ဝမ်းနည်းပါတယ်၊ သင်၏ပရိုဖိုင်သည် 60% နှင့်အထက် ရှိရမည်ဖြစ်ပြီး (1) အလုပ်အတွေ့အကြုံ (2) သင်လုပ်ကိုင်နိုင်သည့် အလုပ်ရာထူးများ (3) သင့်ပညာရေး အသေးစိတ်တို့ ပါဝင်ရမည်။

Junior Storekeeper

အငယ်တန်းစာရင်းကိုင်၊ စာရင်းကိုင် | Simple Accounting, Bookeeping
Amigos International Co.,Ltd

Junior Storekeeper

အငယ်တန်းစာရင်းကိုင်၊ စာရင်းကိုင် | Simple Accounting, Bookeeping
2 ဦး
Amigos International Co.,Ltd
2 ဦး
အတည်ပြုပြီး
သင်္ဃန်းကျွန်း | ရန်ကုန်တိုင်း
အချိန်ပြည့်
လွန်ခဲ့သော 10 နာရီက အလုပ်ခန့်အပ်သူ active ဖြစ်နေခဲ့သည် ဤကုမ္ပဏီမှ အလုပ်ခန့်အပ်သူ လျှောက်လွှာများကို နောက်ဆုံးကြည့်ရှုခဲ့သည့် အချိန်။

လုပ်သက်အဆင့်

အတွေ့အကြုံမရှိ

အလုပ်အမျိုးအစား

ငွေကြေးနှင့်စာရင်းကိုင်
လုပ်ဆောင်ရမည့်တာဝန်များတင်သောနေ့: ဒီနေ့

သိုလှောင်ရုံ၏ ပြေစာများ၊ မှတ်တမ်းများနှင့် ပစ္စည်းအဝင်အထွက်များကို ထိန်းသိမ်းခြင်း၊၊ 
ကုန်တင်ကုန်ချပစ္စည်းများကို လက်ခံခြင်း၊ စနစ်တကျနေရာချခြင်း၊၊ 
သိုလှောင်ရုံနှင့်ပတ်သက်သောအခြားတာဝန်များဖြစ်သည့် ပစ္စည်းအဝင်အထွက် စစ်ဆေးခြင်း၊ ပါကင်ထုတ်ပိုးခြင်း၊ ဈေးနှုန်းနှင့် တံဆိပ်ကပ်ခြင်း၊၊ 
ကုန်ပစ္စည်းနှင့် ပတ်သတ်သော စာရင်းများ၊ စာရွက်စာတမ်းများ အားလုံးကိုမှတ်တမ်း ထိန်းသိမ်းခြင်းနှင့် စီမံခန့်ခွဲခြင်း၊၊ 
စက်ကိရိယာများ စနစ်တကျသိုလှောင်မှု၊ ကိုင်တွယ်မှု၊ ဖြန့်ဝေမှုနှင့် လိုအပ်သောအသေးစား ထိန်းသိမ်းခြင်း လုပ်ငန်းများ ပြုလုပ်ခြင်း၊၊

အခွင့်အရေးရှိသူ :

ကျား

လိုအပ်သောအရည်အချင်း

တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူဖြစ်ရမည် (သို့) ဘွဲ့ကြိုသင်တန်းတစ်ခုခုတက်ရောက်နေသူ (သို့) အခြေခံပညာ အထက်တန်းအောင်မြင်ပြီးသူ ဖြစ်ရမည်။  
Microsoft Application များဖြစ်သော Word, Excel, PowerPoint နှင့် Email ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ရမည်။  
ပစ္စည်းသိုလှောင်ခန်း သို့မဟုတ် ဂိုဒေါင်တွင် တာဝန်ထမ်းဆောင်နိုင်ရမည်။။ 
ကွန်ပျူတာ၊ မိတ္တူစက် စသည့်ရုံးသုံးပစ္စည်းများကို ကိုင်တွယ်အသုံးပြုနိုင်ရမည်။  
အလေးချိန်ရှိသောပစ္စည်းများကို သယ်ဆောင်နိုင်သော ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုရှိရမည်၊၊

What We Can Offer

အကျိုးအမြတ်

နေ့စဉ်စားသောက်စရိတ်
ရုံးတက်ဘတ်စ်ကားခ
ခရီးစရိတ်
ရုံးတက်မှန်စရိတ်
ဖုန်းဘေလ်
ဘောနပ်စ်
အချိန်ပိုလုပ်ခ
ခွင့်မယူသည့်ရက်ပြန်အမ်းငွေ
အတိုးမဲ့ချေးငွေ

ထူးခြားချက်များ

စနေ၊တနင်္ဂ‌နွေနှင့်အစိုးရရုံးပိတ်ရက်
နိုင်ငံခြားသင်တန်းများ
သန့်ရှင်းသပ်ရပ်သောရုံး
ပျော်စရာကောင်းသောလုပ်ငန်းခွင်
ကူညီတတ်သောလုပ်ဖော်ကိုင်ဖက်များ

အခွင့်အလမ်းများ

စဉ်ဆက်မပြတ်လုပ်ငန်းကျွမ်းကျင်မှုနှင့် ဖွံ့ဖြိုးမှုဆိုင်ရာသင်တန်းများ
မိမိအရည်အချင်းပေါ်တွင်သာအခြေခံသောရာထူး၊လစာတိုးမြှင့်ခြင်းစနစ်

ကျွန်ုပ်တို့ကုမ္ပဏီအကြောင်း

ကုမ္ပဏီ အကျဉ်းချုပ်
Amigos International Co., Ltd ကို ၂၀၁၀ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး သိပ္ပံ၊ အင်ဂျင်နီယာနှင့် ဓာတ်ခွဲခန်းသုံး စမ်းသပ်စစ်ဆေးရေးပစ္စည်းများကို တင်သွင်းဖြန့်ဖြူး၍ ဝန်ဆောင်မှုပေးခြင်းကို တက်ကြွစွာဆောင်ရွက်လျှက်ရှိသည့် ကုမ္ပဏီတစ်ခုဖြစ် ပါသည်။ ကုမ္ပဏီ၏ အဓိကလုပ်ငန်းမှာ သိပ္ပံ၊ အင်ဂျင်နီယာနှင့် နည်းပညာဆိုင်ရာပစ္စည်းများဖြစ်သည့်အတွက်ရောင်ချပြီးဝန်ဆောင်မှုစနစ်သည် အရေးကြီးပါသည်။ သို့ဖြစ်၍ရောင်းချပြီးဝန်ဆောင်မှုများ ဖြစ်သောစက်ကိုင်တွယ်မှုသင်တန်းများပေးခြင်း၊ စက်ကိရိယာများ ပြန်လည်ချိန်ညှိခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း အစရှိသည့်လုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ တောင်ကြီး တို့တွင် အရောင်းနှင့် ဆားဗစ်ဝန်ဆောင်မှုရုံးများ ဖွင့်လှစ်ထားရှိပါသည်။

အဓိကရောင်းချလျက်ရှိသော ပစ္စည်းကိရိယာများနှင့် ဝန်ဆောင်မှုများမှာ-
၁. မြေတိုင်းတာရေးလုပ်ငန်းသုံးပစ္စည်း
၂. မြေသား၊ ကွန်ကရစ်နှင့် ကတ္တရာစမ်းသပ်ရေးပစ္စည်း
၃. ပတ်ဝန်းကျင်အရည်အသွေး စစ်ဆေးရေးပစ္စည်း
၄.မိုးလေဝသ၊ စိုက်ပျိုးရေးဆိုင်ရာ သုတေသနနှင့် တိုင်းထွာရေးပစ္စည်း
၅.ရေကြောင်းတိုင်းတာရေး လုပ်ငန်းသုံးပစ္စည်း
၆.ဘူမိဗေဒလေ့လာရှာဖွေရေးလုပ်ငန်းသုံးပစ္စည်း
၇. မြေတိုင်းတာမှုနှင့် ဒစ်ဂျစ်တယ် မြေပုံရေးဆွဲရေး ဝန်ဆောင်မှုလုပ်ငန်း
၈.ရေနှင့်သတ္တုအရည်အသွေး ဓာတ်ခွဲခန်းဝန်ဆောင်မှု
၉.စက်ပြန်လည်ချိန်ညှိခြင်း ဝန်ဆောင်မှု့လုပ်ငန်း

ကုမ္ပဏီ၏မျှော်မှန်းချက်
ဝန်ထမ်းများအတွက်ပိုမိုကောင်းမွန်သော ဘဝတစ်ခုဖန်တီးရန် "Joy@Work"

ကုမ္ပဏီ၏ရည်မှန်းချက်
၁.အလုပ်၊ဘဝနှင့် ဖွံ့ဖြိုးတိုးတက်မှု ဟန်ချက်ညီစေရန်
၂. ပျော်ရွှင်ဖွယ်ကောင်းသော လုပ်ငန်းခွင်တည်ဆောက်ရန်
၃.ဝန်ထမ်းများ၏ အရည်အချင်းနှင့် ဘဝများကို မြှင့်တင်ရန်
၄.မိမိတို့၏ဝန်ဆောင်မှုနှင့် ခံယူချက်များဖြင့် ဖောက်သည်များ၏ လုပ်ငန်းများပိုမို တိုးတက်အောင်ဆောင်ရွက်ရန်

ဘာကြောင့် ကျွန်ုပ်တို့နဲ့ ပူးပေါင်းသင့်တာလဲ
ကုမ္ပဏီတွင် အလုပ်-ဘဝ-အသိဉာဏ်ဖွံ့ဖြိုးတိုးတက်ရေး ဟန်ချက်ညီမျှမည်မှာ သေချာပါသည်။ တစ်ပတ်လျှင် အလုပ်ချိန် ၄၂ နာရီခန့်သာရှိပြီး စနေနှင့် တနင်္ဂနွေ နှစ်ရက်စလုံး ပိတ်သောကြောင့် အလွန်အဆင်ပြေပါသည်။ ကွန်ပျူတာ၊ ကော်ပီစက်၊ စကဲန်နာစက်၊ မော်တော်ယာဉ်နှင့် လေအေးပေးစက်ကဲ့သို့သော ရုံးအခြေခံစက်ပစ္စည်းများနှင့်အတူ အမြဲအေးဆေးမွှေးကြိုင်ပြီး သပ်ရပ်သော လုပ်ငန်းခွင်ရှိပါသည်။ အမြဲတမ်း ဝန်ထမ်းအဖြစ်ခန့်အပ်ခံရပါက ကျန်းမာရေးအာမခံပေါ်လစီများကို ခံစားနိုင်ပါသည်။ ငယ်ရွယ်တက်ကြွ ပျော်ရွင်ပြီး ကူညီပေး တတ်သော ဝန်ထမ်းများနှင့် အတူတကွလက်တွဲလုပ်ဆောင်ရမည် ဖြစ်ပါသည်။ လုပ်ငန်းခွင်ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများကို မြန်မာနိုင်ငံအတွင်းသာမက နိုင်ငံခြားသို့စေလွှတ်၍ သင်ယူစေခြင်းကြောင့် သင်၏ကျွမ်းကျင်မှုနှင့် အသိပညာကို နောက်တစ်ဆင့်မြှင့်တင်ရန် အကောင်းဆုံး နေရာဖြစ်ပါသည်။ မိမိတို့ Amigos Team မှ "Joy@Work" ဆိုတဲ့ဆောင်ပုဒ်နဲ့ သင့်ကို ကြိုဆိုလျက်ရှိပါသည်။


ကျွန်ုပ်တို့ရဲ့ ခံယူချက်
မည်မျှပင်အခက်အခဲနှင့်ရင်ဆိုင်ရပါစေ ဖောက်သည်များအားမိမိတို့ရောင်းချသည့်ပစ္စည်းများနှင့် ဝန်ဆောင်မှုများအကြောင်းကို “အမှန်အတိုင်း” ပြောဆိုရန်မှာ ကျွန်ုပ်တို့၏ခိုင်မာသောသမာဓိ ဖြစ်ပါသည်။ ဝန်ထမ်းတိုင်းသည် "အမှန်ပြောဆိုခြင်း" ဆိုသည့်စရိုက်လက္ခဏာများကိုထာဝစဉ်ထိန်းသိမ်းမွေးမြူရမည်ဖြစ်ပါသည်။ အဆိုပါဗီဇသည် ကုမ္ပဏီတွင်ရှိသောထိပ်တန်းဒါရိုက်တာများမှအောက်ခြေဝန်ထမ်းများအထိနက်ရှိုင်းစွာတည်ရှိရမည်ဖြစ်ပါသည်။ ဤအချက်နှင့်အတူ အကောင်းမြင်စိတ်မွေးမြူ၍ အလုပ်ကြိုးစားခြင်းဟူသောယဉ်ကျေးမှုရပ်ဝန်းတစ်ခုအဖြစ်ခိုင်မာစွာတည်ဆောက်ထားပါသည်။
အကောင့်မရှိသေးဘူးလား?
မှတ်ပုံတင်မယ်

လုပ်သက်အဆင့်

အတွေ့အကြုံမရှိ

အလုပ်အမျိုးအစား

ငွေကြေးနှင့်စာရင်းကိုင်

နောက်ထပ်အလားတူအလုပ်များ

Senior Accountant

Chann Myae Khwar Nyo Co.,Ltd သင်္ဃန်းကျွန်း | ရန်ကုန်တိုင်း

Junior Accountant

ICT.com.mm သင်္ဃန်းကျွန်း | ရန်ကုန်တိုင်း

Senior Accountant

ICT.com.mm သင်္ဃန်းကျွန်း | ရန်ကုန်တိုင်း

Cashier

City Global Mark Services သင်္ဃန်းကျွန်း | ရန်ကုန်တိုင်း

Cashier

Snoopy Mobile သင်္ဃန်းကျွန်း | ရန်ကုန်တိုင်း

Assistant Accountant

i-MobiHub Mobile သင်္ဃန်းကျွန်း | ရန်ကုန်တိုင်း

လက်ရေးစာရင်းကိုင် (Female)

Blanca Furniture သင်္ဃန်းကျွန်း | ရန်ကုန်တိုင်း

Accountant

Nook Interior & Construction Co.,Ltd သင်္ဃန်းကျွန်း | ရန်ကုန်တိုင်း

Cashier

Artists Premium သင်္ဃန်းကျွန်း | ရန်ကုန်တိုင်း

စာရင်းကိုင်

DIKA Group သင်္ဃန်းကျွန်း | ရန်ကုန်တိုင်း

Account Executive

Alive Marketing သင်္ဃန်းကျွန်း | ရန်ကုန်တိုင်း

Accountant (စာရင်းကိုင်)

MK Networks Company Limited (Knet) သင်္ဃန်းကျွန်း | ရန်ကုန်တိုင်း

သူငယ်ချင်းနဲ့မျှဝေလိုက်ပါ

Verify your Mobile number
to get More Job Offers
မြန်မာမိုဘိုင်းနံပါတ်ကမမှန်ကန်ပါ၊ ထပ်မံကြိုးစားပါ။
SMS Code ပို့ပါ
x
SMS Message Display
Alote MM
ဒီတောင်းဆိုချက်ကို သင်မလုပ်ခဲ့လျှင် Facebook မှတဆင့် ကျွန်ုပ်တို့ဆီ စာပို့ပေးပါ။
OK
x
စီစစ်ရန် ကုဒ်နံပါတ်ကို
ဤဖုန်းနံပါတ်သို့ SMS ပို့ထားပါသည်
SMS ကုဒ် မှားနေပါတယ်
အတည်ပြုမည်
x
ကျေးဇူးတင်ပါတယ်
သင့်ဖုန်းမှန်ကန်ကြောင်း အောင်မြင်စွာ အတည်ပြုပြီးပါပြီ
OK
X
သင့်လျှို့ဝှက်နံပါတ် အရိပ်အမြွက်:
OK
X
x