ဝမ်းနည်းပါတယ်၊ သင်၏ပရိုဖိုင်သည် 60% နှင့်အထက် ရှိရမည်ဖြစ်ပြီး (1) အလုပ်အတွေ့အကြုံ (2) သင်လုပ်ကိုင်နိုင်သည့် အလုပ်ရာထူးများ (3) သင့်ပညာရေး အသေးစိတ်တို့ ပါဝင်ရမည်။

အမျိုးသမီးအဆောင်မှူး

ကြီးကြပ်ရေးမှူး | Office Supervisor
AYA Bank

အမျိုးသမီးအဆောင်မှူး

ကြီးကြပ်ရေးမှူး | Office Supervisor
1 ဦး
AYA Bank
1 ဦး
အတည်ပြုပြီး
လှိုင်သာယာ | ရန်ကုန်တိုင်း
အချိန်ပြည့်
လွန်ခဲ့သော 2 ရက်က အလုပ်ခန့်အပ်သူ active ဖြစ်နေခဲ့သည် ဤကုမ္ပဏီမှ အလုပ်ခန့်အပ်သူ လျှောက်လွှာများကို နောက်ဆုံးကြည့်ရှုခဲ့သည့် အချိန်။

လုပ်သက်အဆင့်

အတွေ့အကြုံရှိ

အလုပ်အမျိုးအစား

စီမံ ရေးရာ
လုပ်ဆောင်ရမည့်တာဝန်များတင်သောနေ့: 25 Jul 2025

လှိုင်သာယာ၊ ရန်ကုန်တိုင်းတွင်ရှိသော အချိန်ပြည့် အမျိုးသမီးအဆောင်မှူး ရာထူး 

  • သင်တန်းကျောင်းနှင့် အဆောင်များ၏ သန့်ရှင်းသပ်ရပ်ရေး၊ လုံခြုံရေး၊ ကြံ့ခိုင်ရေး၊ ကြီးကြပ်ကွပ်ကဲ စီမံ ဆောင်ရွက်ရေး နှင့် သင်တန်းသားများအား အချိန်ပြည့်ကြီးကြပ်အုပ်ချုပ်ရေးသည် အ‌ဆောင်မှူး၏ အဓိက ကျသော တာဝန်ဝတ္တရားနှင့် အခန်းကဏ္ဍဖြစ်သည်။
  • သင်တန်းကျောင်းနှင့် အဆောင်များ၏ ပြုပြင်ထိန်းသိမ်းရေး၊ သင်တန်းကျောင်းနှင့် အဆောင်ပိုင် ပစ္စည်းများ ပျက်စီး ပျောက်ဆုံးမှု မရှိစေရေးနှင့် သန်းရှင်းသပ်ရပ်မှုရှိစေရေး အတွက် ကြီးကြပ်ရန်။
  • အဆောင်တည်းခိုနေသူများ၏ လုံခြုံရေး နှင့် ဘေးအန္တရာယ်ကင်း ရေးအတွက် အလေးထားတာဝန်ယူ ဆောင်ရွက်ရန်။
  • အဆောင်နှင့် သင်တန်းကျောင်းတွင်မလိုလားအပ်သော ပြသနာများ မဖြစ်ပေါ်ရေးအတွက် အထူးဂရုစိုက် ထိန်းသိမ်းရန်။
  • အဆောင်ခန်းများအား ‌နံနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် ဝင်ရောက်ကာ အဆောင်နေ သင်တန်းသား များ   နေထိုင်ရန်၊ဆေးလိပ်သောက်ခြင်း၊ကွမ်းတံတွေးများ ထွေးခြင်း၊ အရက် သေစာ နှင့် မူးယစ်ဆေးများ ထားရှိခြင်း၊ သုံးစွဲခြင်း မရှိစေရန် အတွက် တာဝန်ယူ စစ်ဆေး ခြင်းလုပ်ဆောင်ရန်။
  • အဆောင်ခန်းများအတွင်း ထိခိုက်အန္တရာယ်ဖြစ်စေနိုင်သော တုတ်၊ ဓား၊ လက်နက်များ၊ သံချွန်များ ထားရှိခြင်း၊ ကျားဆောင်၊ မဆောင် ဝင်ရောက် ရောယှက် နေထိုင်ခြင်း၊ ပြင်ပဧည့်သည်များအား လက်ခံထားရှိခြင်း မရှိစေရန် အတွက် နေ့စဥ် တာဝန်ယူစစ်ဆေးခြင်း လုပ်ဆောင်ရန်။
  • သင်တန်းသားများအားလုံး အဆောင်ခန်းများအတွင်း အစားအသောက်များ ချက်ပြုတ်စားသောက် ခြင်းမရှိ စေရန် ကြည့်ရှုစစ်ဆေးခြင်း၊ စည်းမျဉ်း၊ စည်းကမ်းများအား လိုက်နာကျင့်သုံး နေထိုင်ရန် အတွက် အလေးထား ဆောင်ရွက်ရန်။
  • အဆောင်နေသင်တန်းသားများ၏ အပြင်အဝင်/အထွက် အချိန်များကို နေ့စဉ် ဂရုတစိုက်ကြီးကြပ် မှတ်တမ်း ယူရန်။
  • အဆောင်တွင်ညစဥ် ကျား၊မ အဆောင်များအလိုက် ညအိပ်သည့်သင်တန်းသားများအားလုံး လူစုံရှိ/မရှိ သေချာ စစ်ဆေး ကာ ညအိပ် စာရင်းတွင် ညအိပ် လက်မှတ်ကို ရေးထိုးစေရန်။
  • အဆောင် ဝင်ပေါက် တံခါး ဖွင့်ချိန်၊ ပိတ်ချိန်အား ဂရုစိုက်လုပ်ဆောင်ခြင်း။
  • အဆောင်၏ Fixed Assets များ၊ အသုံးအဆောင်ပစ္စည်းများ နှင့် ground record (မြေပြင်စာရင်း မှတ်တမ်း) အားလုံးကို အစဥ်အမြဲမှတ်တမ်း ယူရန်။
  • အဆောင်နေသင်တန်းသားများ အဆောင်ပရဝုဏ်အတွင်း အရေးပေါ်ကိစ္စရပ်များအား ထိန်းချုပ်ပြီး သက်ဆိုင်ရာ သင်တန်းကျောင်း တာဝန်ခံအား အချိန်နှင့်တပြေးညီ တင်ပြခြင်းလုပ်ဆောင်ရန်။
  • သင်တန်းသားများအတွက် နေ့လည်စာ၊ ညနေစာနှင့် သောက်သုံးရေ အထောက်အပံ့ (၂၄) နာရီ ရရှိစေဖို့ စီမံရန်။
  • သင်တန်းကျောင်းနှင့်အဆောင် ၏ မီးဘေးအန္တရာယ်အတွက် မီးသတ်ဆေးဘူးများ ထားရှိခြင်း၊ လျှပ်စစ် အန္တရာယ် ကင်းစေရန် စစ်ဆေးခြင်းလုပ်ဆောင်ရန်။
  • သင်တန်းသားများအဆောင်မှထွက်ခွာမည့်နေ့တွင် အဆောင်ခန်းများတွင် ထားရှိသည့်သင်တန်း ကျောင်းဆောင် များ ၏ပရိဘောဂပစ္စည်းများနှင့် အခြား ဆက်စပ်ပစ္စည်းများ ပျက်စီးမှု၊ ပျောက်ရှ မှု ရှိ၊မရှိ ကို စစ်ဆေးရန်။
  • အဆောင်၏ပရိဘောဂပစ္စည်းများနှင့် အခြား ဆက်စပ်ပစ္စည်းများ ရေရှည် ကောင်းမွန် အောင် ထိန်းသိမ်းရမည် ဖြစ်ပြီး တစ်စုံတစ်ရာ ပျက်စီးဆုံးရှုံးမှုရှိပါက သင်တန်းကျောင်း တာဝန်ခံနှင့် ရုံးပိုင်းစီမံ အုပ်ချုပ်သူ များ သို့ ချက်ချင်းသတင်း ပေးပို့ရန်။
  • အဆောင်မှထွက်ခွာသော သင်တန်းသားများမှကျန်ခဲ့သောပစ္စည်းများအား စာရင်းပြုစုထားပြီး၊ပစ္စည်း ပိုင်ရှင် ထံ သို့ ပြန်လည် အပ်နှံ နိုင်ရန် ရုံးခန်းသို့ အပ်နှံခြင်းပြုလုပ်ရန်။
  • အဆောင်အခန်းများ လျှပ်စစ်မီးအလင်းရောင် ရရှိစေဖို့နှင့် air-con ကောင်းစေဖို့ စစ်ဆေးရန်။
  • စနေ၊ တနင်္ဂနွေရုံးပိတ်ရက်များနှင့် အစိုးရရုံးပိတ်ရက်များတွင် ထိန်းသိမ်းပြုပြင်ရေး ကိစ္စများကို ဂရုစိုက် တာဝန်ယူရမည်ဖြစ်ပြီး ရုံးပိုင်း ကြီးကြပ်သူအား သတင်းပေးအကြောင်းကြားခြင်းပြုလုပ်ရန်။
  • သင်တန်းကျောင်းနှင့် အဆောင်များ၏ မီးစက်အသုံးပြုမှုမှတ်တမ်းများ ထားရှိ မှတ်သားခြင်း၊ မီးစက်ဆီများ တောင်းခံ ခြင်းနှင့် ထုတ်ယူခြင်းများအတွက် တာဝန်ယူ ကြီးကြပ်စစ်ဆေးရန်။
  • သင်တန်းကျောင်းနှင့် အဆောင်များ၏ ရေဘေး၊ မီးဘေးနှင့် အခြား ဘေးအန္တရာယ်များ အရေးပေါ် ပေါ်ပေါက် လာပါက အဆောင်နေသင်တန်းသားများနှင့် ဝန်ထမ်းများအား ပထမဦးစားပေးအနေဖြင့် ဘေးကင်းရာသို့ ပို့ဆောင်ခြင်း၊ လူစုံ၊ မစုံ စစ်ဆေးခြင်းများ၊ အရေးပေါ် ဆက်သွယ်ရမည့် မီးသတ်ဌာနနှင့်   သက်ဆိုင်ရာဌာန များသို့ ချက်ချင်း အကူအညီ တောင်းခံခြင်းများပြုလုပ်ကာ သင်တန်းကျောင်း တာဝန်ခံ(သို့ ) ဌာနမှူး (HOD) သို့ ချက်ချင်းအကြောင်းကြားခြင်းများ လုပ်ဆောင် ရန်။
  • မိမိတို့၏ လုပ်ငန်းတာဝန်များအပြင် လုပ်ငန်းလိုအပ်ချက်အရ သက်ဆိုင်ရာ သင်တန်းကျောင်း တာဝန်ခံမှ ထပ်မံပေးအပ်သော လုပ်ငန်းတာဝန်များကိုလည်း ပူးတွဲတာဝန်ထမ်းဆောင်ရန်။
  • အဆောင်နေသင်တန်းသားများ၊အခြားသောဝန်ထမ်းများအားလုံး နှင့် သင့်တင့်မှုရှိရန်၊ အချင်းချင်း လေးစားသမှု ရှိရန် နှင့် မိမိကိုယ်တိုင်က စည်းကမ်းအရာတွင် စံပြဖြစ်စေရန် အတွက် ပြုမူ၊ ပြောဆိုနေထိုင် ဆက်ဆံရန်။
  • အဆောင်တွင်တည်းခိုသော သင်တန်းသားများအပြင် အလုပ်ကိစ္စဖြင့်လာရောက်တည်းခိုနေထိုင်သည့် မည်သည့် ဝန်ထမ်း မဆို တည်းခိုနေထိုင်ပါက အဆောင်မှူးများအနေဖြင့် လုပ်ငန်းခွင်တာဝန် ရှိနေရန်။

အခွင့်အရေးရှိသူ :

လိုအပ်သောအရည်အချင်း

  • တက္ကသိုလ် တစ်ခုခုမှ ဘွဲ့ရပြီးသူဖြစ်ရမည်။
  • ရုံးပိုင်းဆိုင်ရာ လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၃) နှင့်အထက် ရှိသူဖြစ်ရမည်။   
  • စီမံခန့်ခွဲမှုကောင်းရမည်။
  • လူမှုဆက်ဆံရေးကောင်းမွန်သူ ၊ သွက်လက်ချက်ချာပြီး အလုပ်ကြိုးစားသူ ဖြစ်ရမည်။    
  • စီမံအုပ်ချုပ်မှုပိုင်းဆိုင်ရာ တာဝန်ယူလုပ်ဆောင်နိုင်ပြီး အသင်းအဖွဲ့လိုက် အုပ်ချုပ်နိုင်ရမည်။
  • အသေးစိတ် လုပ်ဆောင်နိုင်ရမည်။
  • 24/7 တာ၀န်များ ထမ်းဆောင်နိုင်ပြီး သင်တန်းကာလအတွင်း အဆောင်တွင် နေထိုင်နိုင်ရမည်။

What We Can Offer

အကျိုးအမြတ်

- Transportation (Ferry Provided)

ထူးခြားချက်များ

- Happy Working Environment

- Young and Dynamic Team

- Learning Opportunities & Career Development

အခွင့်အလမ်းများ

- Opportunities for promotion
- Possibility for job training
- Learn new skills and techniques
အကောင့်မရှိသေးဘူးလား?
မှတ်ပုံတင်မယ်

လုပ်သက်အဆင့်

အတွေ့အကြုံရှိ

အလုပ်အမျိုးအစား

စီမံ ရေးရာ

သူငယ်ချင်းနဲ့မျှဝေလိုက်ပါ

Verify your Mobile number
to get More Job Offers
မြန်မာမိုဘိုင်းနံပါတ်ကမမှန်ကန်ပါ၊ ထပ်မံကြိုးစားပါ။
SMS Code ပို့ပါ
x
SMS Message Display
Alote MM
ဒီတောင်းဆိုချက်ကို သင်မလုပ်ခဲ့လျှင် Facebook မှတဆင့် ကျွန်ုပ်တို့ဆီ စာပို့ပေးပါ။
OK
x
စီစစ်ရန် ကုဒ်နံပါတ်ကို
ဤဖုန်းနံပါတ်သို့ SMS ပို့ထားပါသည်
SMS ကုဒ် မှားနေပါတယ်
အတည်ပြုမည်
x
ကျေးဇူးတင်ပါတယ်
သင့်ဖုန်းမှန်ကန်ကြောင်း အောင်မြင်စွာ အတည်ပြုပြီးပါပြီ
OK
X
သင့်လျှို့ဝှက်နံပါတ် အရိပ်အမြွက်:
OK
X
x