English
နောက်ထပ်အလုပ်ကမ်းလှမ်းချက်များရယူပါ
ယခု App ကိုဒေါင်းလုပ်ဆွဲပါ!
Timeless Asia Gems & Jewelry Exhibition
Customer Service Assistant
လုပ်သက်အဆင့်
အလုပ်အမျိုးအစား
ရာထူးအကြောင်းအကျဉ်း(Position Overview)
Timeless Asia ၏ တိုးတက်လာနေသော အဖွဲ့အစည်းတွင်ပါဝင်လုပ်ကိုင်ရန် စိတ်အားထက်သန်ပြီး တာဝန်ယူမှုရှိကာလူမှုဆက်ဆံရေးကောင်းမွန်သူတစ်ဦးကို ရှာဖွေနေပါသည်။
ဤရာထူးသည် လူအများနှင့် ဆက်သွယ်ပြောဆိုရခြင်း၊ ပရော်ဖက်ရှင်နယ်ဆက်ဆံရေးများတည်ဆောက်ရခြင်း၊ပြဿနာများကို ဖြေရှင်းရခြင်း၊ ပြပွဲအခမ်းအနား၊ ရတနာဆိုင် စီမံခန့်ခွဲမှုလုပ်ငန်းများတွင် လက်တွေ့အတွေ့အကြုံ ရယူလိုသောဘွဲ့ရအသစ်များအတွက် အထူးသင့်လျော်ပါသည်။
Key Responsibilities
ပြပွဲတွင် ပါဝင်ပြသသူများ၊ ရတနာ၀ယ်ယူသူများ၊စီးပွားရေးမိတ်ဖက်များနှင့် ကောင်းမွန်သော ဆက်ဆံရေးများတည်ဆောက်ထိန်းသိမ်းရန်။
Customer များနှင့် ပရော်ဖက်ရှင်နယ်ဆန်စွာ ဆက်သွယ်ပြောဆိုပြီး ၎င်းတို့၏မေးမြန်းမှုများကို ပြန်လည်ဖြေကြားရန်။
Customerများ စာရင်းသွင်းခြင်း၊ ပြခန်းနေရာချထားခြင်းနှင့်ပွဲနှင့်သက်ဆိုင်သောလိုအပ်ချက်များကို ညှိနှိုင်းဆောင်ရွက်ရန်။
Customer များ၏ တောင်းဆိုချက်များကိုအချိန်မီ ပြန်လည်ဆက်သွယ်ဖြေရှင်းပေးရန်။
ဖောက်သည်များ၏ အခက်အခဲနှင့် တိုင်ကြားမှုများကို ပရော်ဖက်ရှင်နယ်ဆန်စွာ ကိုင်တွယ်ဖြေရှင်းပြီး လက်တွေ့ကျသော အဖြေများရရှိစေရန် ညှိနှိုင်းဆောင်ရွက်ရန်။
လုပ်ငန်းအစီအစဉ်ရေးဆွဲခြင်း၊ ကြိုတင်ပြင်ဆင်ခြင်းနှင့်ပြပွဲကျင်းပနေစဉ် လုပ်ငန်းဆောင်ရွက်မှုများတွင် ကူညီပံ့ပိုးရန်။
ပစ္စည်းပေးသွင်းသူများ၊ ဝန်ဆောင်မှုပေးသူများနှင့် အဖွဲ့အတွင်းရှိ ဝန်ထမ်းများအကြား ညှိနှိုင်းဆောင်ရွက်ရန်။
Customer များ၏ အချက်အလက်များ၊လုပ်ငန်းမှတ်တမ်းများနှင့် စစ်ဆေးရန်စာရင်းများကို စနစ်တကျ ထိန်းသိမ်းရန်။
မိမိတာဝန်ယူထားသော လုပ်ငန်းတာဝန်များ၊သတ်မှတ်အချိန်ဇယားများနှင့် နောက်ဆက်တွဲဆောင်ရွက်ရမည့်အလုပ်များကို စောင့်ကြည့်ရန်။
ဖြစ်လာနိုင်သည့် ပြဿနာများကို ကြိုတင်သိရှိနိုင်ရန်နှင့် ထိရောက်သော ဖြေရှင်းမှုများ ပြုလုပ်နိုင်ရန် ကူညီပံ့ပိုးရန်။
လုပ်ငန်းဆောင်ရွက်မှုအခြေအနေနှင့်နောက်ဆုံးရသတင်းအချက်အလက်များကို Operations Lead ထံ အသိပေးတင်ပြရန်။
မိမိတာဝန်ယူထားသော လုပ်ငန်းများကို သတ်မှတ်ထားသည့်အချိန်အတွင်းပြီးစီးအောင် ဆောင်ရွက်ရန်။
အခွင့်အရေးရှိသူ :
လိုအပ်သောအရည်အချင်း
ဘွဲ့ရစ လူငယ်များကို အထူးကြိုဆိုပါသည်။
အငယ်တန်း / လုပ်ငန်းအတွေ့အကြုံမရှိသေးသူများလျှောက်ထားနိုင်သည်။
လူမှုဆက်ဆံရေးကောင်းမွန်ပြီး ရေရှည်ဆက်ဆံရေးများတည်ဆောက်နိုင်သူ ဖြစ်ရမည်။
မြန်မာဘာသာကို နှုတ်ဖြင့်လည်းကောင်း၊ စာဖြင့်လည်းကောင်း ဆက်သွယ်ပြောဆိုနိုင်စွမ်း ကောင်းမွန်ရမည်။
လက်တွေ့ကျသော ပြဿနာဖြေရှင်းနိုင်စွမ်းနှင့် အခြေခံအသိအမြင်ကောင်းမွန်ရမည်။
ဖော်ရွေသူ၊ စိတ်ရှည်သူ၊ ပရော်ဖက်ရှင်နယ်ဆန်သူနှင့်ဝန်ဆောင်မှုပေးလိုစိတ်ရှိသူ ဖြစ်ရမည်။
တာဝန်ယူမှုရှိသူနှင့် မိမိတာဝန်ကို အပြည့်အဝ တာဝန်ခံနိုင်သူ ဖြစ်ရမည်။
Microsoft Office သို့မဟုတ် GoogleWorkspace ကို အခြေခံအသုံးပြုနိုင်ရမည်။
တစ်ဦးတည်း လွတ်လပ်စွာလုပ်ကိုင်နိုင်သလိုအဖွဲ့နှင့်လည်းပူးပေါင်းလုပ်ကိုင်နိုင်ရမည်။
ပြပွဲကျင်းပသည့်နေရာတွင် လိုအပ်သလို လုပ်ငန်းတာဝန်များကို ကူညီဆောင်ရွက်ပေးနိုင်ရမည်။
လုပ်ငန်းအတွေ့အကြုံရှိရန် မလိုအပ်ပါ။ စာရိတ္တကောင်း၍သင်ယူလိုစိတ်ရှိရမည်။
Benefits
ဖောက်သည်ဆက်ဆံရေး စီမံခန့်ခွဲမှုနှင့် ပွဲအခမ်းအနားလုပ်ငန်းလည်ပတ်မှုဆိုင်ရာလက်တွေ့အတွေ့အကြုံများ ရရှိမည်။
နာမည်ရ ရတနာလုပ်ငန်းနယ်ပယ်မှ ကျွမ်းကျင်ပညာရှင်များနှင့်အတူ လုပ်ကိုင်ခွင့်ရရှိမည်။
ပြပွဲအစီအစဉ်ရေးဆွဲခြင်း၊ ညှိနှိုင်းဆောင်ရွက်ခြင်းလေ့လာခွင့်ရရှိမည်။
What We Can Offer
အကျိုးအမြတ်
ထူးခြားချက်များ
အခွင့်အလမ်းများ
နောက်ထပ်အလားတူအလုပ်များ
Junior Sales & Customer Service Assistant
Customer Service Assistant ( AIR & SEA FREIGHT )
Online Customer Service Assistant
Page Admin & Customer Service Assistant (Female)
Next Gen Talents Program 2027
Waiter / Waitress
Sales / Senior Sales
Car Parking Assistant
အရောင်းဝန်ထမ်း
Cashier
Customer Service Executive
သူငယ်ချင်းနဲ့မျှဝေလိုက်ပါ