ကျွန်ုပ်တို့ကုမ္ပဏီအကြောင်း
ကျွန်တော်တို့ Bright Light Group ကုမ္ပဏီဟာ မြန်မာ့စိုက်ပျိုးရေးထွက်ကုန်တွေဖြစ်သော ပဲတီစိမ်း၊ မတ်ပဲ အစရှိသော ပဲအမျိုးမျိုးကို ခေတ်မီနည်းပညာတွေနဲ့ သန့်စင်ပြီး အရည်အသွေးမြင့် ထုတ်ကုန်တွေအဖြစ် ဖန်တီးကာ နိုင်ငံခြားသို့တင်ပို့ရောင်းချနေသော လုပ်ငန်းတစ်ခုဖြစ်ပါသည်။ ထို့ကြောင့် အကျွှန်ုပ်တို့ကုမ္ပဏီတွင်လာရောက်လုပ်ကိုင်သော ဝန်ထမ်းများအနေဖြင့် အောက်ဖေါ်ပြအကျိုးကျေးဇူးများကို ရရှိခံစားနိုင်မှာဖြစ်ပါသည်။
၁။ တည်ငြိမ်သောအနာဂတ်: စားသောက်ကုန်ကဏ္ဍဖြင့် နိုင်ငံခြားဝင်ငွေရှာဖွေနေသောလုပ်ငန်းဖြစ်သောကြောင့် ရေရှည်ခိုင်မာတဲ့ အလုပ်အကိုင် အခွင့်အလမ်းကို ပေးစွမ်းနိုင်ပါတယ်။
၂။ ကျွမ်းကျင်မှုဖွံ့ဖြိုးရေး: ခေတ်မီစက်ကိရိယာတွေနဲ့ လုပ်ငန်းခွင် စီမံခန့်ခွဲမှုစနစ်တွေကို လက်တွေ့သင်ယူနိုင်မှာဖြစ်ပါသည်။
၃။ လူမှုစီးပွားအကျိုးပြု: တောင်သူဦးကြီးတွေရဲ့ ထွက်ကုန်ကို တန်ဖိုးမြှင့်တင်ပေးပြီး နိုင်ငံခြားဝင်ငွေ ရှာဖွေပေးနေတဲ့ လုပ်ငန်းမှာ ပါဝင်ရတဲ့အတွက် ဂုဏ်ယူနိုင်မှာပါ။
တိုးတက်လိုစိတ်ရှိတဲ့ လူကြီးမင်းတို့ကို ကျွန်တော်တို့ Bright Light Group အဖွဲ့အစည်းတွင် ပါဝင်ဖို့ မိသားစုသဖွယ် နွေးထွေးစွာ ဖိတ်ခေါ်လိုက်ပါတယ်။"