ဝမ်းနည်းပါတယ်၊ သင်၏ပရိုဖိုင်သည် 60% နှင့်အထက် ရှိရမည်ဖြစ်ပြီး (1) အလုပ်အတွေ့အကြုံ (2) သင်လုပ်ကိုင်နိုင်သည့် အလုပ်ရာထူးများ (3) သင့်ပညာရေး အသေးစိတ်တို့ ပါဝင်ရမည်။

R&D ( Junior )

အရည်အသွေး ထိန်းသိမ်းမှုဆိုင်ရာစီမံရေးအရာရှိ | Quality Control
New A1 Family Co.,Ltd

R&D ( Junior )

အရည်အသွေး ထိန်းသိမ်းမှုဆိုင်ရာစီမံရေးအရာရှိ | Quality Control
3 ဦး
New A1 Family Co.,Ltd
3 ဦး
အတည်ပြုပြီး
ကျောက်ဆည် | မန္တလေးတိုင်း
အချိန်ပြည့်
လွန်ခဲ့သော 1 ပတ်က အလုပ်ခန့်အပ်သူ active ဖြစ်နေခဲ့သည် ဤကုမ္ပဏီမှ အလုပ်ခန့်အပ်သူ လျှောက်လွှာများကို နောက်ဆုံးကြည့်ရှုခဲ့သည့် အချိန်။

လုပ်သက်အဆင့်

အတွေ့အကြုံမရှိ

အလုပ်အမျိုးအစား

စက်ရုံနှင့် အထည်ချုပ်
လုပ်ဆောင်ရမည့်တာဝန်များတင်သောနေ့: ဒီနေ့

အဓိကတာဝန်နှင့် လုပ်ငန်းတာဝန်များ

  • ထုတ်ကုန်ဖွံ့ဖြိုးရေး ထုတ်ကုန် အသစ်များ (ဥပမာ - ငရုတ်သီးအခြေခံထုတ်ကုန်များ၊ ဟင်းခတ်အမွှေးအကြိုင်များ၊ အခြောက်ခံသစ်သီးများ၊ အာဟာရဖြည့်ထားသော ဆန်မုန့်များ) ဖော်စပ်ခြင်းနှင့် စမ်းသပ်ခြင်းတို့တွင် ကူညီဆောင်ရွက်ရန်။
  • အရသာ၊ အချိုးအစား၊ သက်တမ်းနှင့် ကုန်ကျစရိတ်ထိရောက်မှုအတွက် ဟင်းချက်နည်းများကို အကောင်းဆုံးဖြစ်အောင် ပြုပြင်ရာတွင် ပံ့ပိုးကူညီရန်။
  • လက်ရှိထုတ်ကုန်များ၏ အရည်အသွေးမြှင့်တင်ရန် (သို့) ထုတ်လုပ်မှုကုန်ကျစရိတ်လျှော့ချရန် ပြုပြင်မှုများတွင် ပါဝင်ဆောင်ရွက်ရန်။
  • ထုတ်လုပ်ရေးအဖွဲ့များနှင့်ပူးပေါင်း၍ အသေးစား စမ်းသပ်ထုတ်လုပ်ခြင်းနှင့် အကြမ်းဖျဉ်းစမ်းသပ်ခြင်းများ ဆောင်ရွက်ရန်။
  • စမ်းသပ်ထုတ်ကုန်များ၏ အရသာ၊ အရောင်၊ အနံ့၊ အချိုးအစား စသည့် အာရုံခံအကဲဖြတ်မှုများ ပြုလုပ်ရန်။ 
  • ထုတ်ကုန်အသစ်နှင့် လက်ရှိထုတ်ကုန်များ၏ သက်တမ်းတိုးနိုင်မှုနှင့် တည်ငြိမ်မှုစမ်းသပ်ချက်များတွင် ပံ့ပိုးကူညီရန်။ 
  • R&D စမ်းသပ်မှုဆိုင်ရာ အချက်အလက်အားလုံးကို တိကျစွာ မှတ်တမ်းတင်ထားရန်။
  • GMP, HACCP, ISO 22000, FDA နှင့် HALAL စံချိန်စံညွှန်းများနှင့်ကိုက်ညီသော ဖော်မြူလာများ ဖြစ်စေရန် သေချာစွာစစ်ဆေးရန်။
  • ထုတ်ကုန်အသေးစိတ်အချက်အလက်များနှင့် လေဘယ်များအတွက် နည်းပညာဆိုင်ရာစာရွက်စာတမ်းများ ပြင်ဆင်ရန်။
  • စျေးကွက်တွင် ခေတ်စားနေသော အသစ်သောထုတ်ကုန်များ၊ ကုန်ကြမ်းများနှင့် ပြိုင်ဘက်ကုမ္ပဏီများ၏ ထုတ်ကုန်များအကြောင်း အချက်အလက်များ စုဆောင်းရန်။
  • စျေးကွက်လိုအပ်ချက်နှင့် ကုမ္ပဏီမဟာဗျူဟာနှင့်ကိုက်ညီသော ထုတ်ကုန်အသစ်များ အကြံပြုရန်။ 
  • R&D လုပ်ငန်းစဉ်များတွင် အစားအစာဘေးကင်းရေးနှင့် အရည်အသွေးအာမခံချက်အတွက် အရည်အသွေးထိန်းချုပ်ရေးဌာန (QC) နှင့် ပူးပေါင်းဆောင်ရွက်ရန်။
  • ထုတ်ကုန်အသစ်များ၏ ဟင်းချက်နည်းများကို ထုတ်လုပ်ရေးဌာနသို့ ချောမွေ့စွာလွှဲပြောင်းနိုင်ရန် ညှိနှိုင်းဆောင်ရွက်ရန်။
  • စျေးကွက်ရှာဖွေရေးလုပ်ငန်းများအတွက် ထုတ်ကုန်နမူနာများ ပြင်ဆင်ရာတွင် ကူညီဆောင်ရွက်ရန်။

အခွင့်အရေးရှိသူ :

ကျား/မ

လိုအပ်သောအရည်အချင်း

  • ဘွဲ့တစ်ခုခု ရရှိသူဖြစ်ရမည် (အစားအသောက်သိပ္ပံ၊ အစားအသောက်နည်းပညာ၊ ဓာတုဗေဒ၊ အာဟာရဗေဒ သို့မဟုတ် ဆက်စပ်ဘာသာရပ်များတွင် ဘွဲ့ရရှိသူများကို ဦးစားပေးမည်)။  
  • သက်ဆိုင်ရာအလုပ်အတွေ့အကြုံ ၀-၂ နှစ် (R&D တွင် အထူးစိတ်ဝင်စားသော ဘွဲ့ရသစ်များလည်း လျှောက်ထားနိုင်သည်)
  • အစားအသောက်ပြုပြင်ခြင်း၊ ကြာရှည်ခံအောင်ပြုလုပ်ခြင်းနှင့် ကုန်ကြမ်းပစ္စည်းများ၏ အသုံးဝင်ပုံအခြေခံနားလည်မှုရှိလျှင် ပိုကောင်းသည် ။ မရှိပါကလည်း သင်ကြားပေးပါမည်
  • အချက်အလက်များကို စနစ်တကျစုစည်းနိုင်ပြီး အသေးစိတ်ကိုု သတိပြုနိုင်စွမ်းရှိရမည်
  • အဖွဲ့လိုက်လုပ်ဆောင်နိုင်ပြီး ညွှန်ကြားချက်များကို တိကျစွာလိုက်နာနိုင်ရမည်
  • Microsoft Office (Excel, Word) အခြေခံအသုံးပြုနိုင်စွမ်းရှိရမည်
  • ဆန်းသစ်သောထုတ်ကုန်အကြံဉာဏ်များအတွက် ဖန်တီးနိုင်စွမ်းနှင့် စူးစမ်းလိုစိတ်
  • ပြဿနာဖြေရှင်းနိုင်စွမ်း ကောင်းမွန်ခြင်း  
  • စနစ်တကျလုပ်ဆောင်နိုင်ပြီး အသေးစိတ်မှတ်တမ်းများကို ထိန်းသိမ်းနိုင်စွမ်း
  • နည်းပညာဆိုင်ရာအသိပညာများကို လေ့လာလိုစိတ်နှင့် မြှင့်တင်လိုစိတ်ပြင်းပြခြင်း

What We Can Offer

အကျိုးအမြတ်

Meal and hostel in factory,
Yearly Bonus and Awards,
Overtime fees,
Health care with Free,
salary reviews in quarterly

ထူးခြားချက်များ

no need

အခွင့်အလမ်းများ

လိုအပ်သော ပညာရပ်များကို သင်ကြားပေးမည် ။
Food safety , product development သင်တန်းများ တက်ရောက်ရမည်။
ရာထူးတိုးရန် အခွင့်အလမ်းအများ ရှိသည်။

ကျွန်ုပ်တို့ကုမ္ပဏီအကြောင်း

**New A1 Family Co., Ltd (A1 Family )** သည် ကျား၊မ မခွဲခြားသော၊ စိုက်ပျိုးရေးအခြေပြု တာဝန်ယူမှုရှိသည့် လုပ်ငန်းတစ်ခုဖြစ်ပြီး လူမှုအသိုက်အဝန်းနှင့် သဘာဝပတ်ဝန်းကျင်အပေါ် အပြုသဘောသက်ရောက်မှုရှိစေရန် အလေးထားဆောင်ရွက်လျက်ရှိသော ကုမ္ပဏီတစ်ခုဖြစ်ပါသည်။ကုမ္ပဏီသည် ကမ္ဘာမြေ သဘာဝ ထိန်းသိမ်းရေးနှင့် လူသားများ၏ဘဝများတိုးတက်စေရန်အတွက် ကျင့်ဝတ်နှင့်ညီသော တာဝန်ယူမှုရှိသည့် လုပ်ငန်းဆောင်ရွက်ချက်များကို အချိတ်အဆက်မိမိ ဆောင်ရွက်လျက်ရှိပါသည်။

A1 Family သည် ကြက်သွန်နီနှင့်ငရုတ်သီးများ ရောင်းဝယ်သည့် ပွဲရုံလုပ်ငန်းတစ်ခုအဖြစ် ၁၉၈၂ ခုနှစ်တွင် မန္တလေးတိုင်း၊ မြစ်သားမြို့၌ စတင်တည်ထောင်ခဲ့ကာ ၂၀၁၃ ခုနှစ်တွင် ကုမ္ပဏီအဖြစ် မှတ်ပုံတင်ခဲ့ပါသည်။ အေဝမ်းမိသားစု အမည်ဖြင့် ငရုတ်သီး၊ ကြက်သွန်နီနှင့် အခြားဟင်းခတ်အမွှေးအကြိုင်ပစ္စည်းများကို နှစ်ပေါင်း ၄၀ ကျော် ရောင်းဝယ်ဖောက်ကားခဲ့ပြီး ယနေ့အထိ ဤလုပ်ငန်းတွင် ကောင်းမွန်သည့်ဂုဏ်သတင်းနှင့် နာမည်ကောင်းတစ်ခုဖြင့် ရပ်တည်လုပ်ကိုင်နေသော လုပ်ငန်းတစ်ခုဖြစ်ပါသည်။

၂၀၁၈ ခုနှစ်တွင် ကူမဲမြို့၌ အရည်အသွေးမြင့် ငရုတ်သီးမှုန့်၊ နနွင်းမှုန့်နှင့် အခြားဟင်းခတ်အမွှေးအကြိုင်များကို နိုင်ငံတကာအစားအသောက်ဘေးကင်းရေးစံချိန်များနှင့်အညီ ထုတ်လုပ်ရန် စက်ရုံတစ်ရုံ တည်ဆောက်ခဲ့ပါသည်။ ယခုအခါတွင် ပြည်တွင်းနှင့်နိုင်ငံတကာဈေးကွက်များအတွက် ကုန်ပစ္စည်း ၃၀ ကျော်ကို ထုတ်လုပ်လျက်ရှိပါသည်။
မြန်မာနိုင်ငံတွင် မကူးစက်နိုင်သောရောဂါများ (NCDs) (ဥပမာ - သွေးတိုး၊ ဆီးချို) ကြောင့် သေဆုံးမှု ၆၈% ရှိသည့်အတွက် အလယ်တန်းနှင့် အလုပ်သမားလူတန်းစားများ ကျန်းမာရေးနှင့်ညီညွတ်သော ချက်ပြုတ်ပစ္စည်းများ လွယ်ကူစွာရရှိစေရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိပါသည်။

မြန်မာနိုင်ငံသားများ၏ ကျန်းမာရေးကို ဂရုစိုက်သည့်အနေဖြင့် A1 Family သည် အဆိပ်အတောက်ကင်းစင်၍ ဓာတုပစ္စည်းများ၊ အရောင်တင်ဆေးများ၊ ကြာရှည်ခံဆေးများ လုံးဝမပါဝင်သော ငရုတ်သီးမှုန့်၊ နနွင်းမှုန့်နှင့် အခြားဟင်းခတ်အမွှေးအကြိုင်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးပေးလျက်ရှိပါသည်။

A1 Family သည် မန္တလေး၊ မကွေး၊ ဧရာဝတီတိုင်းဒေသကြီးများနှင့် ရှမ်းပြည်နယ်ရှိ ကူမဲ၊ မြစ်သား၊ ကျောက်ဆည်၊ မိတ္ထီလာ၊ ပျော်ဘွယ်၊ မြင်းခြံ၊ ဟင်္သာတ၊ စလင်းနှင့် ဧရာဝတီ မှ ကြက်သွန်နီနှင့်ငရုတ်သီးများကို ဝယ်ယူပါသည်။ ထို့အပြင် မိတ္ထီလာ၊ ပျော်ဘွယ်၊ မြင်းခြံ၊ ကုမဲ၊ ရေဝန်း၊ စလင်းနှင့် မြစ်သားမြို့နယ်များတွင် ကုန်စည်စုဆောင်းရောင်းဝယ်ရေးဌာနခွဲများနှင့် သိုလှောင်ရုံများ ထားရှိပါသည်။

A1 Family ၏ ထုတ်ကုန်များကို အဓိကအားဖြင့် ရန်ကုန်နှင့် မန္တလေးမြို့များရှိ ကိုယ်ပိုင်ဖြန့်ချီရေးဌာနများမှတစ်ဆင့်နှင့် Makro၊ City Mart၊ Capital နှင့် Sein Gayhar ကဲ့သို့သော အဆင့်မြင့်ဈေးကွက်များသို့ လည်းကောင်း wet Market စျေးများ ဆိုင်ခန်းများသို့လည်းကောင်း ဖြန့်ဖြူးရောင်းချပါသည်။

A1 Familyသည် HALAL အသိအမှတ်ပြုလက်မှတ်၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)လက်မှတ်၊ HACCP ၊ GMP နှင့် ISO 22000:2018 အသိအမှတ်ပြုလက်မှတ်များ ရရှိထားပါသည်။

**ထုတ်ကုန်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-**
၁. ငရုတ်သီးအနုမှုန့်
၂. ငရုတ်သီးအကြမ်းမှုန့်
၃. ငရုတ်အရောင်တင်မှုန့်
၄. ငရုတ်သီးအလှော်မှုန့်
၅. နနွင်းမှုန့်
၆. ငရုတ်သီးခြောက်
၇. အညှာခြွေ ငရုတ်သီးခြောက်
၈. ဂျင်းမှုန့်
၉. ကြက်သွန်ဖြူမှုန့်
၁၀. ကြက်သွန်နီမှုန့်
၁၁. ကြက်သွန်နီခြောက်
၁၂. ကြက်သွန်နီကြော်
၁၃. ကြက်သွန်ဖြူကြော်
၁၄. မဆလာ
၁၅. ငရုတ်ကောင်းမှုန့်
၁၆. ရသာမှုန့်
၁၇. မာလာရှန်းကောအနှစ်
၁၈. ငရုတ်သီးနှမ်းကပ်ကြော်
Spicy အနှစ်
BBQ မာလာမှုန့်
အကောင့်မရှိသေးဘူးလား?
မှတ်ပုံတင်မယ်

လုပ်သက်အဆင့်

အတွေ့အကြုံမရှိ

အလုပ်အမျိုးအစား

စက်ရုံနှင့် အထည်ချုပ်

နောက်ထပ်အလားတူအလုပ်များ

သူငယ်ချင်းနဲ့မျှဝေလိုက်ပါ

Verify your Mobile number
to get More Job Offers
မြန်မာမိုဘိုင်းနံပါတ်ကမမှန်ကန်ပါ၊ ထပ်မံကြိုးစားပါ။
SMS Code ပို့ပါ
x
SMS Message Display
Alote MM
ဒီတောင်းဆိုချက်ကို သင်မလုပ်ခဲ့လျှင် Facebook မှတဆင့် ကျွန်ုပ်တို့ဆီ စာပို့ပေးပါ။
OK
x
စီစစ်ရန် ကုဒ်နံပါတ်ကို
ဤဖုန်းနံပါတ်သို့ SMS ပို့ထားပါသည်
SMS ကုဒ် မှားနေပါတယ်
အတည်ပြုမည်
x
ကျေးဇူးတင်ပါတယ်
သင့်ဖုန်းမှန်ကန်ကြောင်း အောင်မြင်စွာ အတည်ပြုပြီးပါပြီ
OK
X
သင့်လျှို့ဝှက်နံပါတ် အရိပ်အမြွက်:
OK
X
x