ဝမ်းနည်းပါတယ်၊ သင်၏ပရိုဖိုင်သည် 60% နှင့်အထက် ရှိရမည်ဖြစ်ပြီး (1) အလုပ်အတွေ့အကြုံ (2) သင်လုပ်ကိုင်နိုင်သည့် အလုပ်ရာထူးများ (3) သင့်ပညာရေး အသေးစိတ်တို့ ပါဝင်ရမည်။

Barista (အဆင့်မြင့် ကော်ဖီကျွမ်းကျင်)

J DONUTS Production

Barista (အဆင့်မြင့် ကော်ဖီကျွမ်းကျင်)

1 ဦး
J DONUTS Production
1 ဦး
အတည်ပြုပြီး
မင်္ဂလာဒုံ | ရန်ကုန်တိုင်း
အချိန်ပြည့်
လွန်ခဲ့သော 1 ရက်က အလုပ်ခန့်အပ်သူ active ဖြစ်နေခဲ့သည် ဤကုမ္ပဏီမှ အလုပ်ခန့်အပ်သူ လျှောက်လွှာများကို နောက်ဆုံးကြည့်ရှုခဲ့သည့် အချိန်။

လုပ်သက်အဆင့်

အတွေ့အကြုံရှိ

အလုပ်အမျိုးအစား

စားသောက်ဆိုင်ဝန်ဆောင်မှု
လုပ်ဆောင်ရမည့်တာဝန်များတင်သောနေ့: 15 Mar 2024

၁။ ကုမ္ပဏီမှသတ်မှတ်ထားသော ပါဝင်ပစ္စည်းများ၊ စံချိန်စံညွှန်းများနှင့်အညီ ကော်ဖီမီနူးများအား ဆိုင်များအားလုံးအတွက် ပြင်ဆင်ပြသပေးရန်။

၂။ ဆိုင်များအားလုံးအတွက် ကော်ဖီစေ့ကြိတ်စက်နှင့် ကော်ဖီဖျော်စက်များအား သန့်ရှင်းမှုရှိစေရန် အစဉ်မပြတ် ပြုပြင်ထိန်းသိမ်းပြီး စစ်ဆေးပေးရန်။

၃။ ဆိုင်များအားလုံးအတွက် ကော်ဖီဖျော်ရာတွင်အသုံးပြုသော ပစ္စည်းများနှင့် ကော်ဖီဘားအား သန့်ရှင်းပြီးစနစ်တကျရှိအောင် ထိန်းသိမ်းနိုင်ရန်အတွက် လေ့ကျင့်သင်ကြားပေးရန်။

၄။ ဆိုင်များအားလုံးအတွက် ပစ္စည်းထိန်းသိမ်းထားသိုမှုများအား စနစ်တကျပြုလုပ်ပြီး ကော်ဖီစေ့များ၊ ဖျော်ရည်များနှင့် အခြားပါဝင်ပစ္စည်းများအား လိုအပ်ပါက မှာယူဖြည့်တင်းရန်။

၅။ ဆိုင်များအားလုံးရှိ စားသုံးသူများနှင့်ဝန်ထမ်းများအတွက် Health & Food Safety လမ်းညွှန်ချက်များအား လိုက်နာဆောင်ရွက်ပြီး ဝန်ထမ်းများအား သင်ကြားပြသပေးရန်။

၆။ ကော်ဖီဖန်တီးမှုစွမ်းရည်အား မြှင့်တင်ရန် စဉ်ဆက်မပြတ် လေ့လာသင်ယူရန်။

အခွင့်အရေးရှိသူ :

ကျား/မ

လိုအပ်သောအရည်အချင်း

၁။ Barista အဖြစ်လုပ်ငန်းအတွေ့အကြုံရှိသူ (သို့မဟုတ်) တူညီသော customer service role တွင်အတွေ့အကြုံရှိသူ၊ စီမံခန့်ခွဲမှုအတွေ့အကြုံရှိသူ၊ ကွန်ပြူတာကျွမ်းကျင်စွာ အသုံးပြုနိုင်သူ ဦးစားပေးမည်။

၂။ ကော်ဖီနှင့်ပတ်သက်သောနည်းပညာများနှင့် ပစ္စည်းများအား သိရှိရမည်။

၃။ ဖော်ရွေနွေးထွေးသော customer service ပေးနိုင်ပြီး multiple tasks skill ရှိသူဖြစ်ရမည်။

၄။  လိုအပ်ပါက ရက်သတ္တပတ် ပိတ်ရက်နှင့် အားလပ်ရက်များတွင် အလုပ်ဆင်းနိုင်ရမည်။

၅။ အချိန်ကြာမြင့်စွာ မတ်တပ်ရပ်နိုင်ပြီး ပေါင် ၃၀ အလေးချိန်အထိ သယ်ဆောင်နိုင်သူဖြစ်ရမည်။

၆။ Food Handler's Certification ရှိသူ (သို့မဟုတ်) လိုအပ်ပါက Certificate ယူပေးနိုင်သူ။

၇။ ကော်ဖီဖန်တီးခြင်းကို ဝါသနာပါပြီး customer များအတွက် အမှတ်ရစရာအတွေ့အကြုံများကို ဖန်တီးပေးလိုသော ဆန္ဒရှိသူ။

What We Can Offer

အကျိုးအမြတ်

-ဝန်ထမ်းလျှော့ဈေး
-နေ့လည်စာ+ ဖယ်ရီစီစဥ်ပေးသည်

ထူးခြားချက်များ

Food Handler's Certification

အခွင့်အလမ်းများ

-လေ့ကျင့်ရေးနှင့် ဖွံဖြိုးတိုးတက်ရေးအခွင့်အလမ်းများ။
-ပျော်ရွှင်တက်ကြွသော လုပ်ငန်းခွင်။

ကျွန်ုပ်တို့ကုမ္ပဏီအကြောင်း

J'DONUTS သည် မြန်မာနိုင်ငံတွင် Leading Fast Food Brand အဖြစ် ၂၇ နှစ်ကျော်ကြာ ရပ်တည်ခဲ့ပြီး ၁၉၉၆ ခုနှစ်၊ စက်တင်ဘာလတွင် တည်ထောင်ခဲ့သည်။ J'DONUTS သည် စားသုံးသူများအား အရည်အသွေးအမြင့်ဆုံးဖြစ်သော Donuts များနှင့် အပူအအေး အဖျော်ယမကာများကို ဝန်ဆောင်မှုပေးနေပါသည်။ J'DONUTS ၏ ထုတ်ကုန်များဖြစ်သော ပေါင်မုန့်၊ ကိတ်မုန့်၊ ဘရောင်နီ၊ ကွတ်ကီးများ၊ ဘီစကစ်များနှင့် ရေခဲမုန့်များအနက် အဓိကထုတ်ကုန်နှစ်ခုဖြစ်သော Donuts နှင့် Butter Cake တို့မှာ စျေးကွက်တွင် ကြီးမားသော အောင်မြင်မှုကို ရရှိထားပါသည်။ ရန်ကုန်မြို့အတွင်းရှိ ဆိုင်ခွဲများအားလုံးသို့ မင်္ဂလာဒုံစက်ရုံမှ နေ့စဥ် မုန့်များ ထုတ်လုပ်ဖြန့်ဖြူးပေးနေပါသည်။ J'DONUTS သည် ဝန်ထမ်းပေါင်း ၅၀၀ ကျော်ဖြင့် ဆိုင်ခွဲပေါင်း ၃၈ ဆိုင်အထိလည်း တိုးချဲ့ဖွင့်လှစ်ထားပါသည်။ J'DONUTS ၏ရည်ရွယ်ချက်မှာ အရည်အသွေးစံနှုန်းများကို ဆက်လက်ထိန်းသိမ်းထားနိုင်ပြီး စျေးကွက်ထိုးဖောက်ရန်နှင့် ထုတ်ကုန်များကို ဆက်လက်တိုးချဲ့ရန်ဖြစ်သည်။
အကောင့်မရှိသေးဘူးလား?
မှတ်ပုံတင်မယ်

လုပ်သက်အဆင့်

အတွေ့အကြုံရှိ

အလုပ်အမျိုးအစား

စားသောက်ဆိုင်ဝန်ဆောင်မှု

သူငယ်ချင်းနဲ့မျှဝေလိုက်ပါ

Verify your Mobile number
to get More Job Offers
မြန်မာမိုဘိုင်းနံပါတ်ကမမှန်ကန်ပါ၊ ထပ်မံကြိုးစားပါ။
SMS Code ပို့ပါ
x
SMS Message Display
Alote MM
ဒီတောင်းဆိုချက်ကို သင်မလုပ်ခဲ့လျှင် Facebook မှတဆင့် ကျွန်ုပ်တို့ဆီ စာပို့ပေးပါ။
OK
x
စီစစ်ရန် ကုဒ်နံပါတ်ကို
ဤဖုန်းနံပါတ်သို့ SMS ပို့ထားပါသည်
SMS ကုဒ် မှားနေပါတယ်
အတည်ပြုမည်
x
ကျေးဇူးတင်ပါတယ်
သင့်ဖုန်းမှန်ကန်ကြောင်း အောင်မြင်စွာ အတည်ပြုပြီးပါပြီ
OK
X
သင့်လျှို့ဝှက်နံပါတ် အရိပ်အမြွက်:
OK
X
x