၁။ ကားများကို Manuel ဖြင့် Highway မောင်းနိုင်ရမည်။
၂။ ကားများပြုပြင်ခြင်း/ ပြုပြင်ရမည့်နေရာ Workshopများကိုကောင်းစွားနားလည်သိရှိရမည်။
၃။ တရားဝင် ( ခ ) ယာဉ်မောင်းလိုင်စင် ရှိရမည်။
၄။ ဖုန်းကျွမ်းကျင်စွာသုံးနိုင်ရမည်။
၅။ ကိုယ်တိုင်ကားများသန့်ရှင်းရေးနေ့စဉ်လုပ်နိုင်ရမည်။
၆။ အခြားသူများကို ကားမောင်းသင်ပေးခြင်း၊ သန့်ရှင်းရေးလုပ်ခြင်းများ
၇။ အချိန်တိုအတွင်းတတ်မြောက်သည်အထိ သင်ကြား ပေးနိုင်ရမည်။
၈။ အနိမ့်ဆုံး အထက်တန်းပညာရေးအဆင့် အောင်ရမည်။
၉။ ယာဉ်စည်းကမ်းချိုးဖောက်မှုမရှိဘဲ ပြစ်မှုကင်းရှင်းသော ယာဉ်မောင်း မှတ်တမ်း ရှိရမည်။
၁၀။ အနိမ့်ဆုံး အမြင်အာရုံ ကြည်လင်မှု 20/50 ရှိရမည်။
၁၁။ ရန်ကုန်မြို့ရှိ လမ်းများနှင့် ရပ်ကွက်များကို အသိပညာရှိရမည်။
၁၂။ စကားပြောဆိုရာတွင် ယဉ်ယဥ်ကျေးကျေး ကောင်းကောင်းမွန်မွန် ပြောဆိုရမည် ။
၁၃။ အရေးကြီးသည့်အချိန်၊ စိတ်ဖိစီးမှုများသော မောင်းနှင်မှုအခြေအနေများတွင်ငြိမ်သက်စွာ မောင်းနှင် နိုင်ရမည်။
၁၄။ စာရင်း/အင်း တိကျမြန်ဆန်စွာမှတ်သားနိုင်ရမည်။
၁၅။ ခေတ်မီကားများ၏အသုံးပြုပုံများသိရမည်။ (Lexus/ Mercedes/ Range rovers etc.)
၁၆။ ၁ ပတ် - ၁ရက်နားရမည်။
၁၇။ ၁ နှစ်လုံးတွင် ရက် ၂၀ သီးသန့်နားရက်ရမည်။(အခြားလူမှုရေးခံစားခွင့်နားရက်များမပါသေး)
၁၈။ ခရီးထွက်ရပါက စားစရိတ်အဖြစ် (က) ပြည်တွင်း - ၁ ည - ၂၀,၀၀၀ ကျပ်၊ (ခ) ပြည်ပ၁ ည - ၂၀$ ထပ်ဆောင်း ရရှိမည်။ (လိုအပ်သောစရိတ်များကို ကုမ္ပဏီဘက်မှကျခံမည်)
၁၉။ လျှောက်ထားသူ၏အရည်အချင်းကိုကြည့်၍ ၁ နှစ်ပြည့်ပြီးတိုင်း အနည်းဆုံးလစာ၂၀,၀၀၀ ကျပ်စီတိုး မြှင့်ပေးရန် စဉ်းစားမည်။