မြန်မာ
Get more Job Offers...
Download the App now!
Filter By:
Job Function
Location
Industry
EXP: LEVEL
AWARDS
Minimum Salary
Repat / Expat
1,059 Found & More Posts
1,059Found & More Posts
Sort by
Sort by:
You will notified when more similar jobs are posted.
Please update your Job Alert dashboard and try again.
Myanmar Japan Tobacco Co.,Ltd
Mingaladon | Yangon Yangon
29 Jan 2026
ထုတ်လုပ်ရေးလိုင်းအားလုံးမှ ပယ်ချထားသော Tax Stamp (TX) များကို နေ့စဉ် စုဆောင်း၍ TX Pasting ဧရိယာသို့ ပြောင်းရွှေ့ပို့ဆောင်ရမည်။ ပေးအပ်ထားသော စာရွက်အတိုင်း ထုတ်လုပ်မှုအမိန့် (Production Order) နှင့် ထုတ်လုပ်ရေးလိုင်းအလိုက် TX များကို အမျိုးအစားခွဲခြား၍ ပယ်ချထားသော TX Stamp များကို စာရွက်ပေါ်တွင် အမှားအယွင်းမရှိ (Waste မရှိဘဲ 100% တိကျမှုဖြင့်) ကပ်ထားရမည်။ TX Stamp ကပ်ပြီးပြီးသော စာရွက်များကို ဂိုဒေါင် (Warehouse) သို့ ပြောင်းရွှေ့ပို့ဆောင်ပြီး ပို့ဆောင်မှုလုပ်ငန်းစဉ်အဆုံးတွင် လက်ခံအတည်ပြု လက်မှတ်ရယူရမည်။ အလုပ်အချိန်အလိုက် (Shift) ပြီးဆုံးသည့်အခါ Tax Stamp ကပ်ခြင်း ဧရိယာကို သန့်ရှင်းရေး ပြုလုပ်ပြီး နောက်ထပ် အလုပ်အချိန်အဖွဲ့ (Incoming Shift) သို့ လုပ်ငန်းစဉ်ကို စနစ်တကျ လွှဲပြောင်းပေးရမည်။ TX Stamp ကပ်ခြင်းလုပ်ငန်း မရှိသည့်အချိန်များတွင် ထုတ်လုပ်ရေးနှင့် ဆိုင်သော လုပ်ငန်းများကို ကူညီဆောင်ရွက်ရမည်။ TX Stamp ကပ်ခြင်းလုပ်ငန်း မရှိသည့်အချိန်များတွင် စက်နှင့် ပစ္စည်းကိရိယာများနှင့် ဆိုင်သော EHS ဆိုင်ရာ ပရောဂျက်များ / လုပ်ငန်းဆောင်တာများကို JTI စံနှုန်းများ၊ သတ်မှတ်ချက်များနှင့် ဒေသဆိုင်ရာ စည်းမျဉ်းစည်းကမ်းများအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ကူညီပံ့ပိုးရမည်။
Benefits: • အချိန်ပိုကြေး • Ferry စီစဉ်ပေးခြင်း • နေ့လည်စာ / ညစာ ကျွေးခြင်း
Posted: 29 Jan 2026
Cho Cho Co.,Ltd
17 Jan 2026
ထုတ်လုပ်ရေးနှင့်ပတ်သက်သော လုပ်ငန်းစဉ်များကို သိရှိနားလည်ပြီး နေ့စဉ်ထုတ်လုပ်ရေးလည်ပတ်နိုင်စေရန် ဆောင်ရွက်နိုင်ရမည်။ Operator များမှ သက်ဆိုင်ရာစံသတ်မှတ်ချက်များနှင့်အညီထိန်းသိမ်းလုပ်ကိုင်ဆောင်ရွက်မှုရှိရန် စစ်ဆေးကြပ်မတ်၍ Report ပြုလုပ်နိုင်ရမည်။ စက်လည်ပတ်မှုနှင့်ပတ်သက်၍ Yield, Waste များ ခွင့်ပြုပမာဏဝင်ရောက်ရန် စက်လည်ပတ်ရေးအပိုင်းအား တာဝန်ယူဆောင်ရွက်နိုင်ရမည်။ ကုန်ကြမ်းပြင်ဆင်မှု၊ ထုတ်လုပ်မှုအားကြပ်မတ်၍ Operator များအား ကြီးကြပ်နိုင်ရမည်။ Production Efficiency နှင့်ပတ်သက်သည့် Report များအား တင်ပြနိုင်ရမည်။ ကုန်ကြမ်းသုံးစွဲမှုအား စီစစ်ခြင်း၊ စစ်ဆေးခြင်း၊ စာရင်းသွင်းခြင်းများအား ပြုလုပ်နိုင်ရမည်။
Benefits: Leave Bonus Annual Bonus Lunch Provide Ferry Provide (Nearest) Uniform
Posted: 17 Jan 2026
IIDA ELECTRONICS (MYANMAR) CO.,LTD
16 Dec 2025
မင်္ဂလာဒုံ၊ ရန်ကုန်တိုင်းတွင်ရှိသော အချိန်ပြည့် Production Control Staff ရာထူး 1 နေရာစာအတွက် အထူးအခွင့်အရေး၊ လုပ်သက် - အတွေ့အကြုံရှိ နှင့် လစဉ် လစာကောင်းကောင်းပေးမည်။
Benefits: .
Posted: 16 Dec 2025
Myanma Awba Group
11 Dec 2025
- Warehouse လုပ်ငန်းပိုင်းနှင့်ပတ်သက်ပြီး လုပ်ငန်းအတွေ့ကြုံရှိရမည်။ - Labor အလုပ်သမားများအား ညွှန်ကြားပြောဆိုင်နိုင်သူဖြစ်ရမည်။
Benefits: - နေ့လည်စာ - အချိန်ပိုကြေး - Uniform - Ferry (on the way)
Posted: 11 Dec 2025
AYA SOMPO Insurance
Botahtaung | Yangon Yangon
02 Feb 2026
Support the development, implementation, and ongoing maintenance of the Quality Management System (QMS) in accordance with ISO 9001:2015. Lead and supervise quality audit processes across all departments to ensure compliance with ISO 9001:2015 standards and internal policies. Proactively identify the areas which need to improve in accordance with the organization Quality Management System. Assist departments in preparing and updating the Operational Procedure Manual and associated documents. Collaborate with key personnel from various departments to support Quality Assurance activities. Conduct and support Quality Assurance awareness programs and training sessions. Perform any other duties assigned by the Head of Department (HOD) and Second-in-Command (2IC).
Benefits: Yearly increment and bonus, Ferry provided, Health Insurance
Posted: 02 Feb 2026
Hlaingtharya | Yangon Yangon
26 Jan 2026
Warehouse တွင်ရှိသော Inventory Stocks များ အားစစ်ဆေးရမည်။ ဆန်နှင့်ဆန်ကွဲများ ကားတင်/ချ ပြုလုပ်ရာတွင် တာလီပေးခြင်း၊ ပန်းစာရေးခြင်း၊ ကုန်ရ/ကုန်ထုတ် ပြေစာရေးခြင်း ကိစ္စရပ်များဆောင်ရွက်ရမည်။ ဆန်တွင် ဆန်ကွဲအမှတ်ပါဝင်မှု့အား စစ်ဆေးပေးရမည်။
Benefits: Rewards for over performance
Posted: 26 Jan 2026
Concrete King Concrete Manufacturing Co.,Ltd
Insein | Yangon Yangon
13 Jan 2026
- နေ့စဉ် Site များသို့ သွား၍ ကွန်ကရစ်မိုများယူရမည်။ - Site မသွားမီ QC နှင့်သက်ဆိုင်သည့် ပစ္စည်းများ စုံလင်မှုရှိ/မရှိ စစ်ဆေးရမည်။ - Site တွင် အကြောင်းတစ်စုံတစ်ရာရှိပါက Customer နှင့်ညှိနှိုင်းဆောင်ရွက်ပြီး အထက်တာဝန်ရှိသူထံသို့ တင်ပြရမည်။ - Site တွင် Cube Sample ယူပြီး QC Check List On Site တွင်ဖြည့်စွက်ရမည်။
Posted: 13 Jan 2026
ARO Commercial Company Limited
Mingalartaungnyunt | Yangon Yangon
09 Jan 2026
GMP နှင့် HACCP စံနှုန်းများနှင့် လုပ်ထုံးလုပ်နည်းများအတိုင်း quality and inspection systemsကို အကောင်အထည်ဖော်၍ ဆောင်ရွက်ခြင်း။ စာရွက်စာတမ်းပြင်ဆင်ခြင်း၊ ဌာနတွင်းစာရင်းစစ်ခြင်းနှင့်quality assurance ဆိုင်ရာ လုပ်ငန်းများကို အချိန်မှန်လုပ်ဆောင်ခြင်း။ ပြင်ပဝန်ဆောင်မှုပေးသူများမှ ပြုလုပ်သော ဆိုက်တွင်းစစ်ဆေးမှုများကို ညှိနှိုင်းဆောင်ရွက်ပေးခြင်း။ စာရင်းစစ်တွေ့ရှိချက်များကို အကဲဖြတ်ပြီး သင့်လျော်မှန်ကန်သောလုပ်ဆောင်ချက်များနှင့် တိုးတက်မှုအစီအစဉ်ကို အကောင်အထည်ဖော်ကာ အစီရင်ခံစာကို အဆိုတင်သွင်းခြင်း။ Store ဌာနနှင့် ညှိနှိုင်းပြီး အချင်းချင်း ပံ့ပိုးကူညီခြင်း။ အရည်အသွေးစနစ်နှင့်ပတ်သက်သည့် 5S & GMP သင်တန်းကို တတ်ကျွမ်းနားလည်ရမည်။ ပိုးမွှားထိန်းချုပ်ရေး စီမံခန့်ခွဲမှုအဖွဲ့အား စောင့်ကြည့်စစ်ဆေးပြီး လိုအပ်ပြီးမှန်ကန်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်ပေးခြင်း။ ပြည်တွင်းနှင့် သွင်းကုန်ထုတ်ကုန်များအတွက် အစားအသောက် ဘေးကင်းစေရန်အတွက် ကုန်စည်နှင့် ထုတ်ကုန်များ လက်ခံရရှိရေး စမ်းသပ်စစ်ဆေးခြင်းနှင့် စောင့်ကြည့်စစ်ဆေးခြင်းတို့ကို စီစဉ်ဆောင်ရွက်ပေးခြင်း။ ကုန်ပစ္စည်းသတ်မှတ်ချက်များ ပြည့်စုံရန်အတွက် ပေးသွင်းသူနှင့် ဆက်သွယ်ဆောင်ရွက်ခြင်း။ နေ့စဉ်လုပ်ငန်းအရ Makro ရှိ ထုတ်ကုန်အားလုံး၏ ထုတ်ကုန်တံဆိပ်များကို စစ်ဆေးခြင်း။ ဓာတုဗေဒပစ္စည်းစာရင်းကို နေ့စဉ်ပြုလုပ်ရန်နှင့် မှတ်တမ်းတင်ပြီး အစီရင်ခံခြင်း။ Mallအတွင်း ကြမ်းခင်းများကို နေ့စဉ် စစ်ဆေးခြင်း။ ဝန်ထမ်းများ၏အပူချိန်ကို နေ့စဉ် စစ်ဆေးပြီး လစဉ်အစီရင်ခံရန် swab test ပြုလုပ်ပေးခြင်း။ ဝယ်ယူသူများ၏ တိုင်ကြားချက်များနှင့် ကိုက်ညီမှုရှိ/မရှိ ပြဿနာများကို စုံစမ်းစစ်ဆေးခြင်း။ အိမ်တွင်း မုန့်ဖုတ်လုပ်ငန်းများအတွက် GMP စံနှုန်းနှင့် ကိုက်ညီမှုရှိ/မရှိ လုပ်ငန်းသုံး မီးဖိုချောင်ကို အပတ်စဉ် စစ်ဆေးခြင်း။ အစိုးရအာဏာပိုင်များနှင့် အေဂျင်စီများနှင့် ပတ်သက်သည့် အခြားသော စည်းမျဉ်းစည်းကမ်းလိုအပ်ချက်များအတွက် မန်နေဂျာအား ပံ့ပိုးကူညီပေးခြင်း။
Benefits: Bonus Transportation allowance
Posted: 09 Jan 2026
Nutribay Limited
South Okkalapa | Yangon Yangon
07 Jan 2026
ထုတ်လုပ်မှုလုပ်ငန်းစဉ်အတွင်း ကုန်ပစ္စည်းများ၏ အရည်အသွေးကို စစ်ဆေးခြင်းနှင့် ထိန်းချုပ်ခြင်း ကုန်ပစ္စည်းများသည် သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခြင်း အရည်အသွေးစစ်ဆေးမှုနှင့် သက်ဆိုင်သော QC မှတ်တမ်းများကို မှန်ကန်စွာ ပြုလုပ်ထိန်းသိမ်းခြင်း အရည်အသွေးပြဿနာများ တွေ့ရှိပါက သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ဖြေရှင်းဆောင်ရွက်ခြင်း လိုအပ်ပါက အဖွဲ့ဝင်များနှင့် ပူးပေါင်းလုပ်ကိုင်နိုင်ရမည်။
Posted: 07 Jan 2026
Beyond Group of Companies
လှိုင်သာယာ၊ ရန်ကုန်တိုင်းတွင်ရှိသော အချိန်ပြည့် Line QC(Quality Control) (သို့မဟုတ် အရည်အသွေး ထိန်းသိမ်းမှုဆိုင်ရာစီမံရေးအရာရှိ) ရာထူး (၁)နေရာစာအတွက် အထူးအခွင့်အရေး၊ လုပ်သက် - အတွေ့အကြုံမရှိ နှင့် လစဉ် လစာကောင်းကောင်းပေးမည်။ စားသောက်ကုန်ထုတ်လုပ်ရေးပိုင်းတွင်အရည်အသွေးစစ်ဆေးပေးရမည်။ စားသောက်ကုန်ထုန်လုပ်မှုပြီးစီးသည်အထိတာဝန်ယူစစ်ဆေးပေးရမည်။ သက်ဆိုင်ရာဌာနအကြီးအကဲမှချမှတ်ထားသောလုပ်ငန်းစဉ်များအတိုင်းလိုက်ပါကူညီဆောင်ရွက်နိုင်ရမည်။
Benefits: -Career Development
SANHE Tissue
Hmawbi | Yangon Yangon
23 Dec 2025
ကုန်ပစ္စည်းများ၏ အရည်အသွေးပိုင်းနှင့် Customer များ မှာကြားထားသည့် လိုအပ်သည့်ပုံစံများကို စစ်ဆေးပေးနိုင်ရမည်။ စေ့စပ်သေချာမှုရှိရမည်။ သက်ဆိုင်ရာဌာနမှ တာ၀န်ရှိသူများ မှာကြားထားသည့်အတိုင်းဆောင်ရွက်ပေးနိုင်ရမည်။ ကုန်ထုတ်လုပ်မှုလုပ်ငန်းများနှင့် ဆက်သွယ်နေသော ဌာနခွဲအသီးသီးမှ သက်ဆိုင်သူများနှင့် ပူးပေါင်းဆောင်ရွက်မှုအားကောင်းရမည်။
Benefits: -
Posted: 23 Dec 2025
HQS Co., Ltd
Lanmadaw | Yangon Yangon
ရေဆိုးသန့်စင်စက် လည်ပတ်မှုအတွက် အော်ပရေတာ တစ်ယောာက်အမြန်အလိုရှိပါသည်။ အဓိက တာဝန်ဝတ္တရားများ • တစ်နေ့တာ ရေဆိုးသန့်စင်စက် စနစ် လည်ပတ်မှုကို စီမံခန့်ခွဲခြင်း။ • စနစ်၏ စွမ်းဆောင်ရည်နှင့် ရေအရည်အသွေး (Water Quality) ကို စဉ်ဆက်မပြတ် စောင့်ကြည့်ခြင်း။ • စက်၏ လုပ်ဆောင်ချက်များကို နေ့စဉ် စောင့်ကြည့်လေ့လာခြင်း။ • စနစ်တွင် ပြဿနာ သို့မဟုတ် ချို့ယွင်းချက်များ ဖြစ်ပေါ်လာပါက သက်ဆိုင်ရာသို့ သတင်းပို့ခြင်း။ • နေ့စဉ် စက်တွင် အသုံးပြုသည့် ပစ္စည်းများကို အချိန်မီ ဖြည့်တင်းခြင်း။ • စစ်ထုတ်ပစ္စည်းများကို သတ်မှတ်ချိန်ရောက်တိုင်း စနစ်တကျ လဲလှယ်တပ်ဆင်ခြင်း။ • ဓာတုဗေဒပစ္စည်းကန်များ၊ ပိုက်လိုင်းများ၊ ပန့်များနှင့် အဆို့ရှင်များကို စစ်ဆေးခြင်း၊ လိုအပ်သလို အသေးစား ပြုပြင်ထိန်းသိမ်းခြင်းများ ပြုလုပ်ခြင်း။
Benefits: Salary + OT
Hledan Centre Management Company Limited
Kamaryut | Yangon Yangon
AGTI(EP) နှင့် B.Tech(EP/MP) သို့မဟုတ် သက်ဆိုင်ရာ Certificate ရရှိထားသူဖြစ်ရပါမည်။ အသက်(၂၅)နှစ် မှ (၄၀) နှစ်အတွင်းဖြစ်ရမည်။ HVAC ပိုင်းနှင့်ပတ်သက်ပြီး အတွေ့အကြုံအနည်းဆုံး(၃)နှစ်ရှိရမည်။
Benefits: အချိန်ပိုကြေး ခရီးစရိတ် Sim Card + ဖုန်းဘေလ် ယူနီဖောင်း Safety ဖိနပ် နှစ်စဉ်ဆုကြေးငွေ
Floral up
01 Feb 2026
တောင်ဥက္ကလာ၊ မင်္ဂလာလမ်းမပေါ်ရှိ Local Brand အလုပ်ရုံ (အိမ်ရုံ) တွင်တာဝန်ထမ်းဆောင်ရန် Helper (၄) ဦး အလိုရှိပါသည်။ မနက် ၉:၀၀ မှ ညနေ ၅:၀၀ တစ်ပတ် ၆ ရက် တောင်ဥက္ကလာမြို့နယ် မင်္ဂလာလမ်း တွင်ဆင်းရပါမည်။ အစိုးရရုံးပိတ်ရက်နှင့် Sunday ရုံးပိတ်ပါသည်။
Benefits: - ခရီးစရိတ် - အချိန်ပိုကြေး - ရက်မှန်ကြေး
Posted: 01 Feb 2026
Ba Hein Co.,Ltd
30 Jan 2026
အင်းစိန်၊ ရန်ကုန်တိုင်းတွင်ရှိသော အချိန်ပြည့် Store Staff (သို့မဟုတ် စတိုခန်းထိန်းသိမ်းသူ) ရာထူး 1 နေရာစာအတွက် အထူးအခွင့်အရေး၊ လုပ်သက် - အတွေ့အကြုံရှိ နှင့် လစဉ် လစာကောင်းကောင်းပေးမည်။
Posted: 30 Jan 2026
BRIGHT LIGHT GROUP COMPANY LIMITED
27 Jan 2026
ဂိုထောင်အတွင်းရှိ ကုန်ပစ္စည်းများ သက်မှတ်နေရာအလိုက်ချထားမှု့ ရှိ/မရှိ စစ်ဆေးရန်နှင့် မှန်ကန်မှုရှိစေရန် Supervisor နှင့် တိုင်ပင်၍ လုပ်ဆောင်ရန်၊ ကုန်ပစ္စည်းများ အထုတ်အသွင်းပြုလုပ်ရာတွင် စာရင်းမှန်ကန်မှု့ရှိစေရန် စီစစ်ဆောင်ရွက်ရန်၊ စက်လည်ရန်အတွက် ကုန်ကြမ်းထုတ်ပေးရာတွင် အရေအတွက်နှင့် အလေးချိန်များ မှန်ကန်မှု့ရှိစေရေး တိကျစွာဆောင်ရွက်ရန်၊ အဝင်/အထွက်ပစ္စည်းများအားလုံး မှတ်တမ်းထည့်သွင်းထားရန်နှင့် လက်ကျန်ပစ္စည်းများ မှန်ကန်မှု့ရှိစေရန်အတွက် နေ့စဉ်စစ်ဆေးထားရန်နှင့် လုပ်ငန်းခွင်သန့်ရှင်းရေးများကောင်းမွန်စေရန် စီစစ်လုပ်ဆောင်ထားရမည်။
Benefits: တစ်နှစ်(၂)ကြိမ်လစာတိုးရှိသည်။ နေထိုင်ရန်အဆောင်စီစဉ်ပေးမည်၊ တနေ့(၃)ကြိမ် ထမင်း,ဟင်းကျွေးသည်၊
Posted: 27 Jan 2026
ကုန်ထုတ်လုပ်မှု့ပစ္စည်းများမှန်ကန်မှုရှိစေရန် production Supervisor နှင့် တိုင်ပင်၍ လိုက်နာဆောင်ရွက်ပေးရန်၊ စက်များကောင်းမွန်စွာလည်ပတ်မှု့ရှိစေရေးနှင့် ပုံမှန်အတိုင်းလုပ်ဆောင်မှု့ရှိစေရန် ကြည့်ရှုလိုက်နာဆောင်ရွက်ပေးရန်၊ စက်လည်လုပ်သားများ ထုတ်ပိုးမှု့ပြုလုပ်ရာတွင် သေသပ်မှုရှိစေရန်နှင့် အလေးချိန်မှန်ကန်မှု့ရှိစေရေးတို့အတွက် တိကျစွာလိုက်နာဆောင်ရွက်ရန်၊ စက်ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် အလေအလွင့်နည်းပါးစေရေးအတွက် လိုက်နာဆောင်ရွက်ပေးရန်၊ ထုတ်လုပ်မှု့အရည်အသွေးများ စံချိန်စံညွှန်းနှင့် ကိုက်ညီမှု့ရှိစေရေးအတွက် စောင့်ကြည့်လုပ်ဆောင်ပေးရန်၊
Benefits: တစ်နေ့(၃)ကြိမ်ကျွေးမွေးသည် နေထိုင်စရာအဆောင်စီစဉ်ပေးသည် သီတင်းကျွတ်၊သင်္ကြန်စသောအခါကြီးရက်ကြီးများတွင် မုန့်ဖိုးပေးသည် တစ်နှစ်(၂)ကြိမ် လစာတိုးသည်
Golden Family Trading
Tamwe | Yangon Yangon
ကုန်ပစ္စည်းတင်ပို့သူများ၊ ပေးပို့သူများနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းအဖွဲ့များနှင့် ပူးပေါင်း၍ ကုန်ပစ္စည်းများကို အချိန်မီပေးပို့နိုင်အောင် ဆောင်ရွက်ခြင်း။ Warehouse ရှိ ကုန်ပစ္စည်းများကို ပုံမှန်စစ်ဆေးခြင်း၊ လက်ကျန်ပမာဏနှင့် system ရှိစာရင်းအတိုင်း မညီညွတ်မှုများကို ကိုက်ညီအောင် ပြန်လည်ဖြေရှင်းခြင်း။ လုံခြုံရေးစည်းမျဉ်းများနှင့် Warehouse လုပ်ထုံးလုပ်နည်းများကို လိုက်နာခြင်း။ Warehouse ကို သန့်ရှင်းမှုရှိပြီး၊ အန္တရာယ်ကင်းအောင် စနစ်တကျ ထိန်းသိမ်းထားခြင်း။ purchase orders နှင့် delivery notes ကိုက်ညီမှုရှိ/မရှိ စစ်ဆေး၍ ဝင်ရောက်လာသော ကုန်ပစ္စည်းများကို လက်ခံခြင်း၊ စစ်ဆေးခြင်း။ ဝင်ရောက်လာသော ကုန်ပစ္စည်းများကို ခွဲထုတ်ခြင်း နှင့် သတ်မှတ်ထားသောနေရာများတွင် သိုလှောင်ခြင်း။
Benefits: Salary - 350,000 - 400000+ရက်မှန်+ performance +Bonus Salary - 300,000 (နေစရာနှင့်ထမင်းစီစဉ်ပေးမည်။)
NICE PARTNER COMPANY LIMITED
Dagon Myothit (Seikkan) | Yangon Yangon
21 Jan 2026
ကုန်ပစ္စည်းများ အဝင်/အထွက်ကို စနစ်တကျ လက်ခံခြင်းနှင့် ထုတ်ပေးခြင်းများ ပြုလုပ်နိုင်ရပါမည်။ စတိုအတွင်းရှိ ပစ္စည်းလက်ကျန်စာရင်း (Stock Balance) ကို နေ့စဉ်/အပတ်စဉ် တိုက်စစ်ရပါမည်။ ပစ္စည်းများ ပျက်စီးမှုမရှိစေရန် စနစ်တကျ နေရာချထားခြင်းနှင့် သန့်ရှင်းသပ်ရပ်အောင် ထိန်းသိမ်းရပါမည်။
Benefits: Daily Allowance: 4,000 MMK (Paid on the 15th of each month)
Posted: 21 Jan 2026
KIMPAI PRINTING AND PACKAGING
Thanlyin | Yangon Yangon
20 Jan 2026
Job Description (JD) To oversee and coordinate the production team to ensure production goals and quality standards are met. To implement process improvements and maintain safety protocols within the production facility. To analyze production metrics and prepare reports for management review. To provide training and support for team members in their roles. To ensure compliance with industry regulations and quality assurance procedures.
Benefits: Salary Travelling Allowance
Posted: 20 Jan 2026
AIG Co.,Ltd [Golden Globe Myanmar Co.,Ltd]
19 Jan 2026
📌 ကုမ္ပဏီ၏ နေ့စဉ် Operation လုပ်ငန်းများကို စနစ်တကျ ကြီးကြပ်နိုင်သူ 📌 လုပ်ငန်းစဉ်များကို တိုးတက်အောင် စီမံကိန်းဆွဲနိုင်သူ 📌 ဝန်ထမ်းများ၏ လုပ်ငန်းဆောင်ရွက်မှုကို စစ်ဆေးအကဲဖြတ်နိုင်သူ 📌 Management Team နှင့် ညှိနှိုင်းပြီး Operation Efficiency မြှင့်တင်နိုင်သူ
Posted: 19 Jan 2026
KBZ Bank
15 Jan 2026
Storekeeper ရာထူးဖြင့်တာဝန်ထမ်းဆောင်သူသည် စက်ပစ္စည်းပံ့ပိုးမှုများနှင့်သက်ဆိုင်သော နေ့စဉ်လုပ်ငန်းဆောင်တာများ၊ ကုန်ပစ္စည်းလက်ခံခြင်းနှင့် ကုန်ပစ္စည်းတင်ပို့ခြင်းတို့ကို ကူညီဆောင်ရွက်ပေးရန် တာဝန်ရှိသည်။ သက်ဆိုင်ရာတာဝန်ခံ၏ လမ်းညွှန်မှုအောက်တွင် နေ့စဉ်လုပ်ငန်းဆောင်တာများကို ဆောင်ရွက်ရမည်။ လုပ်ငန်းခွင်အတွင်း ပေးအပ်ထားသော အလုပ်တာဝန်များကို နေ့စဉ်အချိန်မီ ဆောင်ရွက်နိုင်ရမည်။ စက်ပစ္စည်းများ ထုပ်ပိုးခြင်း၊ ထောက်ပံ့ပို့ဆောင်ခြင်း၊ စက်ပစ္စည်းစာရင်းများပြုလုပ်ပေးခြင်း၊ စက်ပစ္စည်းသန့်ရှင်းရေးနှင့် ထိန်းသိမ်းမှုများ အတွက်ကူညီဆောင်ရွက်ပေးနိုင်ရမည်။ မိမိအားပေးအပ်ထားသော တာဝန်များအတွက် လုပ်ဆောင်မှုအခြေအနေအား သက်ဆိုင်ရာတာဝန်ခံသို့ သတင်းပို့တင်ပြရမည်။ ဖုန်းခေါ်ဆိုမှုများကို ဖြေကြားပေးခြင်းနှင့် သင့်လျော်သော ပံ့ပိုးကူညီမှုပေးရမည်။ ဝန်ထမ်းအချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်း၊
Benefits: ဘောနပ်+OT ကျန်းမာရေးအာမခံ အခြားခံစားခွင့်များ
Posted: 15 Jan 2026
14 Jan 2026
ပစ္စည်း အဝင်/အထွက်များအား စာရင်းပြုစုခြင်းနှင့် မြေပြင်လက်ကျန်စာရင်းများအား စစ်ဆေးခြင်းကို တိကျမှန်ကန်စွာပြုလုပ်ပေးနိုင်ရပါမည်။ မိမိ အထက် senior များက သင်ကြားပြသမှုများအား နာခံသင်ယူလိုစိတ်ရှိပြီး Teamwork ဖြင့် အလုပ် လုပ်ကိုင်နိုင်သောသူ ဖြစ်ရမည်။
Benefits: -Uniform Provide -Ferry Provide -Bonus
Posted: 14 Jan 2026
Shopvana - Online Store
Mayangone | Yangon Yangon
မရမ်းကုန်း၊ ရန်ကုန်တိုင်းတွင်ရှိသော အချိန်ပြည့် Store ဝန်ထမ်း ရာထူး 4 နေရာစာအတွက် အထူးအခွင့်အရေး၊ လုပ်သက် - အတွေ့အကြုံရှိ နှင့် လစဉ် လစာကောင်းကောင်းပေးမည်။
Benefits: ***လစာ - ညှိနှိုင်း + bonus **နားရက် - တစ်လ (၄)ရက်
Oriental Leaf International Co.,Ltd
ရုံးခန်းများအတွင်း သန်ံရှင်းရေး ပြုလုပ်ရန် ဘုရားခန်း သန့်ရှင်းရေးတာဝန်ယူ ပြုလုပ်ရန် အမှိုက်/ အိတ် များ သိမ်းဆည်းရန်
Benefits: ဘောနပ်စ်
Scrub House Co.,Ltd
နေ့စဉ်ကုန်ထုတ်လုပ်မှု လုပ်ငန်းများဖြစ်သော စတေကာကပ်၊ ပါကင်ထုတ်၊ ထုတ်လုပ်မှုအပိုင်းနှင့် ပစ္စည်းစစ်ခြင်း အပိုင်းများတွင် တက်ကြွစွာ ပါဝင်လုပ်ဆောင်ရမည်။ Team Work ဖြင့်အလုပ်လုပ်နိုင်ရမည်ဖြစ်ပြီး အခါအားလျော်စွာ အထက်မှ ပေးအပ်သောတာဝန်များကို ကျေပွန်စွာလုပ်နိုင်ရပါမည်
Benefits: ရက်မှန်ကြေး Transportation Fees Grocery Allowance Beauty Allowance Annual Bonus
Glamdust LTD
Dagon Myothit (East) | Yangon Yangon
အလုပ်ခေါ်ယူခြင်း – စက်ရုံလုပ်သား ကုမ္ပဏီ: Glamdust Ltd လုပ်ကိုင်ရမည့်နေရာ: အရှေ့ဒဂုံ စက်မှုဇုန်၊ ရန်ကုန် 👷♀️ အလုပ်တာဝန်များ စက်ရုံထုတ်လုပ်မှုအလုပ်များတွင် ပါဝင်လုပ်ကိုင်ရမည် ထုပ်ပိုးခြင်း၊ ဖြည့်တင်းခြင်း၊ လိပ်စာကပ်ခြင်း သန့်ရှင်းရေးနှင့် လုံခြုံရေးစည်းကမ်းများ လိုက်နာရမည် 🕒 အလုပ်ချိန် မနက် 8:00 မှ ညနေ 5:30 အထိ တနင်္ဂနွေ – အများပြည်သူပိတ်ရက်
Benefits: ✅ အစားအသောက် ပံ့ပိုးပေးမည် ✅ နေထိုင်ရန် Hostel ပံ့ပိုးပေးမည် ✅ တနင်္ဂနွေ အများပြည်သူပိတ်ရက် ✅ နှစ်စဉ် ဘောနပ်စ် ၃ ကြိမ်
လှိုင်သာယာ၊ ရန်ကုန်တိုင်းတွင်ရှိသော အချိန်ပြည့် ဝန်ထမ်းအတွက် ခေါ်ယူခြင်းဖြစ်ပါသည်။ အအေးခန်းစက်မောင်းအတွေ့ကြုံရှိရမည်။ နေ့ဆိုင်း/ညဆိုင်း ဆင်းနိုင်ရမည်။ ရိုးသားကြိုးစားပြီး သင်ယူလိုစိတ်ရှိသူဖြစ်ရမည်။
T&T
ဦးဆောင်မှုရှိစွာ ပစ္စည်းအဝင်/အထွက်စာရင်းများကို မှန်ကန်စွာ မှတ်တမ်းတင်ခြင်း ဂိုထောင်နေရာကို စနစ်တကျ စင်ကြယ်အောင် ပြင်ဆင်ထားရှိခြင်း ပစ္စည်းများကို စနစ်တကျ အစားထိုး/သိုလှောင်ခြင်းနှင့် အထုပ်ထုပ်ခြင်းများကို ဦးဆောင် ဆောင်ရွက်ခြင်း ပစ္စည်းများကို စနစ်တကျ စစ်ဆေးခြင်း (Quality Check) ပစ္စည်းများ သယ်/တင်ဆောင်ခြင်းအလုပ်များကို တာဝန်ယူဆောင်ရွက်ခြင်း အဖွဲ့လိုက်လုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်နိုင်ရမည်။
Benefits: Salary – 400,000 ~ 500,000 MMK + Monthly Bonus
ZS Beauty Co.,Ltd
Dagon Myothit (South) | Yangon Yangon
06 Jan 2026
ပစ္စည်းများကို လက်ခံ၊ စစ်ဆေး၊ စနစ်တကျ သိုလှောင်ခြင်း Stock အဝင် / အထွက်များကို မှတ်တမ်းတင်ထားခြင်း ပစ္စည်းလက်ကျန် (Stock Balance) ကို နေ့စဉ်/လစဉ် စစ်ဆေးထိန်းသိမ်းခြင်း ပျက်စီးမှု၊ ပျောက်ဆုံးမှု မဖြစ်စေရန် စနစ်တကျ စီမံထိန်းသိမ်းခြင်း Stock နည်းလာပါက တာဝန်ရှိသူကို အချိန်မီ အကြောင်းကြားခြင်း Invoice,Issue Slip စသည့် စာရွက်စာတမ်းများကို စနစ်တကျ ထိန်းသိမ်းခြင်း Supervisor / Manager မှ ပေးအပ်သော အခြားတာဝန်များ ဆောင်ရွက်ခြင်း
Benefits: အချိန်ပိုကြေး
Posted: 06 Jan 2026