ဝမ်းနည်းပါတယ်၊ သင်၏ပရိုဖိုင်သည် 60% နှင့်အထက် ရှိရမည်ဖြစ်ပြီး (1) အလုပ်အတွေ့အကြုံ (2) သင်လုပ်ကိုင်နိုင်သည့် အလုပ်ရာထူးများ (3) သင့်ပညာရေး အသေးစိတ်တို့ ပါဝင်ရမည်။

Sales Executive - အရောင်းတာဝန်ခံ

စီးပွားရေးနယ်ပယ်အရောင်း | Business Sales Representative
Designer Won Yone

Sales Executive - အရောင်းတာဝန်ခံ

စီးပွားရေးနယ်ပယ်အရောင်း | Business Sales Representative
1 ဦး
Designer Won Yone
1 ဦး
အတည်ပြုပြီး
သင်္ဃန်းကျွန်း | ရန်ကုန်တိုင်း
အချိန်ပြည့်
လွန်ခဲ့သော 3 ရက်က အလုပ်ခန့်အပ်သူ active ဖြစ်နေခဲ့သည် ဤကုမ္ပဏီမှ အလုပ်ခန့်အပ်သူ လျှောက်လွှာများကို နောက်ဆုံးကြည့်ရှုခဲ့သည့် အချိန်။

လုပ်သက်အဆင့်

အတွေ့အကြုံရှိ

အလုပ်အမျိုးအစား

အရောင်းပိုင်းဆိုင်ရာအလုပ်အကိုင်
လုပ်ဆောင်ရမည့်တာဝန်များတင်သောနေ့: 28 Sep 2026
  • နေ့စဉ်အရောင်းစာရင်းများကို မှန်ကန်စွာ မှတ်တမ်းတင်ခြင်းနှင့် Update ပြုလုပ်ပေးရမည်။
  • နေ့စဉ်အရောင်းအော်ဒါများကို လက်ခံစစ်ဆေးပြီး သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်နိုင်ရမည်။
  • Walk In Customer နှင့် Online Customer များကို စီမံခန့်ခွဲ၍ စနစ်တကျ ရောင်းချနိုင်ရမည်။
  • Daily Stock များ စစ်ဆေး၍ Inventory စာရင်းလုပ်ခြင်းနှင့် လိုအပ်ပါက Stock ပြန်လည်ဖြည့်တင်းရန် ကိစ္စများ ဆောင်ရွက်နိုင်ရမည်။
  • နေ့စဉ်အရောင်းအော်ဒါများ လက်ခံခြင်းနှင့် Delivery ပို့ဆောင်ခြင်းများကို ဆောင်ရွက်နိုင်ရမည်။
  • Customer များကို နွေးထွေးစွာ ဧည့်ဝတ်ပြုကာ Customer များ၏ လိုအပ်ချက်များကို ကူညီအကြံပေးနိုင်ရမည်။
  • Customer Database နှင့် အရောင်းမှတ်တမ်းများကို စနစ်တကျ ထိန်းသိမ်းခြင်းများ ပြုလုပ်နိုင်ရမည်။
  • အခြား Department များနှင့် ပူးပေါင်းပါဝင်၍ အရောင်းစွမ်းရည်များ မြှင့်တင်ရောင်းချနိုင်ရမည်။
  • သတ်မှတ်ထားသော Sales Target များကို ပြည့်မီစေရန် တက်ကြွစွာ ရောင်းချနိုင်ရမည်။
  • ရုပ်ရည်အသင့်အတင့်ရှိပြီး Personal Hygiene ကောင်းမွန်၍ သွက်လက်ဖော်ရွေစွာ ဆက်ဆံနိုင်ရမည်။
  • Facebook, TikTok အစရှိသော Social Platform များတွင် Live Sales ရောင်းချခြင်းများ ဆောင်ရွက်နိုင်ရမည်။
  • Management Team မှ ပေးအပ်သော တာဝန်များကို ကျေပွန်စွာ ဆောင်ရွက်နိုင်ရမည်။

အခွင့်အရေးရှိသူ :

ကျား/မ

လိုအပ်သောအရည်အချင်း

  • တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူ ဖြစ်ရမည်။
  • Sales Admin သို့မဟုတ် Administration ပိုင်းတွင် အနည်းဆုံး (၁) နှစ် အတွေ့အကြုံရှိသူ ဖြစ်ရမည်။
  • အခြေခံ ကွန်ပျူတာ အသုံးပြုနိုင်ရမည်။
  • Stock Control နှင့် Sales Report လုပ်နိုင်ရမည်။
  • Customer Service အတွေ့အကြုံ ရှိသူများကို ဦးစားပေးမည်။
  • စကားပြော ယဉ်ကျေးပြီး တစ်ကိုယ်ရည် သန့်ရှင်းမှုရှိရမည်။ မိမိပတ်ဝန်းကျင်အတွင်း သန့်ရှင်းသပ်ရပ်စွာ နေထိုင်သူ ဖြစ်ရမည်။
  • အကျင့်စာရိတ္တ ကောင်းမွန်ပြီး ပေါင်းသင်းဆက်ဆံရေး ပြေပြစ်သူ ဖြစ်ရမည်။
  • Fashion Retail လုပ်ငန်း အတွေ့အကြုံရှိသူကို ဦးစားပေးမည်။

What We Can Offer

အကျိုးအမြတ်

ရက်မှန်ကြေး
incentive
Bonus

ထူးခြားချက်များ

တက္ကသိုလ်ဝင်တန်း အောင်
Sale အတွေ့အကြုံရှိသူ
အခြေခံ ကွန်ပျူတာ
Customer Service အတွေ့အကြုံ ရှိသူများကို ဦးစားပေး

အခွင့်အလမ်းများ

Good working environment
fashion design
professional growth opportunity along with our business expansion

ကျွန်ုပ်တို့ကုမ္ပဏီအကြောင်း

Won Yone – Your Unique Design အကြောင်း

**Won Yone – Your Unique Design** သည် Fashion Designer **Won Yone** ဦးဆောင်သော မြန်မာ Fashion Brand တစ်ခုဖြစ်ပြီး Bridal Wear၊ Evening Wear နှင့် Special Occasion Wear များကို Customer တစ်ဦးချင်းစီ၏ ကိုယ်ပိုင်စတိုင်၊ လိုအပ်ချက်နှင့် အခမ်းအနားတိုင်း၏ ထူးခြားမှုတို့အပေါ် အခြေခံကာ ဒီဇိုင်းရေးဆွဲ ဖန်တီးချုပ်လုပ်ပေးလျက်ရှိပါသည်။

ဖန်တီးမှုတိုင်းတွင် ထူးခြားဆန်းသစ်သော ဒီဇိုင်း၊ အရည်အသွေးမြင့် လက်ရာနှင့် အသေးစိတ်အချက်အလက်တိုင်းအပေါ် ဂရုစိုက်မှုတို့ကို အဓိကထားပြီး Customer တစ်ဦးချင်းစီအတွက် အမှတ်တရဖြစ်စေမည့် ဝတ်စုံများကို စိတ်အားထက်သန်မှုနှင့် ကျွမ်းကျင်မှုတို့ဖြင့် ဖန်တီးပေးလျက်ရှိပါသည်။

Won Yone သည် ဝတ်စုံဖန်တီးမှုတစ်ခုတည်းသာမက Customer တစ်ဦးချင်းစီအတွက် နွေးထွေးပြီး အရည်အသွေးမြင့်မားသော ဝန်ဆောင်မှုနှင့် ထူးခြားသည့် Fashion Experience တစ်ခုကို ပေးစွမ်းနိုင်ရန် အစဉ်အမြဲ ကြိုးပမ်းလျက်ရှိပါသည်။

လုပ်ငန်းတိုးတက်ချဲ့ထွင်လာသည်နှင့်အမျှ တီထွင်ဖန်တီးမှု၊ အရည်အသွေး၊ Professionalism နှင့် Teamwork တို့ကို တန်ဖိုးထားသည့် အဖွဲ့အစည်းတစ်ခုအဖြစ် ရေရှည်တိုးတက်ရန် ရည်ရွယ်ထားပြီး Won Yone နှင့်အတူ လက်တွဲကာ သင်ယူတိုးတက်ပြီး မိမိ၏ Career ကို တည်ဆောက်လိုသော ထက်မြက်၍ စိတ်အားထက်သန်သည့် Professionals များကို ကြိုဆိုလျက်ရှိပါသည်။
အကောင့်မရှိသေးဘူးလား?
မှတ်ပုံတင်မယ်

လုပ်သက်အဆင့်

အတွေ့အကြုံရှိ

အလုပ်အမျိုးအစား

အရောင်းပိုင်းဆိုင်ရာအလုပ်အကိုင်

နောက်ထပ်အလားတူအလုပ်များ

Sales & Marketing Assistant

Grace Win Co.,Ltd သင်္ဃန်းကျွန်း | ရန်ကုန်တိုင်း

𝐒𝐚𝐥𝐞𝐬 𝐑𝐞𝐩𝐫𝐞𝐬𝐞𝐧𝐭𝐚𝐭𝐢𝐯𝐞

PYAE PHYO - Electronics သင်္ဃန်းကျွန်း | ရန်ကုန်တိုင်း

Medical Sales Representative

Orchid Pharmacy သစ်ခွဆေးဆိုင် သင်္ဃန်းကျွန်း | ရန်ကုန်တိုင်း

Medical Sales Staff

Orchid Pharmacy သစ်ခွဆေးဆိုင် သင်္ဃန်းကျွန်း | ရန်ကုန်တိုင်း

အရောင်းဝန်ထမ်း (သင်္ဃန်းကျွန်း Showroom)

CANAL PLUS MYANMAR LIMITED သင်္ဃန်းကျွန်း | ရန်ကုန်တိုင်း

Shop Supervisor

Honey Hive (YGN) Co., Ltd. သင်္ဃန်းကျွန်း | ရန်ကုန်တိုင်း

Marketing & Sales Supervisor

Realm Co.,Ltd သင်္ဃန်းကျွန်း | ရန်ကုန်တိုင်း

Telesales Staff

DIKA Group သင်္ဃန်းကျွန်း | ရန်ကုန်တိုင်း

Sales Assistant

Dongfeng Myanmar သင်္ဃန်းကျွန်း | ရန်ကုန်တိုင်း

Sales Staff ( Online And Offline )

City Galaxy Co.,Ltd သင်္ဃန်းကျွန်း | ရန်ကုန်တိုင်း

Sales Staff

Happy Baby သင်္ဃန်းကျွန်း | ရန်ကုန်တိုင်း

Sales Supervsior

Happy Baby သင်္ဃန်းကျွန်း | ရန်ကုန်တိုင်း

သူငယ်ချင်းနဲ့မျှဝေလိုက်ပါ

Verify your Mobile number
to get More Job Offers
မြန်မာမိုဘိုင်းနံပါတ်ကမမှန်ကန်ပါ၊ ထပ်မံကြိုးစားပါ။
SMS Code ပို့ပါ
x
SMS Message Display
Alote MM
ဒီတောင်းဆိုချက်ကို သင်မလုပ်ခဲ့လျှင် Facebook မှတဆင့် ကျွန်ုပ်တို့ဆီ စာပို့ပေးပါ။
OK
x
စီစစ်ရန် ကုဒ်နံပါတ်ကို
ဤဖုန်းနံပါတ်သို့ SMS ပို့ထားပါသည်
SMS ကုဒ် မှားနေပါတယ်
အတည်ပြုမည်
x
ကျေးဇူးတင်ပါတယ်
သင့်ဖုန်းမှန်ကန်ကြောင်း အောင်မြင်စွာ အတည်ပြုပြီးပါပြီ
OK
X
သင့်လျှို့ဝှက်နံပါတ် အရိပ်အမြွက်:
OK
X
x