Alote.com.mm ၏ ကိုယ်ရေးအချက်အလက်မူဝါဒ

Alote.com.mm (နောက်ပိုင်းတွင် ဝက်ဘ်ဆိုက် ဟုသုံးနှုန်းပါမည်) မှကြိုဆိုပါသည်။
အွန်လိုင်းပေါ်ရှိကိုယ်ရေးအချက်အလက်များသည် ကျွန်ုပ်တို့ဝက်ဘ်ဆိုက်ကိုအသုံးပြုသူများအတွက် အထူးသဖြင့် စီးပွားရေးလုပ်ဆောင်ရာတွင် အရေးကြီးကြောင်းသိရှိနားလည်ထားပါသည်။ ဤဖော်ပြချက်သည် စီးပွားရေးနှင့်သက်ဆိုင်မှုမရှိဘဲလာရောက်သောဝက်ဘ်ဆိုက်အသုံးပြုသူများ (နောက်ပိုင်းတွင် “ဝက်ဘ်ဆိုက်သို့လာရောက်သူများ” ဟုသုံးနှုန်းပါမည်။) နှင့် Alote.com.mm (စုပေါင်း၍ “ဝန်ဆောင်မှုများ” ဟုနောက်ပိုင်းတွင်သုံးနှုန်းပါမည်။) မှ ကမ်းလှမ်းထားသောဝန်ဆောင်မှုများကိုအသုံးပြုရန်နှင့် ဝက်ဘ်ဆိုက်ပေါ်တွင် စီးပွာရေးလုပ်ငန်းများပြုလုပ်ဆောင်ရွက်ရန်အတွက် စာရင်းပေးသွင်းထားသောလာရောက်သူများ (“တရားဝင်ခွင့်ပြုထားသောဝယ်ယူသုံးစွဲသူများ” ဟု နောက်ပိုင်းတွင်သုံးနှုန်းပါမည်။) အားလေးစားသောအားဖြင့် ကျွန်ုပ်တို့၏ကိုယ်ရေးအချက်အလက်ဆိုင်ရာမူဝါဒများကို ထိန်းချုပ်ပါသည်။

ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များ

ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များဆိုသည်မှာ လူပုဂ္ဂိုလ်တစ်ယောက်အား မည်သူမည်ဝါဖြစ်ကြောင်းသတ်မှတ်နိုင်သော သို့မဟုတ် သတ်မှတ်ရန်၊ ဆက်သွယ်ရန် သို့မဟုတ် ရှာတွေ့နိုင်ရန် အသုံးပြုနိုင်သောဆက်စပ်သည့်အချက်အလက်များ နာမည်၊ လိပ်စာ၊ ဖုန်းနံပါတ်၊ ဖက်စ်နံပါတ်၊ အီးမေးလ်လိပ်စာ၊ ငွေကြေးဆိုင်ရာအချက်အလက်၊ လူမှုလုံခြုံရေးနံပါတ်နှင့် အကြွေးဝယ်ယူခွင့်ကဒ်အချက်အလက်များအပါအဝင် အကန့်အသတ်မရှိဖြစ်နိုင်ချေရှိသော မည်သည့်သတင်းအချက်အလက်ကိုမဆို ရည်ညွှန်းပါသည်။ ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များတွင် အမည်ဝှက်ဖြင့် စုဆောင်းသိမ်းဆည်းထားသောသတင်းအချက်အလက်များ (ဆိုလိုသည်မှာ အသုံးပြုသူတစ်ဦးချင်းစီအား မည်သူမည်ဝါဖြစ်ကြောင်းဖော်ထုတ်မှုမရှိစေခြင်း) သို့မဟုတ် သတ်မှတ်ထားသောတစ်ဦးတစ်ယောက်ချင်းစီနှင့် ဆက်သွယ်မှုမရှိသောလူဦးရေဆိုင်ရာသတင်းအချက်များမပါဝင်ပါ။

မည်သို့သောပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များကို စုဆောင်းသိမ်းဆည်းသနည်း။

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သို့လာရောက်သူများအားလုံးထံမှ အသုံးပြုသူဆိုင်ရာယေဘုယျကိုယ်ရေးအချက်အလက်များကို သိမ်းဆည်းမှာဖြစ်ပါသည်။ ကျွန်ုပ်တို့၏ခွင့်ပြုထားသောသုံးစွဲသူများထံမှ အောက်ဖော်ပြပါနောက်ဆက်တွဲသတင်းအချက်အလက်များကို သိမ်းဆည်းစုဆောင်းပါသည်။ ၎င်းအချက်အလက်များမှာ နာမည်များ၊ လိပ်စာများ၊ ဖုန်းနံပါတ်များနှင့် တရားဝင်ခွင့်ပြုထားသောဝယ်ယူသုံးစွဲသူများ၏အီးမေးလ်လိပ်စာများ၊ စီးပွားရေးလုပ်ငန်း၏ သဘောသဘာဝနှင့် အရွယ်အစား၊ တရားဝင်ခွင့်ပြုထားသောဝယ်ယူသုံးစွဲသူမှ ဝယ်ယူရန် သို့မဟုတ် ရောင်းချရန်ရည်ရွယ်ထားသောကြော်ငြာစာရင်း၏ သဘောသဘာဝနှင့်အရွယ်အစားတို့ပါဝင်ပါသည်။

မည်သည့်အဖွဲ့အစည်းများမှ ဤသတင်းအချက်အလက်များကိုစုဆောင်းနေကြသနည်း။

ကျွန်ုပ်တို့၏တိုက်ရိုက်အချက်အလက်များစုဆောင်းခြင်းအပြင် အကြွေးဝယ်ကတ်၊ အာမခံနှင့် ငွေကြေးပိုင်းဆိုင်ရာအာမခံပေးသောဝန်ဆောင်မှုများ အစရှိသည့်ဝန်ဆောင်မှုများကိုပြုလုပ်ရောင်းချကြသော ကျွန်ုပ်တို့၏ပြင်ပအဖွဲ့အစည်းများ (အကြွေးဝယ်ကဒ်ကုမ္ပဏီများ၊ ငွေပေးငွေယူစာရင်းရှင်းလင်းရေးဌာနများနှင့် ဘဏ်များ အစရှိသည့်အဖွဲ့အစည်းများ) သည် ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သို့လာရောက်သူများနှင့် တရားဝင်ခွင့်ပြုထားသောဝယ်ယူသုံးစွဲသူများထံမှ သတင်းအချက်အလက်များကိုစုဆောင်းနိုင်ပါသည်။ ဤပြင်ပအဖွဲ့အစည်းများသည် ထိုကဲ့သို့သောအချက်အလက်များအား မည်သို့အသုံးပြုသည်နှင့်ပတ်သက်၍ ကျွန်ုပ်တို့မထိန်းချုပ်နိုင်ပါ။ သို့သော် ဝက်ဘ်ဆိုက်သို့လာရောက်သူများနှင့် တရားဝင်ခွင့်ပြုထားသောဝယ်ယူသုံးစွဲသူများမှ ၎င်းတို့အားပေးပို့ထားသည့်ကိုယ်ရေးအချက်အလက်များအား မည်သို့အသုံးပြုသနည်းနှင့်ပတ်သက်၍ ထုတ်ဖော်ပြောပြရန်တောင်းဆိုထားပါသည်။ အချို့သောပြင်ပအဖွဲ့အစည်းများသည် ဖြန့်ဖြူးရောင်းချမှုအတွက် ကြားခံအနေဖြင့်မျှသာဆောင်ရွက်သော ကြားခံဆက်သွယ်သူများဖြစ်ပြီး ၎င်းတို့အားပေးသောအချက်အလက်များကို အသုံးပြုခြင်း၊ ထိန်းသိမ်းခြင်း သို့မဟုတ် သိမ်းဆည်းခြင်းများမပြုလုပ်ကြပါ။

ဝက်ဘ်ဆိုက်သည် ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များကို မည်သို့အသုံးပြုသနည်း။

ကျွန်ုပ်တို့သည် ဝက်ဘ်ဆိုက်ကိုပြုပြင်ရန်၊ သင့်လျော်သောဝန်ဆောင်မှုများပေးရန်နှင့် ဝက်ဘ်ဆိုက်ပေါ်တွင် တောင်းဆိုထားသောဝယ်ယူမှုနှင့် ရောင်းချမှုများကိုဖြည့်ဆည်းပေးရန်အတွက် ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များကို အသုံးပြုပါသည်။ ဝက်ဘ်ဆိုက်သို့လာရောက်သူများနှင့် တရားဝင်ခွင့်ပြုထားသောဝယ်ယူသုံးစွဲသူများဆီသို့ သုတေသနပြုလုပ်ခြင်း သို့မဟုတ် ဝက်ဘ်ဆိုက်ပေါ်တွင် ဝယ်ယူခြင်းနှင့်ရောင်းဝယ်ခြင်းဆိုင်ရာအခွင့်အရေးများ သို့မဟုတ် ဝက်ဘ်ဆိုက်၏အဓိကအကြောင်းအရာနှင့် ဆက်စပ်နေသာအချက်အလက်များနှင့်ပတ်သက်ပြီး ကျွန်ုပ်တို့မှအီးမေးလ်များပေးပို့ပါမည်။ သီးခြားမေးမြန်းစုံစမ်းမှုများပြုလုပ်ရန်အတွက် သို့မဟုတ် တောင်းဆိုထားသောအချက်အလက်များပေးပို့ရန်အတွက် ဝက်ဘ်ဆိုက်သို့လာရောက်သူများနှင့် တရားဝင်ခွင့်ပြုထားသောဝယ်ယူသုံးစွဲသူများကိုဆက်သွယ်ရာတွင် ပုဂ္ဂိုလ်ရေးဆိုင်ရာသတင်းအချက်အလက်များကို အသုံးပြုပါလိမ့်မည်။

သတင်းအချက်အလက်များကို မည်သူနှင့်မျှဝေမည်နည်း။

တရားဝင်ခွင့်ပြုထားသောဝယ်ယူသုံးစွဲသူများနှင့်ပတ်သက်သည့် ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များကို အခြားတရားဝင်ခွင့်ပြုထားသောဝယ်ယူသုံးစွဲသူများနှင့်အတူ အလားအလာရှိသောစီးပွားရေးလုပ်ငန်းများ လုပ်ဆောင်ရန်ဆန္ဒရှိသည့် အခြားတရားဝင်ခွင့်ပြုထားသောဝယ်ယူသုံးစွဲသူများဆီသို့ မျှဝေပါလိမ့်မည်။ ဝက်ဘ်ဆိုက်သို့လာရောက်သူများနှင့် တရားဝင်ခွင့်ပြုထားသောဝယ်သူသုံးစွဲသူများ၏ လူဦးရေစာရင်းများအပါဝင် ဝက်ဘ်ဆိုက်သို့လာရောက်သူများနှင့်ပတ်သက်သည့် စုစည်းထားသောသတင်းအချက်များကို ကျွန်ုပ်တို့၏တွဲဖက်အေဂျင်စီများနှင့် ပြင်ပမှရောင်းချသူများနှင့်အတူ မျှဝေလျက်ရှိပါသည်။ ကျွန်ုပ်တို့မှ သို့မဟုတ် ကျွန်ုပ်တို့ကိုယ်စားဆောင်ရွက်နေသောမည်သည့်အေဂျင်စီမှမဆို ဆက်သွယ်ခြင်းကို သို့မဟုတ် သတင်းအချက်အလက်များကိုလက်ခံခြင်းကို ငြင်းပယ်ရန်ရွေးချယ်မှုကို ကျွန်ုပ်တို့ကမ်းလှမ်းလေ့ရှိပါသည်။

ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များကို မည်သို့သိုသိမ်းဆည်းထားသနည်း။

Alote.com.mm မှကောက်ယူထားသောပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များသည် လုံခြုံစွာသိမ်းဆည်းခြင်းခံရပြီး အထက်တွင်ဖော်ပြထားသောအခြေအနေများမှလွဲ၍ Alote.com.mm ၏ပြင်ပအဖွဲ့အစည်းများမှ သို့မဟုတ် ဝန်ထမ်းများမှ ဝင်ရောက်အသုံးပြုခွင့်မရနိုင်ပါ။

သတင်းအချက်အလက်များစုဆောင်းခြင်း၊ အသုံးပြုခြင်းနှင့် ဖြန့်ဝေခြင်းများနှင့်ပတ်သက်၍ ဝက်ဘ်ဆိုက်သို့လာရောက်သူများသည် မည်သည့်ရွေးချယ်မှုများကို ရရှိနိုင်ပါသနည်း။

ဝက်ဘ်ဆိုက်သို့လာရောက်သူများနှင့် တရားဝင်ခွင့်ပြုထားသောဝယ်ယူသုံးစွဲသူများသည် ကျွန်ုပ်တို့ထံမှ နှင့်/သို့မဟုတ် ကျွန်ုပ်တို့၏တွဲဖက်အဖွဲ့အစည်းများနှင့်ရောင်းချသူများထံမှ မလိုအပ်သောသတင်းအချက်အလက်များကိုလက်ခံရရှိခြင်း သို့မဟုတ် ဆက်သွယ်ခံရခြင်းများကိုမလိုချင်ပါက ညွှန်ကြားထားသောအီးမေးလ်များကိုတုံ့ပြန်၍ဖြစ်စေ သို့မဟုတ် support@Alote.com.mm သို့ဆက်သွယ်၍ဖြစ်စေ ပြန်လည်ငြင်းပယ်နိုင်ပါသည်။

အချက်အလက်များကိုသိမ်းဆည်းသောမှတ်ဉာဏ် (Cookies) များကို ဝက်ဘ်ဆိုက်တွင် အသုံးပြုပါသလား။

အချက်အလက်များကိုသိမ်းဆည်းသောမှတ်ဉာဏ် (Cookies) များကို အကြောင်းအမျိုးမျိုးကြောင့် အသုံးပြုပါသည်။ ဝက်ဘ်ဆိုက်သို့လာရောက်သူများ၏ကြိုက်နှစ်သစ်မှုနှင့် ၎င်းတို့ရွေးချယ်သောဝန်ဆောင်မှုများနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကိုရယူရန်အတွက် Cookies များကိုအသုံးပြုပါသည်။ ကျွန်ုပ်တို့၏တရားဝင်ခွင့်ပြုထားသောဝယ်ယူသုံးစွဲသူများကိုကာကွယ်ရန် လုံခြုံရေးရည်ရွယ်ချက်ဖြင့် Cookies ကိုအသုံးပြုပါသည်။ ဥပမာအားဖြင့် တရားဝင်ခွင့်ပြုထားသောဝယ်ယူသုံးစွဲသူသည် ဝက်ဘ်ဆိုက်သို့ဝင်ရောက်ရန် သူ၏အကောင့်ကိုဖွင့်ပြီးနောက် ၁၀ မိနစ်ကျော်သည်အထိအသုံးမပြုပါက ထိုသုံးစွဲသူ၏အကောင့်ကို အလိုအလျောက်ပိတ်လိုက်မည်ဖြစ်ပါသည်။

Alote.com.mm သည် အကောင့်ဖွင့်သည့်အချက်အလက်များကို မည်သို့အသုံးပြုသနည်း။

Alote.com.mm သည် ဖြစ်နိုင်ချေရှိသည့်အလားအလာများကိုခွဲခြမ်းစိတ်ဖြာရန်၊ ဝက်ဘ်ဆိုက်ကိုစီမံခန့်ခွဲရန်၊ အသုံးပြုသူ၏လှုပ်ရှားမှုနှင့်အသုံးပြုမှုပုံစံကိုခြေရာခံရန်နှင့် လူဦးရေဆိုင်ရာသတင်းအချက်အလက်များကိုစုဆောင်းရန်အတွက် IP လိပ်စာများ၊ ISP များနှင့် ဝက်ဘ်ဆိုက်သို့ဝင်ရောက်ရန် အသုံးပြုသောကြားခံပရိုဂရမ်အမျိုးအစားများအပါအဝင် အကောင့်ဖွင့်သည့်အချက်အလက်အားလုံးကိုအသုံးပြုပါသည်။

မည်သည့်မိတ်ဖက်အဖွဲ့အစည်းများနှင့် ဝန်ဆောင်မှုထောက်ပံ့ပေးသူများသည် ဝက်ဘ်ဆိုက်သို့လာရောက်သူများနှင့်/သို့မဟုတ် တရားဝင်ခွင့်ပြုထားသောဝယ်ယူသုံးစွဲသူများထံမှ ပုဂ္ဂိုလ်ရေးဆိုင်ရာသတင်းအချက်အလက်များကို ရယူနိုင်သနည်း။

Alote.com.mm သည် များစွာသောစီးပွားရေးလုပ်ငန်းများနှင့်အတူ အခြားသောချိတ်ဆက်မှုများနှင့် စီးပွားရေးမိတ်ဖက်ပြုမှုများ ပြုလုပ်ခဲ့ပြီးဖြစ်သလို ဆက်လက်လည်းပြုလုပ်သွားမည်ဖြစ်ပါသည်။ ထိုကဲ့သို့သောစီးပွားရေးလုပ်ငန်းများသည် အရည်အချင်းပြည့်မီသောဝန်ဆောင်မှုအတွက် တရားဝင်ခွင့်ပြုထားသောဝယ်ယူသုံးစွဲသူများကိုအကဲဖြတ်ရန် အခြေခံအားဖြင့်သိရန်လိုအပ်သော ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များကို ရယူနိုင်ပါသည်။ ကျွန်ုပ်တို့၏ကိုယ်ရေးအချက်အလက်မူဝါဒသည် ၎င်းတို့၏အချက်အလက်ကောက်ယူခြင်းနှင့် သတင်းအချက်အလက်များအသုံးပြုခြင်းတို့ကို မလွှမ်းမိုးနိုင်ပါ။


ဥပဒေနှင့်အညီ ပုဂ္ဂိုလ်ရေးဆိုင်ရာသတင်းအချက်အလက်များကိုထုတ်ဖော်ပြသခြင်း။

တရားရုံးမှမိန့်ကြားစာ သို့မဟုတ် ဆင့်ခေါ်စာ သို့မဟုတ် သတင်းအချက်အလက်များကိုထုတ်ပြန်ရန် တရားဥပဒေရေးရာအဖွဲ့တစ်ခု၏တောင်းဆိုချက်ကို လိုက်နာရန်အလို့ငှာ ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များကို ထုတ်ဖော်ပြောကြားမယ်ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သို့လာရောက်သူများနှင့် တရားဝင်ခွင့်ပြုထားသောဝယ်ယူသုံးစွဲသူများ၏လုံခြုံရေးကို ကာကွယ်ရန်အတွက်လိုအပ်လာပါက ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များကိုထုတ်ဖော်ပါလိမ့်မည်။

ဝက်ဘ်ဆိုက်သည် ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များကို မည်သို့လုံခြုံစွာထိန်းသိမ်းထားသနည်း။

ကျွန်ုပ်တို့၏ဝန်ထမ်းများအားလုံးသည် ကျွန်ုပ်တို့၏လုံခြုံရေးဆိုင်ရာမူဝါဒများနှင့် လုပ်ထုံးလုပ်နည်းများကို ရင်းနှီးကျွမ်းဝင်ကြပါသည်။ ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သို့လာရောက်သူများနှင့် တရားဝင်ခွင့်ပြုထားသောဝယ်ယူသုံးစွဲသူများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များကို သတင်းအချက်အလက်ရယူရန်အတွက် စကားဝှက်ပေးထားသောအရည်းအချင်းပြည့်မီသည့်ဝန်ထမ်းများသာ ကြည့်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏လုံခြုံရေးစနစ်များနှင့် လုပ်ငန်းစဉ်များကို ပုံမှန်စစ်ဆေးပါသည်။ အင်တာနက်ပေါ်မှပေးပို့သောသတင်းအချက်အလက်များကို ကာကွယ်ရန်အလို့ငှာ အကြွေးဝယ်ယူခွင့်ကဒ်နံပါတ်များ သို့မဟုတ် လူမှုလုံခြုံရေးနံပါတ်များကဲ့သို့သော အထိခိုက်မခံနိုင်သည့်အရေးကြီးသတင်းအချက်အလက်များကို လျှို့ဝှက်အမှတ်သင်္ကေတသတ်မှတ်ခြင်း လုပ်ထုံးလုပ်နည်းများနှင့်ကာကွယ်ထားပါသည်။ လုံခြုံစိတ်ချရသောဝက်ဘ်ဆိုက်တစ်ခုအဖြစ်ထိန်းသိမ်းရန် အကျိုးကြောင်းဆီလျော်သော စီးပွားရေးဆိုင်ရာလုပ်ဆောင်ချက်များကိုပြုလုပ်နေစဉ် အီလက်ထရောနစ်ဆက်သွယ်ရေးများနှင့် အချက်အလက်များသိုလှောင်ရာဒေတာဘေ့စ်များသည် အမှားအယွင်းများ၊ စမ်းသပ်ပြင်ဆင်ခြင်းနှင့် ချိုးဖောက်မှုခံရနိုင်ပါသည်။ ထိုကဲ့သို့သောဖြစ်ရပ်များမဖြစ်နိုင်ပါဟုလည်း ကျွန်ုပ်တို့အနေဖြင့်အာမမခံနိုင်ပါ။ ထိုကဲ့သို့ဖြစ်လာနိုင်သည့်ဖြစ်ရပ်များအတွက်လည်း ကျွန်ုပ်တို့သည် ဝက်ဘ်ဆိုက်သို့လာရောက်သူများ သို့မဟုတ် တရားဝင်ခွင့်ပြုထားသောဝယ်ယူသုံးစွဲသူများတွင်တာဝန်မယူထားပါ။

ဝက်ဘ်ဆိုက်သို့လာရောက်သူများသည် မတိကျသောပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များကို မည်သို့ပြင်ဆင်နိုင်သနည်း။

ဝက်ဘ်ဆိုက်သို့လာရောက်သူများနှင့် တရားဝင်ခွင့်ပြုထားသောဝယ်ယူသုံးစွဲသူများသည် ၎င်းတို့၏ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များကို ထပ်မံဖြည့်စွက်ရန် သို့မဟုတ် မတိကျသောအချက်အလက်များကိုပြင်ဆင်ရန်အတွက် support@Alote.com.mm သို့ အီးမေးလ်ပေးပို့ခြင်းအားဖြင့် ကျွန်ုပ်တို့အားဆက်သွယ်နိုင်ပါသည်။

ဝက်ဆိုက်သို့လာရောက်သူသည် ဝက်ဘ်ဆိုက်ပေါ်ရှိ ၎င်း၏ပုဂ္ဂိုလ်ရေးအချက်အလက်များကို ဖျက်သိမ်းခြင်းများ သို့မဟုတ် ရပ်ဆိုင်းခြင်းများပြုလုပ်နိုင်ပါသလား။

ဝက်ဘ်ဆိုက်သို့လာရောက်သူများနှင့် တရားဝင်ခွင့်ပြုထားသောဝယ်ယူသုံးစွဲသူများသည် support@Alote.com.mm ကိုဆက်သွယ်ခြင်းအားဖြင့် ဝက်ဘ်ဆိုက်ဒေတာဘေ့စ်မှ ၎င်းတို့၏ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များကို ဖျက်သိမ်း/ရပ်ဆိုင်းနိုင်ပါသည်။ သို့သော် ဖျက်သိမ်းမှုမှတ်တမ်းများနှင့် အရန်အဖြစ်ကူးယူမှုများကြောင့် သတင်းအချက်အလက်အကြွင်းအကျန်တချို့မကျန်စေဘဲ ဝက်ဘ်ဆိုက်သို့လာရောက်ခဲ့သူ၏ဝင်ရောက်မှုမှတ်တမ်းအား ဖျက်သိမ်းရန်မဖြစ်နိုင်ပါ။ ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များကိုပိတ်သိမ်းရန် တောင်းဆိုသောတစ်ဦးတစ်ယောက်ချင်းစီသည် ဖျက်သိမ်းနိုင်သောဤသတင်းအချက်အလက်ကိုရရှိမည်ဖြစ်ပြီး ကျွန်ုပ်တို့သည် ထိုတစ်ဦးတစ်ယောက်ချင်းစီနှင့်သက်ဆိုင်နေသော ပုဂ္ဂိုလ်ရေးဆိုင်ရာသတင်းအချက်အလက်များကို မည်သည့်နည်းနှင့်မျှ ရောင်းချခြင်း၊ လွှဲပြောင်းပေခြင်း သို့မဟုတ် အသုံးပြုခြင်းများပြုလုပ်မည်မဟုတ်ပါ။

အကယ်၍ လုံခြုံရေးမူဝါဒများပြောင်းလဲလျှင် မည်သည့်အရာများဖြစ်လာနိုင်သနည်း။

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သို့လာရောက်သူများနှင့် တရားဝင်ခွင့်ပြုထားသောဝယ်သူသုံးစွဲသူများကို ကျွန်ုပ်တို့၏ကိုယ်ရေးအချက်အလက်မူဝါဒပြောင်းလဲမှုများကို ဝက်ဘ်ဆိုက်တွင်ထိုပြောင်းလဲမှုများကို ဖော်ပြပြီးအသိပေးမည်ဖြစ်ပါသည်။ သို့သော် လာရောက်လည်ပတ်သူတစ်ဦး သို့မဟုတ် တရားဝင်ခွင့်ပြုထားသောဝယ်ယူသုံးစွဲသူတစ်ဦးမှ မထုတ်ဖော်ရန်တောင်းဆိုခဲ့ထားသောပုဂ္ဂိုလ်ရေးဆိုင်ရာသတင်းအချက်အလက်များကို ထုတ်ဖော်ပြောကြားနိုင်သောပုံစံဖြင့် ကျွန်ုပ်တို့၏ကိုယ်ရေးအချက်အလက်မူဝါဒပြောင်းလဲနေလျှင် ထိုကဲ့သို့ထုတ်ဖော်ပြခြင်းကိုကာကွယ်ရန်အတွက် ထိုသူအားကျွန်ုပ်တို့ဘက်မှဆက်သွယ်၍ ခွင့်ပြုချက်တောင်းပါလိမ့်မည်။

ချိတ်ဆက်မှုများ

ဤဝက်ဘ်ဆိုက်တွင် အခြားသောဝက်ဘ်ဆိုက်များနှင့်ချိတ်ဆက်ထားသောလင့်ခ်များပါရှိပါသည်။ ထိုချိတ်ဆက်ထားသောလင့်ခ်များထဲမှ လင့်ခ်တစ်ခုကိုနှိပ်လိုက်သောအခါ အခြားဝက်ဘ်ဆိုက်တစ်ခုကိုရောက်သွားမည်ကို ကျေးဇူးပြု၍မှတ်သားထားပါ။ ထိုသို့ချိတ်ဆက်ထားသောအခြားဝက်ဘ်ဆိုက်များ၏ ကိုယ်ရေးအချက်အလက်များဆိုင်ရာမူဝါဒသည် ကျွန်ုပ်တို့၏မူဝါဒများနှင့်ကွာခြားနိုင်သောကြောင့် ၎င်းဝက်ဘ်ဆိုက်များမှဖော်ပြထားသော ကိုယ်ရေးအချက်အလက်ဆိုင်ရာဖော်ပြချက်များကို သေချာစွာဖတ်ရှုရန် တိုက်တွန်းပါသည်။

x