Alote.com.mm ၏စည်းကမ်းနှင့်သတ်မှတ်ချက်များ (သဘောတူညီချက်)

Myanmar One Online Company Limited နှင့်/သို့မဟုတ် ဆက်စပ်နေသောကုမ္ပဏီများ (နောက်ပိုင်းတွင် ကုမ္ပဏီ၊ ကျွနု်ပ်တို့ကို၊ ကျွနု်ပ်တို့သည် သို့မဟုတ် ကျွနု်ပ်တို့၏ ဟုသုံးနှုန်းပါမည်) မှစီမံခန့်ခွဲသော Alote.com.mm (နောက်ပိုင်းတွင် ဝက်ဘ်ဆိုက် ဟုသုံးနှုန်းပါမည်) ကိုအသုံးမပြုခင်တွင် ယခုဖော်ပြမည့်စည်းကမ်းချက်များနှင့် သတ်မှတ်ချက်များကို ကျေးဇူးပြု၍သေသေချာချာဖတ်ရှုပါ။ ဤသဘောတူညီချက်သည် www.Alote.com.mm ဝက်ဘ်ဆိုက်ကိုအသုံးပြုမှုအတွက် တရားဝင်ချမှတ်ထားသောစည်းကမ်းနှင့်သဘောတူချက်များဖြစ်ပါသည်။ ဝက်ဘ်ဆိုက်သို့ သတင်းအကြောင်းအရာများ သို့မဟုတ် အခြားသောအရာများကိုဖြန့်ဝေထည့်သွင်းခြင်း သို့မဟုတ် လာရောက်ကြည့်ရှုခြင်း သို့မဟုတ် ရှာဖွေခြင်းစသည့်အကြောင်းအရင်းများအပါအဝင် မည်သည့်အကြောင်းအရင်းဖြင့်ဖြစ်စေ ဝက်ဘ်ဆိုက်ကိုအသုံးပြုပါက သို့မဟုတ် ဝင်ရောက်ပါက ဤစည်းကမ်းချက်များနှင့်သဘောတူညီချက်များကို လက်ခံသဘောတူရပါမည်။ ဤသဘောတူညီချက်တွင် အသေးစိတ်စည်းကမ်းချက်များကို သတ်မှတ်ဖော်ပြထားပါသည်။

အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်

ဝက်ဘ်ဆိုက်နှင့် ၎င်း၏မူလအကြောင်းအရာများ၊ ပါဝင်သည့်အမျိုးအစားများနှင့် လုပ်ဆောင်ချက်များသည် ကုမ္ပဏီမှပိုင်ဆိုင်ပြီး နိုင်ငံတကာမူပိုင်ခွင့်၊ ကုန်အမှတ်တံဆိပ်၊ မူပိုင်ခွင့်၊ ကုန်သွယ်ရေးလျှို့ဝှက်ချက်နှင့် အခြားအသိဉာဏ်ပစ္စည်းမူပိုင်ခွင့် သို့မဟုတ် ကုန်ပစ္စည်းမူပိုင်ခွင့်ဥပဒေများနှင့် ကာကွယ်ထားပါသည်။ ယခုဝက်ဘ်ဆိုက်ပေါ်တွင် ထိန်းသိမ်းသိုလှောင်ထားသောအချက်အလက်များအားလုံးကို ကျွနု်ပ်တို့နှင့်ဆက်စပ်နေသောကုမ္ပဏီများဆီသို့ သုသေတနပြုလုပ်ရန်၊ ဈေးကွက်ရှာဖွေရေး သို့မဟုတ် ဈေးကွက်မြှင့်တင်ရေးများပြုလုပ်ရန် သို့မဟုတ် သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများဆီသို့ ပြောင်းလွှဲပေးရန် သို့မဟုတ် ပြန်လည်အသုံးပြုရန် ကုမ္ပဏီမှစုဆောင်းထားပါသည်။

သင့်၏အလုပ်ရှာဖွေသူကိုယ်ရေးအကျဉ်း (JobSeeker Profile) သို့မဟုတ် အလုပ်ရှင်စာမျက်နှာ (Employer Profile) အပါအဝင် သင့်ကိုယ်သင်အများသိစေရန်အတွက် သင့်၏အချက်အလက်များကိုဖော်ပြထားလျှင် ထိုအချက်အလက်များကို အမည်သူမဆိုချိန်မရွေးဝင်ရောက်ကြည့်ရှုနိုင်ပါလိမ့်မည်။ အကယ်၍ သင့်အနေဖြင့် ဖြစ်နိုင်ခြေရှိသောနည်းပညာချိုးဖောက်လိမ်လှည်မှုနှင့် အထိအခိုက်မခံနိုင်သောအချက်အလက်များပေါက်ကြားမှုကို ကာကွယ်လိုပါက သင်၏အလုပ်လျှောက်လွှာကိုယ်ရေးမှတ်တမ်း (CV) သို့မဟုတ် စာမျက်နှာတွင် လျှို့ဝှက်ထားရမည့်ကိုယ်ရေးကိုယ်တာသတင်းအချက်များ (ဥပမာ - နိုင်ငံသားမှတ်ပုံတင်အမှတ်၊ လိပ်စာအပြည့်အစုံ၊ ကုမ္ပဏီနံပါတ် အစရှိသဖြင့်) ကိုမထည့်သွင်းရန်အကြံပြုပါသည်။

အသုံးပြုမှုဆိုင်ရာစည်းကမ်းသတ်မှတ်ချက်များ

ဤဝက်ဘ်ဆိုက်သည် ကျွနု်ပ်တို့၏ဝန်ဆောင်မှုကိုသုံးစွဲသူများနှင့် ကူညီပံ့ပိုးပေးသူများမှ ထောက်ပံ့ပေးထားခြင်းဖြစ်ပါသည်။ အသုံးပြုမှုဆိုင်ရာစည်းကမ်းသတ်မှတ်ချက်များသည် ကျွန်ုပ်တို့မှသတ်မှတ်ပေးထားသော အသုံးပြုသူတစ်ဦးချင်းစီလျှင် ဝယ်ယူထားသော သို့မဟုတ် ထည့်သွင်းထားသောကြော်ငြာများ (ကြိုတင်ဝယ်ယူထားသောအမှတ်များ) အရေအတွက်အလိုက်ကန့်သတ်ထားပါသည်။ ကြိုတင်ဝယ်ယူထားသောအမှတ်များသည် ဝယ်ယူသည့်ရက်မှ ၁၂ လအတွင်းကုန်ဆုံးမည်ဖြစ်ပြီး ပြန်လည်ငွေပေးချေမည်မဟုတ်ပါ။ ATS ၊ CRM ၊ အလုပ်ကြော်ငြာစာတင်ခြင်း၊ CV များထည့်သွင်းခြင်းနှင့် အလုပ်လျှောက်လွှာများသိမ်းဆည်းသိုလှောင်ခြင်း အပါအဝင်ထုတ်ကုန်များအားလုံးသည် ဝယ်ယူသူ၏ထုတ်ကုန်ဝယ်ယူမှုအလိုက် သို့မဟုတ် စာရင်းသွင်းထားသောသက်တမ်းကုန်ဆုံးအလိုက် (ခွဲယူနိုင်သော၊ ရှာဖွေနိုင်သော သို့မဟုတ် မှတ်တမ်းတင်နိုင်သောပုံစံများအတွက် အလုပ်လျှောက်လွှာ CV ၅၀,၀၀၀ ထက်မကျော်ရ) ကန့်သတ်ထားပါသည်။ ထို့နောက် ထုတ်ကုန်ကိုတိုးမြှင့်ရန်၊ အလုပ်ကြော်ငြာစာများ သို့မဟုတ် အလုပ်လျှောက်လွှာ CV သိုလှောင်မှုများကို ဆက်လက်လုပ်ဆောင်နိုင်ရန်အတွက် ဝယ်ယူသုံးစွဲသူသည် ကုမ္ပဏီ၏အဆင့်မြှင့်တင်ထားသောထုတ်ကုန်ဈေးနှုန်း သို့မဟုတ် စာရင်းပေးသွင်းခြင်းဆိုင်ရာသက်တမ်းတိုးခြင်းမူဝါဒများကို အမြဲမပျက်သိရှိရန်ပြုလုပ်ရပါမည်။ ထိုသို့မဟုတ်ပါက လတ်တလောအလုပ်ခေါ်ယူနေသောကြော်ငြာစာများအပါအဝင် ဝန်ဆောင်မှုအားလုံးသည် အလိုအလျောက်သတ်တမ်းကုန်ဆုံးသွားမည်ဖြစ်ပါသည်။ ဝက်ဘ်ဆိုက်ဝန်ဆောင်မှုများအတွက် ပေးချေရသောဈေးနှုန်းများသည် သင့်လျော်သောအချိန်တွင် အကျိုးအကြောင်းဆီလျော်သောအကြောင်းကြားစာကိုပေးပို့၍ အချိန်နှင့်အမျှပြောင်းလဲနိုင်ပါသည်။

ဝယ်ယူမှုနှင့်ငွေပေးချေမှု စည်းကမ်းသတ်မှတ်ချက်များ

သင်သည် ကျွန်ုပ်တို့၏အွန်လိုင်းဝန်ဆောင်မှုများကို ဝယ်ယူအသုံးပြုနေပါက သင်နှင့်ကိုက်ညီသည့်ဝန်ဆောင်မှုကို သင့်လျော်စွာရွေးချယ်ခဲ့ကြောင်း သို့မဟုတ် သင့်ရွေးချယ်မှုသည် သင့်အတွက်ကိုက်ညီမှုဖြစ်စေသည်ဟု သေချာစွာစဉ်းစားခဲ့ကြောင်းကို ကျွနု်ပ်တို့အားကတိပေးရပါမည်။အပြီးသတ်ဝယ်ယူမှုတစ်ခုကို ပြန်လည်ဖျက်သိမ်း၍မရပါ။ အခကြေးငွေများကိုလည်း ပြန်အမ်းမည်မဟုတ်ပါ။ စာရင်းပေးသွင်းမှာယူချိန်တွင်လည်း ဝယ်ယူထားသောပမာဏကိုလည်း လျော့ချ၍မရပါ။ သင်၏သက်ဆိုင်သောအသေးစိတ်အချက်အလက်များကို အရောင်းအဝယ်ပြုလုပ်ရာတွင် (ဥပမာ - ငွေတောင်းခံလွှာပေးပို့ခြင်းနှင့် ဝန်ဆောင်မှုများကိုပံ့ပိုးပေးခြင်း) အဆင်ပြေလွယ်ကူချောမွေ့စေရန် အသုံးပြုပါလိမ့်မည်။ သင်ဝယ်ယူရရှိထားသောဝန်ဆောင်မှုများ သို့မဟုတ် အသုံးပြုခွင့်လိုင်စင်၏စည်းကမ်းသတ်မှတ်ချက်များကို သင့်အားကျွနု်ပ်တို့ကပြဌာန်းပိုင်ခွင့်ရှိသည်။

ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာပါဝင်သည့်အကြောင်းအရာများ၏သဘောသဘာဝအရ သင်စိတ်ပြောင်းခဲ့လျှင်၊ ပစ္စည်းတစ်ခုမှားယွင်းစွာဝယ်ယူခဲ့လျှင်၊ ပစ္စည်းကိုအသုံးပြုရန်လုံလောက်သောကျွမ်းကျင်မှုမရှိခဲ့လျှင် စသည့်အကြောင်းအရင်းဖြစ်ပေါ်ခဲ့ပါက အကူအညီတောင်းခံနိုင်ပါသည်။ သို့သော် သင်ပြုလုပ်ထားသောဝယ်ယူမှုအတွက် ငွေပြန်အမ်းခြင်း သို့မဟုတ် ကြိုတင်ဝယ်ယူထားသောအမှတ်များပြန်သွင်းပေးခြင်း မပြုလုပ်ပေးပါ။

အကယ်၍ သင်၏အကြွေးဝယ်ကဒ်သတင်းအချက်အလက်များကို ကျွနု်ပ်တို့အားပေးခဲ့လျှင် ဝယ်ယူထားသောဝန်ဆောင်မှုအားလုံးအတွက်ကုန်ကျငွေကို ထိုအကြွေးဝယ်ကဒ်ထံမှကောက်ခံရန် ကျွနု်ပ်တို့အားခွင့်ပြုပါသည်။ ထိုကဲ့သို့ပေးချေရမည့်အဖိုးအခများကို နှစ်စဉ်ဖြစ်စေ သို့မဟုတ် ငွေတောင်းခံလွှာတွင် ဖော်ပြထားသောပေးဆောင်ရမည့်အချိန်အရ ကြိုတင်ပေးချေရပါမည်။ တိကျပြည့်စုံသောငွေတောင်းခံလွှာနှင့် ဆက်သွယ်ရမည့်အချက်အလက်များကို ကျွနု်ပ်တို့အားပေးပို့ရန်နှင့် ထိုကဲ့သို့အချက်အလက်များနှင့်ပတ်သက်သည့်အပြောင်းအလဲများကို ကျွနု်ပ်တို့အားအသိပေးရန် သင်တွင်တာဝန်ရှိပါသည်။

ဤသဘောတူညီချက်အရ သင်ပေးဆပ်ရမည့်ပမာဏ သို့မဟုတ် သင်၏အကြွေးဝယ်ယူခွင့်ကဒ် သို့မဟုတ် တိုက်ရိုက်ငွေပေးသွင်းမှုကိုငြင်းဆန်ပါက ထိုသို့အခကြေးငွေများမပေးဆောင်မချင်း သင်၏ဝယ်ယူမှုကိုချက်ချင်းရပ်ဆိုင်းခွင့် သို့မဟုတ် ဖျက်သိမ်းခွင့်ကျွနု်ပ်တို့တွင်ရှိပါသည်။

မသင့်လျော်သောအသုံးပြုမှု

အသရေပျက်စေသော၊ အကျင့်ပျက်ယိုယွင်းသော၊ ခွဲခြားဆက်ဆံသော သို့မဟုတ် လူ့ကျင့်ဝတ်နှင့်သွေဖယ်သောအပြုအမူများအပါအဝင် ဝက်ဘ်ဆိုက်နှင့်ပတ်သက်၍ မသင့်လျော်သောအသုံးပြုမှုများသည် အသုံးပြုသူ၏မှတ်ပုံတင်ခြင်းနှင့် အချက်အလက်များကို ချက်ချင်းရပ်စဲခြင်းများဖြစ်ပေါ်လာနိုင်ပါသည်။ ကိုယ်ရေးအချက်အလက်များ၊ အလုပ်အကိုင်များ သို့မဟုတ် မည်သည့်အချက်အလက်များအားလုံးမဆို မှန်ကန်ပြီးရိုးသားရမည်။ သင်၏ကုမ္ပဏီသည် မှန်ကန်သောတရားဝင်မြန်မာကုမ္ပဏီတစ်ခုဖြစ်ရမည်။ အလုပ်များအားလုံးသည် စစ်မှန်သောအလုပ်အကိုင်များဖြစ်ရမည်ဖြစ်ပြီး သင်၏ကိုယ်ပိုင်ကုမ္ပဏီတစ်ခုတည်းအတွက်သာ ဖြစ်ရမည်။ သင့်လျော်မှန်ကန်မှုမရှိသော အသုံးပြုမှုဖြစ်ရပ်များအားလုံးကို တရားစွဲဆိုခြင်းနှင့် လျော်ကြေးပေးခြင်းများ ချက်ချင်းပြုလုပ်နိုင်စေရန်အတွက် မြန်မာနိုင်ငံနှင့် နိုင်ငံတကာအာဏာပိုင်းထံသို့ သတင်းပေးပို့ပါမည်။

ရပ်စဲခြင်း

အကြောင်းပြချက် သို့မဟုတ် သတိပေးခြင်းမရှိဘဲ သင်နှင့်သက်ဆိုင်သောအချက်အလက်အားလုံးကို ဖျက်သိမ်းခြင်းနှင့် ဆုံးရှုံးခြင်းများကိုဖြစ်ပေါ်စေနိုင်သော ဆီလျော်သည့်အသိပေးချက်ပေးပို့ပြီးနောက် သင့်အား ဤဝက်ဘ်ဆိုက်သို့ဝင်ရောက်နိုင်သောခွင့်ပြုချက်ကို ကျွနု်ပ်တို့ဘက်မှရပ်စဲပါလိမ့်မည်။ ရပ်စဲခြင်းကိုဆက်လက်ရှည်ကြာသင့်သော ဤသဘောတူညီချက်၏ပြဌာန်းချက်များအားလုံးသည် ၎င်းတို့၏သဘောသဘာဝအရ အကန့်အသတ်မရှိခြင်း၊ ပိုင်ဆိုင်မှုဆိုင်ရာပြဌာန်းချက်၊ အာမခံကင်းလွှတ်ချက်များ၊ လျော်ကြေးငွေနှင့် တာဝန်ယူမှုကန့်သတ်ချက်များအပါအဝင် ရပ်စဲခြင်းအကြောင်းအရာများကို ဆက်လက်ရှည်ကြာစွာကျန်ရစ်စေပါသည်။

အခြားဝက်ဘ်ဆိုက်များသို့ ချိတ်ဆက်ခြင်းများ

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သည် ကုမ္ပဏီမှထိန်းချုပ်မထားသော သို့မဟုတ် မပိုင်ဆိုင်သောအခြားပြင်ပဝက်ဘ်ဆိုက်များနှင့် ချိတ်ဆက်ကောင်းချိတ်ဆက်နိုင်ပါသည်။ ထို့ကြောင့် မည်သည့်ပြင်ပဝက်ဘ်ဆိုက်များ သို့မဟုတ် ဝန်ဆောင်မှုများတွင်ပါဝင်သောအကြောင်းအရာများ၊ ကိုယ်ရေးအချက်အလက်မူဝါဒများ သို့မဟုတ် လုပ်ထုံးလုပ်နည်းများအတွက် ကုမ္ပဏီမှတာဝန်ရှိသည်ဟုမယူဆသလို ထိန်းချုပ်နိုင်ခွင့်လည်းလုံးဝမရှိပါ။ သင်ဝင်ရောက်ကြည့်ရှုလိုက်သော မည်သည့်ပြင်ပဝက်ဘ်ဆိုက်များ၏ ကိုယ်ရေးအချက်အလက်ထိန်းချုပ်မှုဆိုင်ရာမူဝါဒနှင့် စည်းကမ်းသတ်မှတ်ချက်များကို သေချာစွာဖတ်ရှုရန် ကျွနု်ပ်တို့မှအကြံပြုလိုပါသည်။

ထိန်းချုပ်ထားသောဥပဒေ

ဤသဘောတူညီချက် (အပြင်ရည်ညွှန်းချက်ဖြင့် ထပ်မံထည့်သွင်းထားသောမည်သည့်စည်းကမ်းချက်များ၊ မူဝါဒများ သို့မဟုတ် လမ်းညွှန်ချက်များအားလုံးပါဝင်ပါသည်) ကို တရားဥပဒေဆိုင်ရာအငြင်းပွားမှုများ၏ မည်သည့်အခြေခံသဘောတရာများကိုမှ အကျိုးသက်ရောက်မှုမရှိစေဘဲ မြန်မာနိုင်ငံ၏တည်ဆဲဥပဒေများနှင့်အညီ ထိန်းချုပ်ရေးဆွဲထားပါသည်။

ဤသဘောတူညီချက်မှအပြောင်းအလဲများ

ကျွန်ုပ်တို့၏ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ကျွနု်ပ်တို့သည် ဝက်ဘ်ဆိုက်တွင် အသစ်ထပ်မံဖြည့်စွက်ထားသောအသုံးအနှုန်းများကိုတင်ခြင်းအားဖြင့် ဤစည်းကမ်းသတ်မှတ်ချက်များကို အစားထိုးနိုင်ခြင်း သို့မဟုတ် ပြုပြင်နိုင်ခြင်းများပြုလုပ်ပိုင်ခွင့်ရှိပါသည်။ ထိုကဲ့သို့ပြောင်းလဲမှုများပြုလုပ်ပြီးနောက် သင့်အနေဖြင့်ဝက်ဘ်ဆိုက်ကိုဆက်လက်အသုံးပြုပါက ထိုစည်းကမ်းသတ်မှတ်ချက်အသစ်များကို သင့်အနေဖြင့်လက်ခံရပါမည်။ အပြောင်းအလဲများနှင့် ထပ်မံဖြည့်စွက်ချက်များရှိမရှိကိုသိရှိစေရန်အတွက် ဤသဘောတူညီချက်ကို အခါအားလျော်စွာပြန်လည်စစ်ဆေးပေးပါ။ အကယ်၍ သင်သည် ဤသဘောတူညီချက်၏မည်သည့်အချက်ကိုမဆို သို့မဟုတ် မည်သည့်ပြောင်းလဲချက်ကိုမဆို သဘောမတူပါက ဝက်ဘ်ဆိုက်ကိုအသုံးမပြုခြင်း သို့မဟုတ် မဝင်ရောက်ခြင်း သို့မဟုတ် ဆက်လက်ဝင်ရောက်ခြင်းများမပြုလုပ်ပါနှင့်။ သို့မဟုတ် ဝက်ဘ်ဆိုက်အသုံးပြုမှုကို ချက်ချင်းရပ်တန့်လိုက်ပါ။

x