ဝမ်းနည်းပါတယ်၊ သင်၏ပရိုဖိုင်သည် 60% နှင့်အထက် ရှိရမည်ဖြစ်ပြီး (1) အလုပ်အတွေ့အကြုံ (2) သင်လုပ်ကိုင်နိုင်သည့် အလုပ်ရာထူးများ (3) သင့်ပညာရေး အသေးစိတ်တို့ ပါဝင်ရမည်။

Senior/Junior Graphic Designer

ဂရပ်ဖစ် ဒီဇိုင်းနာ | Graphic Designer
Diamond Signwork

Senior/Junior Graphic Designer

ဂရပ်ဖစ် ဒီဇိုင်းနာ | Graphic Designer
3 ဦး
Diamond Signwork
3 ဦး
အတည်ပြုပြီး
တာမွေ | ရန်ကုန်တိုင်း
အချိန်ပြည့်
လွန်ခဲ့သော 1 ပတ်က အလုပ်ခန့်အပ်သူ active ဖြစ်နေခဲ့သည် ဤကုမ္ပဏီမှ အလုပ်ခန့်အပ်သူ လျှောက်လွှာများကို နောက်ဆုံးကြည့်ရှုခဲ့သည့် အချိန်။

လုပ်သက်အဆင့်

အတွေ့အကြုံမရှိ

အလုပ်အမျိုးအစား

စျေးကွက်ရှာဖွေခြင်း၊ မီဒီယာ၊ ဖန်တီးမှုဆိုင်ရာ
လုပ်ဆောင်ရမည့်တာဝန်များတင်သောနေ့: 11 Apr 2024
  • Diamond Signwork သည် Customer များထံ ကောင်းမွန်သော ဝန်ဆောင်မှုများကိုပေးဆောင်သည့်အတွက် ဆန်းသစ်၍ လူသိများသော ဆိုင်းဘုတ်ကုမ္ပဏီတစ်ခုဖြစ်ပါသည်။ ယခုအခါ ကျွန်ုပ်တို့အဖွဲ့တွင် Senior / Junior Signage Designer အဖြစ် တီထွင်ဖန်တီးရန် စိတ်ပါဝင်စားသော ဝန်ထမ်းများအား ရှာဖွေနေပါသည်။ Entry -Level အနေဖြင့် Signboard လုပ်ငန်းကို ဝါသနာပါသော သူများအနေဖြင့် လာရောက်လျှောက်ထားနိုင်ပါသည်
  • ဒီဇိုင်းရည်ရွယ်ချက်များနှင့် ပရောဂျက်လိုအပ်ချက်များကို လုပ်ကိုင်ရန် Senior Designer များနှင့် ပူးပေါင်းလုပ်ဆောင်ရပါမည်။
  • Corel Draw, Photoshop, Adobe illustrator (AI) တို့ကို အခြေခံနားလည်ရန် လိုအပ်ပါသည်။
  • Design Software (eg.Corel Draw, Photoshop) တို့ကို အသုံးပြု၍ ဆိုင်းဘုတ်ဒီဇိုင်းများဖန်တီးရာတွင် ကူညီပေးရပါမည်။
  • Customer များအတွက် ဆိုင်းဘုတ်ပုံစံ ထုတ်လုပ်မည့် ဆိုဒ်၊ အရောင်များပြပေးခြင်းနှင့် Mock up များကို ဆွဲပေးရပါမည်။
  • ဆိုင်းဘုတ်တပ်ရမည့်နေရာအား Survey သွားကြည့်ရာတွင် အခါအားလျော်စွာ လုပ်ငန်းလိုအပ်ချက်ရှိပါက လိုက်ပါကြည့်ပေးရန် လိုအပ်ပါသည်။
  • အခန်းတွင်းနံရံများ၊ တိုက်မျက်နှာစာနံရံများ၊ ကားများပေါ်တွင် စတစ်ကာကပ်ရန်လိုအပ်သည့် ဒီဇိုင်းဆွဲခြင်း၊ ဆိုဒ်ချိန်ပေးခြင်းနှင့် ဒီဇိုင်းတည်းဖြတ်ပေးခြင်းများကို ပြုလုပ်ပေးရပါမည်။
  • လုပ်ငန်းသဘောမှာ Creative Design များပြုလုပ်ရခြင်းထက် Customer မှပေးသော ဒီဇိုင်း၊ အတိုင်းအတာများကိုသာ ချိန်ညှိပေးပြီး ထုတ်လုပ်မှုကို ဦးစားပေးလုပ်ကိုင်ရပါမည်။

အခွင့်အရေးရှိသူ :

ကျား/မ

လိုအပ်သောအရည်အချင်း

  • Corel Draw, Photoshop, Adobe illustrator ကဲ့သို့သော Design Software တွင် အခြခံကျွမ်းကျင်မှုရှိပြီး သင်ယူလိုစိတ်ရှိသူ ဖြစ်ရပါမည်။
  • အသေးစိတ်ကို အထူးဂရုပြုပြီး အရည်အသွေးမြင့် ဒီဇိုင်းများကို ထုတ်လုပ်ပေးရပါမည်။
  • အသင်းအဖွဲ့ ပတ်ဝန်းကျင်အတွင်း ထိရောက်သော ပြောဆိုဆက်ဆံရေးနှင့် ပူးပေါင်းလုပ်ဆောင်နိုင်စွမ်းရှိရပါမည်။
  • ဆိုင်းဘုတ်ဒီဇိုင်းနယ်ပယ်တွင် စိန်ခေါ်မှုအသစ်များနှင့် လိုက်လျောညီထွေဖြစ်အောင် သင်ယူလိုစိတ်ရှိရပါမည်။
  • (၁၀)တန်း အောင်မြင်ပြီးသူ ဖြစ်ရပါမည်။ ကျောင်းကိစ္စ ကင်းရှင်းသူဖြစ်ရပါမည်။
  • အသက် ( ၁၈ )နှစ်မှ ( ၄၅ )နှစ်အတွင်းရှိသူ ဖြစ်ရပါမည်။
  • 22.4.2024 မှ 26.4.2024 ရက်နေ့အတွင်း Interview ရှိပါမည်၊။

What We Can Offer

အကျိုးအမြတ်

နေ့လည်စာ ထမင်းကျွေးပါသည်။
Overtime ,
Permanent ခန့်အပ်ပြီးပါက ခရီးစရိတ်။

ထူးခြားချက်များ

Photoshop, AI Certificate

အခွင့်အလမ်းများ

လိုအပ်သည်များကို သင်တန်းပေးခြင်း

ကျွန်ုပ်တို့ကုမ္ပဏီအကြောင်း

Diamond Signwork သည် ၎င်း၏သော့ချက်လုပ်ငန်းစဉ်များ- ဒီဇိုင်း- ထုတ်လုပ်ရေး- တပ်ဆင်ခြင်း- ရောင်းချပြီးနောက် ဝန်ဆောင်မှုအားလုံးတွင် အရည်အသွေး၊ ထိရောက်မှုနှင့် ဖောက်သည်စိတ်ကျေနပ်မှုတို့ကို အမြဲတမ်းအလေးပေးထားသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ဖောက်သည်များ၊ ဝန်ထမ်းများ၊ လုပ်ဖော်ကိုင်ဖက်များနှင့် ရေရှည်ဆက်ဆံရေးကို တည်ဆောက်ရန်နှင့် စီးပွားရေးလုပ်ငန်းများနှင့် အဖွဲ့အစည်းများကို အောင်မြင်စေရန် ကူညီပေးသည့် ထူးခြားသည့် ဆိုင်းဘုတ်များနှင့် ကြော်ငြာဖြေရှင်းချက်များအား ပံ့ပိုးပေးသည့် ကျွန်ုပ်တို့၏မစ်ရှင်ကို အောင်မြင်ရန် ရည်ရွယ်ပါသည်။

Diamond ၏ Production ဒီဇိုင်းအဖွဲ့သည် ကြာရှည်ခံပြီး အကောင်းဆုံးဖြစ်အောင် လုပ်နိုင်သော စိတ်ကြိုက်ဒီဇိုင်းများကို တိုင်ပင်ကူညီပေးပါသည်။ ကျွန်ုပ်တို့၏ ထုတ်လုပ်မှုနှင့် တပ်ဆင်ရေးအဖွဲ့သည် အလုပ်တစ်ခုကို ပိုမိုမြန်ဆန်စွာ လုပ်ဆောင်နိုင်လောက်အောင် ထိရောက်စွာ လေ့ကျင့်ပေးထားသည်။ ကျွန်ုပ်တို့၏ထုတ်ကုန်များသည်လည်း 1 နှစ်အာမခံပါသည်။

- Signage ထုတ်ကုန်လုပ်ငန်းတွင် အတွေ့အကြုံ နှစ် 20 ကျော်ဖြင့် တည်ဆောက်ထားသည်။
- Diamond သည် မြန်မာနိုင်ငံတစ်ဝှမ်းရှိ မြို့ပေါင်း ၃၈ မြို့မှ ဖောက်သည် 20,000 ကျော်ကို ဝန်ဆောင်မှုပေးလျက်ရှိပါသည်။
- ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် တည်ရှိသည်။
- တစ်နေရာတည်းတွင် ရနိုင်သော ထိပ်တန်းဒေသခံဆိုင်းဘုတ်နှင့်ကြော်ငြာကုမ္ပဏီ။
အကောင့်မရှိသေးဘူးလား?
မှတ်ပုံတင်မယ်

လုပ်သက်အဆင့်

အတွေ့အကြုံမရှိ

အလုပ်အမျိုးအစား

စျေးကွက်ရှာဖွေခြင်း၊ မီဒီယာ၊ ဖန်တီးမှုဆိုင်ရာ

နောက်ထပ်အလားတူအလုပ်များ

သူငယ်ချင်းနဲ့မျှဝေလိုက်ပါ

Verify your Mobile number
to get More Job Offers
မြန်မာမိုဘိုင်းနံပါတ်ကမမှန်ကန်ပါ၊ ထပ်မံကြိုးစားပါ။
SMS Code ပို့ပါ
x
SMS Message Display
Alote MM
ဒီတောင်းဆိုချက်ကို သင်မလုပ်ခဲ့လျှင် Facebook မှတဆင့် ကျွန်ုပ်တို့ဆီ စာပို့ပေးပါ။
OK
x
စီစစ်ရန် ကုဒ်နံပါတ်ကို
ဤဖုန်းနံပါတ်သို့ SMS ပို့ထားပါသည်
SMS ကုဒ် မှားနေပါတယ်
အတည်ပြုမည်
x
ကျေးဇူးတင်ပါတယ်
သင့်ဖုန်းမှန်ကန်ကြောင်း အောင်မြင်စွာ အတည်ပြုပြီးပါပြီ
OK
X
သင့်လျှို့ဝှက်နံပါတ် အရိပ်အမြွက်:
OK
X
x