ကျွန်ုပ်တို့ကုမ္ပဏီအကြောင်း
STAR LIGHT GROUP ကို 1993 ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး REAL ESTATE & DEVELOPMENT, PROPERTY MANAGEMENT, CONSTRUCTION, TRADING, HOSPITALITY, HEALTHCARE AND EDUCATIONAL INSTITUTIONS ကဏ္ဍများ၌ လုပ်ငန်းများဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာမှုကို မျှော်မှန်းလျက် STAR LIGHT GROUP သည် ကျွန်ုပ်တို့၏ ဖောက်သည်များနှင့် ပါတနာများအတွက် ဝန်ဆောင်မှုများ ပေးဆောင်ရာတွင် စီးပွားရေးလုပ်ငန်းစုကြီးအဖြစ် ကြီးထွားလာစေရန် STAR LIGHT GROUP သည် ပြည်တွင်းနှင့် နိုင်ငံတကာ ဖောက်သည်များ၊ ပါတနာများစွာနှင့် ဝန်ဆောင်မှုပေးလျှက်ရှိပြီး လုပ်ငန်းဆောင်ရွက်လျက်ရှိပါသည်။ ကျွန်ုပ်တို့၏ လုပ်ငန်းအသီးသီးရှိ ပရော်ဖက်ရှင်နယ်၀န်ထမ်းများသည် အရည်အသွေးနှင့် စံချိန်စံညွှန်းများကို သတ်မှတ်ထားသော ကဏ္ဍများတွင် အရည်အချင်းပြည့်မီစွာဖြင့် တုံ့ဆိုင်းခြင်းမရှိဘဲ ခေတ်နှင့်အညီ ခေတ်ရေစီးကြောင်းအတိုင်း လုပ်ကိုင်လျက်ရှိပါသည်။ STAR LIGHT GROUP ၏ ဂုဏ်သတင်း၊ တန်ဖိုးများ၊နှင့် ကောင်းမွန်သောအုပ်ချုပ်မှုတို့သည် အားသာချက်တစ်ခုအဖြစ် စီးပွားရေးလုပ်ဖော်ကိုင်ဖက်များ၊ ဖောက်သည်များမှ အသိအမှတ်ပြုကြသည့်အပြင် STAR LIGHT GROUP သည် ကောင်းမွန်ခိုင်မာသောဆက်ဆံရေးများဖြင့် ရပ်တည်လျှက်ရှိပါသည်။
မြန်မာနိုင်ငံသည် နိုင်ငံတကာစီးပွားရေးပတ်ဝန်းကျင်သို့ တံခါးဖွင့်လာသည်နှင့်အမျှ STAR LIGHT GROUP သည် ရင်းနှီးမြှုပ်နှံသူအားလုံးအတွက် ထိပ်တန်းပါတနာဖြစ်လာစေရန် မျှော်မှန်းထားသည်။ STAR LIGHT GROUP သည် မြန်မာနိုင်ငံတစ်ဝှမ်းရှိ မြေကွက်အမျိုးမျိုးတွင် အိမ်ခြံမြေများမှတဆင့် မြေနှင့်အိမ်ရာ အဆောက်အဦးများပိုင်ဆိုင်ပြီး တိုးပွားဆောက်လုပ်လျှက်ရှိပါသည်။ ၄င်းမြေနှင့်အဆောက်အဦးများ တည်ဆောက်ရာတွင် ဖောက်သည်တစ်ဦးချင်း၏သတ်မှတ်ချက်၊ လိုအပ်ချက်များအလိုက် ဒီဇိုင်းများဖြင့် (built-to-suit) ဆောက်လုပ်၍ သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်တွင် ထူးခြားသော ဝန်ဆောင်မှုများကို ပေးလျက်ရှိပါသည်။
STAR LIGHT GROUP သည် HOSPITALITY, INDUSTRIAL, EDUCATIONAL, HEALTHCARE နှင့် COMMERCIAL sectors များစသည့် စီးပွားရေးကဏ္ဍအသီးသီးတွင် ASSETS MANAGEMENT လုပ်ငန်းများကိုအောင်မြင်စွာလုပ်ကိုင်လျှက်ရှိပါသည်။ STAR LIGHT GROUP ရှိ ကျွမ်းကျင်၀န်ထမ်းအဖွဲ့များသည် ရုံးခန်းနေရာများ၊ လူနေထိုင်ရာအိမ်ရာများနှင့် ဂိုဒေါင်များတွင် သတ်မှတ်ထားသောကဏ္ဍများရရှိနိုင်မှုအတွက်အစီရင်ခံချက်များဖြင့်နေ့စဉ်လုပ်ကိုင်ဆောင်ရွက်လျှက်ရှိနေကြပြီး ကျွမ်းကျင်သော လုပ်သားအင်အားများသည် အသေးစားလုပ်ငန်းမှ အကြီးစား လုပ်ငန်းများအထိကို ကိုင်တွယ်ဆောင်ရွက်နိုင်သည်။
ကျန်းမာရေးစောင့်ရှောက်မှု HEALTHCARE ကဏ္ဍတွင် ဆေးဝါးထုတ်ကုန်များနှင့် စက်ကိရိယာများ ရောင်းဝယ်ဖောက်ကားခြင်းအပြင် အထူးကုဆေးခန်းများမှတစ်ဆင့် စောင့်ရှောက်မှုပေးခြင်းများလုပ်ကိုင်လျှက်ရှိပါသည်။ မြန်မာနိုင်ငံရှိ ထိပ်တန်းဆေးဝါးလုပ်ငန်းအုပ်စုများထဲမှ တစ်ခုအနေဖြင့် ကျွန်ုပ်တို့သည် ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံပေါင်း 13 နိုင်ငံကျော်မှ ထုတ်ကုန်များနှင့်အတူ ဒေသနေရာ 20 သို့ ဖြန့်ဝေလျှက်ရှိပါသည်။
STAR LIGHT GROUP သည် ဖောက်သည်အသစ်များနှင့်လုပ်ငန်းနယ်ပယ်အသီးသီးရှိရင်းနှီးမြှုပ်နှံမှုများကို အမြဲကြိုဆိုလျှက်ရှိပြီး အနာဂတ်ကိုပိုမိုတိုးတက်ကောင်းမွန်စေရန် အတူတကွလုပ်ဆောင်ရန်ရည်ရွယ်ပါသည်။