ကျွန်ုပ်တို့ကုမ္ပဏီအကြောင်း
ကျွန်ုပ်တို့၏ ဆေးဆိုင်လုပ်ငန်းသည် ဆိုင်ခွဲ (၃) ဆိုင်နှင့် ဝန်ထမ်း (၁၅) ဦးဖြင့် တိုးတက်ဖွံ့ဖြိုးလျက်ရှိသော Community Pharmacy တစ်ခုဖြစ်ပါသည်။
အရည်အသွေးပြည့်မီသော ဆေးဝါးများနှင့် ကျန်းမာရေးဆိုင်ရာပစ္စည်းများကို ပံ့ပိုးပေးခြင်းအပြင် သုံးစွဲသူများ၏ လိုအပ်ချက်များကို နားလည်ပြီး ယုံကြည်စိတ်ချရသော၊ ဖော်ရွေသော၊ တာဝန်ယူမှုရှိသော ဝန်ဆောင်မှု ပေးနိုင်ရန် အထူးအလေးထား ဆောင်ရွက်လျက်ရှိပါသည်။
ကျွန်ုပ်တို့အနေဖြင့် လုပ်ငန်းတိုးတက်မှုနှင့်အတူ ဝန်ထမ်းများ၏ တိုးတက်မှုကိုလည်း အရေးကြီးသော အစိတ်အပိုင်းတစ်ခုအဖြစ် ယုံကြည်ပါသည်။ ထို့ကြောင့် အပြန်အလှန်လေးစားမှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် သင်ယူတိုးတက်နိုင်မှုရှိသော အလုပ်ပတ်ဝန်းကျင်ကောင်းတစ်ခု ဖန်တီးပေးရန် ကြိုးစားလျက်ရှိပါသည်။