ဝမ်းနည်းပါတယ်၊ သင်၏ပရိုဖိုင်သည် 60% နှင့်အထက် ရှိရမည်ဖြစ်ပြီး (1) အလုပ်အတွေ့အကြုံ (2) သင်လုပ်ကိုင်နိုင်သည့် အလုပ်ရာထူးများ (3) သင့်ပညာရေး အသေးစိတ်တို့ ပါဝင်ရမည်။

Merchandiser

ရောင်းဝယ်ရေး | Merchandiser
AVA Pacific Co.,Ltd

Merchandiser

ရောင်းဝယ်ရေး | Merchandiser
1 ဦး
AVA Pacific Co.,Ltd
1 ဦး
အတည်ပြုပြီး
တောင်ဥက္ကလာ | ရန်ကုန်တိုင်း
အချိန်ပြည့်
လွန်ခဲ့သော 18 နာရီက အလုပ်ခန့်အပ်သူ active ဖြစ်နေခဲ့သည် ဤကုမ္ပဏီမှ အလုပ်ခန့်အပ်သူ လျှောက်လွှာများကို နောက်ဆုံးကြည့်ရှုခဲ့သည့် အချိန်။

လုပ်သက်အဆင့်

အတွေ့အကြုံမရှိ

အလုပ်အမျိုးအစား

အရောင်းပိုင်းဆိုင်ရာအလုပ်အကိုင်
လုပ်ဆောင်ရမည့်တာဝန်များတင်သောနေ့: လွန်ခဲ့သော ၁ရက်

၁။ ကုန်ပစ္စည်းမိတ်ဆက်ခြင်းနှင့် အရောင်းပံ့ပိုးမှု (Product Introduction & Sales Support)

  • သတ်မှတ်ထားသော နေ့စဉ်ခရီးစဉ် (Route Plan) အတိုင်း ဆိုင်များသို့ သွားရောက်လည်ပတ်ရမည်။
  • ဆိုင်ရှင်များနှင့် ဆိုင်ဝန်ထမ်းများအား ကုမ္ပဏီ၏ ကုန်ပစ္စည်းများ၊ ထူးခြားချက်များ၊ အကျိုးကျေးဇူးများနှင့် အရောင်းမြှင့်တင်ရေးအစီအစဉ်များကို မိတ်ဆက်ရှင်းလင်းရမည်။
  • ကုန်ပစ္စည်းများကို ဆိုင်တွင်တင်ရောင်းနိုင်ရန် (Product Listing) နှင့် ထပ်မံမှာယူရောင်းချမှုများ တိုးတက်စေရန် ဆိုင်ရှင်များနှင့် ကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်ထားရမည်။

၂။ အော်ဒါရယူခြင်းနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း (Order Generation & Coordination)

  • Outlet တစ်ခုချင်းစီတွင် အရောင်းအခွင့်အလမ်းများကို ရှာဖွေဖော်ထုတ်ရမည်။
  • ဆိုင်ရှင်မှ ကုန်ပစ္စည်းဝယ်ယူရန် သဘောတူပါက သက်ဆိုင်ရာ Distributor ၏ Sales Person ထံသို့ ချက်ချင်းအကြောင်းကြားပြီး အော်ဒါဆောင်ရွက်ခြင်းနှင့် ပစ္စည်းပို့ဆောင်ခြင်းကို ညှိနှိုင်းဆောင်ရွက်ရမည်။
  • Distributor Sales Person နှင့် ဆက်လက်လိုက်လံညှိနှိုင်း၍ အော်ဒါများကို အချိန်မီနှင့် မှန်ကန်စွာ ပို့ဆောင်နိုင်ကြောင်း သေချာစေရမည်။
  • ရရှိသော အော်ဒါများကို မှတ်တမ်းတင်ထားပြီး အော်ဒါပြီးစီးမှုအခြေအနေကို ဆက်လက်စောင့်ကြည့်ရမည်။

၃။ လက်ကျန်ကုန်ပစ္စည်း စစ်ဆေးခြင်းနှင့် ပြန်လည်ဖြည့်တင်းခြင်း (Stock Monitoring & Replenishment)

  • Outlet များတွင် ကုန်ပစ္စည်းလက်ကျန်အခြေအနေကို ပုံမှန်စစ်ဆေးရမည်။
  • ဆိုင်တွင် ကုန်ပစ္စည်းလက်ကျန်လုံလောက်မှုရှိ/မရှိနှင့် ထပ်မံမှာယူရန် လိုအပ်မှုရှိ/မရှိကို မေးမြန်းစစ်ဆေးရမည်။
  • လက်ကျန်အခြေအနေနှင့် အရောင်းလှုပ်ရှားမှုအပေါ် မူတည်၍ သင့်လျော်သော မှာယူပမာဏကို အကြံပြုရမည်။
  • Distributor နှင့် ညှိနှိုင်း၍ ကုန်ပစ္စည်းများကို အချိန်မီ ပြန်လည်ဖြည့်တင်းပေးနိုင်ရန် ဆောင်ရွက်ပြီး Out of Stock (ပစ္စည်းပြတ်လပ်မှု) မဖြစ်စေရန် ကူညီဆောင်ရွက်ရမည်။

၄။ Merchandising ဆောင်ရွက်ခြင်း

  • ကုမ္ပဏီ၏ Merchandising Standard များနှင့်အညီ ကုန်ပစ္စည်းများကို သပ်ရပ်စွာနှင့် မြင်သာထင်ရှားစွာ ခင်းကျင်းပြသရမည်။
  • FIFO (First In, First Out) စနစ်အတိုင်း ကုန်ပစ္စည်းများကို စနစ်တကျ စီစဉ်ထားရမည်။
  • ဈေးနှုန်းတံဆိပ်များ၊ POS Materials များနှင့် Promotion Display များကို မှန်ကန်စွာ ပြသထားရမည်။
  • ထပ်ဆောင်း Shelf Space များနှင့် Secondary Display များ ရရှိနိုင်ရန် ကြိုးပမ်း၍ ကုန်ပစ္စည်းမြင်သာမှု (Product Visibility) ကို မြှင့်တင်ရမည်။

၅။ Promotion အစီအစဉ်များ အကောင်အထည်ဖော်ခြင်း (Promotion Execution)

  • သတ်မှတ်ထားသော Outlet များတွင် ကုမ္ပဏီ၏ Promotion အစီအစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ထားမှုရှိမရှိကိုစစ်ဆေးပေးရမည်။
  • Promotion ကာလတစ်လျှောက် POS Materials နှင့် Promotion Display များကို မှန်ကန်စွာ တပ်ဆင်ပြသထားခြင်းရှိမရှိစစ်ဆေးပေးရမည်။
  • Promotion အစီအစဉ်၏ လုပ်ဆောင်ပုံနှင့် အကျိုးခံစားခွင့်များကို ဆိုင်ရှင်များနှင့် ဝန်ထမ်းများအား ရှင်းလင်းစွာ ရှင်းပြရမည်။

၆။ ဈေးကွက်အချက်အလက် စုဆောင်းခြင်း (Market Intelligence)

  • ပြိုင်ဘက်ကုမ္ပဏီများ၏ ကုန်ပစ္စည်းများ၊ ဈေးနှုန်းများ၊ Promotion အစီအစဉ်များနှင့် ထုတ်ကုန်အသစ်များအကြောင်း အချက်အလက်များကို စုဆောင်းရမည်။
  • စားသုံးသူများနှင့် ဆိုင်ရှင်များ၏ အကြံပြုချက်များ၊ တုံ့ပြန်ချက်များကို စုဆောင်း၍ သက်ဆိုင်ရာ Supervisor ထံသို့ ဈေးကွက်အခွင့်အလမ်းများနှင့်အတူ အစီရင်ခံတင်ပြရမည်။

၇။ အစီရင်ခံတင်ပြခြင်း (Reporting)

  • Outlet သို့ သွားရောက်ခဲ့မှု၊ Product Listing၊ ရရှိသောအော်ဒါများ၊ Stock အခြေအနေနှင့် Merchandising လုပ်ငန်းဆောင်ရွက်မှုများကို နေ့စဉ်အစီရင်ခံစာဖြင့် တင်ပြရမည်။
  • Out of Stock ဖြစ်နေသော ကုန်ပစ္စည်းများ၊ ပျက်စီးနေသောပစ္စည်းများနှင့် ပြိုင်ဘက်ကုမ္ပဏီများ၏ လှုပ်ရှားမှုများကို အချိန်မီ အစီရင်ခံရမည်။
  • Outlet သို့ သွားရောက်ခဲ့သည့် မှတ်တမ်းများနှင့် Follow-up ဆောင်ရွက်မှုများကို မှန်ကန်တိကျစွာ မှတ်တမ်းတင်ထားရမည်။

၈။ ဆက်ဆံရေးတည်ဆောက်ခြင်း (Relationship Management)

  • ဆိုင်ရှင်များ၊ Store Manager များနှင့် Distributor ၏ Sales Team များနှင့် ကောင်းမွန်သော လုပ်ငန်းဆိုင်ရာ ဆက်ဆံရေးကို တည်ဆောက်ထိန်းသိမ်းရမည်။
  • Retail Outlet များ၊ Distributor များနှင့် ကုမ္ပဏီအကြား ဆက်သွယ်ညှိနှိုင်းပေးသည့် ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ရမည်။
  • ကုမ္ပဏီ၏ ပုံရိပ်ကောင်းကို ကိုယ်စားပြုနိုင်ရန် အမြဲတမ်း ပရော်ဖက်ရှင်နယ်ကျသော အပြုအမူနှင့် ဝတ်စားဆင်ယင်မှုဖြင့် တာဝန်ထမ်းဆောင်ရမည်။

အခွင့်အရေးရှိသူ :

လိုအပ်သောအရည်အချင်း

ပညာအရည်အချင်း အထက်တန်းအောင်ရမယ်

အသက် ၂၅ အထက် ဖြစ်ရပါမယ်

 အလုပ်အတွေ့ အကြုံ (၂)နှစ် sales, BA, Merchandiser အဖြစ်လုပ်ဖူးသူဖြစ်ရပါမယ်

What We Can Offer

အကျိုးအမြတ်

ဖုန်းဘေလ် , ရက်မှန်ကြေး , Commission , လမ်းစရိတ်

ထူးခြားချက်များ

- An awesome company
- Join a winning team
- You can make a difference

အခွင့်အလမ်းများ

- Opportunities for promotion
- Possibility for job training
- Learn new skills and techniques
အကောင့်မရှိသေးဘူးလား?
မှတ်ပုံတင်မယ်

လုပ်သက်အဆင့်

အတွေ့အကြုံမရှိ

အလုပ်အမျိုးအစား

အရောင်းပိုင်းဆိုင်ရာအလုပ်အကိုင်

နောက်ထပ်အလားတူအလုပ်များ

အရောင်း၀န်ထမ်း

Ethan Baby Wears & Accessories တောင်ဥက္ကလာ | ရန်ကုန်တိုင်း

Junior Sales Representatives

Kyaw Gems & Jewelry တောင်ဥက္ကလာ | ရန်ကုန်တိုင်း

Sales Executive

Global L S Myanmar (Exide Battery) တောင်ဥက္ကလာ | ရန်ကုန်တိုင်း

Sales Representatives (Female)

PUTU Skincare & Cosmetics တောင်ဥက္ကလာ | ရန်ကုန်တိုင်း

Sales Executive (Female)

Khay May တောင်ဥက္ကလာ | ရန်ကုန်တိုင်း

Real Estate Specialist

Aung Myay Saytanar Realestate Co.,Ltd တောင်ဥက္ကလာ | ရန်ကုန်တိုင်း

အရောင်းဝန်ထမ်း (Female)

Marvis Watch Collections တောင်ဥက္ကလာ | ရန်ကုန်တိုင်း

Management Trainee

Creation Myanmar တောင်ဥက္ကလာ | ရန်ကုန်တိုင်း

Sales Representative

Top Great Star Co., Ltd တောင်ဥက္ကလာ | ရန်ကုန်တိုင်း

အရောင်းဝန်ထမ်း

313C Bakery တောင်ဥက္ကလာ | ရန်ကုန်တိုင်း

Sale & Marketing Staff

Star Dynasty Group တောင်ဥက္ကလာ | ရန်ကုန်တိုင်း

Sales Staff (Female)

Jio Jio Shoe တောင်ဥက္ကလာ | ရန်ကုန်တိုင်း

သူငယ်ချင်းနဲ့မျှဝေလိုက်ပါ

Verify your Mobile number
to get More Job Offers
မြန်မာမိုဘိုင်းနံပါတ်ကမမှန်ကန်ပါ၊ ထပ်မံကြိုးစားပါ။
SMS Code ပို့ပါ
x
SMS Message Display
Alote MM
ဒီတောင်းဆိုချက်ကို သင်မလုပ်ခဲ့လျှင် Facebook မှတဆင့် ကျွန်ုပ်တို့ဆီ စာပို့ပေးပါ။
OK
x
စီစစ်ရန် ကုဒ်နံပါတ်ကို
ဤဖုန်းနံပါတ်သို့ SMS ပို့ထားပါသည်
SMS ကုဒ် မှားနေပါတယ်
အတည်ပြုမည်
x
ကျေးဇူးတင်ပါတယ်
သင့်ဖုန်းမှန်ကန်ကြောင်း အောင်မြင်စွာ အတည်ပြုပြီးပါပြီ
OK
X
သင့်လျှို့ဝှက်နံပါတ် အရိပ်အမြွက်:
OK
X
x