စနေ, တနင်္ဂနွေပိတ်ရက်ရပြီး Sales Team တွင် ပါဝင်ကာ Sales Process နှင့် သက်ဆိုင်သော Admin & Coordination ပိုင်းများကို တာဝန်ယူဆောင်ရွက်နိုင်မည့် Sales Admin တစ်ဦးကို ခေါ်ယူနေပါသည်။
အလုပ်တာဝန်များ
• သက်ဆိုင်ရာ Team များဖြစ်သည့် AM, Product, Solutions, Finance & Operations စသည့် Team များထံမှ Tender အတွက် လိုအပ်သော စာရွက်စာတမ်းများကို စုဆောင်းခြင်း။
• Tender / RFP Requirements များ၊ သတ်မှတ်ရက်များနှင့် Customer ၏ လိုအပ်ချက်များကို အခြေခံ၍ Checklist များ ပြုစုခြင်း။
• Tender / RFP နှင့် Compliance အတွက် လိုအပ်သော စာရွက်စာတမ်းများကို Print ထုတ်ခြင်းနှင့် ပြင်ဆင်ခြင်း။
• ငွေကြေးဆိုင်ရာ လုပ်ငန်းစဉ်များအတွက် Bank Guarantee (BG) နှင့် Purchase Order (PO) စာရင်းများကို ပြင်ဆင်ခြင်းနှင့် စီမံခန့်ခွဲခြင်း။
• Tender / RFP ပြင်ဆင်မှုလုပ်ငန်းစဉ် အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် Internal Team များနှင့် External Stakeholder များအကြား ထိရောက်စွာ ဆက်သွယ်ညှိနှိုင်းခြင်း။
• Internal နှင့် External Customer များ၏ မေးမြန်းချက်များနှင့် အခက်အခဲများကို အချိန်မီ ဖြေရှင်းနိုင်ရန် ဆက်သွယ်ဆောင်ရွက်ခြင်း။
• Team Member များနှင့် ပူးပေါင်း၍ လုပ်ငန်းရလဒ်ကောင်းများ ရရှိအောင် ဆောင်ရွက်ခြင်း။
• လိုအပ်သည့်အခါ Legal & Compliance Department အတွက် Administrative နှင့် Legal Support များ ပေးအပ်ခြင်း။
• Compliance Associate အား Commercial Contract နှင့် Agreement များအပါအဝင် Legal Document များကို ပြင်ဆင်ခြင်း၊ Draft ရေးခြင်း၊ Review ပြုလုပ်ခြင်းနှင့် စနစ်တကျ ထိန်းသိမ်းထားရှိခြင်းတို့တွင် ကူညီပေးခြင်း။