ဝမ်းနည်းပါတယ်၊ သင်၏ပရိုဖိုင်သည် 60% နှင့်အထက် ရှိရမည်ဖြစ်ပြီး (1) အလုပ်အတွေ့အကြုံ (2) သင်လုပ်ကိုင်နိုင်သည့် အလုပ်ရာထူးများ (3) သင့်ပညာရေး အသေးစိတ်တို့ ပါဝင်ရမည်။

Administration Officer

စီမံရေးရာ၊ အလုပ်သမား နှင့် စာရင်းအင်း ၀န်ထမ်း | Admin, HR, Finance Staff
1 Stop Printing Service

Administration Officer

စီမံရေးရာ၊ အလုပ်သမား နှင့် စာရင်းအင်း ၀န်ထမ်း | Admin, HR, Finance Staff
3 ဦး
1 Stop Printing Service
3 ဦး
အတည်ပြုပြီး
သာကေတ | ရန်ကုန်တိုင်း
အချိန်ပြည့်
လွန်ခဲ့သော 10 နာရီက အလုပ်ခန့်အပ်သူ active ဖြစ်နေခဲ့သည် ဤကုမ္ပဏီမှ အလုပ်ခန့်အပ်သူ လျှောက်လွှာများကို နောက်ဆုံးကြည့်ရှုခဲ့သည့် အချိန်။

လုပ်သက်အဆင့်

အတွေ့အကြုံရှိ

အလုပ်အမျိုးအစား

ရုံးလုပ်ငန်း စီမံခန့်ခွဲရေး
လုပ်ဆောင်ရမည့်တာဝန်များတင်သောနေ့: လွန်ခဲ့သော ၁ရက်
  • ကုမ္ပဏီ၏ နေ့စဉ်ရုံးလုပ်ငန်းဆောင်တာများကို စီမံခန့်ခွဲခြင်းနှင့် ကြီးကြပ်ဆောင်ရွက်ခြင်း။
  • ရုံးသုံးပစ္စည်းများ ဝယ်ယူခြင်း၊ လက်ကျန်ပစ္စည်းစာရင်းများ ထိန်းသိမ်းခြင်းနှင့် လစဉ်ပစ္စည်းလက်ကျန်အစီရင်ခံစာများ ပြုစုတင်ပြခြင်း။

  • ရုံးသုံးစက်ပစ္စည်းများနှင့် ရုံးအဆောက်အအုံဆိုင်ရာ အထောက်အကူပြုပစ္စည်းများ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို စီစဉ်ညှိနှိုင်းဆောင်ရွက်ခြင်း။

  • ကုမ္ပဏီ၏ စာရွက်စာတမ်းများနှင့် စာချုပ်စာတမ်းများကို စနစ်တကျ စုစည်းသိမ်းဆည်းထိန်းသိမ်းခြင်း။

  • အစည်းအဝေးများ ကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်ခြင်းနှင့် လိုအပ်သည့်ကိစ္စရပ်များကို ညှိနှိုင်းပေးခြင်း။

  • ကုမ္ပဏီ၏ မူဝါဒများ အကောင်အထည်ဖော်ရာတွင် ပံ့ပိုးကူညီခြင်းနှင့် သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်မှုရှိစေရန် ကြီးကြပ်ခြင်း။

  • စီမံခန့်ခွဲမှုအဖွဲ့မှ တာဝန်ပေးအပ်လာသည့် အခြားသော စီမံရေးရာလုပ်ငန်းတာဝန်များကို ဆောင်ရွက်ခြင်း။

အခွင့်အရေးရှိသူ :

ကျား/မ

လိုအပ်သောအရည်အချင်း

  • အသက် ၂၀ နှစ်မှ ၃၅ နှစ်အတွင်း ဖြစ်ရမည်။
  • မည်သည့်ဘာသာရပ်ဖြင့်မဆို ဘွဲ့တစ်ခုခု ရရှိပြီးသူ (သို့) အထက်တန်းအောင်မြင်ပြီးသူ  ဖြစ်ရမည်။

  • စီမံရေးရာလုပ်ငန်း (Administrative Role) တွင် အနည်းဆုံး လုပ်သက် ၁ နှစ်ရှိရမည်။

  • Microsoft Excel နှင့် Microsoft Word တို့ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ရမည်။

  • ဆက်ဆံရေးကောင်းမွန်ခြင်း၊ လုပ်ငန်းများကို ညှိနှိုင်းဆောင်ရွက်နိုင်ခြင်းနှင့် ပြဿနာများကို ဖြေရှင်းနိုင်သည့် အရည်အချင်းရှိရမည်။

  • လုပ်ငန်းများကို စနစ်တကျ စီစဉ်ဆောင်ရွက်နိုင်ပြီး အသေးစိတ်အချက်အလက်များကို ဂရုတစိုက် လုပ်ဆောင်နိုင်ရမည်။

  • ရိုးသားမှုရှိခြင်း၊ တာဝန်ယူမှုရှိခြင်းနှင့် မိမိတာဝန်များအပေါ် အပြည့်အဝ တာဝန်ခံနိုင်သူ ဖြစ်ရမည်။

  • ပုံနှိပ်လုပ်ငန်း (Printing Industry) နှင့် သက်ဆိုင်သော လုပ်ငန်းအတွေ့အကြုံရှိသူများကို ဦးစားပေးမည်။

What We Can Offer

အကျိုးအမြတ်

●Attendance Bonus/Overtime Fee/ Performance Bonus/ Service Year Bonus
●တနင်္ဂနွေနေ့တိုင်း ပိတ်သည်။

ထူးခြားချက်များ

● Good Computer
● Good Communication Skill
● Must be honest

အခွင့်အလမ်းများ

●နယ် နှင့် နေရာဝေးသော ဝန်ထမ်းများအတွက် နေစရာစီစဉ်ပေးခြင်း
●ရိုးသားကြိုးစားသောဝန်ထမ်းများအားအလုပ်နှင့် သက်ဆိုင်သောသင်တန်းများထားပေးသည်။

ကျွန်ုပ်တို့ကုမ္ပဏီအကြောင်း

1 Stop Printing Service သည် International School Textbooks Printing, Digital Printing, Binding နှင့် Design Service များကို အဓိကလုပ်ကိုင်နေသော တိုးတက်မှုမြန်ဆန်သည့် Printing & Production Service လုပ်ငန်းတစ်ခု ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် International Schools, သံရုံးများ, Private Schools, Education Centers, Businesses နှင့် Printing Service လိုအပ်သော Customer များအား ယုံကြည်စိတ်ချရသော ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိပါသည်။

ကျွန်ုပ်တို့၏ အဓိကရည်ရွယ်ချက်မှာ Customer များ စိတ်ကျေနပ်မှုအပြည့်အဝ ရရှိစေရန် Quality ကောင်းမွန်ခြင်း၊ အချိန်မီပြီးစီးခြင်း၊ ဈေးနှုန်းသင့်တင့်ခြင်းနှင့် ဝန်ဆောင်မှုကောင်းမွန်ခြင်းတို့ကို အလေးထားဆောင်ရွက်ပေးခြင်း ဖြစ်ပါသည်။ အထူးသဖြင့် School Textbooks နှင့် Education Materials များသည် Quality, Deadline နှင့် Accuracy အရေးကြီးသောကြောင့် ကျွန်ုပ်တို့သည် လုပ်ငန်းစဉ်များ၊ Production Workflow နှင့် Teamwork များကို ဆက်လက်တိုးတက်အောင် ဆောင်ရွက်လျက်ရှိပါသည်။

1 Stop Printing Service သည် Market အတွင်း ဈေးနှုန်းအလွန်သင့်တင့်ပြီး Customer များအတွက် တန်ဖိုးရှိသော Printing Solution များ ပေးနိုင်သည့်လုပ်ငန်းတစ်ခုဖြစ်သောကြောင့် Growth Rate မြန်ဆန်လာပြီး ဝန်ထမ်းများအတွက်လည်း တိုးတက်ရန်၊ လေ့လာရန်၊ တာဝန်ယူဆောင်ရွက်ရန်နှင့် အခွင့်အလမ်းများ ပိုမိုရရှိစေရန် အခြေအနေကောင်းများ ဖန်တီးပေးလျက်ရှိပါသည်။

လက်ရှိတွင် ဝန်ထမ်းအင်အား 40–60 ခန့်ဖြင့် Sales, Design, Printing, Binding, Production, Packing, Delivery နှင့် Management အပိုင်းများတွင် Teamwork ဖြင့် လုပ်ဆောင်နေပါသည်။ မိမိကိုယ်တိုင် တိုးတက်ချင်သူများ၊ တာဝန်ယူနိုင်သူများ၊ အသစ်များကို လေ့လာလိုသူများနှင့် Company နှင့်အတူ တိုးတက်ချင်သူများကို 1 Stop Printing Service မှ နွေးထွေးစွာ ကြိုဆိုပါသည်။
အကောင့်မရှိသေးဘူးလား?
မှတ်ပုံတင်မယ်

လုပ်သက်အဆင့်

အတွေ့အကြုံရှိ

အလုပ်အမျိုးအစား

ရုံးလုပ်ငန်း စီမံခန့်ခွဲရေး

သူငယ်ချင်းနဲ့မျှဝေလိုက်ပါ

Verify your Mobile number
to get More Job Offers
မြန်မာမိုဘိုင်းနံပါတ်ကမမှန်ကန်ပါ၊ ထပ်မံကြိုးစားပါ။
SMS Code ပို့ပါ
x
SMS Message Display
Alote MM
ဒီတောင်းဆိုချက်ကို သင်မလုပ်ခဲ့လျှင် Facebook မှတဆင့် ကျွန်ုပ်တို့ဆီ စာပို့ပေးပါ။
OK
x
စီစစ်ရန် ကုဒ်နံပါတ်ကို
ဤဖုန်းနံပါတ်သို့ SMS ပို့ထားပါသည်
SMS ကုဒ် မှားနေပါတယ်
အတည်ပြုမည်
x
ကျေးဇူးတင်ပါတယ်
သင့်ဖုန်းမှန်ကန်ကြောင်း အောင်မြင်စွာ အတည်ပြုပြီးပါပြီ
OK
X
သင့်လျှို့ဝှက်နံပါတ် အရိပ်အမြွက်:
OK
X
x