ကျွန်ုပ်တို့ကုမ္ပဏီအကြောင်း
မြန်မာနိုင်ငံ၏ ပထမဆုံးသော အင်တာနက်ဝန်ဆောင်မှုများထဲမှ တစ်ခုဖြစ်သော Horizon Telecom International ကုမ္ပဏီ မှ Hi-Internet အမှတ်တံဆိပ်ဖြင့် ရန်ကုန်၊ မန္တလေး၊ မိတ္ထီလာ၊ ပြင်ဦးလွင်မြို့ကြီးများတွင် ဖိုင်ဘာ (FTTH) ဖြင့် အင်တာနက်ဝန်ဆောင်မှုများ ပေးနေပါသည်။ ကုမ္ပဏီအား ၂၀၁၂ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ ကျွန်ုပ်တို့၏ ဒေတာစင်တာ နှင့် ရုံးချုပ်သည် မင်္ဂလာတောင်ညွန့် မြို့နယ် ကန်တော်ကြီးရိပ်မွန်တွင်တည်ရှိပြီး ရန်ကုန်၊ မန္တလေး၊ ပြင်ဉီးလွင်၊ မိတ္ထီလာ နှင့် အခြားသောဒေသများတွင်ပါ ကီလိုမီတာ ရာနှင့်ချီသော ဖိုင်ဘာ(Fiber) ကွန်ယက်များရှိနေပြီ ဖြစ်ပါသည်။ Hi-Internet ကို အသုံးပြုသူ အရေအတွက် (၅၀,၀၀၀) ကျော်၊ စီးပွားရေး လုပ်ငန်းစု (၂,၀၀၀) ကျော်တို့အား အင်တာနက်ချိတ်ဆက်ဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်သည်။