English
နောက်ထပ်အလုပ်ကမ်းလှမ်းချက်များရယူပါ
ယခု App ကိုဒေါင်းလုပ်ဆွဲပါ!
Healthy & Happy Myanmar Co.,Ltd
Accountant
လုပ်သက်အဆင့်
အလုပ်အမျိုးအစား
အစီရင်ခံရမည့်သူ — ဘဏ္ဍာရေးတာဝန်ခံ
နေ့စဉ်ငွေဝင်ငွေထွက်နှင့် လုပ်ငန်းစာရင်းများကို လက်ရေးစာရင်းစာအုပ်များတွင် စနစ်တကျ မှတ်တမ်းတင်ပြီး အထောက်အထားများနှင့်ကိုက်ညီစေရန်။
အဓိကတာဝန်များ
• ငွေဝင်ငွေထွက်စာအုပ်၊ ဝယ်ယူမှု၊ ရောင်းချမှုနှင့် အထွေထွေစာရင်းများကို လက်ရေးဖြင့် သေသပ်မှန်ကန်စွာ ရေးသွင်းရန်။
• ငွေလက်ခံ၊ ငွေပေးချေ Voucher နှင့် အထောက်အထားများကိုစစ်ဆေးပြီး ခွင့်ပြုချက်အတိုင်း စာရင်းသွင်းရန်။
• နေ့စဉ်ငွေလက်ကျန်နှင့် ငွေစာရင်းကို တိုက်စစ်၍ ကွာဟချက်များကိုချက်ချင်းတင်ပြရန်။
• ဝယ်ယူသူထံမှ ရရန်ငွေနှင့် ပေးသွင်းသူများသို့ ပေးရန်ငွေစာရင်းများပြုစုတိုက်စစ်ရန်။
• စတိုအဝင်အထွက်၊ ဝယ်ယူစာရင်းနှင့် သက်ဆိုင်ရာစာရွက်စာတမ်းများကို ဌာနများနှင့် ညှိနှိုင်းတိုက်စစ်ရန်။
• လစဉ်စာရင်းပိတ်ခြင်းနှင့် စာရင်းချုပ်ပြုစုခြင်းတွင် ကူညီပြီးအထောက်အထားများကို စနစ်တကျ သိမ်းဆည်းကာ စစ်ဆေးမှုအတွက် ပြင်ဆင်ပေးရန်။
အခွင့်အရေးရှိသူ :
လိုအပ်သောအရည်အချင်း
• လက်ရေးစာရင်းကိုင်နိုင်ရမည်။ ငွေစာရင်းစာအုပ်များကို သေသပ်စွာရေးသွင်း၍ လက်ကျန်တွက်ချက်၊ စာရင်းချုပ်နှင့် တိုက်စစ်နိုင်ရမည်။
• စာရင်းကိုင်ဆိုင်ရာ ဘွဲ့ သို့မဟုတ် LCCI Level II နှင့်အထက် သို့မဟုတ်အလားတူအရည်အချင်းရှိသူကို ဦးစားပေးမည်။
• စာရင်းကိုင်လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး ၂ နှစ်ရှိပြီး လက်ရေးစာရင်း လက်တွေ့ကိုင်တွယ်ဖူးသူကို ဦးစားပေးမည်။
• အခြေခံစာရင်းကိုင်သဘောတရား၊ ငွေဝင်ငွေထွက်နှင့် ရရန် ပေးရန်စာရင်းများကို နားလည်ရမည်။
• Excel အခြေခံအသုံးပြုနိုင်ပြီး ရိုးသားမှု၊ အသေးစိတ်ဂရုစိုက်မှုနှင့်လုပ်ငန်းအချက်အလက် လျှို့ဝှက်ထိန်းသိမ်းနိုင်မှု ရှိရမည်။
ရွေးချယ်ရာတွင် စစ်ဆေးရန်
ငွေဝင်ငွေထွက်နှင့် Voucher နမူနာများပေး၍ လက်ရေးစာရင်းသွင်းခြင်း၊ လက်ကျန်တွက်ချက်ခြင်းနှင့် စာရင်းတိုက်စစ်ခြင်းကို လက်တွေ့စစ်ဆေးမည်။
What We Can Offer
အကျိုးအမြတ်
ထူးခြားချက်များ
အခွင့်အလမ်းများ
နောက်ထပ်အလားတူအလုပ်များ
Purchaser
Junior Accountant
Senior Accountant
Junior Accountant ( Female )
Store Accountant
Junior Accountant (Office/Warehouse)
Accountant ( Female )
Manual Accountant ( လက်ရေးစာရင်းကိုင် - Female )
Junior Accountant (Mandalay)
သူငယ်ချင်းနဲ့မျှဝေလိုက်ပါ