• Seinn Yaung So

  • Direct Employer

  • Industry :Trading/Distribution/Import/Export

  • No Employees :201-500

  • Address :

    (163) Thirimon 10 Street, Mayangone Township,No. (148/149), Anawrahta Road, Hlaing Tharyar Industrial Zone (5) Extension, Near Gate (86), Hlaing Tharyar Township, Ya,Yangon, Myanmar

If you haven't found a suitable job, submit a General Application and recruiters at this company will keep your CV for future review!

All Seinn Yaung So Jobs

Company Vision and Mission

စိမ်းရောင်စိုထုတ်လုပ်မှု ကုမ္ပဏီလီမိတက်သည် မြန်မာနိုင်ငံတွင် ၁၉၈၉ ခုနှစ်ကတည်းက တည်ထောင်ခဲ့သာ ၀၀၇ ကုမ္ပဏီလီမိတက် အား အခြေခံပြီး ဖွဲ.စည်းခဲ့ပါသည်။
စိမ်းရောင်စိုကုမ္ပဏီလီမိတက်သည် လက်တွန်းထွန်စက်များ၊ ရိတ်‌ခြွေများ ဒီဇယ်အင်ဂျင်များနှင့် ဆက်စပ်ပစ္စည်းများကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဂျပန်းနိုင်ငံ၊ အိန္ဒိယနိုင်ငံ တို့မှ တင်သွင်းပြီး မြန်မာ တစ်ပြည်လုံးသို့ တင်သွင်း ရောင်းချပေးလျှက်ရှိပါသည်။ ထို့အပြင် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ ရွှေဘို၊ ပုသိမ်၊ ဟင်္သာတ၊ မော်လမြိုင်၊ သထုံ၊ ညောင်လေးပင်၊ ဝေါ၊ မြန်အောင်၊ ကျောင်းကုန်းနှင့် စသော မြို့ကြီးများတွင် ဆိုင်ခွဲများကို ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်ပါသည်။
စိမ်းရောင်စိုကုမ္ပဏီလီမိတက်သည် ထုတ်လုပ်ခြင်း၊ သွင်းကုန်/ ပို့ကုန် လုပ်ငန်းများ၊ ၀န်ဆောင်မှု လုပ်ငန်းများ၊ လက်လီ/ လက်ကား ဖြန့်ချိရောင်းဝယ်ရေးလုပ်ငန်းများကို တစ်ပေါင်းတစ်စည်းတည်း ဆောင်ရွက်နေသော ကုမ္ပဏီ ဖြစ်ပါသည်။
စိမ်းရောင်စိုကုမ္ပဏီလီမိတက်သည်အရည်အသွေးစစ်မှန်ပြီးဈေးနှုန်းချိုသာသောလယ်ယာသုံးစက်ပစ္စည်းကိရိယာများကို ဖြန့်ဖြူးရောင်းချလျက်ရှိပြီး ဈေးကွက်အတွေ့အကြုံ အနှစ်နှစ်ဆယ် ရှိပြီဖြစ်သောကြောင့် မြန်မာ့လယ်ယာစက်ပစ္စည်းဈေးကွက်တွင် ဦးဆောင်နေသောကုမ္ပဏီတစ်ခု ဖြစ်ပါသည်။
စိမ်းရောင်စို ကုမ္ပဏီမှ တင်သွင်းသော စက်ပစ္စည်းကိရိယာများသည် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုရှိသောကြောင့် မြန်မာတစ်ပြည်လုံးရှိ လယ်ယာသုံးစက်ပစ္စည်း သုံးစွဲသူများက နှစ်ခြိုက်စွာ ၀ယ်ယူသုံးစွဲလျှက် ရှိကြပါသည်။
အရည်အသွေးကောင်းမွန်သော စက်ပစ္စည်းများကို တင်သွင်းခြင်း၊ ကျွမ်းကျင်သောဈေးကွက် မဟာဗျူဟာနှင့် အတွေ့အကြုံများ၊ သုံးစွဲသူများအတွက် ပြီးပြည်စုံသော ၀န်ဆောင်မှုများ ပေးခြင်းတို့ကြောင့် စိမ်းရောင်စိုကုမ္ပဏီသည် နိုင်ငံတ၀န်းသို့ ဈေးကွက်ကွန်ယက် ဖြန့်ကျက်နိုင်ခဲ့ပြီ ဖြစ်ပါသည်။
ထို့အပြင် ၂၀၁၀ ခုနှစ်မှ စတင်၍ တောင်သူလယ်သမားများ ဘ၀မြင့်မားတိုးတက်စေရန်နှင့် မြန်မာနိုင်ငံရှိ ဈေးကွက် လိုအပ်ချက်များနှင့်အညီ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ လွယ်ကူလျှင်မြန်စေရန်အတွက် တရုတ်နိုင်ငံမှ အရည်အသွေးပြည့်မှီသော နှစ်လုံးထိုး၊ လေးလုံးထိုး၊ လယ်ယာသုံးထရပ်ကားများကိုလည်း တင်သွင်း၍ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျှက်ရှိပါသည်။
ထို့အပြင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်၍ ဂျပန်နိုင်ငံမှ လုပ်ငန်းသုံး၊ အိမ်သုံး မော်တော်ယာဉ်များကိုလည်း ၀ယ်သူများ စိတ်ကျေနပ်မှုရှိအောင် တင်သွင်းရောင်းချပေးလျှက် ရှိပါသည်။

If you haven't found a suitable job, submit a General Application and recruiters at this company will keep your CV for future review!

x