ကျွန်ုပ်တို့ကုမ္ပဏီအကြောင်း
Axon Treasure Co., Ltd. သည် ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်တွင် အခြေစိုက်၍ Government၊ Public Sector နှင့် Private Sector များအတွက် Tender & Bid Project များတွင် ပါဝင်ဆောင်ရွက်လျက်ရှိသော ကုမ္ပဏီတစ်ခုဖြစ်ပါသည်။
ကုမ္ပဏီအနေဖြင့် Tender အခွင့်အလမ်းများ ရှာဖွေဖော်ထုတ်ခြင်း၊ Bid Preparation နှင့် Tender Submission များ ဆောင်ရွက်ခြင်း၊ သက်ဆိုင်ရာ Stakeholder များနှင့် ပူးပေါင်းညှိနှိုင်းခြင်းတို့မှတစ်ဆင့် Project များကို စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။
ကျွန်ုပ်တို့သည် အဖွဲ့ဝင်အရေအတွက်ထက် လုပ်ငန်းကျွမ်းကျင်မှု၊ တာဝန်ယူမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို အလေးထားသော Working Environment တစ်ခုကို တည်ဆောက်ထားပါသည်။ Team Member တစ်ဦးချင်းစီ၏ တာဝန်ကို လွတ်လပ်စွာ တာဝန်ယူဆောင်ရွက်နိုင်သကဲ့သို့ လိုအပ်သည့်အချိန်တွင် အချင်းချင်း ကူညီပံ့ပိုးပေးသည့် Teamwork ကိုလည်း အလေးထားပါသည်။
Senior Management နှင့် Team Member များအကြား ပွင့်လင်းစွာ ဆက်သွယ်ပူးပေါင်းနိုင်သည့် လုပ်ငန်းခွင်ပတ်ဝန်းကျင်ကို ဖန်တီးပေးထားပြီး ဝန်ထမ်းများ၏ Performance နှင့် Contribution အပေါ် အခြေခံ၍ Career Growth၊ Promotion နှင့် Salary Adjustment အတွက် အခွင့်အလမ်းများ ပေးအပ်လျက်ရှိပါသည်။