ဝမ်းနည်းပါတယ်၊ သင်၏ပရိုဖိုင်သည် 60% နှင့်အထက် ရှိရမည်ဖြစ်ပြီး (1) အလုပ်အတွေ့အကြုံ (2) သင်လုပ်ကိုင်နိုင်သည့် အလုပ်ရာထူးများ (3) သင့်ပညာရေး အသေးစိတ်တို့ ပါဝင်ရမည်။

Sales Representative (For Mandalay)

ဆိုင်အရောင်းစာရေး | Shop Sales, Sales Representative
Amigos International Co.,Ltd

Sales Representative (For Mandalay)

ဆိုင်အရောင်းစာရေး | Shop Sales, Sales Representative
1 ဦး
Amigos International Co.,Ltd
1 ဦး
အတည်ပြုပြီး
အောင်မြေသာဇံ | မန္တလေးတိုင်း
အချိန်ပြည့်
လွန်ခဲ့သော 1 ရက်က အလုပ်ခန့်အပ်သူ active ဖြစ်နေခဲ့သည် ဤကုမ္ပဏီမှ အလုပ်ခန့်အပ်သူ လျှောက်လွှာများကို နောက်ဆုံးကြည့်ရှုခဲ့သည့် အချိန်။

လုပ်သက်အဆင့်

အတွေ့အကြုံမရှိ

အလုပ်အမျိုးအစား

အရောင်းပိုင်းဆိုင်ရာအလုပ်အကိုင်
လုပ်ဆောင်ရမည့်တာဝန်များတင်သောနေ့: လွန်ခဲ့သော ၁ပတ်
  • မိမိအား ပေးထားသော နှစ်စဉ် အရောင်းသတ်မှတ်ချက် ပြည့်မှီ ကျော်လွန်အောင် ဆောင်ရွက်ခြင်း။ 
  • ဖောက်သည်အသစ်များနှင့် အဟောင်းများထံသို့သွားရောက်၍ ၎င်းတို့၏ လိုအပ်ချက်များနှင့် လိုလားချက်များအား လေ့လာပြီး ကုမ္ပဏီ၏ ပစ္စည်းကိရိယာများနှင့် ဝန်ဆောင်မှုများကို ရှင်းပြ၍ရောင်းချခြင်း၊၊  
  • ဖောက်သည်များ၏ လုပ်ငန်းလိုအပ်ချက်နှင့် အကိုက်ညီဆုံးဖြစ်သော ပစ္စည်းကိရိယာနှင့် ဝန်ဆောင်မှုများကို ရွေးချယ်၍ စျေးနှုန်းတင်ပြခြင်း၊  
  • ဖောက်သည်ကွန်ရက်များ တည်ဆောက်ရန်အတွက် ဖောက်သည်များ၏ အချက်အလက် ဒေတာကို မှတ်တမ်းတင်ခြင်း။ 
  • နေ့စဉ်နှင့် လစဉ် အရောင်းလုပ်ငန်း အစီရင်ခံစာများကို ပြုစုခြင်း၊၊ 

အခွင့်အရေးရှိသူ :

ကျား/မ

လိုအပ်သောအရည်အချင်း

  • လုပ်ငန်းအတွေ့အကြုံရှိရန် မလိုအပ်ပါ။
  • တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူဖြစ်ရမည် (သို့) ဘွဲ့ကြိုသင်တန်းတစ်ခုခုတက်ရောက်နေသူ ဖြစ်ရမည်။  
  • Microsoft Application များဖြစ်သော Word, Excel, Powerpoint နှင့် Email ကို ကျွမ်းကျင်စွာအသုံးပြုနိုင်ရမည်။  
  • အောက်ပါ ပစ္စည်းကိရိယာနှင့် နည်းပညာ တစ်ခုခု၌ စိတ်ပါဝင်စားသူ/စိတ်အားထက်သန်သူ ဖြစ်ရမည်။  
    • မြေတိုင်းတာခြင်းကိရိယာများ အရောင်းမြင့်တင်ခြင်း။  
    • မြေသား၊ ကွန်ကရစ်နှင့် ကတ္တရာ အရည်အသွေး စမ်းသပ်စစ်ဆေးရေး ကိရိယာများနှင့် အင်ဂျင်နီယာဘူမိဗေဒ နည်းပညာဆိုင်ရာ စမ်းသပ်ကိရိယာများ အရောင်းမြှင့်တင်ခြင်း။
    • သိပ္ပံနှင့်ဓာတ်ခွဲခန်း စမ်းသပ်ကိရိယာ၊ပတ်ဝန်းကျင်နှင့်စိုက်ပျိုးရေးသုတေသနဆိုင်ရာ စမ်းသပ်ကိရိယာများအားအရောင်းမြှင့်တင်ခြင်း
    • ဘူမိဗေဒ လေ့လာရှာဖွေရေး လုပ်ငန်းသုံးပစ္စည်းကိရိယာများအား အရောင်းမြှင့်တင်ခြင်း။

What We Can Offer

အကျိုးအမြတ်

နေ့စဉ်စားသောက်စရိတ်
ရုံးတက်ဘတ်စ်ကားခ
ခရီးစရိတ်
ရုံးတက်မှန်စရိတ်
ဖုန်းဘေလ်
ဘောနပ်စ်
အချိန်ပိုလုပ်ခ
ခွင့်မယူသည့်ရက်ပြန်အမ်းငွေ
အတိုးမဲ့ချေးငွေ

ထူးခြားချက်များ

စနေ၊တနင်္ဂ‌နွေနှင့်အစိုးရရုံးပိတ်ရက်
နိုင်ငံခြားသင်တန်းများ
သန့်ရှင်းသပ်ရပ်သောရုံး
ပျော်စရာကောင်းသောလုပ်ငန်းခွင်
ကူညီတတ်သောလုပ်ဖော်ကိုင်ဖက်များ

အခွင့်အလမ်းများ

စဉ်ဆက်မပြတ်လုပ်ငန်းကျွမ်းကျင်မှုနှင့် ဖွံ့ဖြိုးမှုဆိုင်ရာသင်တန်းများ
မိမိအရည်အချင်းပေါ်တွင်သာအခြေခံသောရာထူး၊လစာတိုးမြှင့်ခြင်းစနစ်

ကျွန်ုပ်တို့ကုမ္ပဏီအကြောင်း

ကုမ္ပဏီ အကျဉ်းချုပ်
Amigos International Co., Ltd ကို ၂၀၁၀ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး သိပ္ပံ၊ အင်ဂျင်နီယာနှင့် ဓာတ်ခွဲခန်းသုံး စမ်းသပ်စစ်ဆေးရေးပစ္စည်းများကို တင်သွင်းဖြန့်ဖြူး၍ ဝန်ဆောင်မှုပေးခြင်းကို တက်ကြွစွာဆောင်ရွက်လျှက်ရှိသည့် ကုမ္ပဏီတစ်ခုဖြစ် ပါသည်။ ကုမ္ပဏီ၏ အဓိကလုပ်ငန်းမှာ သိပ္ပံ၊ အင်ဂျင်နီယာနှင့် နည်းပညာဆိုင်ရာပစ္စည်းများဖြစ်သည့်အတွက်ရောင်ချပြီးဝန်ဆောင်မှုစနစ်သည် အရေးကြီးပါသည်။ သို့ဖြစ်၍ရောင်းချပြီးဝန်ဆောင်မှုများ ဖြစ်သောစက်ကိုင်တွယ်မှုသင်တန်းများပေးခြင်း၊ စက်ကိရိယာများ ပြန်လည်ချိန်ညှိခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း အစရှိသည့်လုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ တောင်ကြီး တို့တွင် အရောင်းနှင့် ဆားဗစ်ဝန်ဆောင်မှုရုံးများ ဖွင့်လှစ်ထားရှိပါသည်။

အဓိကရောင်းချလျက်ရှိသော ပစ္စည်းကိရိယာများနှင့် ဝန်ဆောင်မှုများမှာ-
၁. မြေတိုင်းတာရေးလုပ်ငန်းသုံးပစ္စည်း
၂. မြေသား၊ ကွန်ကရစ်နှင့် ကတ္တရာစမ်းသပ်ရေးပစ္စည်း
၃. ပတ်ဝန်းကျင်အရည်အသွေး စစ်ဆေးရေးပစ္စည်း
၄.မိုးလေဝသ၊ စိုက်ပျိုးရေးဆိုင်ရာ သုတေသနနှင့် တိုင်းထွာရေးပစ္စည်း
၅.ရေကြောင်းတိုင်းတာရေး လုပ်ငန်းသုံးပစ္စည်း
၆.ဘူမိဗေဒလေ့လာရှာဖွေရေးလုပ်ငန်းသုံးပစ္စည်း
၇. မြေတိုင်းတာမှုနှင့် ဒစ်ဂျစ်တယ် မြေပုံရေးဆွဲရေး ဝန်ဆောင်မှုလုပ်ငန်း
၈.ရေနှင့်သတ္တုအရည်အသွေး ဓာတ်ခွဲခန်းဝန်ဆောင်မှု
၉.စက်ပြန်လည်ချိန်ညှိခြင်း ဝန်ဆောင်မှု့လုပ်ငန်း

ကုမ္ပဏီ၏မျှော်မှန်းချက်
ဝန်ထမ်းများအတွက်ပိုမိုကောင်းမွန်သော ဘဝတစ်ခုဖန်တီးရန် "Joy@Work"

ကုမ္ပဏီ၏ရည်မှန်းချက်
၁.အလုပ်၊ဘဝနှင့် ဖွံ့ဖြိုးတိုးတက်မှု ဟန်ချက်ညီစေရန်
၂. ပျော်ရွှင်ဖွယ်ကောင်းသော လုပ်ငန်းခွင်တည်ဆောက်ရန်
၃.ဝန်ထမ်းများ၏ အရည်အချင်းနှင့် ဘဝများကို မြှင့်တင်ရန်
၄.မိမိတို့၏ဝန်ဆောင်မှုနှင့် ခံယူချက်များဖြင့် ဖောက်သည်များ၏ လုပ်ငန်းများပိုမို တိုးတက်အောင်ဆောင်ရွက်ရန်

ဘာကြောင့် ကျွန်ုပ်တို့နဲ့ ပူးပေါင်းသင့်တာလဲ
ကုမ္ပဏီတွင် အလုပ်-ဘဝ-အသိဉာဏ်ဖွံ့ဖြိုးတိုးတက်ရေး ဟန်ချက်ညီမျှမည်မှာ သေချာပါသည်။ တစ်ပတ်လျှင် အလုပ်ချိန် ၄၂ နာရီခန့်သာရှိပြီး စနေနှင့် တနင်္ဂနွေ နှစ်ရက်စလုံး ပိတ်သောကြောင့် အလွန်အဆင်ပြေပါသည်။ ကွန်ပျူတာ၊ ကော်ပီစက်၊ စကဲန်နာစက်၊ မော်တော်ယာဉ်နှင့် လေအေးပေးစက်ကဲ့သို့သော ရုံးအခြေခံစက်ပစ္စည်းများနှင့်အတူ အမြဲအေးဆေးမွှေးကြိုင်ပြီး သပ်ရပ်သော လုပ်ငန်းခွင်ရှိပါသည်။ အမြဲတမ်း ဝန်ထမ်းအဖြစ်ခန့်အပ်ခံရပါက ကျန်းမာရေးအာမခံပေါ်လစီများကို ခံစားနိုင်ပါသည်။ ငယ်ရွယ်တက်ကြွ ပျော်ရွင်ပြီး ကူညီပေး တတ်သော ဝန်ထမ်းများနှင့် အတူတကွလက်တွဲလုပ်ဆောင်ရမည် ဖြစ်ပါသည်။ လုပ်ငန်းခွင်ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများကို မြန်မာနိုင်ငံအတွင်းသာမက နိုင်ငံခြားသို့စေလွှတ်၍ သင်ယူစေခြင်းကြောင့် သင်၏ကျွမ်းကျင်မှုနှင့် အသိပညာကို နောက်တစ်ဆင့်မြှင့်တင်ရန် အကောင်းဆုံး နေရာဖြစ်ပါသည်။ မိမိတို့ Amigos Team မှ "Joy@Work" ဆိုတဲ့ဆောင်ပုဒ်နဲ့ သင့်ကို ကြိုဆိုလျက်ရှိပါသည်။


ကျွန်ုပ်တို့ရဲ့ ခံယူချက်
မည်မျှပင်အခက်အခဲနှင့်ရင်ဆိုင်ရပါစေ ဖောက်သည်များအားမိမိတို့ရောင်းချသည့်ပစ္စည်းများနှင့် ဝန်ဆောင်မှုများအကြောင်းကို “အမှန်အတိုင်း” ပြောဆိုရန်မှာ ကျွန်ုပ်တို့၏ခိုင်မာသောသမာဓိ ဖြစ်ပါသည်။ ဝန်ထမ်းတိုင်းသည် "အမှန်ပြောဆိုခြင်း" ဆိုသည့်စရိုက်လက္ခဏာများကိုထာဝစဉ်ထိန်းသိမ်းမွေးမြူရမည်ဖြစ်ပါသည်။ အဆိုပါဗီဇသည် ကုမ္ပဏီတွင်ရှိသောထိပ်တန်းဒါရိုက်တာများမှအောက်ခြေဝန်ထမ်းများအထိနက်ရှိုင်းစွာတည်ရှိရမည်ဖြစ်ပါသည်။ ဤအချက်နှင့်အတူ အကောင်းမြင်စိတ်မွေးမြူ၍ အလုပ်ကြိုးစားခြင်းဟူသောယဉ်ကျေးမှုရပ်ဝန်းတစ်ခုအဖြစ်ခိုင်မာစွာတည်ဆောက်ထားပါသည်။
အကောင့်မရှိသေးဘူးလား?
မှတ်ပုံတင်မယ်

လုပ်သက်အဆင့်

အတွေ့အကြုံမရှိ

အလုပ်အမျိုးအစား

အရောင်းပိုင်းဆိုင်ရာအလုပ်အကိုင်

နောက်ထပ်အလားတူအလုပ်များ

Medical Representative ( Female )

Paing Soe Htet Trading Co.,Ltd အောင်မြေသာဇံ | မန္တလေးတိုင်း

Junior Sales Representative

Win Brothers Group of Companies Limited ပြည်ကြီးတံခွန် | မန္တလေးတိုင်း

Sales Representative

Domingo Trading & Distribution Co.,Ltd ချမ်းမြသာစည် | မန္တလေးတိုင်း

Sales Representative (FMCG - MDY)

DKSH ( Myanmar ) Ltd ချမ်းအေးသာဇံ | မန္တလေးတိုင်း

Sales Representative (အရောင်းဝန်ထမ်း(

Precision Auto Engineering Co.,Ltd ပြည်ကြီးတံခွန် | မန္တလေးတိုင်း

Sale Representative ( အရောင်းဝန်ထမ်း )

Shwe Pyi Thit Agricultural Machinery ( Mandalay ) ပြည်ကြီးတံခွန် | မန္တလေးတိုင်း

Sales & Marketing Representative

ADORE Mental Wellbeing & Care ချမ်းမြသာစည် | မန္တလေးတိုင်း

Sales Representative

K/N Eyewear Enterprise ချမ်းအေးသာဇံ | မန္တလေးတိုင်း

Sales Representative - အရောင်းဝန်ထမ်း

Zaw-G Bake House ပုသိမ်ကြီး | မန္တလေးတိုင်း

Tele Sales Staff

Royal Sein Pan ချမ်းမြသာစည် | မန္တလေးတိုင်း

သူငယ်ချင်းနဲ့မျှဝေလိုက်ပါ

Verify your Mobile number
to get More Job Offers
မြန်မာမိုဘိုင်းနံပါတ်ကမမှန်ကန်ပါ၊ ထပ်မံကြိုးစားပါ။
SMS Code ပို့ပါ
x
SMS Message Display
Alote MM
ဒီတောင်းဆိုချက်ကို သင်မလုပ်ခဲ့လျှင် Facebook မှတဆင့် ကျွန်ုပ်တို့ဆီ စာပို့ပေးပါ။
OK
x
စီစစ်ရန် ကုဒ်နံပါတ်ကို
ဤဖုန်းနံပါတ်သို့ SMS ပို့ထားပါသည်
SMS ကုဒ် မှားနေပါတယ်
အတည်ပြုမည်
x
ကျေးဇူးတင်ပါတယ်
သင့်ဖုန်းမှန်ကန်ကြောင်း အောင်မြင်စွာ အတည်ပြုပြီးပါပြီ
OK
X
သင့်လျှို့ဝှက်နံပါတ် အရိပ်အမြွက်:
OK
X
x