ဝမ်းနည်းပါတယ်၊ သင်၏ပရိုဖိုင်သည် 60% နှင့်အထက် ရှိရမည်ဖြစ်ပြီး (1) အလုပ်အတွေ့အကြုံ (2) သင်လုပ်ကိုင်နိုင်သည့် အလုပ်ရာထူးများ (3) သင့်ပညာရေး အသေးစိတ်တို့ ပါဝင်ရမည်။

Sales Admin / Office Staff

အချက်အလက်ရေးသွင်းသူ | Data Entry
Amigos International Co.,Ltd

Sales Admin / Office Staff

အချက်အလက်ရေးသွင်းသူ | Data Entry
1 ဦး
Amigos International Co.,Ltd
1 ဦး
အတည်ပြုပြီး
သင်္ဃန်းကျွန်း | ရန်ကုန်တိုင်း
အချိန်ပြည့်
လွန်ခဲ့သော 8 နာရီက အလုပ်ခန့်အပ်သူ active ဖြစ်နေခဲ့သည် ဤကုမ္ပဏီမှ အလုပ်ခန့်အပ်သူ လျှောက်လွှာများကို နောက်ဆုံးကြည့်ရှုခဲ့သည့် အချိန်။

လုပ်သက်အဆင့်

အတွေ့အကြုံမရှိ

အလုပ်အမျိုးအစား

ရုံးလုပ်ငန်း စီမံခန့်ခွဲရေး
လုပ်ဆောင်ရမည့်တာဝန်များတင်သောနေ့: 12 Jan 2026
  • ဖောက်သည်များနှင့် ဆက်သွယ်ခြင်း၊ သူတို့၏လိုလားချက်များကို နားထောင်၍ လုပ်ငန်းနှင့်ကိုက်ညီသော  ဈေးနုန်းနှိုင်းယှဉ်လွှာများ တင်ပြခြင်း။  
  • ဌာန၏ ကုန်ပစ္စည်းရောင်းအားကိုမြှင့်တင်ရန် ကူညီပေးခြင်း။ 
  • အရောင်းဝန်ထမ်းများ အတွက် လိုအပ်သော အရောင်းအထောက်အကူပြုပစ္စည်းများ ရရှိစေရန် အခြား ဌာနများနှင့် ဆက်သွယ်၍ ကူညီပေးခြင်း။ 
  • ဖောက်သည်များထံမှ အရေးပေါ် ဖုန်းခေါ်ဆိုမှုများ၊ အီးမေးလ်များနှင့် မက်ဆေ့ချ်များကို တုံ့ပြန်ဖြေကြားခြင်း။ 
  • ဖောက်သည်များ၏ စုံစမ်းမှုများကို ဖြေကြားခြင်း၊ ဈေးနှုန်းများ ပေးပို့ခြင်း၊ အရောင်း မှတ်တမ်းများ သိမ်းဆည်းခြင်း။  
  • ကုန်ပစ္စည်းရောင်းချမှု၊ စျေးကွက် အခြေအနေ၊ စုံစမ်းမေးမြန်းမှုများနှင့် ကုန်ပစ္စည်း ပေးပို့မှုများကို ထိရောက်စွာ ကိုင်တွယ်ရန် အခြားဌာနများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း။ 

အခွင့်အရေးရှိသူ :

လိုအပ်သောအရည်အချင်း

  • တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူ (သို့) ဘွဲ့ကြိုသင်တန်းတစ်ခုခု တက်ရောက်နေသူ ဖြစ်ရမည်။  
  • Microsoft Application များဖြစ်သော Word, Excel, Powerpoint နှင့် Email ကို ကျွမ်းကျင်စွာအသုံးပြုနိုင်ရမည်။  
  • Microsoft Excel နှင့် မြန်မာလက်ကွက်ကို ကျွမ်းကျင်စွာအသုံးပြုနိုင်ရမည်။ 
  • ဖောက်သည်များထံမှ ဖုန်းဖြင့်ဆက်သွယ်လာမှုကို လက်ခံ‌ဖြေကြားပြီး သူတို့၏ လိုအပ်ချက်များကို သိရှိအောင်မေးမြန်း‌ဆောင်ရွက်ရမည်။  
  • Sales Quotation များ ပြင်ဆင်ဆောင်ရွက်ပေးရမည်။  
  • Office Staff (သို့) Sales Admin (သို့) Sales Coordinator ရာထူးဖြင့် လုပ်ကိုင်ဖူးသူ ဦးစားပေးမည်။  
  • ဖောက်သည်များအား အကောင်းဆုံး ၀န်ဆောင်မှု ပေးချင်သည့် စိတ်အားထက်သန်သူ ဖြစ်ရမည်။  

What We Can Offer

အကျိုးအမြတ်

နေ့စဉ်စားသောက်စရိတ်
ရုံးတက်ဘတ်စ်ကားခ
ခရီးစရိတ်
ရုံးတက်မှန်စရိတ်
ဖုန်းဘေလ်
ဘောနပ်စ်
အချိန်ပိုလုပ်ခ
ခွင့်မယူသည့်ရက်ပြန်အမ်းငွေ
အတိုးမဲ့ချေးငွေ

ထူးခြားချက်များ

စနေ၊တနင်္ဂ‌နွေနှင့်အစိုးရရုံးပိတ်ရက်
နိုင်ငံခြားသင်တန်းများ
သန့်ရှင်းသပ်ရပ်သောရုံး
ပျော်စရာကောင်းသောလုပ်ငန်းခွင်
ကူညီတတ်သောလုပ်ဖော်ကိုင်ဖက်များ

အခွင့်အလမ်းများ

စဉ်ဆက်မပြတ်လုပ်ငန်းကျွမ်းကျင်မှုနှင့် ဖွံ့ဖြိုးမှုဆိုင်ရာသင်တန်းများ
မိမိအရည်အချင်းပေါ်တွင်သာအခြေခံသောရာထူး၊လစာတိုးမြှင့်ခြင်းစနစ်

ကျွန်ုပ်တို့ကုမ္ပဏီအကြောင်း

ကုမ္ပဏီ အကျဉ်းချုပ်
Amigos International Co., Ltd ကို ၂၀၁၀ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး သိပ္ပံ၊ အင်ဂျင်နီယာနှင့် ဓာတ်ခွဲခန်းသုံး စမ်းသပ်စစ်ဆေးရေးပစ္စည်းများကို တင်သွင်းဖြန့်ဖြူး၍ ဝန်ဆောင်မှုပေးခြင်းကို တက်ကြွစွာဆောင်ရွက်လျှက်ရှိသည့် ကုမ္ပဏီတစ်ခုဖြစ် ပါသည်။ ကုမ္ပဏီ၏ အဓိကလုပ်ငန်းမှာ သိပ္ပံ၊ အင်ဂျင်နီယာနှင့် နည်းပညာဆိုင်ရာပစ္စည်းများဖြစ်သည့်အတွက်ရောင်ချပြီးဝန်ဆောင်မှုစနစ်သည် အရေးကြီးပါသည်။ သို့ဖြစ်၍ရောင်းချပြီးဝန်ဆောင်မှုများ ဖြစ်သောစက်ကိုင်တွယ်မှုသင်တန်းများပေးခြင်း၊ စက်ကိရိယာများ ပြန်လည်ချိန်ညှိခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း အစရှိသည့်လုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ တောင်ကြီး တို့တွင် အရောင်းနှင့် ဆားဗစ်ဝန်ဆောင်မှုရုံးများ ဖွင့်လှစ်ထားရှိပါသည်။

အဓိကရောင်းချလျက်ရှိသော ပစ္စည်းကိရိယာများနှင့် ဝန်ဆောင်မှုများမှာ-
၁. မြေတိုင်းတာရေးလုပ်ငန်းသုံးပစ္စည်း
၂. မြေသား၊ ကွန်ကရစ်နှင့် ကတ္တရာစမ်းသပ်ရေးပစ္စည်း
၃. ပတ်ဝန်းကျင်အရည်အသွေး စစ်ဆေးရေးပစ္စည်း
၄.မိုးလေဝသ၊ စိုက်ပျိုးရေးဆိုင်ရာ သုတေသနနှင့် တိုင်းထွာရေးပစ္စည်း
၅.ရေကြောင်းတိုင်းတာရေး လုပ်ငန်းသုံးပစ္စည်း
၆.ဘူမိဗေဒလေ့လာရှာဖွေရေးလုပ်ငန်းသုံးပစ္စည်း
၇. မြေတိုင်းတာမှုနှင့် ဒစ်ဂျစ်တယ် မြေပုံရေးဆွဲရေး ဝန်ဆောင်မှုလုပ်ငန်း
၈.ရေနှင့်သတ္တုအရည်အသွေး ဓာတ်ခွဲခန်းဝန်ဆောင်မှု
၉.စက်ပြန်လည်ချိန်ညှိခြင်း ဝန်ဆောင်မှု့လုပ်ငန်း

ကုမ္ပဏီ၏မျှော်မှန်းချက်
ဝန်ထမ်းများအတွက်ပိုမိုကောင်းမွန်သော ဘဝတစ်ခုဖန်တီးရန် "Joy@Work"

ကုမ္ပဏီ၏ရည်မှန်းချက်
၁.အလုပ်၊ဘဝနှင့် ဖွံ့ဖြိုးတိုးတက်မှု ဟန်ချက်ညီစေရန်
၂. ပျော်ရွှင်ဖွယ်ကောင်းသော လုပ်ငန်းခွင်တည်ဆောက်ရန်
၃.ဝန်ထမ်းများ၏ အရည်အချင်းနှင့် ဘဝများကို မြှင့်တင်ရန်
၄.မိမိတို့၏ဝန်ဆောင်မှုနှင့် ခံယူချက်များဖြင့် ဖောက်သည်များ၏ လုပ်ငန်းများပိုမို တိုးတက်အောင်ဆောင်ရွက်ရန်

ဘာကြောင့် ကျွန်ုပ်တို့နဲ့ ပူးပေါင်းသင့်တာလဲ
ကုမ္ပဏီတွင် အလုပ်-ဘဝ-အသိဉာဏ်ဖွံ့ဖြိုးတိုးတက်ရေး ဟန်ချက်ညီမျှမည်မှာ သေချာပါသည်။ တစ်ပတ်လျှင် အလုပ်ချိန် ၄၂ နာရီခန့်သာရှိပြီး စနေနှင့် တနင်္ဂနွေ နှစ်ရက်စလုံး ပိတ်သောကြောင့် အလွန်အဆင်ပြေပါသည်။ ကွန်ပျူတာ၊ ကော်ပီစက်၊ စကဲန်နာစက်၊ မော်တော်ယာဉ်နှင့် လေအေးပေးစက်ကဲ့သို့သော ရုံးအခြေခံစက်ပစ္စည်းများနှင့်အတူ အမြဲအေးဆေးမွှေးကြိုင်ပြီး သပ်ရပ်သော လုပ်ငန်းခွင်ရှိပါသည်။ အမြဲတမ်း ဝန်ထမ်းအဖြစ်ခန့်အပ်ခံရပါက ကျန်းမာရေးအာမခံပေါ်လစီများကို ခံစားနိုင်ပါသည်။ ငယ်ရွယ်တက်ကြွ ပျော်ရွင်ပြီး ကူညီပေး တတ်သော ဝန်ထမ်းများနှင့် အတူတကွလက်တွဲလုပ်ဆောင်ရမည် ဖြစ်ပါသည်။ လုပ်ငန်းခွင်ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများကို မြန်မာနိုင်ငံအတွင်းသာမက နိုင်ငံခြားသို့စေလွှတ်၍ သင်ယူစေခြင်းကြောင့် သင်၏ကျွမ်းကျင်မှုနှင့် အသိပညာကို နောက်တစ်ဆင့်မြှင့်တင်ရန် အကောင်းဆုံး နေရာဖြစ်ပါသည်။ မိမိတို့ Amigos Team မှ "Joy@Work" ဆိုတဲ့ဆောင်ပုဒ်နဲ့ သင့်ကို ကြိုဆိုလျက်ရှိပါသည်။


ကျွန်ုပ်တို့ရဲ့ ခံယူချက်
မည်မျှပင်အခက်အခဲနှင့်ရင်ဆိုင်ရပါစေ ဖောက်သည်များအားမိမိတို့ရောင်းချသည့်ပစ္စည်းများနှင့် ဝန်ဆောင်မှုများအကြောင်းကို “အမှန်အတိုင်း” ပြောဆိုရန်မှာ ကျွန်ုပ်တို့၏ခိုင်မာသောသမာဓိ ဖြစ်ပါသည်။ ဝန်ထမ်းတိုင်းသည် "အမှန်ပြောဆိုခြင်း" ဆိုသည့်စရိုက်လက္ခဏာများကိုထာဝစဉ်ထိန်းသိမ်းမွေးမြူရမည်ဖြစ်ပါသည်။ အဆိုပါဗီဇသည် ကုမ္ပဏီတွင်ရှိသောထိပ်တန်းဒါရိုက်တာများမှအောက်ခြေဝန်ထမ်းများအထိနက်ရှိုင်းစွာတည်ရှိရမည်ဖြစ်ပါသည်။ ဤအချက်နှင့်အတူ အကောင်းမြင်စိတ်မွေးမြူ၍ အလုပ်ကြိုးစားခြင်းဟူသောယဉ်ကျေးမှုရပ်ဝန်းတစ်ခုအဖြစ်ခိုင်မာစွာတည်ဆောက်ထားပါသည်။
အကောင့်မရှိသေးဘူးလား?
မှတ်ပုံတင်မယ်

လုပ်သက်အဆင့်

အတွေ့အကြုံမရှိ

အလုပ်အမျိုးအစား

ရုံးလုပ်ငန်း စီမံခန့်ခွဲရေး

နောက်ထပ်အလားတူအလုပ်များ

Junior Admin Staff

Eastern Group of Companies သင်္ဃန်းကျွန်း | ရန်ကုန်တိုင်း

Office Staff

Hope Cleaning Services သင်္ဃန်းကျွန်း | ရန်ကုန်တိုင်း

Admin Assistant

Snoopy Mobile သင်္ဃန်းကျွန်း | ရန်ကုန်တိုင်း

HR & Admin Supervisor

DIKA Group သင်္ဃန်းကျွန်း | ရန်ကုန်တိုင်း

Admin Executive

Nook Interior & Construction Co.,Ltd သင်္ဃန်းကျွန်း | ရန်ကုန်တိုင်း

HR Assistant

Jasmine Dental Center ကမာရွတ် | ရန်ကုန်တိုင်း

Office Staff

Legendary Myanmar Shipping & Logistics Co., Ltd စမ်းချောင်း | ရန်ကုန်တိုင်း

Office Staff ( Male & Female )

LA PYI WUN COMPANY LIMITED ဒဂုံ | ရန်ကုန်တိုင်း

ရုံးအကူဝန်ထမ်း

Omni Focus General Service Public Co.,Ltd လှိုင်သာယာ | ရန်ကုန်တိုင်း

ရုံးအကူ - Office Staff

Omni Focus General Service Public Co.,Ltd လှိုင်သာယာ | ရန်ကုန်တိုင်း

ရုံးအကူဝန်ထမ်း

Thuriya Win Int'l Co.,Ltd (Nagar Pyan Tea) ကမာရွတ် | ရန်ကုန်တိုင်း

Office Staff

MiThaSu Mart မရမ်းကုန်း | ရန်ကုန်တိုင်း

သူငယ်ချင်းနဲ့မျှဝေလိုက်ပါ

Verify your Mobile number
to get More Job Offers
မြန်မာမိုဘိုင်းနံပါတ်ကမမှန်ကန်ပါ၊ ထပ်မံကြိုးစားပါ။
SMS Code ပို့ပါ
x
SMS Message Display
Alote MM
ဒီတောင်းဆိုချက်ကို သင်မလုပ်ခဲ့လျှင် Facebook မှတဆင့် ကျွန်ုပ်တို့ဆီ စာပို့ပေးပါ။
OK
x
စီစစ်ရန် ကုဒ်နံပါတ်ကို
ဤဖုန်းနံပါတ်သို့ SMS ပို့ထားပါသည်
SMS ကုဒ် မှားနေပါတယ်
အတည်ပြုမည်
x
ကျေးဇူးတင်ပါတယ်
သင့်ဖုန်းမှန်ကန်ကြောင်း အောင်မြင်စွာ အတည်ပြုပြီးပါပြီ
OK
X
သင့်လျှို့ဝှက်နံပါတ် အရိပ်အမြွက်:
OK
X
x