• ATOM

  • အလုပ်ရှင်တိုက်ရိုက်

  • လုပ်ငန်းအမျိုးအစား :တယ်လီဖုန်းဆက်သွယ်ရေး

  • ဝန်ထမ်းအရေအတွက် :501-1000

  • လိပ်စာ :

    221, Level 17,22,23, Sule Square, Sule Pagoda Road, Kyauktada Township, Yangon , 11182,ရန်ကုန်တိုင်း, Myanmar

သင့်နှင့် သင့်တော်ရာအလုပ် မတွေ့ခဲ့လျှင် နောင်တွင် ကုမ္ပဏီမှ သင့်၏ CV ကို သိမ်းထား၍ သင့်တော်ရာ အလုပ်များရှိပါက ခေါ်နိုင်ရန် လျှောက်ထားလိုက်ပါ

ကုမ္ပဏီ၏မျှော်မှန်းချက်နှင့်တာဝန်

Company Description

အက်တမ် (ATOM) သည် လူမှုအသိုင်းအဝိုင်းကို ဦးစားပေးသည့် (People-First) ရည်ရွယ်ချက်၊ ရည်မှန်းချက်များအတိုင်း လုပ်ဆောင်သည့် မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးဝန်ဆောင်မှုပေးသည့် လုပ်ငန်းတစ်ခုဖြစ်ပါသည်။
နိုင်ငံ၏အကောင်းဆုံး 4.5G ကွန်ရက်ဖြင့် ကျွန်ုပ်တို့သည် လူနေမှုဘဝ၊ ၊စီးပွားရေးလုပ်ငန်းများ တိုးတက်ကောင်းမွန်စေရန်နှင့် လူမှုအသိုင်းအဝိုင်းများအကြား ချိတ်ဆက်မှုများ ပိုမို အားကောင်းစေရန် စျေးနှုန်းသက်သာ၍ လုံခြုံပြီး ကမ္ဘာ့အဆင့်မီ ဒစ်ဂျစ်တယ်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများစွာကို မြန်မာနိုင်ငံရှိ သုံးစွဲသူများအားလုံးအတွက် ပံ့ပိုးပေးလျက်ရှိပါသည်။


တာ၀န်ခံမှု တာဝန်ယူမှု အပြည့်ရှိသော စီးပွားရေးလုပ်ငန်းတစ်ခုအနေဖြင့် ကျွန်ုပ်တို့သည် စဉ်ဆက်မပြတ်သော နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုများနှင့် အားလုံးပါဝင်သည့် ဒစ်ဂျစ်တယ်ခေတ်တစ်ခု တည်ဆောက်ဖော်ဆောင်သွားမည်ဟု ကတိပြုပါသည်။ ကျွန်ုပ်တို့၏ မျှော်မှန်းချက်သည် မြန်မာပြည်သူများအတွက် ပိုမိုကောင်းမွန်သော ဘဝအတွေ့အကြုံများရရှိခံစားနိုင်စေရန် အဆင့်မြင့်ချိတ်ဆက်မှုများဖြင့် မြန်မာနိုင်ငံအတွက် ပံ့ပိုးကူညီလုပ်ဆောင်ပေးရန် ဖြစ်ပါသည်။


ကျွန်ုပ်တို့၏ လုပ်ငန်းဦးဆောင်သူများအဖွဲ့တွင် ဝါရင့်စီးပွားရေးအသွင်ကူးပြောင်းမှုဆိုင်ရာ ဦးဆောင်သူများ၊ တစ်ကမ္ဘာလုံးဆိုင်ရာ ဆက်သွယ်ရေး ကျွမ်းကျင်သူများနှင့် မြန်မာလူမျိုးများ၏ ခေတ်အလိုက်ပြောင်းလဲလာသောလိုအပ်ချက်များကို အထူးနားလည်သဘောပေါက်သော ဒစ်ဂျစ်တယ်နည်းပညာကျွမ်းကျင် စီမံခန့်ခွဲသူများအစရှိသည်တို့ ပါဝင်ပါသည်။


ဆက်သွယ်ရေးသည် အလွန်အရေးကြီးသော ဝန်ဆောင်မှုတစ်ခုဖြစ်သည်နှင့်အညီ ကျွန်ုပ်တို့၏ ပထမဦးစားပေး ကတိကဝတ်မှာ အရည်အသွေးမြင့် ဆက်သွယ်ရေးဝန်ဆောင်မှုများကို အသုံးပြု လိုသည့် မြန်မာပြည်သူတရပ်လုံး၏ အကျိုးအတွက် ခိုင်မာသည့် ရည်ရွယ်ချက်၊ ရေရှည်တည်တံ့ပြီး တာဝန်ယူမှုရှိသည့် နည်းလမ်းများဖြင့် ခေတ်မီအခြေခံအုတ်မြစ်ကို ဖွံ့ဖြိုးတိုးတက်စေရန် နှင့် လုပ်ငန်းများကောင်းမွန်စွာ လည်ပတ်လုပ်ဆောင်နိုင်ရန်ဖြစ်ပါသည်။


မြန်မာနိုင်ငံရှိ အသုံးပြုသူများအတွက် အက်တမ် (ATOM) သည် ပိုမိုကောင်းမွန်သည့် အဆင့်မြင့်ကွန်ရက် ချိတ်ဆက်မှုများဖြင့် ဝန်ဆောင်မှုပေးမည်ဖြစ်ပါသည်။

သင့်နှင့် သင့်တော်ရာအလုပ် မတွေ့ခဲ့လျှင် နောင်တွင် ကုမ္ပဏီမှ သင့်၏ CV ကို သိမ်းထား၍ သင့်တော်ရာ အလုပ်များရှိပါက ခေါ်နိုင်ရန် လျှောက်ထားလိုက်ပါ

x