Sorry, your CV Profile MUST be over 60% and include (1) Working History (2) What You Can Work - Job Titles (3) Education Details, to get more Job Offers

Receptionist /Admin

ဝယ်ယူသူဝန်ဆောင်မှုအကူ | Junior Customer Service, Reception
S.A.M Myanmar

Receptionist /Admin

ဝယ်ယူသူဝန်ဆောင်မှုအကူ | Junior Customer Service, Reception
1 Post
S.A.M Myanmar
1 Post
Verified
Bahan | Yangon
Full Time
Recruiter active 3 days ago The recruiter at this company was last active reviewing applications.

Experience level

Entry Level

Job Function

Customer Service, Support
Job DescriptionPosted: 17 Jan 2026
  • မိဘများ၊ ကျောင်းသားများနှင့် ကောင်းမွန်စွာပေါင်းသင်းဆက်ဆံနိုင်ခြင်း

  • စကားပြောဆိုမှုကောင်းမွန်ပြီး ဖုန်းခေါ်ဆိုမှုများကို တိကျစွာ ကိုင်တွယ်နိုင်ခြင်း

  • စာရေးစာရင်းနှင့် အချက်အလက်များကို စနစ်တကျ စုစည်းနိုင်ခြင်း

  • Computer အခြေခံကျွမ်းကျင်မှုရှိရမည်
    (Microsoft Word, Excel, Email, Viber/WhatsApp အသုံးပြုနိုင်ရမည်)

  • အချိန်စီမံခန့်ခွဲနိုင်ပြီး အလုပ်တာဝန်များကို တာဝန်ယူစိတ်ရှိခြင်း

  • သန့်ရှင်းသပ်ရပ်သော အသွင်အပြင်နှင့် Professional attitude ရှိရမည်

  • အလုပ်အဖွဲ့အတွင်း ပူးပေါင်းလုပ်ကိုင်နိုင်ပြီး အလုပ်ဖိအားကို ခံနိုင်ရည်ရှိရမည်

Open To :

Female

Job Requirements

  • အနည်းဆုံး အထက်တန်းအောင်မြင်ပြီးသူ (သို့) တက္ကသိုလ်တက်ရောက်ပြီးသူ ဖြစ်ရမည်

  • Customer Service / Office Administration / Receptionist ဆိုင်ရာ Certificate ရှိပါက အထူးဦးစားပေးမည်

  • English အခြေခံရေးသား၊ ဖတ်ရှု၊ ပြောဆိုနိုင်သူ ဖြစ်ရမည်

  • ပညာရေးစင်တာ (သို့) Office အတွေ့အကြုံရှိပါက ပိုမိုကောင်းမွန်မည်

What We Can Offer

Benefits

Rewards for over performance
Annual Bonus

Highlights

ကလေးများနှင့် အလုပ်လုပ်ရတာကို စိတ်ဝင်စားသူ
သေချာတိကျမှုရှိပြီး အလုပ်အပေါ် တာဝန်ခံစိတ်ရှိသူ
ရေရှည်လုပ်ကိုင်လိုသူ ဖြစ်ပါက ဦးစားပေးမည်

Career Opportunities

အလုပ်စတင်ချိန်မှစ၍ လုပ်ငန်းဆိုင်ရာ Training များကို စနစ်တကျ ပေးအပ်ပါသည်

About Our Company

SAM Singapore Math Myanmar ကျောင်းသည် Singapore မှ Franchise ယူထားသော ကျောင်းတစ်ခုဖြစ်ပါတယ်။ United Sates, Singapore, Australia, Canada, NewZealand, Thailand, Malaysia, HongKong, UAE, South Africa စသည့်နိုင်ငံကြီးများနှင့်အခြားနိုင်ငံများတွင်လဲ ကျောင်းခွဲပေါင်းများစွာရှိပြီး Internationally Recognized ကျောင်းတစ်ခုဖြစ်ပါတယ်။

Singapore Math Curriculum သင်ကြားပြီးထူးချွန်ကျောင်းသားကျောင်းသူများသည် International Ranking တွင် ၂၀၀၃ ခုနှစ်မှစတင်ကာ ထိပ်ဆုံးနေရာရှိနေသည်မှာ ယခုထပ်တိုင်ဖြစ်ပါတယ်။ SAM Singapore Math သည်လည်း ထိုသင်ရိုးနှင့်ရာနှုန်းပြည့်ကိုက်ညီသော သင်ရိုးဖြစ်ပါတယ်။ Singapore Math Curriculum ဖြစ်သည့်အတွက် Singapore တွင်ကျောင်းတက်ရန် ဝင်ခွင့်စာမေးပွဲဖြစ်သည့် AEIS Exam အတွက်လဲ ပြင်ဆင်​ပေးသောအတန်းများရှိပါတယ်။

SAM သည် မြန်မာနိုင်ငံတွင် 2018 ခုနှစ်မှစတင်ဖွင့်လှစ်ခဲ့ပြီး Franchise SOP များကို သေချာလိုက်နာ၍ ဖွင့်လှစ်သင်ကြားပေးသောကျောင်းဖြစ်ပါတယ်။ Printed Math Booklets များထုတ်ဝေပေးပြီး Small Group Class, Individual class များကို Online and In-person အတန်းများဖွင့်လှစ်၍ အတွေ့အကြုံရှိ SAM Certified Teachers များမှသင်ကြားပေးလျက်ရှိပါတယ်။

သင်္ချာစွမ်းရည်တိုးတက်မှု စဉ်ဆက်မပြတ်စစ်ဆေးမှုများအတွက် Topical Test, Term Review and Mid-Term Test ပါဝင်ခြင်း၊ Concept များ၊ Logical Reasoning, Mental Calculations, Problem Solving, Heuristic ပုစ္ဆာများ များစွာပါဝင်မှုကြောင့် ကျောင်းသားကျောင်းသူတို့၍ Math Foundation ကိုခိုင်မာစေသည့်အပြင် လက်တွေ့ဘဝနှင့်အမြဲထိတွေ့ဆက်စပ်သောနေင်္သချာတွင်လဲ ထူးချွန်စေပြီး မိမိကိုယ်ကိုယုံကြည်မှုများပွါးတိုးစေသောအတန်းဖြစ်ပါတယ်ရှင့်။
Verify your Mobile number
to get More Job Offers
Myanmar mobile number not valid, try again!
Send Me SMS Code
x
SMS Message Display
Alote MM
If you did not make this request, please message us on Facebook.
OK
x
Please enter the SMS
code sent to your phone
Sorry, SMS code not Valid
Verify Me Now
x
Thank You
Your Phone number has been successfully verified
OK
X
Your Password Help is:
OK
X
x