ဝမ်းနည်းပါတယ်၊ သင်၏ပရိုဖိုင်သည် 60% နှင့်အထက် ရှိရမည်ဖြစ်ပြီး (1) အလုပ်အတွေ့အကြုံ (2) သင်လုပ်ကိုင်နိုင်သည့် အလုပ်ရာထူးများ (3) သင့်ပညာရေး အသေးစိတ်တို့ ပါဝင်ရမည်။

Junior Admin Executive

စီမံရေးရာ၊ အလုပ်သမား နှင့် စာရင်းအင်း ၀န်ထမ်း | Admin, HR, Finance Staff
Majesty Family International Co Ltd

Junior Admin Executive

စီမံရေးရာ၊ အလုပ်သမား နှင့် စာရင်းအင်း ၀န်ထမ်း | Admin, HR, Finance Staff
1 ဦး
Majesty Family International Co Ltd
1 ဦး
အတည်ပြုပြီး
စမ်းချောင်း | ရန်ကုန်တိုင်း
အချိန်ပြည့်
လွန်ခဲ့သော 2 နာရီက အလုပ်ခန့်အပ်သူ active ဖြစ်နေခဲ့သည် ဤကုမ္ပဏီမှ အလုပ်ခန့်အပ်သူ လျှောက်လွှာများကို နောက်ဆုံးကြည့်ရှုခဲ့သည့် အချိန်။

လုပ်သက်အဆင့်

အတွေ့အကြုံရှိ

အလုပ်အမျိုးအစား

ရုံးလုပ်ငန်း စီမံခန့်ခွဲရေး
လုပ်ဆောင်ရမည့်တာဝန်များတင်သောနေ့: 03 Jun 2026

ရာထူးအကျဉ်းချုပ်

Admin Junior Executive သည် ရုံးလုပ်ငန်းများ ချောမွေ့စွာ လည်ပတ်နိုင်ရန် လိုအပ်သော အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို ကူညီဆောင်ရွက်ပေးရမည်ဖြစ်သည်။ စာရွက်စာတမ်းများ စီမံထိန်းသိမ်းခြင်း၊ ရုံးသုံးပစ္စည်းများ စီမံခန့်ခွဲခြင်း၊ အစည်းအဝေးများ စီစဉ်ပေးခြင်းနှင့် အခြားသော အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ရမည်ဖြစ်သည်။

အဓိကတာဝန်များ (Job Description)

  • ရုံးဆိုင်ရာ စာရွက်စာတမ်းများကို စနစ်တကျ သိမ်းဆည်းထိန်းသိမ်းခြင်း။
  • ဝင်စာ၊ ထွက်စာများနှင့် အီးမေးလ်များကို စီမံခန့်ခွဲခြင်း။
  • အစည်းအဝေးများ၊ ချိန်းဆိုမှုများနှင့် ရုံးတွင်း အစီအစဉ်များကို ညှိနှိုင်းဆောင်ရွက်ခြင်း။
  • ရုံးသုံးပစ္စည်းများ ဝယ်ယူခြင်း၊ စာရင်းထိန်းသိမ်းခြင်းနှင့် လိုအပ်ချက်များကို စောင့်ကြည့်ခြင်း။
  • လစဉ်၊ အပတ်စဉ် Report များ ပြင်ဆင်ပေးခြင်း။
  • ကားလမ်းကြောင်းများကို သေချာစွာ စီစဉ်၍ ယာဉ်အသုံးပြုမှုများကို ထိရောက်စွာ စီမံခန့်ခွဲနိုင်ရမည်။
  • ရုံးသုံးယာဉ်များ၏ လမ်းကြောင်းနှင့် အသုံးပြုမှုအခြေအနေများကို စောင့်ကြည့်စီမံနိုင်ရမည်။
  • ယာဉ်လမ်းကြောင်းများကို သေချာစွာ စစ်ဆေး၍ အချိန်မီ သွားလာနိုင်ရန် ညှိနှိုင်းဆောင်ရွက်ရမည်။
  • Driver များနှင့် ညှိနှိုင်း၍ ကားလမ်းကြောင်းများကို စနစ်တကျ စီမံခန့်ခွဲနိုင်ရမည်။
  • ရုံးသန့်ရှင်းရေး၊ ပြုပြင်ထိန်းသိမ်းရေးနှင့် Vendor များနှင့် ဆက်သွယ်ညှိနှိုင်းခြင်း။
  • ဝန်ထမ်းများ၏ Attendance နှင့် Admin Record များကို Update ပြုလုပ်ခြင်း။
  • Company Event များနှင့် Internal Activity များအတွက် ပံ့ပိုးကူညီခြင်း။
  • Management မှ တာဝန်ပေးအပ်သော အခြား Admin ဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်ခြင်း။

အခွင့်အရေးရှိသူ :

ကျား/မ

လိုအပ်သောအရည်အချင်း

  • ဘွဲ့ရရှိပြီးသူ (သို့) Business Administration နှင့် သက်ဆိုင်ရာ ဘာသာရပ်များ လေ့လာထားသူ ဖြစ်ရမည်။
  • Admin ပိုင်း အတွေ့အကြုံ (၁) နှစ်ခန့် ရှိသူ ဦးစားပေးမည်။
  • Fresh Graduate များလည်း လျှောက်ထားနိုင်သည်။
  • Microsoft Word, Excel, PowerPoint အသုံးပြုနိုင်ရမည်။
  • Communication Skill ကောင်းမွန်ပြီး ပူးပေါင်းဆောင်ရွက်နိုင်ရမည်။
  • စနစ်တကျ စီမံခန့်ခွဲနိုင်ပြီး တာဝန်ယူမှုရှိရမည်။
  • သင်ယူလိုစိတ်ရှိပြီး အလုပ်ဖိအားအောက်တွင် လုပ်ကိုင်နိုင်ရမည်။
  • မြန်မာဘာသာနှင့် အခြေခံအင်္ဂလိပ်ဘာသာ အသုံးပြုနိုင်ရမည်။

What We Can Offer

အကျိုးအမြတ်

- Attractive salary package

ထူးခြားချက်များ

- Join a winning team

အခွင့်အလမ်းများ

- Opportunities for promotion

ကျွန်ုပ်တို့ကုမ္ပဏီအကြောင်း

Majesty Family International Co., Ltd. သည် မြန်မာနိုင်ငံတွင် ထင်ရှားကျော်ကြားသော နိုင်ငံတကာ အမှတ်တံဆိပ်များ၏ ဦးဆောင်ဖြန့်ဖြူးပေးနေသော ကုမ္ပဏီကြီးတစ်ခု ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ပြည်တွင်းဈေးကွက်၏ လိုအပ်ချက်နှင့် သုံးစွဲသူတို့၏ စိတ်အာရုံကို နက်ရှိုင်းစွာ နားလည်သဘောပေါက်ပြီး၊ ခိုင်မာသော သီးသန့်ဖြန့်ဖြူးခွင့် (Exclusive Distribution) များဖြင့် ကမ္ဘာ့အဆင့်မီ ထုတ်ကုန်များကို မြန်မာပြည်သူတို့၏ လူနေမှုစံနှုန်းများနှင့် ကိုက်ညီအောင် အကောင်းဆုံး ချိတ်ဆက်ပေးလျက် ရှိပါသည်။

ကျွန်ုပ်တို့၏ လုပ်ငန်းခွဲဖြစ်သော Exotic Design သည် မတူကွဲပြားသော Customer များ၏ လိုအပ်ချက်များနှင့် ကိုက်ညီစေရန် အရည်အသွေးမြင့် ဒီဇိုင်းနှင့် အံဝင်ခွင်ကျသော ဝန်ဆောင်မှုများကို ပေးဆောင်ကာ ပရီမီယံ အဆင့်အတန်းမြင့်မားသည့် Interior Design Solutions (အတွင်းပိုင်းဒီဇိုင်းဆိုင်ရာ ဖြေရှင်းချက်များ)အား စိတ်ကျေနပ်မှုအပြည့်ပေးသည့် လုပ်ငန်းစဉ်များဖြင့် ဆောင်ရွက်ပေးလျက် ရှိပါသည်။
အကောင့်မရှိသေးဘူးလား?
မှတ်ပုံတင်မယ်

လုပ်သက်အဆင့်

အတွေ့အကြုံရှိ

အလုပ်အမျိုးအစား

ရုံးလုပ်ငန်း စီမံခန့်ခွဲရေး

နောက်ထပ်အလားတူအလုပ်များ

သူငယ်ချင်းနဲ့မျှဝေလိုက်ပါ

Verify your Mobile number
to get More Job Offers
မြန်မာမိုဘိုင်းနံပါတ်ကမမှန်ကန်ပါ၊ ထပ်မံကြိုးစားပါ။
SMS Code ပို့ပါ
x
SMS Message Display
Alote MM
ဒီတောင်းဆိုချက်ကို သင်မလုပ်ခဲ့လျှင် Facebook မှတဆင့် ကျွန်ုပ်တို့ဆီ စာပို့ပေးပါ။
OK
x
စီစစ်ရန် ကုဒ်နံပါတ်ကို
ဤဖုန်းနံပါတ်သို့ SMS ပို့ထားပါသည်
SMS ကုဒ် မှားနေပါတယ်
အတည်ပြုမည်
x
ကျေးဇူးတင်ပါတယ်
သင့်ဖုန်းမှန်ကန်ကြောင်း အောင်မြင်စွာ အတည်ပြုပြီးပါပြီ
OK
X
သင့်လျှို့ဝှက်နံပါတ် အရိပ်အမြွက်:
OK
X
x