ကျွန်ုပ်တို့ကုမ္ပဏီအကြောင်း
UNIVERSE Digital Marketing Agency သည် မြန်မာနိုင်ငံ၏ ဦးဆောင် digital marketing အေဂျင်စီတစ်ခု ဖြစ်ပါသည်။ အောင်မြင်သော Brand တစ်ခုအဖြစ် ခိုင်မာစွာ ရပ်တည်နိုင်ဖို့အတွက် ကျွန်ုပ်တို့၏ UNIVERSE – Your Digital Partner ၌ ပူးပေါင်းလိုက်ပါ။
Our Vision
ကျွန်ုပ်တို့၏ ရည်မှန်းချက်မှာ သုံးစွဲသူ မိတ်ဆွေများ၏ Brand သိရှိနားလည်မှုကို မြှင့်တင်ပေးရန်၊ ရောင်းအားတိုးတက်စေရန်နှင့် စီးပွားရေး ပိုမိုကြီးထွားလာစေရန်အတွက် ရလဒ်ကောင်းများ တကယ်ထွက်ပေါ်စေမည့် Brand Marketing Campaign များကို ဖန်တီးပေးရန် ဖြစ်ပါသည်။ Creative ရှိခြင်းသည် ကောင်းမွန်သော်လည်း လက်တွေ့ကျသော ရလဒ်များရရှိခြင်းက ပို၍ ကောင်းမွန်ပါသည်။ ကျွန်ုပ်တို့သည် ယင်းနှစ်ခုစလုံး ပြည့်စုံစေရန် ကြိုးပမ်းဆောင်ရွက်ပါသည်။
Our Mission
ကျွန်ုပ်တို့သည် ဆန်းသစ်သော စိတ်ကူးစိတ်သန်းများကို ပုံဖော်ဖန်တီးပြီး သုံးစွဲသူ မိတ်ဆွေများ၏ အကောင်းဆုံး အကျိုးစီးပွားကို ရှေးရှုသည့် ဝန်ဆောင်မှုများကို စိတ်ကြိုက်ဖန်တီးပေးပါသည်။
Your Philosophy Our Approach
Brand တစ်ခု၏ စိတ်ကူးနှင့် အနှစ်သာရကို ရိုးရှင်းပြီး ထိရောက်ဆွဲဆောင်မှုရှိသော နည်းလမ်းဖြင့် ပုံဖော်ဆက်သွယ်နိုင်ရန် ဖန်တီးမှုစွမ်းအား၊ စိတ်ကူးစိတ်သန်းနှင့် စနစ်ကျသော မဟာဗျူဟာများ ပေါင်းစပ်ပေါင်းစည်းထားသည့် စွမ်းအားကို ကျွန်ုပ်တို့ ယုံကြည်ပါသည်။ ကျွန်ုပ်တို့၏ ရည်ရွယ်ချက်မှာ သင့်ကို ပြိုင်ဘက်များကြားမှ ထင်းထွက်ခြားနားစေပြီး သင့် Brand ၏ သီးသန့်တန်ဖိုးနှင့် အားသာချက်များကို ပေါ်လွင်အောင် ပို့ဆောင်ပေးရန် ဖြစ်ပါသည်။