ဝမ်းနည်းပါတယ်၊ သင်၏ပရိုဖိုင်သည် 60% နှင့်အထက် ရှိရမည်ဖြစ်ပြီး (1) အလုပ်အတွေ့အကြုံ (2) သင်လုပ်ကိုင်နိုင်သည့် အလုပ်ရာထူးများ (3) သင့်ပညာရေး အသေးစိတ်တို့ ပါဝင်ရမည်။

Office Staff

အချက်အလက်ရေးသွင်းသူ | Data Entry
AtoZ Group

Office Staff

အချက်အလက်ရေးသွင်းသူ | Data Entry
2 ဦး
AtoZ Group
2 ဦး
အတည်ပြုပြီး
လမ်းမတော် | ရန်ကုန်တိုင်း
အချိန်ပြည့်
လွန်ခဲ့သော 1 ရက်က အလုပ်ခန့်အပ်သူ active ဖြစ်နေခဲ့သည် ဤကုမ္ပဏီမှ အလုပ်ခန့်အပ်သူ လျှောက်လွှာများကို နောက်ဆုံးကြည့်ရှုခဲ့သည့် အချိန်။

လုပ်သက်အဆင့်

အတွေ့အကြုံမရှိ

အလုပ်အမျိုးအစား

ရုံးလုပ်ငန်း စီမံခန့်ခွဲရေး
လုပ်ဆောင်ရမည့်တာဝန်များတင်သောနေ့: လွန်ခဲ့သော ၁ရက်

AtoZ Group ၏ လုပ်ငန်းခွဲတစ်ခုအတွက် Trading/Distribution/Import/Export လုပ်ငန်းတွင် အုပ်ချုပ်ရေးဆိုင်ရာ ရုံးလုပ်ငန်းများကို တိတိကျကျပံ့ပိုးဆောင်ရွက်မည့် Office Staff ကို ခေါ်ယူနေပါသည်။ အဖွဲ့နှင့်ပူးပေါင်းလုပ်ကိုင်နိုင်သူ၊ စာရွက်စာတမ်းနှင့် data များကိုသေချာစွာ စီမံနိုင်သူကို ကြိုဆိုပါသည်။

လုပ်ငန်းတာဝန်များ
● ရုံးတွင်းစာရွက်စာတမ်းများကို စနစ်တကျ သိမ်းဆည်းခြင်းနှင့် ပြန်လည်ရှာဖွေခြင်း
● Data entry များကို တိကျမြန်ဆန်စွာ ထည့်သွင်းပြီး မှားယွင်းမှုနည်းအောင် စစ်ဆေးခြင်း
● ဖုန်းခေါ်ဆိုမှုများ၊ အီးမေးလ်များနှင့် မက်ဆေ့ချ်များကို ယဉ်ကျေးစွာ လက်ခံဆက်သွယ်ခြင်း
● အထက်အရာရှိများနှင့် အဖွဲ့ဝင်များအား ရုံးလုပ်ငန်းဆိုင်ရာ ကူညီပံ့ပိုးခြင်း
● စာရင်းဇယားများ၊ လက်ခံ/ထုတ်ပေးမှုမှတ်တမ်းများကို နေ့စဉ် မွမ်းမံထားခြင်း
● လိုအပ်သည့် ရုံးသုံးပစ္စည်းများကို စစ်ဆေးပြီး ပြန်လည်တင်ပြခြင်း

အခွင့်အရေးရှိသူ :

ကျား

လိုအပ်သောအရည်အချင်း

● အနည်းဆုံး အခြေခံပညာအဆင့် ပြီးမြောက်ထားသူ ဖြစ်ရမည်
● ရုံးလုပ်ငန်း၊ စာရင်းသွင်းခြင်း သို့မဟုတ် data entry အတွေ့အကြုံ ရှိပါက ပိုမိုကောင်းမွန်သည်
● Computer အသုံးပြုနိုင်ပြီး MS Office အခြေခံကျွမ်းကျင်ရမည်
● မြန်မာစာ ရိုက်ထည့်နိုင်ခြင်းနှင့် စာရွက်စာတမ်းများကို သေချာစွာ ကိုင်တွယ်နိုင်ရမည်
● အသေးစိတ်ကို ဂရုပြုနိုင်ပြီး တိကျမှန်ကန်စွာ လုပ်ဆောင်နိုင်ရမည်
● ဆက်ဆံရေးကောင်းမွန်၍ အဖွဲ့လိုက်ပူးပေါင်းလုပ်ကိုင်နိုင်ရမည်
● သင်ယူလိုစိတ်ရှိပြီး တာဝန်ယူမှုရှိသူ ဖြစ်ရမည်
● ရန်ကုန်၊ လမ်းမတော်မြို့နယ်တွင် အလုပ်ဆင်းနိုင်သူ ဦးစားပေးမည်

What We Can Offer

အကျိုးအမြတ်

အချိန်ပိုကြေး
ဘောနပ်စ်

ထူးခြားချက်များ

ကွန်ပျူတာ စာစီစာရိုက် ကျွမ်းကျင်ရမည်။

အခွင့်အလမ်းများ

အလုပ်ခွင်အတွင်း ကျွမ်းကျင်မှုအသစ်များကို လေ့လာနိုင်ခြင်း
လိုအပ်သည်များကို သင်တန်းပေးခြင်း

ကျွန်ုပ်တို့ကုမ္ပဏီအကြောင်း

AtoZ Group of Companies

AtoZ Group သည် ၁၉၈၃ ခုနှစ်တွင် မိသားစုလုပ်ငန်းအဖြစ် စတင်တည်ထောင်ခဲ့ပြီး ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလတွင် Moe Htet Kabar နှင့် ပူးပေါင်းကာ Lwin Oo Htwe (LOH) အမည်ဖြင့် ကုန်သွယ်ရေးလုပ်ငန်းအဖြစ် တရားဝင်တည်ထောင်ခဲ့ပါသည်။
၂၀၁၅ ခုနှစ်မှ စတင်၍ AtoZ အမှတ်တံဆိပ်ဖြင့် ဒေသအသီးသီးတွင် ဆိုင်ခွဲများဖွင့်လှစ်ကာ Home Mart လက်လီရောင်းချရေးလုပ်ငန်း ကို စတင်လုပ်ကိုင်ခဲ့ပါသည်။
၂၀၂၄ ခုနှစ် မတ်လတွင် AtoZ Group of Companies အဖြစ် ပြန်လည်ဖွဲ့စည်းတည်ဆောက်ခဲ့ပြီး ယင်းအဖွဲ့အစည်းအောက်တွင် Grit Myanmar Distribution (GMDC)၊ LOH၊ Two Star Factory နှင့် ATOZ Home Mart Retail စသည့် စီးပွားရေးလုပ်ငန်းခွဲများ လည်ပတ်လျက်ရှိပါသည်။

အဓိကလုပ်ငန်းဆောင်တာ

AtoZ ၏ အဓိကလုပ်ငန်းမှာ ဆောက်လုပ်ရေးလုပ်ငန်းများအတွက် မရှိမဖြစ်လိုအပ်သော Building Structure Materials များကို ထုတ်လုပ်ခြင်းနှင့် ဖြန့်ချိရောင်းချခြင်း ဖြစ်ပါသည်။

အရည်အသွေးကောင်းမွန်မှု

AtoZ တွင် ထုတ်ကုန်အရည်အသွေးကို အလွန်အရေးကြီး တန်ဖိုးထားရှိပြီး ဂျပန်၊ အိန္ဒိယ၊ ထိုင်ဝမ်၊ ဗီယက်နမ် နှင့် တရုတ်နိုင်ငံတို့မှ ယုံကြည်စိတ်ချရသော မိတ်ဖက်များထံမှ အရည်အသွေးမြင့် ကုန်ကြမ်းများကို ရွေးချယ်ဝယ်ယူအသုံးပြုလျက်ရှိပါသည်။
လက်ကား၊ လက်လီနှင့် အသုံးပြုသူဈေးကွက်များအားလုံးကို ဝန်ဆောင်မှုပေးလျက်ရှိပြီး ဖောက်သည်အမျိုးမျိုး၏ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
ကျွန်ုပ်တို့၏ အဓိကထုတ်ကုန်အမှတ်တံဆိပ်ဖြစ်သည့် “Two Stars” အောက်တွင် Two Star အမိုးသွပ်ပြားများကို ထုတ်လုပ်ရောင်းချလျက်ရှိပြီး အရည်အသွေးကောင်းမွန်မှုနှင့် ဈေးနှုန်းသင့်တင့်မှုကြောင့် လူသိများယုံကြည်မှုရရှိထားပါသည်။

ဆိုင်ခွဲများ

ကျွန်ုပ်တို့၏ လက်အောက်ခံလုပ်ငန်းဖြစ်သော Royal A To Z Holdings Co., Ltd. မှတစ်ဆင့် အောက်ဖော်ပြပါ မြို့များတွင် ဆိုင်ခွဲများ ဖွင့်လှစ်လျက်ရှိပါသည် —

သန်လျင်

တောင်ကြီး

တောင်ငူ

မန္တလေး

မော်လမြိုင်

သီရိရတနာ

ပုသိမ်

နေပြည်တော်

ထို့အပြင် ဆိုင်ခွဲအသစ်များ ထပ်မံဖွင့်လှစ်နိုင်ရေးအတွက် စီမံကိန်းများကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။
အကောင့်မရှိသေးဘူးလား?
မှတ်ပုံတင်မယ်

လုပ်သက်အဆင့်

အတွေ့အကြုံမရှိ

အလုပ်အမျိုးအစား

ရုံးလုပ်ငန်း စီမံခန့်ခွဲရေး

သူငယ်ချင်းနဲ့မျှဝေလိုက်ပါ

Verify your Mobile number
to get More Job Offers
မြန်မာမိုဘိုင်းနံပါတ်ကမမှန်ကန်ပါ၊ ထပ်မံကြိုးစားပါ။
SMS Code ပို့ပါ
x
SMS Message Display
Alote MM
ဒီတောင်းဆိုချက်ကို သင်မလုပ်ခဲ့လျှင် Facebook မှတဆင့် ကျွန်ုပ်တို့ဆီ စာပို့ပေးပါ။
OK
x
စီစစ်ရန် ကုဒ်နံပါတ်ကို
ဤဖုန်းနံပါတ်သို့ SMS ပို့ထားပါသည်
SMS ကုဒ် မှားနေပါတယ်
အတည်ပြုမည်
x
ကျေးဇူးတင်ပါတယ်
သင့်ဖုန်းမှန်ကန်ကြောင်း အောင်မြင်စွာ အတည်ပြုပြီးပါပြီ
OK
X
သင့်လျှို့ဝှက်နံပါတ် အရိပ်အမြွက်:
OK
X
x