ဝမ်းနည်းပါတယ်၊ သင်၏ပရိုဖိုင်သည် 60% နှင့်အထက် ရှိရမည်ဖြစ်ပြီး (1) အလုပ်အတွေ့အကြုံ (2) သင်လုပ်ကိုင်နိုင်သည့် အလုပ်ရာထူးများ (3) သင့်ပညာရေး အသေးစိတ်တို့ ပါဝင်ရမည်။

Customer Service Representative

ဝယ်ယူသူဝန်ဆောင်မှုအကူ | Junior Customer Service, Reception
Zaw Zaw Mobile

Customer Service Representative

ဝယ်ယူသူဝန်ဆောင်မှုအကူ | Junior Customer Service, Reception
2 ဦး
Zaw Zaw Mobile
2 ဦး
အတည်ပြုပြီး
မင်္ဂလာတောင်ညွှန့် | ရန်ကုန်တိုင်း
အချိန်ပြည့်
လွန်ခဲ့သော 1 ပတ်က အလုပ်ခန့်အပ်သူ active ဖြစ်နေခဲ့သည် ဤကုမ္ပဏီမှ အလုပ်ခန့်အပ်သူ လျှောက်လွှာများကို နောက်ဆုံးကြည့်ရှုခဲ့သည့် အချိန်။

လုပ်သက်အဆင့်

အတွေ့အကြုံရှိ

အလုပ်အမျိုးအစား

စားသုံးသူဝန်ဆောင်မှုပိုင်းဆိုင်ရာအလုပ်အကိုင်
လုပ်ဆောင်ရမည့်တာဝန်များတင်သောနေ့: 17 Oct 2023
  • လုပ်ငန်းမှ ဝယ်ယူနေကျ Customer များထံဆက်သွယ်၍ ၎င်းတို၏ အတွေ့အကြုံနှင့် စိတ်ကျေနပ်မှုများကို မေးမြန်း မှတ်တမ်းတင်ပေးရမည်။
  • မှတ်တမ်းများကို အချိန်မှီ Report တင်ပေးရမည်။
  • ၎င်းတို၏ အဆင်မပြေမှုများကို ဖြေရှင်းပေးရမည်။
  • မိမိမတက်နိုင်သည့် အခြေအနေဖြစ်ပါက သက်ဆိုင်သူထံလွဲပြောင်းပေးရမည်။
  • Branch ( 1 ) အတွက်တစ်ဦး၊ Branch ( 2 ) အတွက်တစ်ဦး နှစ်ဆိုင်လုံးအတွက် ခေါ်ခြင်းဖြစ်သည်။

    𝐁𝐫𝐚𝐧𝐜𝐡 (1) 
    အမှတ် (၄၃၈)၊ သိမ်ဖြူလမ်းမကြီး၊ မင်္ဂလာတောင်ညွန့်မြိုနယ်၊ ရန်ကုန်။ သိမ်ဖြူဈေးကားမှတ်တိုင်အနီး။

    Ferry >>

    သာကေတ၊ တာမွေ၊ ပုဇွန်တောင်၊ ဗိုလ်တစ်ထောင်၊ ကျောက်တံတားမြိုနယ်များသို Ferry အကြို/အပိုရှိပါမည်။

    ×××××××

    𝐁𝐫𝐚𝐧𝐜𝐡 (2)
    အမှတ်(၃)၊ လေးထောင့်ကန်လမ်းမကြီး၊ သင်္ဃန်းကျွန်းမြိုနယ်၊ ရန်ကုန်။ စံပြဈေးကားမှတ်တိုင်အနီး။

    Ferry >>

    တောင်ဒဂုံ၊ တောင်ဥက္ကလာ၊ သင်္ဃန်ကျွန်း၊ သာကေတ၊ တာမွေမြိုနယ်များသို Ferry အကြို/အပိုရှိပါမည်။

အခွင့်အရေးရှိသူ :

ကျား/မ

လိုအပ်သောအရည်အချင်း

 • ၁၀တန်အောင်မြင်ပြီးသူ (သို) ဘွဲရပြီးသူဖြစ်ရမည်။

 • Customer Services လုပ်ငန်းဖြစ်သည့်အတွက် အထူးစိတ်ရှည်၍ ဝယ်ယူသူဖက်မှတွေးပြီး ၎င်း၏ စိတ်ကျေနပ်မှုကို ဦးစားပေးနိုင်မည့်သူဖြစ်ရမည်။

 • မြန်မာစကားကို ချိုသာ၊ ပီသစွာပြောဆိုနိုင်သောသူဖြစ်ရမည်။

 • Telesale / Telemarketing / After Sale Service နှင့်ပက်သတ်သည့် အတွေ့အကြုံ အနည်းဆုံး (၁)နှစ်အထက်ရှိသူဖြစ်ရမည်။

 • လူမှုဆက်ဆံရေးကို ပညာရပ်တစ်ခုဟု သဘောထားနိုင်သူဖြစ်ရမည်။

 • ကျောင်း/သင်တန်းကိစ္စ ကင်းရှင်းသူဖြစ်ရမည်။ 

 • အလုပ်လျှောက်ရာတွင် ခန့်မှန်းလစာ၊ လုပ်ငန်းအတွေ့အကြုံအသေးစိတ်နှင့် ဓါတ်ပုံတို့ပါဝင်ရမည်။ 
 

 

What We Can Offer

အကျိုးအမြတ်

• တစ်လနားရက် (၄)ရက်ရရှိမည်။
 • အလုပ်ချိန် 9:00am to 5:30pmဆင်းရမည်။
 • လုပ်သက် ၂လပြည့်လျှင် အခြားခံစားခွင့်များ ရရှိမည်။
• Ferry အကြို/အပို့ရှိမည

ထူးခြားချက်များ

၁၀တန်အောင်မြင်ပြီးသူ (သို) ဘွဲရပြီးသူဖြစ်ရမည်။
မြန်မာစကားကို ချိုသာ၊ ပီသစွာပြောဆိုနိုင်သောသူဖြစ်ရမည်။

အခွင့်အလမ်းများ

အရည်အချင်း အတွေ့အကြုံပေါ်မှုတည်၍ ထိုက်တန်စွာလစာပေးမည်။
ကြိုးစားသလောက်တိုးတက်မည့် အခွင့်အရေးရှိသည်။

ကျွန်ုပ်တို့ကုမ္ပဏီအကြောင်း

လုပ်ငန်း သမိုင်းကြောင်း။

ကျွန်တော်တို Zaw Zaw Mobile လုပ်ငန်းစုကို 2015 ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး လုပ်ငန်းသက်တမ်း (၈)နှစ်ကျော်ကာလအတွင်း အစဉ်မပျက်တိုးတက်ချဲ့ထွင်လျက်ရှိပါသည်။ လက်ရှိတွင် ဝန်ထမ်း အင်အား ၁၀၀ ဝန်းကျင်ဖြင့် လုပ်ငန်း လည်ပတ်လျှက်ရှိပါသည်။

ကျွန်တော်တို  Zaw Zaw Mobile Customer များ၏ အကြံပြုချက်နှင့် တိုင်ကြားချက်များ၊ လုပ်ငန်းခွင့်အတွင်းရှိ နေရာအစုံမှ ဝန်ထမ်းများ၏ အကြံပြုချက် အသံများကို စဉ်ဆက်မပျက်နားထောင်လျက် Customer များအတွက် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများ၊ ပိုမိုစုံလင်သော ကုန်ပစ္စည်းများ၊ ပိုမိုစိတ်ချရသော အာမခံတိုဖြင့် Customer များ စိတ်‌ကျေနပ်မှုရရှိအောင် အစွမ်းကုန် ကြိုးစားပေးလျှက်ရှိပါသည်။

ဝန်ထမ်းများအတွက်လဲ လုပ်ငန်းခွင်အတွင်း အဆင်ပြေချောမွေ့စေရန် လုပ်ငန်းစု၏ အမြင့်ဆုံးရာထူးမှ လူများကိုယ်တိုင် အခါအားလျော်စွာ ဝန်ထမ်းများနှင့် သီးသန့်တွေ့ဆုံမေးမြန်ခြင်း၊ Report ရေးခိုင်းခြင်းတိုကို ပြုလုပ်၍ ပိုမိုကောင်းမွန်သော လုပ်ငန်းခွင့်ဖြစ်စေရန် အထူးဂရုစိုက်လုပ်ဆောင်လျှက်ရှိပါသည်။ 

အစ ပထမမှာ 124st လမ်းတွင် ဆိုင်ခန်းငယ်လေးအဖြစ်စတင်ခဲ့သော "Zaw Zaw Mobile" လုပ်ငန်းစုဟာ Brand New & Second Hand အစုံအလင်ရရှိနိုင်သည့် ပထမဆုံးဖုန်းဆိုင်ကြီးအဖြစ် 2017 ခုနှစ်တွင် မင်္ဂလာတောင်ညွန့် သိမ်ဖြူလမ်းမကြီးတွင် စတင်ပြောင်းလဲဖွင့်လှစ်ခဲ့ပြီး။ 

2023 Jun တွင် ထိုင်းနိုင်ငံ Bangkok ၏ အလယ်ဗဟိုချက်ဖြစ်သည့် MBK Shopping Center တွင် Zaw Zaw Mobile - Bangkok ကို အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ပြီး ထိုင်းရောက်မြန်မာများကို အကောင်းဆုံး ဝန်ဆောင်မှုပေးလျှက်ရှိပါသည်။ ထိုဆိုင်သည် ဘန်ကောက်တွင် မြန်မာနိုင်ငံမှ ဆိုင်ခွဲအနေဖြင့် ဖွင့်လှစ်သည့် မြန်မာနိုင်ငံ၏ ပထမဆုံးဖုန်းဆိုင်ဖြစ်ပါသည်။

2023 Sep တွင် Zaw Zaw Mobile ၏ Customer များ ပိုမိုအဆင်ပြေလွယ်ကူစွာ ဝယ်ယူနိုင်ရန် Zaw Zaw Mobile - San Pya Zay ဆိုင်ခွဲကို သင်္ဃန်းကျွန်မြိုနယ်တွင်စတင်ဖွင့်လှစ် ဝန်ဆောင်မှုပေးလျှက်ရှိပါသည်။

2023 Sep လကုန်ပိုင်းတွင် Computer Shop By Zaw Zaw Mobile အမည်ဖြင့် Computer Showroom တစ်ခုကို ဖွင့်လှစ်ရန်စစ်စဉ်လျှက်ရှိပြီး လက်ရှိတွင် 95% ပြီးစီးခဲ့၍ Customer များကို ကောင်းမွန်သော အတွေ့အကြုံအသစ်များပေးရန် အသင့်နီးပါ ဖြစ်နေခဲ့ပြီး ဖြစ်ပါသည်။

အခြား လုပ်ငန်းများအနေဖြင့် Zaw Zaw Mobile သည် Cover Shop By Zaw Zaw Mobile အမည်ဖြင့် Computer & Accessories အရောင်းဆိုင် ၂ခုကို မင်္ဂလာတောင်ညွန့်နှင့် သင်္ဃန်းကျွန်မြိုနယ်များတွင် ဖွင့်လှစ် ဝန်ဆောင်မှုပေးလျှက်ရှိပါသည်။


ကျွန်တော်တိုရဲ့ အဓိကရည်မှန်းချက်ဟာဆိုရင်ဖြင့် ကျွန်တော်တိုဆိုင်ရဲ့ဆောင်ပုဒ်ဖြစ်တဲ့ "ဝန်ဆောင်မှုကပထမ - ရောင်းရဖိုကဒုတိယ" ဆိုတဲ့အတိုင်း လူတိုင်းလူတိုင်း 
အရည်အ‌သွေး‌ကောင်းမွန်တဲ့ iT Devices များကို သင့်တင့်သောဈေး၊ ပြည့်ဝသော အာမခံချက်ဖြင့် ယုံကြည်စိတ်ချစွာ ဝယ်ယူပိုင်ဆိုင်နိုင် ဖိုပဲ ဖြစ်ပါတယ်။


Zaw Zaw Mobile ရဲ့ စံနှုန်းတွေကတော့

 • ဆိုင်ရှိဝန်ထမ်းတိုင်း၏ လူနေမှုဘဝအဆင်ပြေသာယာဝပြောမှုမှတစ်ဆင့် လူတန်းစေ့နေထိုင်နိုင်ရေး။

 • Customer တစ်ယောက်ဟာ အလိမ်ခံလိုက်ရတယ်ဆိုတဲ့ ခံစားချက်မဖြစ်စေခြင်း။

•  Customer ကို အချက်အလက် အမှန်ပြောဆိုရောင်းချပေးခြင်း။

• Customer များ၏ Privacy များကို အထူးဂရုပြု၍ ကာကွယ်ပေးခြင်း။

•  Customer တစ်ဦးနှင့် တစ်ဦးကြား တူညီသောဈေးနူန်းဖြင့်သာ ဝန်ဆောင်မှုပေးခြင်း။

•  Customer များ ပိုမိုလွယ်ကူ၊ မြန်ဆန်စွာဖြင့် ဝယ်ယူနိုင်ရေးနှင့် အခက်အခဲရှိပါက အမြန်ဆုံးဖြေရှင်းပေးနိုင်ရေးတိုဖြစ်ပါတယ်။

ဒါကတော့ Zaw Zaw Mobile လုပ်ငန်းစုပဲဖြစ်ပါတယ်။
အကောင့်မရှိသေးဘူးလား?
မှတ်ပုံတင်မယ်

လုပ်သက်အဆင့်

အတွေ့အကြုံရှိ

အလုပ်အမျိုးအစား

စားသုံးသူဝန်ဆောင်မှုပိုင်းဆိုင်ရာအလုပ်အကိုင်

နောက်ထပ်အလားတူအလုပ်များ

Survey မေးမြန်းသူ

Myanmar Survey Research မင်္ဂလာတောင်ညွှန့် | ရန်ကုန်တိုင်း

Sale Return Specialist

Sky Mobile မင်္ဂလာတောင်ညွှန့် | ရန်ကုန်တိုင်း

Sale Supervisor ( Retail )

AIMA Myanmar Co., Ltd. ဒဂုံမြို့သစ်မြောက်ပိုင်း | ရန်ကုန်တိုင်း

Call Center Agent (အမြန်အလိုရှိသည် x 30 posts)

Mascon international Business Services Co.,Ltd ဗဟန်း | ရန်ကုန်တိုင်း

Sales Associate - CTZPay (YGN)

Capital Diamond Star Group (CDSG) ကျောက်တံတား | ရန်ကုန်တိုင်း

Customer Care Assistant

Tint Sabei Trading Co.,Ltd(SUPER DRY DEHUMIDIFIER) ပုဇွန်တောင် | ရန်ကုန်တိုင်း

Office Staff

Scholars International School သာကေတ | ရန်ကုန်တိုင်း

Receptionist (Female)

Chiyoda and Public Works Co.,Ltd ဒဂုံ | ရန်ကုန်တိုင်း

Customer Service Assistant

Designer Won Yone သင်္ဃန်းကျွန်း | ရန်ကုန်တိုင်း

Customer Services Data Entry

MGL Express by Magnate Group Logistics မရမ်းကုန်း | ရန်ကုန်တိုင်း

Receptionist

Innwa Maha Business Group Co.,Ltd ဒဂုံ | ရန်ကုန်တိုင်း

Page Admin

Scrub House Co.,Ltd တောင်ဥက္ကလာ | ရန်ကုန်တိုင်း

သူငယ်ချင်းနဲ့မျှဝေလိုက်ပါ

Verify your Mobile number
to get More Job Offers
မြန်မာမိုဘိုင်းနံပါတ်ကမမှန်ကန်ပါ၊ ထပ်မံကြိုးစားပါ။
SMS Code ပို့ပါ
x
SMS Message Display
Alote MM
ဒီတောင်းဆိုချက်ကို သင်မလုပ်ခဲ့လျှင် Facebook မှတဆင့် ကျွန်ုပ်တို့ဆီ စာပို့ပေးပါ။
OK
x
စီစစ်ရန် ကုဒ်နံပါတ်ကို
ဤဖုန်းနံပါတ်သို့ SMS ပို့ထားပါသည်
SMS ကုဒ် မှားနေပါတယ်
အတည်ပြုမည်
x
ကျေးဇူးတင်ပါတယ်
သင့်ဖုန်းမှန်ကန်ကြောင်း အောင်မြင်စွာ အတည်ပြုပြီးပါပြီ
OK
X
သင့်လျှို့ဝှက်နံပါတ် အရိပ်အမြွက်:
OK
X
x