English
နောက်ထပ်အလုပ်ကမ်းလှမ်းချက်များရယူပါ
ယခု App ကိုဒေါင်းလုပ်ဆွဲပါ!
Café de Nice
Kitchen Commis - အငယ်တန်းစားဖိုမှူး
လုပ်သက်အဆင့်
အလုပ်အမျိုးအစား
Senior Chef များ၏ ညွှန်ကြားချက်အတိုင်း နေ့စဉ် အစားအစာပြင်ဆင်မှုများကို ကူညီဆောင်ရွက်ရန်။
ဟင်းသီးဟင်းရွက်၊ အသား၊ ငါးနှင့် အခြားကုန်ကြမ်းများကို သန့်စင်ခြင်း၊ လှီးဖြတ်ခြင်းနှင့် ပြင်ဆင်ခြင်းများ ဆောင်ရွက်ရန်။
အစားအစာချက်ပြုတ်ရာတွင် လိုအပ်သော အခြေခံလုပ်ငန်းများကို ဆောင်ရွက်ရန်။
အစားအစာများကို ပန်းကန်ပေါ်တွင် လှပသပ်ရပ်စွာ ပြင်ဆင်ခြင်း (Food Plating) နှင့် အလှဆင်ခြင်း (Garnishing) ပြုလုပ်ရန်။
အစားအစာ၏ အရည်အသွေး၊ အရသာနှင့် အချိုးအစားများကို သတ်မှတ်စံနှုန်းအတိုင်း ထိန်းသိမ်းရန်။
မီးဖိုချောင်၊ အလုပ်စားပွဲနှင့် အသုံးပြုသော ပစ္စည်းကိရိယာများကို သန့်ရှင်းသပ်ရပ်စွာ ထားရှိရန်။
Food Safety၊ Food Hygiene နှင့် HACCP စံနှုန်းများကို လိုက်နာရန်။
ကုန်ကြမ်းများကို သတ်မှတ်ထားသော နေရာနှင့် အပူချိန်အတိုင်း စနစ်တကျ သိမ်းဆည်းရန်။
ကုန်ကြမ်းများ၏ လက်ကျန်ပမာဏကို စစ်ဆေးပြီး လိုအပ်ပါက Senior Chef များထံ အသိပေးရန်။
မီးဖိုချောင်သုံး ပစ္စည်းကိရိယာများကို မှန်ကန်စွာ အသုံးပြုရန်နှင့် ထိန်းသိမ်းရန်။
Head Chef၊ Sous Chef နှင့် Chef de Partie တို့၏ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရန်။
လိုအပ်ပါက အခြား Kitchen Section များတွင် ကူညီဆောင်ရွက်ရန်။
အခွင့်အရေးရှိသူ :
လိုအပ်သောအရည်အချင်း
အခြေခံအစားအစာ ပြင်ဆင်ချက်ပြုတ်မှု နည်းလမ်းများကို သိရှိနားလည်သူ ဖြစ်ရမည်။
Hotel သို့မဟုတ် Restaurant Kitchen တွင် လုပ်ငန်းအတွေ့အကြုံရှိပါက ပိုမိုဦးစားပေးမည်။
Food Hygiene နှင့် Kitchen Safety ဆိုင်ရာ အခြေခံအသိပညာရှိရမည်။
Kitchen အတွင်း အလုပ်များသောအချိန်တွင်လည်း ထိရောက်စွာ လုပ်ကိုင်နိုင်ရမည်။
Teamwork နှင့် Communication Skills ကောင်းမွန်ရမည်။
Senior Chef များထံမှ သင်ယူလိုစိတ်ရှိရမည်။
Food Plating နှင့် Food Presentation အခြေခံများကို သိရှိပါက ပိုမိုဦးစားပေးမည်။
Culinary Training သို့မဟုတ် သက်ဆိုင်ရာ သင်တန်းတက်ရောက်ထားပါက အားသာချက်ဖြစ်သည်။
အလုပ်ကြိုးစားပြီး တာဝန်ယူမှုရှိသူ ဖြစ်ရမည်။
အချိန်တိကျပြီး စည်းကမ်းလိုက်နာသူ ဖြစ်ရမည်။
သန့်ရှင်းသပ်ရပ်မှုကို အလေးထားသူ ဖြစ်ရမည်။
အသင်းအဖွဲ့နှင့် ပူးပေါင်းလုပ်ဆောင်နိုင်သူ ဖြစ်ရမည်။
ဖိအားများသော အခြေအနေတွင်လည်း အလုပ်လုပ်နိုင်သူ ဖြစ်ရမည်။
အလုပ်သင်ယူလိုစိတ်နှင့် တိုးတက်လိုစိတ်ရှိသူ ဖြစ်ရမည်။
Shift Duty၊ Weekend နှင့် Public Holiday များတွင် လုပ်ကိုင်နိုင်သူ ဖြစ်ရမည်။
What We Can Offer
အကျိုးအမြတ်
ထူးခြားချက်များ
အခွင့်အလမ်းများ
နောက်ထပ်အလားတူအလုပ်များ
Waiter / Waitress
Kitchen Helper
Service Staff
စားပွဲထိုး ကျား/မ
အလုပ်သင်၀န်ထမ်း
Waiter/Waitress
Waiter ( Male )
အစားအသောက် ◌န်ဆောင်မှု◌န်ထမ်း
သူငယ်ချင်းနဲ့မျှဝေလိုက်ပါ