ဝမ်းနည်းပါတယ်၊ သင်၏ပရိုဖိုင်သည် 60% နှင့်အထက် ရှိရမည်ဖြစ်ပြီး (1) အလုပ်အတွေ့အကြုံ (2) သင်လုပ်ကိုင်နိုင်သည့် အလုပ်ရာထူးများ (3) သင့်ပညာရေး အသေးစိတ်တို့ ပါဝင်ရမည်။

Showroom Staff (Sales)

ဆိုင်အရောင်းစာရေး | Shop Sales, Sales Representative
Yadanar More & More Co.,Ltd

Showroom Staff (Sales)

ဆိုင်အရောင်းစာရေး | Shop Sales, Sales Representative
5 ဦး
Yadanar More & More Co.,Ltd
5 ဦး
အတည်ပြုပြီး
လမ်းမတော် | ရန်ကုန်တိုင်း
အချိန်ပြည့်
လွန်ခဲ့သော 6 နာရီက အလုပ်ခန့်အပ်သူ active ဖြစ်နေခဲ့သည် ဤကုမ္ပဏီမှ အလုပ်ခန့်အပ်သူ လျှောက်လွှာများကို နောက်ဆုံးကြည့်ရှုခဲ့သည့် အချိန်။

လုပ်သက်အဆင့်

အတွေ့အကြုံမရှိ

အလုပ်အမျိုးအစား

အရောင်းပိုင်းဆိုင်ရာအလုပ်အကိုင်
လုပ်ဆောင်ရမည့်တာဝန်များတင်သောနေ့: ဒီနေ့
  • လစဉ် မိမိတို့အရောင်းဆိုင်အား ပေးအပ်ထားသော အရောင်းရည်မှန်းချက်များ ပြည့်မီရေး အတွက်ဆောင်ရွက်ရပါမည်။
  • ဝယ်သူဖောက်သည်များအား ကောင်းမွန်စွာဆက်ဆံခြင်း၊ စိတ်ကျေနပ်စေရေးအတွက် ဝန်ဆောင်မှုပေးရမည်ဖြစ်ပါသည်။
  • ဝယ်သူဖောက်သည်များအား လက်ဝတ်ရတနာထည်များအကြောင်း ရှင်းပြခြင်း၊ သိလိုသည်များကို ဖြေကြားခြင်း၊ ဆိုင်၏ဝန်ဆောင်မှုများကို ပြောကြားခြင်းများကိုဆောင်ရွက်ရမည်။
  • ဝယ်သူဖောက်သည်များ၏ လိုအပ်ချက်ကိုသေချာနားထောင်ပြီး ကူညီဆောင်ရွက် ရောင်းချရမည်။
  • ဝယ်သူဖောက်သည်များ၏ ဝယ်ယူပြီးသည့် ကုန်ပစ္စည်းများကိုပို့ဆောင်ရန်လိုအပ်ပါက ပို့ဆောင်ပေးရန် ညှိနှိုင်းဆောင်ရွက် ပေးရမည်။
  • ဝယ်သူဖောက်သည်များ ဝယ်ယူပြီးသော လက်ဝတ်ရတနာထည်များ အဆင်ပြေမှုရှိ/မရှိ ဖုန်းဆက်မေးမြန်းရမည်။
  • ဆိုင်တွင်းဆိုင်ပြင် သန့်ရှင်းသပ်ရပ်စေရေးအတွက် လုပ်ဆောင်ရပါမည်။ ခင်းကျင်းပြသထားသော ပစ္စည်းများ သန့်ရှင်း သပ်ရပ်ပြီး စနစ်တကျရှိစေရန် လုပ်ဆောင်ရပါမည်။
  • ဆိုင်တာဝန်ခံ/အထက်လူကြီးများက ပေးအပ်သောတာဝန်များကို ကျေပွန်စွာထမ်းဆောင်ရပါမည်။ လုပ်ငန်းလိုအပ်ချက်အရ အရောင်းဆိုင်နှင့် ပက်သက်သော ကိစ္စရပ်များကို ပါဝင်ကူညီလုပ်ဆောင်ရမည်။
  • အခါအားလျော်စွာပြုလုပ်သော အရောင်းမြှင့်တင်ရေးအစီအစဉ်များတွင် အရောင်း၊ ခင်းကျင်းမှု၊ ကြော်ငြာခြင်းများတွင် တက်ကြွစွာပါဝင်ရမည်။
  • ရောင်းချသောကုန်ပစ္စည်းများနှင့် ပတ်သက်ပြီး ဗဟုသုတ(Product Knowledge)များကိုသိရှိ လေ့လာသင်ယူရမည်။ 

အခွင့်အရေးရှိသူ :

ကျား/မ

လိုအပ်သောအရည်အချင်း

  • တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူ(သို့)   ဆယ်တန်း(စနစ်ဟောင်း)၊ ဆယ့်နှစ်တန်း (စနစ်သစ်) အောင်မြင်ပြီးသူ ဖြစ်ရပါမည်။
  • အသက် (၂၀)နှစ်မှ (၂၈)နှစ်အတွင်း ဖြစ်ရပါမည်။
  • အရောင်းလုပ်ငန်းအား အမှန်တကယ်စိတ်ဝင်စားသူများ လျှောက်ထားသင့်ပါသည်။
  • ရုပ်ရည်သင့်တင့်သူ၊ စကားပြောပြေပြစ်ပြီး သွက်လက်ချက်ချာစွာ ဆောင်ရွက်တတ်သူ၊ ရိုးသားသူ ဖြစ်ရပါမည်။
  • မိမိ၏အကျင့်စာရိတ္တနှင့် ပတ်သက်၍ မိဘ/အုပ်ထိန်းသူမှ အာမခံချက်ပေးနိုင်သူ ဖြစ်ရပါမည်။    (လုပ်ငန်းအတွေ့အကြုံ မရှိသေးသူများလည်း လျှောက်ထားနိုင်ပါသည်။)

What We Can Offer

အကျိုးအမြတ်

Yearly bonus
Attendance bonus
Travelling allowance
Wedding benefit
Staff party

ထူးခြားချက်များ

အလုပ်ချိန် - နံနက် ၉း၀၀ နာရီ မှ ညနေ ၅း၃၀ အထိ (တာဝန်ကျသည့်ဆိုင် အနေအထားအရ အလုပ်ချိန်အပြောင်းအလဲ အနည်းငယ် ရှိနိုင်ပါသည်။)
ပိတ်ရက် - (၁)ပါတ်လျှင် (၁)ရက်

အခွင့်အလမ်းများ

လိုအပ်သည်များကို သင်တန်းပေးခြင်း
အလုပ်ခွင်တွင် ကျွမ်းကျင်မှုအသစ်များ လေ့လာနိုင်ခြင်း
ရာထူးတိုးရန် အခွင့်အရေးရှိခြင်း

ကျွန်ုပ်တို့ကုမ္ပဏီအကြောင်း

စိန်ထည်နှင့် ရွှေဖြူလက်ဝတ်ရတနာများအား လက်လီ၊ လက်ကား ဖြန့်ဖြူးရောင်းချသော လုပ်ငန်းနှင့်စက်ပန်းထိမ်လုပ်ငန်းတို့ကို လုပ်ကိုင်ဆောင်ရွက်လျှက်ရှိသော မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီတစ်ခုဖြစ်ပါသည်။

MORE & MORE စိန်ထည်နှင့် ပလက်တီနမ်ဆိုင် အမည်ဖြင့် ၂၀၀၈ ခုနစ်၊ ဖေဖော်ဝါရီလမှစတင်ကာ “ဗိုလ်ချုပ်အောင်ဆန်းစျေး” တွင် အရောင်းပြခန်း ဖွင့်လှစ်ရောင်းချကာ ပလက်တီနမ်( ရွှေဖြူ ) လက်ဝတ်ရတနာလုပ်ငန်းကို စတင်လုပ်ကိုင်လာခဲ့ပါသည်။

ဝယ်ယူသူဖောက်သည်ကြီးများအား ပိုမိုကောင်းမွန်သော ‌‌ ဝန်ဆောင်မှုများပေးနိုင်ရန်နှင့် အချိန်နေရာမရွေး လွယ်ကူစွာ ဝယ်ယူနိုင်ရန်အတွက် အရောင်းပြခန်းများအား ထပ်မံတိုးချဲ့ ဖွင့်လှစ်ဆောင်ရွက်ခဲ့ပါသည်။

ယခုအချိန်တွင် ရန်ကုန်မြို့လယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းစျေး၊ လမ်းမတော်ပလာဇာ၊ စံရိပ်ငြိမ်ဂမုန်းပွင့်၊ Junction City, Times City ရှိ အရောင်းစင်တာတို့တွင်လည်းကောင်း၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်၊ တောင်ကြီး၊ မြိတ်မြို့တို့တွင်လည်း အရောင်းပြခန်းများကို ဖွင့်လှစ်ရောင်းချလျှက် ရှိပါသည်။

ရတနာချစ်သူများအတွက် အထူးကောင်းမွန်သော လက်ဝတ်ရတနာများနှင့် ပြိုင်ဘက်ကင်းခေတ်မီဆန်းသစ်သော ဒီဇိုင်းများကို ရတနာချစ်သူများ စိတ်တိုင်းကျ ဖန်တီးပေးနိုင်ရန်အတွက် ရည်ရွယ်ပြီး အဆင့်မြင့်စက်ပန်းထိမ်လုပ်ငန်းကို နိုင်ငံတကာ အဆင့်မီစက်များနှင့် ကျွမ်းကျင်သည့် ဝါရင့်ပန်းထိမ်ပညာရှင်များကိုယ်တိုင် ကြီးကြပ်၍ တီထွင်ဖန်တီးပေးလျှက်ရှိပါသည်။

Yadanar More & More Family Group of Companies Limited သည် စိန်နှင့်ရွှေဖြူ လက်ဝတ်ရတနာလောကတွင် ကောင်းမွန်သော ဝန်ဆောင်မှု၊ အရည်အသွေးပြည့် လက်ဝတ်ရတနာအထည်များကို ဖြန့်ဖြူးရောင်းချ ဝန်ဆောင်မှုပေးလျှက်ရှိသော ကုမ္ပဏီတစ်ခုဖြစ်စေရန် ဦးဆောင်ကြိုးပမ်းလျှက်ရှိသော ကုမ္ပဏီတစ်ခုဖြစ်ပါသည်။
အကောင့်မရှိသေးဘူးလား?
မှတ်ပုံတင်မယ်

လုပ်သက်အဆင့်

အတွေ့အကြုံမရှိ

အလုပ်အမျိုးအစား

အရောင်းပိုင်းဆိုင်ရာအလုပ်အကိုင်

နောက်ထပ်အလားတူအလုပ်များ

အရောင်းဝန်ထမ်း

U Hton Gold & Jewelry လမ်းမတော် | ရန်ကုန်တိုင်း

Sales Representative (Store)

SISBURMA TRADING Co.,Ltd လမ်းမတော် | ရန်ကုန်တိုင်း

အရောင်းကျွမ်းကျင်ဝန်ထမ်း

Lucky Northern Star Company Limited လမ်းမတော် | ရန်ကုန်တိုင်း

Showroom Sales Staff

Mansa Fabrication & Manufacturing Co., Ltd ဒဂုံမြို့သစ်တောင်ပိုင်း | ရန်ကုန်တိုင်း

Tele Sales Staff ( Female )

Glass Business Co.,Ltd မင်္ဂလာတောင်ညွှန့် | ရန်ကုန်တိုင်း

Sales & Marketing Staff (Female/ Male) 10 Persons

Century Beverage Company Limited လှိုင်သာယာ | ရန်ကုန်တိုင်း

Sales Driver (ရောင်းမောင်း)

Shwe Food Production လှိုင်သာယာ | ရန်ကုန်တိုင်း

Sales Executive

Behope Flooring Solutions ပုဇွန်တောင် | ရန်ကုန်တိုင်း

Tele Sales Staff

Wanda Int'l Enterprise Company Limited အင်းစိန် | ရန်ကုန်တိုင်း

Sales Assistant - အရောင်းအကူ

Wanda Int'l Enterprise Company Limited အင်းစိန် | ရန်ကုန်တိုင်း

Retail Sale Supervisor

Billionaire United Co.,ltd တာမွေ | ရန်ကုန်တိုင်း

Tele Sales Staff

Super Rich Man တာမွေ | ရန်ကုန်တိုင်း

သူငယ်ချင်းနဲ့မျှဝေလိုက်ပါ

Verify your Mobile number
to get More Job Offers
မြန်မာမိုဘိုင်းနံပါတ်ကမမှန်ကန်ပါ၊ ထပ်မံကြိုးစားပါ။
SMS Code ပို့ပါ
x
SMS Message Display
Alote MM
ဒီတောင်းဆိုချက်ကို သင်မလုပ်ခဲ့လျှင် Facebook မှတဆင့် ကျွန်ုပ်တို့ဆီ စာပို့ပေးပါ။
OK
x
စီစစ်ရန် ကုဒ်နံပါတ်ကို
ဤဖုန်းနံပါတ်သို့ SMS ပို့ထားပါသည်
SMS ကုဒ် မှားနေပါတယ်
အတည်ပြုမည်
x
ကျေးဇူးတင်ပါတယ်
သင့်ဖုန်းမှန်ကန်ကြောင်း အောင်မြင်စွာ အတည်ပြုပြီးပါပြီ
OK
X
သင့်လျှို့ဝှက်နံပါတ် အရိပ်အမြွက်:
OK
X
x