မြန်မာ
Get more Job Offers...
Download the App now!
15 Results
Sort by:
Today's top Purchasing, Cost Control jobs in Myanmar. Apply direct to employers for the latest vacancies on Alote.com.mm
Filter By:
Job Function
Location
Industry
EXP: LEVEL
AWARDS
Minimum Salary
Repat / Expat
Get Jobs...
You will notified when more similar jobs are posted.
Please update your Job Alert dashboard and try again.
MACRO DRAGON INTERNATIONAL COMPANY LIMITED
Botahtaung | Yangon Yangon
23 Oct 2026
Local နှင့် China Purchasing လုပ်ငန်းစဉ်များကို ကြီးကြပ်၍ ဝယ်ယူရေးလုပ်ငန်းများ ချောမွေ့စွာ ဆောင်ရွက်နိုင်ရန် စီမံခန့်ခွဲရမည်။ Purchasing Staff များ၏ လုပ်ငန်းတာဝန်များကို ကြီးကြပ်၍ ဝယ်ယူရေးလုပ်ငန်းစဉ်များ သတ်မှတ်ထားသော အချိန်အတွင်း မှန်ကန်စွာ ပြီးစီးစေရန် စီမံဆောင်ရွက်ရမည်။ Supplier များထံမှ Quotation ရယူခြင်း၊ ဈေးနှုန်းနှိုင်းယှဉ်ခြင်း၊ ဈေးနှုန်းညှိနှိုင်းခြင်းနှင့် အကောင်းဆုံးဝယ်ယူမှုကို အကြံပြုတင်ပြရမည်။ Sales၊ Warehouse၊ Logistics နှင့် Finance ဌာနများနှင့် ပူးပေါင်းညှိနှိုင်း၍ ပစ္စည်းများ အချိန်မီရောက်ရှိစေရန် ဆောင်ရွက်ရမည်။ Purchase Order၊ Shipment၊ Import Process နှင့် Delivery အခြေအနေများကို စဉ်ဆက်မပြတ် စောင့်ကြည့်ထိန်းချုပ်ရမည်။
Benefits: အချိန်မှန်-ရက်မှန်ကြေး နှစ်ကူး Bonus သင်္ကြန်မုန့်ဖိုး Tea Allowance
Posted: 23 Oct 2026
Trust Oo
Mayangone | Yangon Yangon
14 Oct 2026
ဝယ်ယူရေးနှင့် ပစ္စည်းဝယ်ယူမှုဆိုင်ရာ တာဝန်များ (Procurement & Purchasing) ပစ္စည်းပေးသွင်းသူများ (Suppliers) ရှာဖွေခြင်းနှင့် ဈေးနှုန်းကမ်းလှမ်းချက်များ (Quotations) စုဆောင်းခြင်းတို့တွင် ကူညီဆောင်ရွက်ရန်။ ပေးသွင်းသူများကို ရွေးချယ်ရာတွင် ဈေးနှုန်း၊ အရည်အသွေးနှင့် အခြားသက်ဆိုင်ရာအချက်အလက်များကို နှိုင်းယှဉ်လေ့လာပြီး စာရင်းပြုစုရန်။ ဝယ်ယူမှုအမိန့်စာ (Purchase Order) ပြင်ဆင်ခြင်းနှင့် ပစ္စည်းဝယ်ယူမှုအခြေအနေများကို နောက်ဆက်တွဲ စုံစမ်းအတည်ပြုခြင်းတို့တွင် ကူညီဆောင်ရွက်ရန်။ ကုမ္ပဏီ၏ ဝယ်ယူရေးဆိုင်ရာ မူဝါဒများနှင့် လုပ်ထုံးလုပ်နည်းများအတိုင်း ဝယ်ယူမှုလုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရန် ပံ့ပိုးကူညီရန်။
Benefits: ခရီးစရိတ်ထောက်ပံ့ကြေး (Transport Allowance) နှစ်စဉ်အပိုဆုကြေး (Annual Bonus) နှစ်စဉ်ကုမ္ပဏီခရီးစဉ် (Annual Trip)
Posted: 14 Oct 2026
Kitajima Co.,Ltd
Thaketa | Yangon Yangon
28 Sep 2026
ကုမ္ပဏီ၏ လိုအပ်သော ကုန်ပစ္စည်းများ၊ ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို အချိန်မီ ဝယ်ယူပေးခြင်း။ Purchasing Plan နှင့် Procurement Schedule များကို ရေးဆွဲဆောင်ရွက်ခြင်း။ Supplier များထံမှ Quotation များ တောင်းခံခြင်းနှင့် ဈေးနှုန်းများ နှိုင်းယှဉ်စစ်ဆေးခြင်း။ အရည်အသွေး၊ ဈေးနှုန်း၊ ပို့ဆောင်ချိန်နှင့် Payment Terms များအပေါ် မူတည်၍ Supplier များကို ရွေးချယ်ခြင်း။ Supplier များနှင့် ဈေးနှုန်း၊ အရည်အသွေးနှင့် စည်းကမ်းချက်များကို ညှိနှိုင်းခြင်း။ Purchase Requisition (PR) နှင့် Purchase Order (PO) များကို ပြင်ဆင်ဆောင်ရွက်ခြင်း။ Order တင်ပြီးနောက် ပစ္စည်းရောက်ရှိသည်အထိ Supplier များနှင့် Follow-up ပြုလုပ်ခြင်း။ Warehouse နှင့် ပူးပေါင်း၍ ပစ္စည်းလက်ခံရရှိမှုနှင့် အရေအတွက်/အရည်အသွေးများကို စစ်ဆေးခြင်း။ Purchasing စာရွက်စာတမ်းများနှင့် Supplier Record များကို စနစ်တကျ သိမ်းဆည်းထိန်းသိမ်းခြင်း။ Purchasing Cost များကို စောင့်ကြည့်ပြီး ကုန်ကျစရိတ်လျှော့ချနိုင်ရန် ဆောင်ရွက်ခြင်း။ Supplier အသစ်များ ရှာဖွေခြင်းနှင့် လက်ရှိ Supplier များ၏ Performance ကို စောင့်ကြည့်ခြင်း။ Purchasing Report များကို နေ့စဉ်၊ အပတ်စဉ်၊ လစဉ် ပြုစုတင်ပြခြင်း။ သက်ဆိုင်ရာ Department များနှင့် ပူးပေါင်း၍ လိုအပ်သော ပစ္စည်းများ အချိန်မီ ရရှိစေရန် ဆောင်ရွက်ခြင်း။
Benefits: .
Posted: 28 Sep 2026
Taw Win Family Co.,Ltd
Sanchaung | Yangon Yangon
Today
ဆောက်လုပ်ရေး၊ ရုံးသုံး၊ အိမ်သုံးနှင့် အခြားလိုအပ်သော ပစ္စည်းများကို ဝယ်ယူဆောင်ရွက်ရမည်။ Supplier များထံမှ ဈေးနှုန်းများ စုံစမ်း၍ နှိုင်းယှဉ်တင်ပြရမည်။ Purchase Order များ ပြင်ဆင်ပြီး ပစ္စည်းများ အချိန်မီရရှိစေရန် ဆောင်ရွက်ရမည်။ Supplier များနှင့် ဆက်ဆံရေးကောင်းမွန်စွာ ထိန်းသိမ်းရမည်။ Purchasing Report နှင့် Documentation များကို ပြင်ဆင်တင်ပြရမည်။ Management မှ ပေးအပ်သော အခြားတာဝန်များကို ထမ်းဆောင်ရမည်။
Posted: Today
Healthy & Happy Myanmar Co.,Ltd
Pyinoolwin | Mandalay Mandalay
**အစီရင်ခံရမည့်သူ — ဘဏ္ဍာရေးတာဝန်ခံ / လုပ်ငန်းလည်ပတ်ရေးတာဝန်ခံ** **ရာထူး၏ ရည်ရွယ်ချက်** မုန့်ထုတ်လုပ်ရေးအတွက် လိုအပ်သော ကုန်ကြမ်း၊ ထုပ်ပိုးပစ္စည်းနှင့် လုပ်ငန်းသုံးပစ္စည်းများကို သတ်မှတ်အရည်အသွေး၊ သင့်တင့်သောဈေးနှုန်းနှင့် လိုအပ်သည့်အချိန်အတွင်း ရရှိစေရန် ဝယ်ယူပေးရမည်။ **အဓိကတာဝန်များ — Job Description** ၁။ စတိုလက်ကျန်၊ ပြန်လည်မှာယူရန် သတ်မှတ်ပမာဏနှင့် ဌာနများ၏ ဝယ်ယူရန်တောင်းခံချက်များကို စစ်ဆေးပြီး ဝယ်ယူရေးအစီအစဉ် ပြုစုရန်။ ၂။ ပေးသွင်းသူများထံမှ ဈေးနှုန်းရယူ၍ အရည်အသွေး၊ ပို့ဆောင်ချိန်၊ သယ်ယူစရိတ်နှင့် ငွေပေးချေမှုစည်းကမ်းများကို နှိုင်းယှဉ်တင်ပြရန်။ ၃။ အတည်ပြုထားသော ဝယ်ယူတောင်းခံချက်အပေါ် အခြေခံ၍ Purchase Order (PO) ပြုစုကာ သတ်မှတ်ခွင့်ပြုချက်ရရှိပြီးမှ အော်ဒါတင်ရန်။ ၄။ ကုန်ကြမ်းအမျိုးအစား၊ အမှတ်တံဆိပ်၊ အလေးချိန်၊ ထုပ်ပိုးပုံနှင့် သက်တမ်းဆိုင်ရာ သတ်မှတ်ချက်များကို ပေးသွင်းသူထံ ရှင်းလင်းစွာ အတည်ပြုရန်။ အစားထိုးပစ္စည်းများကို သက်ဆိုင်ရာတာဝန်ခံ၏ ခွင့်ပြုချက်ရရှိပြီးမှ ဝယ်ယူရန်။ ၅။ မှာယူထားသည့်ပစ္စည်းများ အချိန်မီရောက်ရှိစေရန် လိုက်လံဆောင်ရွက်ပြီး ပစ္စည်းပြတ်လပ်မှု၊ ဈေးနှုန်းပြောင်းလဲမှုနှင့် ပို့ဆောင်မှုနှောင့်နှေးခြင်းများကို ကြိုတင်တင်ပြရန်။ ၆။ ပစ္စည်းရောက်ရှိချိန်တွင် Store နှင့် QC တို့က PO အတိုင်း အရေအတွက်၊ အရည်အသွေးနှင့် သက်တမ်းကို စစ်ဆေးလက်ခံနိုင်ရန် ညှိနှိုင်းပေးရန်။ ၇။ အရေအတွက်မပြည့်ခြင်း၊ ပျက်စီးခြင်းနှင့် သတ်မှတ်ချက်မကိုက်ညီခြင်းများအတွက် ပေးသွင်းသူနှင့် ဆက်သွယ်၍ ပြန်လဲခြင်း၊ ပြန်ပို့ခြင်း သို့မဟုတ် ငွေစာရင်းပြင်ဆင်ခြင်းတို့ ဆောင်ရွက်ရန်။ ၈။ PO၊ ဘောင်ချာ၊ ပို့လွှာနှင့် စတိုလက်ခံမှတ်တမ်းများကို သက်ဆိုင်ရာ PO နံပါတ်ဖြင့် ချိတ်ဆက်သိမ်းဆည်းပြီး ငွေပေးချေမှုအတွက် စာရင်းကိုင်ဌာနသို့ ပြည့်စုံစွာ ပေးပို့ရန်။ ၉။ ဝယ်ယူရန်ထုတ်ပေးထားသော ကြိုတင်ငွေများအတွက် ဘောင်ချာနှင့် လက်ကျန်ငွေကို သတ်မှတ်အချိန်အတွင်း စာရင်းရှင်းလင်းရန်။ ၁၀။ ပေးသွင်းသူစာရင်း၊ ဝယ်ယူဈေးနှုန်းမှတ်တမ်းနှင့် မပြီးစီးသေးသော PO များကို အပ်ဒိတ်လုပ်ပြီး ဝယ်ယူမှုအခြေအနေကို ပုံမှန်တင်ပြရန်။ **Purchaser ရာထူး၏ အဓိကဦးစားပေးတာဝန်များ** ၁။ **ကုန်ကြမ်းအချိန်မီရရှိရေး** စတိုလက်ကျန်၊ ထုတ်လုပ်မှုအစီအစဉ်နှင့် ပေးသွင်းသူ၏ ပို့ဆောင်ရန်ကြာချိန်တို့ကို ကြိုတင်စစ်ဆေး၍ အချိန်မီမှာယူရမည်။ ကုန်ကြမ်းဝယ်ယူမှုနှောင့်နှေးခြင်းကြောင့် ထုတ်လုပ်ရေးလုပ်ငန်း ရပ်တန့်မှုမဖြစ်စေရန် တာဝန်ယူဆောင်ရွက်ရမည်။ ပစ္စည်းပြတ်လပ်နိုင်ခြေရှိပါက တာဝန်ခံထံ ကြိုတင်တင်ပြပြီး အစားထိုးပေးသွင်းနိုင်သူ စီစဉ်ထားရမည်။ ၂။ **သတ်မှတ်အရည်အသွေး ပြည့်မီရေး** ဝယ်ယူသောကုန်ကြမ်းများသည် ကုမ္ပဏီနှင့် QC ဌာနက သတ်မှတ်ထားသည့် အရည်အသွေး၊ အမျိုးအစား၊ သက်တမ်းနှင့် အစားအသောက်ဘေးကင်းရေး လိုအပ်ချက်များနှင့် ကိုက်ညီရမည်။ ပေးသွင်းသူအသစ် သို့မဟုတ် ကုန်ကြမ်းအစားထိုးမှုအတွက် သက်ဆိုင်ရာတာဝန်ခံနှင့် QC ၏ အတည်ပြုချက်ရရှိပြီးမှ မှာယူရမည်။ ၃။ **မှန်ကန်သင့်တင့်သော ဈေးနှုန်းဖြင့် ဝယ်ယူရေး** ဈေးနှုန်းများကို ပုံမှန်နှိုင်းယှဉ်စစ်ဆေး၍ သယ်ယူစရိတ်နှင့် အခြားကုန်ကျစရိတ်များအပါအဝင် စုစုပေါင်းဝယ်ယူစရိတ်ကို တွက်ချက်တင်ပြရမည်။ **QC သတ်မှတ်ချက်တူညီစွာ ပြည့်မီပြီး လိုအပ်သည့်အချိန်အတွင်း ပို့ဆောင်နိုင်သော ပေးသွင်းသူများအနက် စုစုပေါင်းကုန်ကျစရိတ် ပိုမိုသက်သာသူထံမှ ဦးစားပေးမှာယူရမည်။
Benefits: နေစားငြိမ်း **အလုပ်ချိန်နှင့် နားရက် —** တပတ်တရက်
Right Supermarket & Wholesale Distribution
Pyigyitagon | Mandalay Mandalay
30 Oct 2026
စူပါမားကတ်နှင့် လက်ကားရောင်းဝယ်ရေးအတွက် ကုန်ပစ္စည်းများ ဝယ်ယူမှုလုပ်ငန်းစဉ်များကို စီမံခန့်ခွဲခြင်း Supplier များကို ရှာဖွေရွေးချယ်ပြီး ဈေးနှုန်း၊ ပေးချေမှုစည်းကမ်းများနှင့် ပို့ဆောင်ချိန်များအပေါ် ဆွေးနွေးညှိနှိုင်းခြင်း Stock level များကို စောင့်ကြည့်ပြီး Warehouse နှင့် Sales Team များနှင့် ပူးပေါင်းကာ လိုအပ်ချက်အတိုင်း ဖြည့်ဆည်းခြင်း Purchase Order များနှင့် Report များကို တိကျမှန်ကန်စွာ အချိန်မှီ ပြုစုတင်ပြခြင်း Finance Team နှင့် ပူးပေါင်းကာ ငွေပေးချေမှုလုပ်ငန်းများ ဆောင်ရွက်ခြင်း
Posted: 30 Oct 2026
Sein Gabar Myanmar Co.,Ltd
Mahaaungmyay | Mandalay Mandalay
28 Oct 2026
Supplier Relationship ကောင်းမွန်စွာဖြင့်လုပ်ငန်းလုပ်ဆောင်ရမည်။ Supplier Listများနှင့် ပစ္စည်းဈေးနှုန်းများအား Updateပြုလုပ်ရမည်။ Account Payable, Daily Purchase Order & Daily Purchase Invoiceများအား စာရင်းပြုလုပ်ရမည်။ ပေးအပ်သည့် လုပ်ငန်းတာဝန်များအား ကျေပွန်စွာ ထမ်းဆောင်နိုင်စွမ်းရှိသူ ဖြစ်ရမည်။
Posted: 28 Oct 2026
Fairy Land
Kalaw | Shan State Shan State
22 Oct 2026
အေးချမ်းသာယာတဲ့ ကလောမြို့မှာရှိတဲ့ Fairyland မှာ ကျွန်ုပ်တို့နဲ့အတူ လက်တွဲပြီး အလုပ်လုပ်ကိုင်မယ့် လုပ်ဖော်ကိုင်ဖက် (Purchaser) ကို ရှာဖွေနေပါတယ်။ • ရာထူးအမည် (Job Title) - Purchaser (Receiving) ( ၁ ဦး ) • အလုပ်အမျိုးအစား (Employment Type) - Full-time • တိုက်ရိုက်အစီရင်ခံရမည့်သူ (Reporting To) - Operation Manager • အလုပ်ချိန် (Working Hours & Days) - ပုံမှန်လုပ်ငန်းချိန် Job Description (လုပ်ငန်းတာဝန် အသေးစိတ်) • လုပ်ငန်းသုံးပစ္စည်းများကို သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ရှာဖွေဝယ်ယူပေးရန်။ • မီးဖိုချောင်သုံး ပစ္စည်းများနှင့် ဝန်ထမ်းစားဖိုဆောင်အတွက် လိုအပ်သော ရိက္ခာများကို အချိန်မီ ဝယ်ယူဖြည့်တင်းပေးရန်။ • ပေးသွင်းသူများထံမှ ဝယ်ယူလာသော ပစ္စည်းများကို အရည်အသွေး၊ အရေအတွက်တို့နှင့် ကိုက်ညီမှုရှိမရှိ စာရင်းတိုက်စစ်ဆေးခြင်း (Receiving & Checking) ကို တိကျစွာ လုပ်ဆောင်ရန်။ • ဝယ်ယူမှုများနှင့်ပတ်သက်သည့် စာရင်းဇယားများကို စနစ်တကျ မှတ်တမ်းတင် ထိန်းသိမ်းရန်။
Benefits: • နေစားစရိတ်ငြိမ်း • အချိန်ပိုကြေး (OT) • နားရက် ၁ပတ် ၁ရက် • လုပ်ငန်းမှ သတ်မှတ်ထားသော အခြားခံစားခွင့်များ
Posted: 22 Oct 2026
Leading Engineering Company
South Okkalapa | Yangon Yangon
25 Oct 2026
ဝန်ထမ်းများ၏ ကားအသုံးပြုရန် တောင်းဆိုမှုများအတွက် Pool Car စီစဉ်ပေးခြင်း။ ရုံးလုပ်ငန်းဆိုင်ရာ စီမံခန့်ခွဲမှုအသုံးစရိတ်များကို ကိုင်တွယ်ဆောင်ရွက်ခြင်း။ ရုံးအားလုံးအတွက် အင်တာနက်ဘေလ်များ ပေးချေခြင်းကို စီမံဆောင်ရွက်ခြင်း။ ရုံးလုပ်ငန်းဆိုင်ရာ ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို ပြည်တွင်းမှ ဝယ်ယူဖြည့်ဆည်းပေးခြင်း။ (ဥပမာ - IT ပစ္စည်းများ၊ IT ပြုပြင်ထိန်းသိမ်းရေးဝန်ဆောင်မှုများ၊ ရုံးသုံးစာရေးကိရိယာများ၊ ဓာတ်လှေကားဝန်ဆောင်မှု၊ PPE လုပ်ငန်းခွင်ဘေးကင်းရေးပစ္စည်းများ၊ ရုံးပြုပြင်ထိန်းသိမ်းရေး၊ Generator ပြုပြင်ထိန်းသိမ်းရေးနှင့် ရုံးသုံးပရိဘောဂများ စသည်တို့) IT ပစ္စည်းများ၏ Serial Number နှင့် အခြားသက်ဆိုင်ရာအချက်အလက်များ ပါဝင်သော IT Asset Tracker ကို စနစ်တကျ ထိန်းသိမ်းအပ်ဒိတ်လုပ်ခြင်း။ ရုံးပိုင်ပစ္စည်းများ၊ Generator များနှင့် CCTV စနစ်များကို စီမံခန့်ခွဲကြီးကြပ်ခြင်း။ အင်တာနက်လိုင်းပြဿနာများနှင့် IT ဆိုင်ရာ နည်းပညာပြဿနာများကို စစ်ဆေးဖြေရှင်းပေးခြင်း။ Administration နှင့် Purchasing ဆိုင်ရာ အခြားလိုအပ်သည့် လုပ်ငန်းတာဝန်များကို ကူညီဆောင်ရွက်ခြင်း။ ရုံးလုပ်ငန်းဆိုင်ရာ စာရွက်စာတမ်းများကို စနစ်တကျ ဖြည့်သွင်းခြင်း၊ စီစဉ်ထိန်းသိမ်းခြင်းနှင့် မှတ်တမ်းတင်ခြင်း။ ရုံးသုံးပစ္စည်းများ၏ လက်ကျန်စာရင်းကို စီမံခန့်ခွဲပြီး လိုအပ်သည့်ပစ္စည်းများ လုံလောက်စွာ ရှိစေရန် ဆောင်ရွက်ခြင်း။ Software၊ Network၊ Internet၊ Email နှင့် Printer များ တပ်ဆင်အသုံးပြုခြင်းဆိုင်ရာ လုပ်ငန်းများကို ကူညီဆောင်ရွက်ခြင်း။ ရုံးပိုင်ပစ္စည်းများနှင့် စက်ပစ္စည်းကိရိယာများ ကောင်းမွန်စွာ အသုံးပြုနိုင်ရန် ပုံမှန်ပြုပြင်ထိန်းသိမ်းမှုများကို စီမံဆောင်ရွက်ခြင်း။ ရုံးများအားလုံး၏ အိမ်ငှားခနှင့် လုံခြုံရေးဝန်ထမ်းများ၏ ဝန်ဆောင်ခပေးချေမှုများကို system အတွင်း Payment Request တင်သွင်းခြင်းနှင့် သက်ဆိုင်ရာစာရွက်စာတမ်းများကို Finance ဌာနသို့ ပေးပို့ခြင်း။ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ပြီး ရုံးလုပ်ငန်းများ ချောမွေ့စွာ လည်ပတ်နိုင်ရန် လိုအပ်သည့် စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်ခြင်း။
Benefits: Enjoyable work environment
Posted: 25 Oct 2026
ENATIC Automotive Co.,Ltd
Hlaingtharya | Yangon Yangon
• Admin လုပ်ငန်းစဉ်များကို သိရှိနားလည်ပြီး Fixed Assets များအား စနစ်တကျ စာရင်းကောက်ယူ၊ ပြုစု၊ ထိန်းသိမ်းခြင်း။ • Vehicle way, Fuel record, Generator မောင်းနှင်မှုမှတ်တမ်းများ၊ Purchasing Knowledges, Bill နှင့် Petty Cash စာရင်းများ ပြုလုပ်ခြင်း။ • ဌာနဆိုင်ရာ ကိစ္စရပ်များအား အချိန်နှင့်တပြေးညီ ဆောင်ရွက်ခြင်း။ • ရုံးတွင်းစာရွက်စာတမ်းများ (Documents) ကို စနစ်တကျ ထိန်းသိမ်းခြင်း။ • အခါအားလျော်စွာ အထက်လူကြီးမှ ညွှန်ကြားသည့် ကိစ္စရပ်များအား လုပ်ဆောင်ခြင်း။
Benefits: Salary: Negotiable + Ferry Provided (Pickup Point) + Bus car ထပ်စီးရပါက ကားခ ပေးပါမည်။ + Bonus+ Uniform
BIM Group of Companies
Kamaryut | Yangon Yangon
07 Oct 2026
အလုပ်တာဝန်များ AP / AR ပိုင်းနှင့် ပူးပေါင်းဆောင်ရွက်ပြီး Customer, Client, Vendor နှင့် Supplier များ၏ Account Receivable နှင့် Account Payable ဆိုင်ရာ စာရွက်စာတမ်းများကို ပြင်ဆင်ခြင်းနှင့် စီမံဆောင်ရွက်ခြင်း။ BIM Group ၏ Financial Documents များ ပြင်ဆင်ခြင်းနှင့် သက်ဆိုင်ရာနေရာများသို့ တင်ပြခြင်း။ Customer များထံမှ ငွေပေးချေမှုများကို ကောက်ခံခြင်းနှင့် စီမံဆောင်ရွက်ခြင်း။ Payroll Process၊ Purchasing နှင့် Office Administration ပိုင်းများတွင် ပါဝင်ကူညီဆောင်ရွက်ခြင်း။ Team နှင့် Customer / Supplier များအကြား ဆက်ဆံရေးနှင့် Communication များကို ကောင်းမွန်စွာ ထိန်းသိမ်းဆောင်ရွက်ခြင်း။ Finance Team ၏ Weekly, Monthly နှင့် Quarterly Meeting များအတွက် လိုအပ်သော စာရွက်စာတမ်းများ ပြင်ဆင်ခြင်းနှင့် Meeting Minutes ရေးသားခြင်း။ Finance Director နှင့် Group Management Team မှ တာဝန်ပေးအပ်သော အခြားသက်ဆိုင်ရာလုပ်ငန်းတာဝန်များကို ဆောင်ရွက်ခြင်း။
Benefits: စနေ တနင်္ဂနွေ နှင့် အစိုးရရုံး ပိတ်ရက် အတိုင်းပိတ်သည်
Posted: 07 Oct 2026
နေ့စဉ် Logistics နှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကို စီမံခန့်ခွဲခြင်း။ ကုန်ပစ္စည်းများကို Warehouse မှ Customer၊ Branch နှင့် သက်ဆိုင်ရာနေရာများသို့ အချိန်မီ ပို့ဆောင်နိုင်ရန် စီစဉ်ခြင်း။ Delivery Schedule များ ရေးဆွဲခြင်းနှင့် ပို့ဆောင်မှုအခြေအနေများကို စောင့်ကြည့်ခြင်း။ Driver များနှင့် Transportation Team များကို ဆက်သွယ်ညှိနှိုင်းခြင်း။ Warehouse, Sales, Purchasing နှင့် Finance Department များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း။ Delivery Order၊ Invoice နှင့် သက်ဆိုင်ရာ Logistics စာရွက်စာတမ်းများကို စနစ်တကျ ထိန်းသိမ်းခြင်း။ ကုန်ပစ္စည်းပို့ဆောင်မှု နောက်ကျခြင်း၊ ပျက်စီးခြင်း၊ ပျောက်ဆုံးခြင်း စသည့် ပြဿနာများကို ဖြေရှင်းညှိနှိုင်းခြင်း။ Transportation နှင့် Logistics ကုန်ကျစရိတ်များကို စောင့်ကြည့်ထိန်းချုပ်ခြင်း။ Stock Movement နှင့် Delivery Record များကို မှန်ကန်စွာ မှတ်တမ်းတင်ခြင်း။ နေ့စဉ်၊ အပတ်စဉ်နှင့် လစဉ် Logistics Report များ ပြုစုတင်ပြခြင်း။ ကုမ္ပဏီ၏ Logistics လုပ်ငန်းစဉ်များနှင့် မူဝါဒများအတိုင်း လုပ်ငန်းဆောင်ရွက်ခြင်း။
C3 - Caring Code Creation
Ahlon | Yangon Yangon
C3 - Caring Code Creation တ္ငင် အတူတူ အလုပ်လုပ်မယ့် Customer Support Specialist (CS) ၂ ယောက်ခန့် လိုအပ်နေပါတယ်။ BOSS – Business Operation & Sales System (SME လုပ်ငန်းများအတွက် ERP / Business Management Software) ကို အသုံးပြုနေတဲ့ Customer များကို Support ပေးရမယ့် ရာထူးဖြစ်ပါတယ်။ 📌 အဓိကတာဝန်များ ၁။ Customer Support ပေးခြင်း ဖုန်း၊ Chat နှင့် Email မှတစ်ဆင့် Customer များ၏ မေးမြန်းချက်များကို ဖြေကြားပေးခြင်း။ Customer ၏ ပြဿနာကို နားလည်ပြီး သင့်လျော်သော ဖြေရှင်းနည်းကို လမ်းညွှန်ပေးခြင်း။ ပြဿနာပြေလည်သည်အထိ Follow-up ပြုလုပ်ပေးခြင်း။ ၂။ BOSS နှင့် လုပ်ငန်းစဉ်များကို Support ပေးခြင်း Customer များအား အောက်ပါလုပ်ငန်းစဉ်များတွင် ကူညီပေးရပါမယ်။ POS နှင့် အရောင်းစနစ် ဝယ်ယူခြင်း (Purchasing) ကုန်ပစ္စည်းစာရင်း (Inventory) အသုံးစရိတ် (Expenses) စာရင်းကိုင်စနစ် (Accounting) ငွေပေးချေမှုနှင့် ရရန်ရှိငွေ (Payments & Receivables) အစီရင်ခံစာများ (Reports) ဆိုင်၊ User နှင့် Permission စီမံခန့်ခွဲမှု ၃။ အခြေခံ Technical ပြဿနာများကို စစ်ဆေးခြင်း ပြဿနာသည် User ၏ အသုံးပြုမှုမှားယွင်းခြင်း၊ Configuration၊ Network/Device၊ Data သို့မဟုတ် Software Bug ကြောင့် ဖြစ်ခြင်းရှိမရှိ စစ်ဆေးခြင်း။ ဖြစ်နိုင်ပါက ပြဿနာကို ပြန်လည်စမ်းသပ်ခြင်း (Reproduce Issue)။ Screenshot၊ Error Message၊ ပြဿနာဖြစ်ပေါ်သည့် အဆင့်များ၊ သက်ရောက်မှုရှိသော User/ဆိုင်များ စသည့် အချက်အလက်များ စုဆောင်းခြင်း။ ရှုပ်ထွေးသော ပြဿနာများကို QA/Engineering Team သို့ လွှဲပြောင်းပေးခြင်း။ ၄။ Customer Onboarding နှင့် Training Customer အသစ်များ BOSS စနစ် စတင်အသုံးပြုနိုင်ရန် ကူညီပေးခြင်း။ စနစ်စတင်အသုံးပြုချိန် (Go-live) တွင် Support ပေးခြင်း။ Customer များအား System အသုံးပြုပုံ သင်ကြားပေးခြင်း။ ရိုးရှင်းသော User Guide နှင့် FAQ များ ပြုစုခြင်း။ ၅။ Issue / Ticket Management Customer ပြဿနာများကို မှတ်တမ်းတင်ပြီး အမျိုးအစားခွဲခြားခြင်း။ မပြေလည်သေးသော ပြဿနာများကို စောင့်ကြည့်ခြင်း။ Product၊ QA နှင့် Engineering Team များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း။ ထပ်ခါတလဲလဲ ဖြစ်ပေါ်နေသော ပြဿနာများကို ရှာဖွေဖော်ထုတ်ပြီး Product Team သို့ တင်ပြခြင်း။
Honey Hive (YGN) Co., Ltd.
Thingangkuun | Yangon Yangon
23 Sep 2026
Warehouse / Shop အတွင်းရှိ Stock များကို နေ့စဉ် စစ်ဆေးခြင်း Physical Stock နှင့် System / Stock Record များကို တိုက်ဆိုင်စစ်ဆေးခြင်း Stock အဝင်၊ အထွက်နှင့် လက်ကျန်ပမာဏများကို စစ်ဆေးမှတ်တမ်းတင်ခြင်း Stock ပျောက်ဆုံးမှု၊ ပျက်စီးမှု၊ အရေအတွက်ကွာဟမှုများကို ရှာဖွေခြင်း Stock Count / Cycle Count များ ပြုလုပ်ခြင်း Expired / Damaged / Slow-moving Stock များကို စစ်ဆေးခွဲခြားခြင်း Stock Discrepancy တွေ့ရှိပါက သက်ဆိုင်ရာ Supervisor ထံ Report တင်ပြခြင်း Stock Transfer နှင့် Delivery များကို စစ်ဆေးအတည်ပြုခြင်း Stock Records နှင့် စာရွက်စာတမ်းများကို စနစ်တကျ သိမ်းဆည်းခြင်း Warehouse / Sales / Purchasing / Finance Team များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း Daily / Weekly Stock Report များ ပြုစုတင်ပြခြင်း Company ၏ Stock Control Policy နှင့် လုပ်ငန်းစည်းမျဉ်းများကို လိုက်နာခြင်း
Posted: 23 Sep 2026
Soe Family Distribution
10 Sep 2026
1. Purchasing & Sales စာရင်းများ စစ်ဆေးခြင်း 2. Cash Book, Bank, AR & AP များ စနစ်တကျပြုလုပ်ရန် 3. Inventory Reconciliation/ Bank Reconciliation 4. Deadline အတိုင်း Report များ တင်ပေးရန် 5. Daily income & expense များ စစ်ဆေး မှတ်တမ်း တင်ခြင်း 6. Monthly Accounting Report ပြုလုပ်ခြင်း
Benefits: Basic Salary + Attendance Allowance + Sales Incentive + Uniform
Posted: 10 Sep 2026