ကျွန်ုပ်တို့ကုမ္ပဏီအကြောင်း
(1986) ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး သတ်မှတ်စံချိန်စံညွှန်းပြည့်မှီသော ဆေးဝါးများအား မြန်မာနိုင်ငံ အနှံ့အပြား လက်လီ/လက်ကား ရောင်းချခဲ့သည်မှာ နှစ်(၃၀) ကြာမြင့်ခဲ့ပြီ ဖြစ်ပါသည်။ ထိုကာလများတွင် အရည်အသွေး ပြည့်မှီခြင်း၊ စျေးနှုန်းချိုသာခြင်း၊ တင်ဒါဆေးများအား သတ်မှတ်ကာလတွင်း အချိန်မှီပေးသွင်းနိုင်ခြင်း၊ ကုမ္ပဏီပိုင် ပစ္စည်းသယ်ယူပို့ဆောင်သည့် ယာဥ်များဖြင့် သတ်မှတ်နေရာများသို့ စနစ်တကျ ပို့ဆောင်နိုင်ခြင်း၊ ကုမ္ပဏီဝန်ထမ်းများ ဆက်ဆံမှု ကောင်းမွန်ခြင်း စသည့် ကုမ္ပဏီ၏ အဓိကရည်မှန်ချက်တာဝန်များကို အလေးထား ဆောင်ရွက်နိုင်ခဲ့ပါသည်။ မြန်မာတစ်နိုင်လုံးရှိ ပြည်သူ့ဆေးရုံများနှင့် သက်ဆိုင်သော တင်ဒါလုပ်ငန်းများ၊ Customerများထံသို့ စျေနှုန်းချိုသာစွာဖြင့် အရည်အသွေးပြည့်မှီသော ဆေးဝါးများကို အချိန်နှင့်တပြေးညီ ပေးသွင်းနိုင်ခြင်းဖြင့် ပြည့်သူ့ကျန်းမာရေးအတွက် တဖက်တလမ်းမှ အထောက်အကူပြုပေးနိုင်ခဲ့ပါသည်။