• Good Brothers Co.,Ltd

  • အလုပ်ရှင်တိုက်ရိုက်

  • လုပ်ငန်းအမျိုးအစား :စိုက်ပျိုးရေး/မွေးမြူရေး/ရေလုပ်ငန်းနှင့်ငါးမွေးမြူရေး, အီလက်ထရောနစ်နှင့်လျှပ်စစ်ပစ္စည...

  • ဝန်ထမ်းအရေအတွက် :1001-5000

  • လိပ်စာ :

    No. [22], Bayintnaung Road, Hlaing Township, Yangon, Myanmar,No. [63], Sathmu lalyar htoonsat, Yangon-Mandalay Road, Natyaykan Village, Amarapura, Myanmar,ရန်ကုန်တိုင်း, Myanmar

သင့်နှင့် သင့်တော်ရာအလုပ် မတွေ့ခဲ့လျှင် နောင်တွင် ကုမ္ပဏီမှ သင့်၏ CV ကို သိမ်းထား၍ သင့်တော်ရာ အလုပ်များရှိပါက ခေါ်နိုင်ရန် လျှောက်ထားလိုက်ပါ

Good Brothers Co.,Ltd အလုပ်များ

မန္တလေးတိုင်း
လွန်ခဲ့သော ၂ရက်
1 ဦး
လွန်ခဲ့သော ၂ရက်
ရန်ကုန်တိုင်း
16 Sep 2026
3 ဦး
16 Sep 2026

ကုမ္ပဏီ၏မျှော်မှန်းချက်နှင့်တာဝန်

ဂွတ်(ဒ်)ဘရားသား(စ်) ကုမ္ပဏီလီမိတက်ကို ၁၉၉၁ ခုနှစ်တွင် ညီနောင်ရင်းချာ (၅) ဦးတို့မှ အသေးစား မိသားစုစီးပွားရေးလုပ်ငန်း တစ်ခုအဖြစ် မန္တလေးတွင် စတင်ခဲ့ကြပါသည်။ တစ်ချိန်က လုပ်ငန်းသေးသေးလေးဟာ ယနေ့အချိန်မှာတော့ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် ခိုင်မာစွာအခြေတည်လျက် အစဉ်အမြဲတိုးတက်ရန် ကြိုးစားနေကြသော မြန်မာတောင်သူများကို ပံ့ပိုးပေးလျက်ရှိပါသည်။ ကုမ္ပဏီအနေဖြင့် စိုက်ပျိုးရေးစက်ပစ္စည်းများကို အဓိကထားရောင်းချခဲ့သော်လည်း ယနေ့အချိန်တွင် ကွဲပြားကျယ်ပြန့်လှသော စိုက်ပျိုးရေးဆိုင်ရာ ဖြေရှင်းဝန်ဆောင်မှု အလုံးစုံကို ပေးစွမ်းနိုင်နေပြီ ဖြစ်ပါသည်။ ယနေ့တွင် ဂျီဘီအက်(စ်)ဟာ နိုင်ငံ့လယ်ယာစိုက်ပျိုးရေးကဏ္ဍ၏ ရှေ့ပြေးဖြစ်ကာ မြန်မာ့တောင်သူများကြားတွင်လည်း လက်စွဲနာမည်အမှတ်တံဆိပ် တစ်ခုအဖြစ် ရပ်တည်နေပါသည်။ ဂွတ်(ဒ်)ဘရားသား(စ်) ကုမ္ပဏီများလုပ်ငန်းစု ကို ကုမ္ပဏီခွဲ (၁၆) ခု၊ ရုံးခွဲပေါင်း (၂၇) ရုံးနှင့် ဝန်ထမ်းဦးရေ (၁၈၀၀) ခန့်တို့ဖြင့် ဖွဲ့စည်းထားပါသည်။ မြန်မာ့လယ်ယာစိုက်ပျိုးရေး ကဏ္ဍကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြင့်မားသောနည်းပညာများ၊ ဆန်းသစ်သော နည်းလမ်းများကို အသုံးပြုကာ မရပ်မနား ရှေ့သို့မောင်းနှင်ရန်မှာ ဂျီဘီအက်(စ်) ၏ ခိုင်မာသောသန္တိဌာန် ဖြစ်ပါသည်။

သင့်နှင့် သင့်တော်ရာအလုပ် မတွေ့ခဲ့လျှင် နောင်တွင် ကုမ္ပဏီမှ သင့်၏ CV ကို သိမ်းထား၍ သင့်တော်ရာ အလုပ်များရှိပါက ခေါ်နိုင်ရန် လျှောက်ထားလိုက်ပါ

x