ကျွန်ုပ်တို့ကုမ္ပဏီအကြောင်း
Shwe Taung Group သည် မြန်မာနိုင်ငံ၏ ထိပ်တန်း ကော်ပိုရေးရှင်းများထဲမှ တစ်ခုဖြစ်ပြီး ဝန်ထမ်းအင်အား ၇,၀၀၀ ခန့် ဖြင့် လည်ပတ်လျက်ရှိပါသည်။
ကျွန်ုပ်တို့၏ လုပ်ငန်းအစုစုသည် Building Materials (ဆောက်လုပ်ရေးပစ္စည်းများ)၊ Distribution (ဖြန့်ချိရေးလုပ်ငန်း)၊ Engineering & Construction (အင်ဂျင်နီယာနှင့် ဆောက်လုပ်ရေးလုပ်ငန်း)၊ Infrastructure Investment (အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှု)၊ Lifestyle (လူနေမှုဘဝဝန်ဆောင်မှုလုပ်ငန်းများ) နှင့် Real Estate (အိမ်ခြံမြေလုပ်ငန်း) ဟူသော အဓိကလုပ်ငန်းကဏ္ဍ (၆) ခုကို အဓိကထား ဆောင်ရွက်လျက်ရှိပါသည်။
ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်ရေး (Sustainability) သည် ကျွန်ုပ်တို့၏ လုပ်ငန်းမဟာဗျူဟာ၏ အဓိကအခြေခံဖြစ်ပါသည်။ လူမှုအသိုင်းအဝိုင်း ဖွံ့ဖြိုးတိုးတက်ရေး၊ လူ့စွမ်းအားအရင်းအမြစ် မြှင့်တင်ရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ကော်ပိုရိတ်အုပ်ချုပ်မှုစနစ် (Corporate Governance) အားကောင်းလာစေရန် Corporate Social Responsibility (CSR) အစီအစဉ်များစွာတွင် ဆက်လက်ရင်းနှီးမြှုပ်နှံလျက်ရှိပါသည်။
Shwe Taung Group သည် တန်းတူညီမျှ အလုပ်အကိုင်အခွင့်အလမ်းများကို ပေးအပ်သည့် အလုပ်ရှင်ဖြစ်ပြီး အလုပ်လျှောက်ထားသူများအား လူမျိုး၊ ကိုးကွယ်သည့်ဘာသာ၊ လိင်၊ ကျား/မ အမျိုးအစား၊ ကိုယ်ခန္ဓာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ မသန်စွမ်းမှု သို့မဟုတ် အသက်အရွယ်တို့အပေါ် အခြေခံ၍ ခွဲခြားဆက်ဆံမှု မပြုလုပ်ပါ။