ကျွန်ုပ်တို့ကုမ္ပဏီအကြောင်း
AsiaMax Trading Company Limited Profile
AsiaMax Trading Company Limited ကို ၂၀၁၄ ခုနှစ်၊ ဧပြီ လ၊ ၂၉ ရက်နေ့တွင် ဝန်ထမ်း အင်အား (၁၅)ဦးဖြင့် အမှတ် ၁၆၂/ဘီ၊ ဓမ္မစေတီလမ်း၊ အနောက်ရွှေဂုံတိုင်ရပ်ကွက်၊ ဗဟန်းမြို့နယ်တွင် စတင်တည်ထောင်ခဲ့ပြီး၊ ကုမ္ပဏီသက်တမ်း (၁၂)နှစ် ရှိပြီဖြစ်ပါသည်။
၂၀၁၄ ခုနှစ်တွင် ဝန်ထမ်းအင်အား (၁၅)ဦးဖြင့် လုပ်ငန်းစတင် ဆောင်ရွက်ခဲ့သော်လည်း၊ ၂၀၂၃ ခုနှစ်တွင် ဝန်ထမ်းအင်အား (၅၀)ဦးဖြင့် လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။
Asia Max ကုမ္ပဏီလီမိတက်အနေဖြင့် ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်၍ စွမ်းဆောင်ရည် ပြည့်ဝစေရေးအတွက် ဝေးလံသော ဒေသမှ လာရောက်လုပ်ကိုင်သော ဝန်ထမ်းများအတွက် နေစရာ၊ စားစရာ စီစဉ်ပေးခြင်း၊ ဝန်ထမ်းကြို/ပို့ကားများ စီစဉ်ပေးခြင်း၊ နေ့စဉ် နေ့လည်စာ ကျွေးခြင်း၊ နှစ်စဉ် အပန်းဖြေခရီးပို့ခြင်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။
၂၀၁၄ ခုနှစ်တွင် ကုမ္ပဏီအနေဖြင့် သဘာဝပစ္စည်း (၅)မျိုးပါဝင်သော Common Dietary Supplement (သဘာဝဖြည့်စွက်စာ)ကို ထိုင်းနိုင်ငံရှိ စက်ရုံတွင် စတင်ထုတ်လုပ်၍ မြန်မာနိုင်ငံ၌ ဖြန့်ချိခဲ့သည်မှာ သက်တမ်း(၉)နှစ်ခန့် ရှိပြီ ဖြစ်ပါသည်။ ထို့အပြင် ဂျပန်နိုင်ငံ၏ အကောင်းဆုံး နည်းပညာဖြင့် ထုတ်လုပ်ထားသော Collagen Dipeptide ကမ္ဘာ့အသေးငယ်ဆုံး ကော်လဂျင် မော်လီကျူး၊ ရေချို တီလားပီးယားငါး၊ စပျစ်၊ ချယ်ရီ၊ ကီဝီ စသည်တို့အား အသုံးပြုထားသည့် Common Collagen ကိုလည်း ၂၀၂၃ ခုနှစ်၊ မေလတွင် စတင်ဖြန့်ချိခဲ့ရာ ဈေးကွက်၌ ခိုင်မာသော နေရာတစ်ခု ရရှိနေပြီဖြစ်ပါသည်။
-၂-
ဈေးကွက်အနေအထားအရ Common Dietary Supplement နှင့် Common Collagen တို့အား မြန်မာတစ်နိုင်ငံလုံးရှိ Life Plus၊ ဂမုန်းပွင့်၊ City Mart၊ Ocean၊ Marketplace၊ စိန်ဂေဟာ၊ Super One၊ Beauty Diary၊ Medicare၊ Shwe Ohh၊ Easy Mart၊ သစ်ခွ ဆေးဆိုင်များသို့ ဖြန့်ချိ ရောင်းချနိုင်ခဲ့ပြီဖြစ်ပါသည်။
ရည်ရွယ်ချက်
သဘာဝမှ ရရှိသော အာဟာရနှင့် ဆေးဖက်ဝင်အပင်များအား အဆင့်မြင့် နည်းပညာ များဖြင့် ပေါင်းစပ်၍ အမြင့်ဆုံးအရည်အသွေး၊ ဘေးကင်းမှု၊ သန့်ရှင်းမှု၊ ထိရောက်မှုရှိသော ဖြည့်စွက်စာ ထုတ်ကုန်များအဖြစ် ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်စေရန်။
မျှော်မှန်းချက်
ဈေးကွက်တွင် မိမိတို့၏ ထုတ်ကုန်များနှင့်ပတ်သက်၍ သုံးစွဲသူများ ယုံကြည်စိတ်ချမှုကို ရရှိ၍ ဈေးကွက်နေရာ အခိုင်အမာရရှိစေရန်။