင့် အခြောက်ခံခြင်း။ ကားအတွင်းပိုင်းကို ဖုန်စုပ်စက်ဖြင့် သန့်ရှင်းရေးလုပ်ခြင်း။ လိုအပ်ပါက တာယာများကို အရောင်တင်ခြင်းနှင့် ဘီးများကို သန့်ရှင်းရေးလုပ်ခြင်း။ အရည်အသွေး ပြည့်မီမှုရှိမရှိ သေချာစေရန် သန့်ရှင်းရေးလုပ်ပြီးနောက် မော်တော်ယာဉ်များကို စစ်ဆေးခြင်း။ ဆေးကြောရေးပစ္စည်းကိရိယာများနှင့် လုပ်ငန်းခွင်ဧရိယာကို သန့်ရှင်းသပ်ရပ်ပြီး စနစ်တကျရှိအောင် ထိန်းသိမ်းခြင်း။ သန့်ရှင်းရေးသုံးပစ္စည်းများကို စောင့်ကြည့်စစ်ဆေးပြီး လက်ကျန်နည်းပါးလာပါက အစီရင်ခံတင်ပြခြင်း။ ကုမ္ပဏီ၏ ဘေးအန္တရာယ်ကင်းရှင်းရေး လုပ်ထုံးလုပ်နည်းများကို လိုက်နာပြီး သန့်ရှင်းရေးသုံး ဓာတုပစ္စည်းများကို စနစ်တကျ အသုံးပြုခြင်း။ လိုအပ်ပါက အခြားပြခန်းဝန်ထမ်းများကို မော်တော်ယာဉ်ပြင်ဆင်မှုလုပ်ငန်းများတွင် ကူညီပံ့ပိုးပေးခြင်း။ Monday to Saturday, 9:00 AM – 5:30 PM
ပစ္စည်းပို့ဆောင်ရေးအဖွဲ့မှ စစ်ဆေးပြီးဖြစ်သော ဘေလ် (Invoice) တွေ၊ လွှဲစာ (Transfer) တွေအတိုင်း ကုန်ပစ္စည်းအမျိုးအစား၊ အရေအတွက်၊ Batch/Lot နံပါတ်နဲ့ ထားရမယ့်နေရာ အတိအကျကို ကြည့်ပြီး ပစ္စည်းထုတ်ခြင်း၊ ထုတ်ပိုးခြင်းများပြုလုပ်ရမည်။ ကုမ္ပဏီရဲ့ SOP လမ်းညွှန်ချက်တွေအတိုင်း သက်တမ်းကုန်ဆုံးရက် အစောဆုံးပစ္စည်းအား အရင်ထုတ်သောစနစ် (FEFO) နှင့် ကုန်ပစ္စည်းအလှည့်ကျထုတ်သောစနစ် (Stock Rotation) ကို သေချာလိုက်နာရမယ်။ Customer များ၏ အော်ဒါတွေအတိုင်း ပစ္စည်းထုပ်ပိုးမှု အားတိကျမှန်ကန်စေရန် သေချာဂရုစိုက်ရမည်။ ကုန်ပစ္စည်းများအားပျက်စီးမှုမရှိစေဘဲ သတ်မှတ်ထားသော SOP များအတိုင်း အမျိုးအစားအလိုက် စနစ်တကျ သေသပ်စွာ ထုပ်ပိုးရမည်။ အချိန်ဇယားအတိုင်း အပူချိန် (Temperature) ကို ကိုယ်တိုင်ပုံမှန် တိုင်းတာမှတ်တမ်းတင်ရမယ်။ အအေးခန်းသုံးပစ္စည်းတွေ (Cold Chain Products) အတွက် သတ်မှတ်ထားသော ထုပ်ပိုးမှုလုပ်ထုံးလုပ်နည်းတွေကို သေချာလိုက်နာရမည်။ ပစ္စည်းများ ဘူးအထဲမှာတင် ပဲ့ကြွေပျက်စီးခြင်းမျိုး မဖြစ်စေရန် အတတ်နိုင်ဆုံး ဂရုစိုက်ရမည်။ သတ်မှတ်ထားသော ကာလအလိုက် (သို့) လိုအပ်လျင်လိုအပ်သလို ပစ္စည်းလက်ကျန်စစ်ဆေးခြင်း (Cycle Count / Stock Taking) များပြုလုပ်ရမည်။ ပိုးမွှား/အင်းဆက် နှိမ်နင်းရေး (Pest Control) လုပ်ငန်းစဉ်များအား အချိန်ဇယားအတိုင်း နေ့စဉ်မှတ်တမ်းတင်ရမယ်။ ကတ်ထူဖာ၊ တိပ် အစရှိတဲ့ ထုပ်ပိုးမှုကုန်ကြမ်းပစ္စည်းများအား စစ်ဆေး၍ လိုအပ်ပါက အချိန်နှင့် တပြေးညီမှာယူခြင်းပြုလုပ်ရမည်။ ကုန်ပစ္စည်း၊ Pallet ၊ စင် ၊ ထုပ်ပိုးတဲ့ပစ္စည်း၊ လျှောက်လမ်း၊ အမှိုက်ပုံး နှင့် အခြား သတ်မှတ်ထားသော နေရာအသီးသီးအားအမြဲတမ်း သန့်ရှင်းသပ်ရပ်နေအောင် ထားရမယ်။ ကုမ္ပဏီရဲ့ စည်းမျဉ်းစည်းကမ်းများကို လိုက်နာရမည်။ အထက်လူကြီးမှ ပေးအပ်သော အခြားလုပ်ငန်းခွင် တာဝန်များကို လုပ်ဆောင်ရမည်။ ပစ္စည်းရွေးထုတ်ခြင်း ပိုမြန်ပြီး အချိန်ကုန်သက်သာစေမည့် လမ်းကြောင်းအတိုင်း စင်အမြင့်များ နှင့် Bulk Bin တွေကနေ ပစ္စည်းတွေကို Picking Location ဆီ သွားရောက်ဖြည့်တင်းပေးရမည်။ ကုန်ပစ္စည်းများကို Batch၊ Lot၊ သက်တမ်းကုန်ရက်၊ အမျိုးအစားနဲ့ အခြေအနေ မတူရင် မတူသလို သေချာခွဲခြားထားရမည်။ အတွင်းပိုင်း ပျက်စီးဆုံးရှုံးမှုများ' အနည်းဆုံးဖြစ်အောင် ဆောင်ရွက်ရမည်။
Benefits: အချိန်ပိုကြေးခံစားခွင့် စနေ၊ တနဂ်နွေ နှင့် အစိုးရရုံးပိတ်ရက်များ။
Omni Focus General Service Public Co.,Ltd
27 Jun 2026
-ကားဝင်းအတွင်း ဝင်ထွက်သော ယာဉ်များနှင့် လူများကိုစစ်ဆေးခြင်း။ -ကားပစ္စည်းများမပျောက်ပျက်အောင်စနစ်တကျထိန်းသိမ်းစောင့်ရှောက်ခြင်း။ -နေ့ဘက် နှင့် ညဘက်အချိန်အတွင်း သေချာစွာလုံခြုံရေး ဆောင်ရွက်ခြင်း။ -အရေးပေါ်ဖြစ်စဉ်များကို ကုမ္ပဏီမှတာဝန်ရှိသူအားချက်ချင်းတင်ပြခြင်း။ -အလုပ်နေရာအတွင်း စည်းကမ်းသိရှိပြီး တာဝန်ယူမှုရှိခြင်း။
Benefits: - ခရီးစရိတ် - ရက်မှန်ကြေး - မိမိ၏လုပ်ငန်းစွမ်းဆောင်ရည်အပေါ်မူတည်ပြီးဘောနပ်စ်ပေးခြင်း
Posted: 27 Jun 2026
Super Seven Stars
26 Jun 2026
Job Summary Yangon, Thingangkuun ရှိ အဖွဲ့အစည်းအတွက် CCTV Operator တစ်ဦး လိုအပ်ပါသည်။ CCTV system များကို နေ့စဉ်စောင့်ကြည့်ပြီး သံသယဖြစ်ဖွယ်အခြေအနေများ၊ လုံခြုံရေးဆိုင်ရာ အရေးပေါ်ဖြစ်ရပ်များကို ချက်ချင်းတင်ပြနိုင်ရန် ဖြစ်သည်။ Key Responsibilities CCTV cameras များကို နေ့စဉ်စောင့်ကြည့်ပြီး အရေးကြီးဖြစ်ရပ်များကို ချက်ချင်းသတင်းပို့ရန် သံသယဖြစ်ဖွယ်လုပ်ရပ်များ၊ ခိုးယူမှုနှင့် လုံခြုံရေးချိုးဖောက်မှုများကို စောင့်ကြည့်မှတ်တမ်းတင်ရန် CCTV footage playback, search နှင့် required recording များကို စနစ်တကျ ထုတ်ယူပေးရန် Daily incident report နှင့် log book များကို မှန်ကန်စွာ update လုပ်ရန် Cameras, DVR/NVR system များ၏ လုပ်ဆောင်ချက်ကို စစ်ဆေးပြီး အဆင်ပြေစေရန် ထိန်းသိမ်းရန် Security team နှင့် ပူးပေါင်းဆောင်ရွက်ပြီး လိုအပ်သည့်အခါ coordination ပြုလုပ်ရန် Required footage များကို backup/save လုပ်ပြီး confidential data များကို လုံခြုံစွာ ထိန်းသိမ်းရန်
Benefits: အချိန်ပိုကြေး ရက်မှန်ကြေး လမ်းစရိတ်
Posted: 26 Jun 2026
AYA SOMPO Insurance
Botahtaung | Yangon Yangon
- Customer နှင့် ဝန်ထမ်းများအား ကြိုဆိုနှုတ်ဆက်ခြင်း၊ - ကားပါကင် စနစ်တကျနေရာချထားခြင်းနှင့် လုံခြုံရေးစောင့်ကြည့်ခြင်း - လူနှင့်ယာဉ်အဝင် / အထွက်များအား စစ်ဆေးကြည့်ရှုခြင်း။ - လုပ်ငန်းခွင်အတွင်း ပစ္စည်းများ ပျက်စီး၊ပျောက်ဆုံးမှု မဖြစ်စေရေး တာဝန်ယူစောင့်ကြည့်ခြင်း - လုပ်ငန်းခွင်အတွင်း မည်သည့်အန္တာရယ်မှ မဖြစ်ပေါ်စေရေး စောင့်ကြပ်ကြည့်ရှုခြင်း
Benefits: လစာ + လမ်းစရိတ် လုံလောက်သော နားရက်ရရှိခြင်း Uniform ပေးခြင်း ဘောနပ် ခံစားခွင့်
Bee Choo Origin Myanmar Co.,Ltd
လုံခြုံရေးဝန်ထမ်းသည် Bee Choo Origin Myanmar ဆိုင်၏ လုံခြုံရေး၊ စည်းကမ်းနှင့် ပစ္စည်းအကာအကွယ်ကို တာဝန်ယူဆောင်ရွက်ရမည်ဖြစ်ပြီး ဖောက်သည်၊ ဝန်ထမ်းများနှင့် ကုမ္ပဏီပိုင်ဆိုင်မှုများကို လုံခြုံစိတ်ချရအောင် ထိန်းသိမ်းဆောင်ရွက်ရမည်ဖြစ်သည်။ ထို့အပြင် ဆိုင်အနီးတစ်ဝိုက်ရှိ ကားပါကင်နေရာများတွင် ဖောက်သည်များ၏ ယာဉ်များကို လုံခြုံစွာ ရပ်နားနိုင်ရန် ကူညီညွှန်ကြားပေးရမည် ဖြစ်ပါသည်။ ၁။ ဆိုင်အပေါက်ဝတွင် ရပ်စောင့်၍ ဧည့်သည်များအား ယဉ်ကျေးပျူငှာစွာ ကြိုဆိုလက်ခံရမည် ၂။ ဧည့်သည်များ ဝင်ထွက်ရာတွင် တံခါးအဖွင့် အပိတ် ပြုလုပ်ပေးရမည်။ ၃။ ဧည့်သည်များ၏ ဖိနပ်များကို သန့်ရှင်းစွာ စနစ်တကျ စီစဉ်သိမ်းဆည်းပေးပြီးနောက် ဧည့်သည်များပြန်လည် ထွက်ခွာပါက ဖိနပ်များကို မမှားယွင်းစေရန် ပြန်လည် ချပေးခြင်း။ ၄။ ဧည့်သည်များ အတွင်းသို့ ဝင်ရောက်ပြီးနောက် Reception သို့ (သို့မဟုတ်) ဝန်ထမ်းများထံ သေချာစွာ ညွှန်ပြပေးရမည် ၅။ Waiting Area ရှိ ဧည့်သည်များကို ယဉ်ကျေးစွာ နှုတ်ဆက်၍ Welcome Drink များစီစဉ်ပေးရပါမည်။ ၆။ ဆိုင်ဝင်ပေါက်နှင့် ဖိနပ်ချရာ နေရာကို သန့်ရှင်းသပ်ရပ်စွာ အမြဲ ထိန်းသိမ်းထားရမည် ၇။ ဧည့်သည်များနှင့် ယဉ်ကျေးစွာ ဆက်ဆံပြီး စကားပြောအနေအထား နှင့်ပတ်သတ်၍လည်း သင်ကြားထားသည့် ပုံစံအတိုင်းပြောဆို ဆက်ဆံရမည်။ ၈။ ဆိုင်၏ စည်းကမ်းများ၊ ယဉ်ကျေးမှုများနှင့် မန်နေဂျာများ၏ ညွှန်ကြားချက်များကို တိတိကျကျ လိုက်နာရမည်။ ၉။ ဧည့်သည်များနှင့် ပတ်သက်သော ပြဿနာ၊ ထူးခြားသော အခြေအနေများကို ချက်ချင်း မန်နေဂျာ သို့မဟုတ် တာဝန်ရှိသူထံ အသိပေးရမည် ။ ၁၀။ မန်နေဂျာများမှ သတ်မှတ်ပေးသော အခြားတာဝန်များကို လိုအပ်သလို ဆောင်ရွက်ရမည်
Benefits: ဆိုင်ဖွင့်ချိန်အလိုက် Shift စနစ်ဖြင့် လုပ်ကိုင်ရမည် လိုအပ်ပါက အပိုအလုပ်ချိန် ဆောင်ရွက်ရမည်
Industry Leading Company
Shwepyithar | Yangon Yangon
25 Jun 2026
လုပ်ငန်းတာဝန်အကျဉ်း ကုမ္ပဏီ၏ အဆောက်အအုံ၊ ဂိုဒေါင်၊ ကုန်ပစ္စည်းနှင့် ဝန်ထမ်းများကို ဝင်ထွက်မှုထိန်းချုပ်ခြင်း၊ နယ်မြေစောင့်ကြည့်ခြင်းနှင့် လုံခြုံရေးဆိုင်ရာ ဖြစ်ရပ်များကို သင့်လျော်စွာ တုံ့ပြန်ဆောင်ရွက်ခြင်းတို့ဖြင့် ကာကွယ်စောင့်ရှောက်ပေးရန်။ ဝန်ထမ်းများ၊ ဧည့်သည်များနှင့် ယာဉ်များ၏ ဝင်/ထွက်မှုကို ထိန်းချုပ်ပြီး ခွင့်ပြုချက်ရှိသော စာရွက်စာတမ်းများနှင့် ကိုက်ညီစွာ ကုန်ပစ္စည်းဝင်ထွက်မှုများကို မှတ်တမ်းတင်စစ်ဆေးခြင်း။ ဂိုဒေါင်၊ ရုံးနှင့် ဝင်းအတွင်းကို စောင့်ကြပ်ပြီး ပုံမှန်လှည့်လည်စစ်ဆေးကာ CCTV ကင်မရာများကို စောင့်ကြည့်ခြင်း။ ဝင်လာ/ထွက်သွားသော ကုန်ကားများကို စစ်ဆေးပြီး ဆန်နှင့် ပစ္စည်းများအတွက် ဂိတ်ပါစ် / ပစ္စည်းပို့စာရွက်စာတမ်းများကို အတည်ပြုခြင်း။ ခိုးယူမှု၊ ပစ္စည်းပျောက်ဆုံးမှု၊ ခွင့်မပြုဘဲ ဝင်ရောက်မှုနှင့် ကုန်ပစ္စည်းများ ခွင့်မဲ့ထုတ်ယူမှုတို့ကို ကာကွယ်တားဆီးခြင်း။ ဧည့်သည်မှတ်တမ်း၊ ဂိတ်မှတ်တမ်းနှင့် ဖြစ်စဉ်အစီရင်ခံစာများကို ထိန်းသိမ်းမှတ်တမ်းတင်ခြင်း။ အရေးပေါ်အခြေအနေများ (မီးလောင်မှု၊ ခိုးမှု၊ မတော်တဆမှု) တွင် တုံ့ပြန်ဆောင်ရွက်ပြီး သတိပေးချက်ပေးကာ အရေးပေါ်လုပ်ထုံးလုပ်နည်းများကို လိုက်နာခြင်း။ ဘေးအန္တရာယ်နှင့် လုံခြုံရေးဆိုင်ရာ အန္တရာယ်များကို စောင့်ကြည့်ပြီး ချက်ချင်းအစီရင်ခံခြင်း။ နယ်မြေလုံခြုံရေးစည်းမျဉ်းများနှင့် ဧည့်သည် / PPE မူဝါဒများကို လိုက်နာစေခြင်း။ အလုပ်ဆိုင်းပြောင်းချိန်တွင် တာဝန်များကို စနစ်တကျနှင့် ပြည့်စုံစွာ လွှဲပြောင်းပေးခြင်း။ အထက်အရာရှိမှ တာဝန်ပေးအပ်သော အခြားလုပ်ငန်းတာဝန်များကို ဆောင်ရွက်ခြင်း။
Benefits: Attractive salary package
Posted: 25 Jun 2026